Saturday, November 5, 2022

Highfun မလုပ်ခင် ဒါတွေသိစေချင်

Highfun မလုပ်ခင် ဒါတွေသိစေချင်




လူဆိုတာမျိုးကလည်း အသစ်အဆန်းဆို နှစ်ခါမေးစရာမလိုအောင် စူးစမ်းချင်ကြတာမလား။ ဒါကြောင့်လည်း အခုအချိန်မှာ ဟိုင်းဖန် ဆိုတာ တွင်ကျယ်လာတာပေါ့။

ဒါဆို ဘယ်လိုအမျိုးအစားတွေကို အသုံးများကြလဲ?
နောက်ဆက်တွဲတွေက ဘာတွေလဲဆိုတာရော …?

ထပ်ပြီးမသိချင်ကြဘူးလား…စာဖတ်ပျင်းတဲ့‌ဘော်ဒါတို့အတွက် စာနည်းနည်း ပုံများများဖန်တီးပေးထားလို့ အသေးစိတ်ကိုတော့ တစ်ပုံချင်းစီမှာ ဆက်ကြည့်ပေးနော် 🤗


#ဘယ်လိုဆေးအမျိုးအစားတွေ အသုံးများကြလဲ?

ယူတို့သိထားကြသလိုပဲ ခမ်ဆက်ဆိုတာ မူးယစ်ဆေးသုံးပြီး လိင်ဆက်ဆံတာပေါ့။ လက်လှမ်းမှီတဲ့မူးယစ်ဆေး အမျိုးအစားတွေဖြစ်တဲ့ ICE, K, E တို့လိုဆေးတွေကို တွင်တွင်ကျယ်ကျယ်သုံးကြတယ်။

ပြီးးတော့ အခုနောက်ပိုင်းမှာ တွေ့လာရတဲ့ Holy Water မဟုတ်တဲ့ Happy Water ဆိုတာကတော့ အရှေ့မှာပြောထားတဲ့ ICE, K,E ဆေးတွေ ရောသမမွှေထားတဲ့ cocktail လိုသောက်နေကြေတဲ့ version တစ်မျိုးပေါ့။

တက်ထွက်မဖြစ်အောင်၊ နာကျင်မှုလျော့အောင်၊ ကြမ်းချင်တိုင်း ကြမ်းရအောင် အမောခံနိုင်အောင်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ တိမ်တွေပေါ်လွင့်ချင်တယ်ဆိုတဲ့သူ တွေကတော့ လိင်မှုကိစ္စကို tempo မြှင့်ဖို့ အားကိုးရာရှာကြတာပေါ့လေ။

ဆေးအရှိန်တက်လာလေလေ ထင်ထားတာထက် ခရီးပေါက်လေဆိုတော့ ပင်လယ်ရေလိုပဲ  သောက်လေငတ်မပြေတွေ ဖြစ်ကုန်ကြရော။

သုံးတဲ့ဆေးအပေါ် မူတည်ပြီး ရလဒ်ကလည်း ကွဲပြားတော့ တစ်မျိုးပြီးတစ်မျိုးစမ်းကြည့်ရင်းကနေ လက်တွေလွန်ပြီး မောင်ကြီးမပြန်နိုင်တွေဖြစ်ကုန်ပြီး မူးယစ်နွံံထဲ ယစ်မူးသွားကြတာတွေက ဒုနဲ့ဒေးပေါ့။

အသုံးးပြုပြီးတာနဲ့  ရလဒ်ကသာ ကွဲပြားပေမဲ့  ရေရှည်ဆို ကိုယ့်ရဲ့ ပုံမှန်လူနေမှုဘဝကိုထိခိုက်စေတဲ့ပုံစံမျိုးကတော့ ခပ်ဆင်ဆင်တူကြပြန်ရော။




#နေ့စဉ်ဘဝကို ရေရှည် ထိခိုက်စေမှု ရှိ/မရှိ?

အဖြေကတော့ 'ရက်စ်' ပါ
ဆေးသုံးလိုက်တဲ့အချိန်မှာသာ တက်ကြွနေပေမဲ့ ဆေးကျသွားတဲ့အချိန်ဆိုရင်တော့ ကြက်ကြီးလည်လိမ်ထားသလို မလှုပ်နိုင်၊ မကိုင်နိုင်နဲ့ ဆေးသုံးထားတုန်းကတက်ကြွမှုတွေ ဘယ်ရောက်သွားလဲ ပြန်မေးရမယ်။

အဲ့သလို တမှိုင်မှိုင်ဖြစ်နေတာတင်မဟုတ်ပဲ မူးယစ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကလည်း ကိုယ့်ကို တစ်ခုပြီးတစ်ခု တန်ခိုးပြဦးမှာ

မူးယစ်ဆေးဆိုတာမျိုးက သုံးနေတုန်းသာ ဒဗလယ်တက်ကြွပေမဲ့ ဆေးအရှိန်ပြယ်သွားပြီဆိုရင် အလွန်အကြူးတွေ အိပ်ချင်တာ၊ ရင်တုန်တာ၊ နှလုံးခုန်မမှန်တာ၊ စိတ်ကစဉ့်က လျားဖြစ်တာမျိုး၊ စိတ်ဓာတ်ထိုးကျတာ၊ သံသယအရမျးဝငျတကျတာာတှေ အထိဖြစ်နိုင်တော့ ကိုယ့်မှာ ပျော်ရတာ နာရီပိုင်းနဲ့မတန်အောင် ပြန်ခံရတာမျိုး ဘော်ဒါတို့ရေ

အု အိ အားလုပ်ထားတဲ့အရှိန်ကြောင့် ကိုင်ရိုက်ခံထားရသလို နာကျင်နေတဲ့အချိန်မှာ တစ်ခုခုဆို အာရုံမစိုက်နိုင်တာ၊ မမှတ်မိတာမျိုးပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ ပုံမှန်စိတ်အခြေအအနေနဲ့ သုံးးပြီးတဲ့အခါ စိတ်အခြေအနေတွေ မတူတော့တာမျိုးတွေဖြစ်တက်ပါတယ်။




#ဘေးလူတွေကို ထိခိုက်စေနိုင်လား ?

နဂိုကြမ်းကြမ်းတမ်းတမ်းနေတက်တဲ့သူကျတော့ ဆေးသုံးလိုက်တာနဲ့ ဆေးအရှိန်ကြောင့် ပိုပြီး ရန်လိုတဲ့စိတ် ပိုကြမ်းတမ်းချင်စိတ် ပိုများလာတက်တယ် 

ဆေးသုံးလိုက်ပြီဆိုတာနဲ့ စိတ်က အရမ်းတက်ကြွသွားတာမျိုးဆိုတော့ ဆေးအရှိန်ပြယ်သွားပြီဆိုရင် ဆန့်ကျင်ဘက်ဖြစ်တဲ့ ယုံမှားသံသယဖြစ်တာ၊ လူတိုင်းအပေါ်ကို သံသယဝင်နေမိတာ၊ ဒေါသကြီးလာလို့ ပတ်ဝန်းကျင်ကလူတွေကို ရန်လုပ်တာ၊ မသုံးရမနေနိုင်ဖြစ်ပြီး ကိုယ့်ကိုနားချတဲ့သူတွေကိုလည်း ရန်သူလို့ သတ်မှတ်ပြီး ကိုယ့်ဘက်မှာ ကိုယ်တစ်ယောက်တည်းရှိတယ်လို့ တစ်ဖက်သတ်တွေးပြီး ကြာလာတော့ စိတ်ကျရောဂါရသွားတဲ့အထိ ပြင်းထန်နိုင်ပြီး ကိုယ့်ကို လမ်းမှန်ရောက်အောင် ပြန်ခေါ်ပေးမဲ့သူကိုတောင် မကောင်းမြင်မိလာတတ်တယ်။




Chemsex က စိတ်ချရလား ?

ဒါကတော့ ကာယကံရှင်အပေါ် အဓိက မူတည်တယ်လို့ပြောရမှာပဲ
ဒါပေမဲ့ ကိုယ်က ဆက်ဆံဖော်တစ်ယောက်တည်းပဲပုံမှန်ရှိနေမယ်။

သုံးစွဲတဲ့ပစ္စည်းတွေကအစ ပိုးသတ်ထားတာမျိုးသုံးမယ်။ ဟိုင်းနေတဲ့အချိန်မှာလည်း အကာအကွယ်သုံးမယ်ဆိုရင်တော့
အန္တရာယ် ဖြစ်နိုင်ချေနည်းပေမဲ့ မမြင်ရတဲ့ဖြစ်နိုင်ချေ (အကာအကွယ် မသုံးမိတာ၊ အကာအကွယ်ပေါက်သွားတာ) တွေကိုလည်း ထည့်မတွက်လို့ မရပြန်ဘူးလေ။ ဆေးသုံးဖို့ပစ္စည်းတွေကို ဝေမျှသုံးမှတော့ ရောဂါပိုးဖြန့်ချိရာဌာနကြီး ဖြစ်မနေပေဘူးလား ?

အကြောထဲထိုးသွင်းဖို့ ဆေးထိုးအပ်မျှသုံးမိလိုက်တာနဲ့   သွေးကတစ်ဆင့်ကူးစက်တက်တဲ့ HIV ပိုး/ အသည်းရောင် အသားဝါ C ပိုးတွေကို ဝဲလကမ်းလုပ်လိုက်တာပဲ။

အဲ့တာအပြင် ရိုးရိုးမစမ်းပဲ အတတ်တွေကြူးပြီး အရေပြားကို ဓားလေးနဲ့ပါးပါးလှပ်ပြီး ဆေးမှုန့်သိပ်တာကလည်း ခေတ်စားလာပြန်တော့

မျက်စိအရေပြားအောက် ဆေးမှုန့်သိပ်တာ၊ စအိုကနေတစ်ဆင့် ဆေးရည်ထည့်တာမျိုးတွေလုပ်ပြီး ဆေးအရှိန်မြန်မြန်တက်အောင် လုပ်ကြပြန်တော့ ဘယ်လိုနည်းမဆို စိတ်ချရတာမဟုတ်ဘူးလေ...

ဆေးအရှိန်တက်နေတဲ့အချိန်မှာ ကွန်ဒုံးစွပ် ဖို့မေ့သွားပြန်ရင်လည်း ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို လက်ယပ်ခေါ်လိုက်သလိုရော ဖြစ်နေပြန်ရော။

ဒါကြောင့် ခမ်ဆက်ဆိုတာကတော့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် စိတ်မချရပေမဲ့ ကိုယ်က ကာကွယ်ထားချင်တယ်၊ ကြိုတင်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့ မချစ်ခင် တစ်ပတ်ကနေ သုံးပတ်လောက် ကြိုကြိုတင်တင် PrEP သောက်ပြီး ကာကွယ်ထားတာကတော့ အကောင်းဆုံးပေါ့။

PrEP အကြောင်း အသေးစိတ်သိချင်ရင်တော့ အေးဆေးပါ facebook page မှာ ဝင်ဖတ်လို့ရတယ်နော်

https://www.facebook.com/MYS.AyeSayPar

No comments: