Saturday, January 8, 2011

ဖခင်နှစ်ယောက်၏ မျိုးရိုးဗီဇဖြင့် ရင်သွေးမွေးဖွားမှု

Weekly Eleven ဂျာနယ်၊ ၂၉.၁၂.၂၀၁၀ရက်နေ့

နို့တိုက်သတ္တ၀ါတို့တွင် ဖခင်နှစ်ယောက်၏ မျိုးဗီဇဖြင့်
ရင်သွေးမွေးဖွားမူကို စမ်းသပ်အောင်မြင် ခဲ့မူမှာ သိပံ္ပအောင်မြင်မူ
သီးသန့်ထက် အနာဂတ်တွင် အမျိုးသားစုံတွဲများ၏ နှစ်ဦးစလုံး နှင့်ဆိုင်သော
ရင်သွေးမွေးဖွားလိုမူကို အထောက်အကူပြုနိုင်ခြင်းက အရေးပါနေခဲ့ပြီး
အငြင်းပွားဖွယ် ဖြစ်စေခဲ့သည်။

သက်ရှိဖန်းတီးမူတွင် အမျိုးသမီး၏ မျိုးဗီဇပါဝင်မူ အခန်းကဏ္ဍကို
ဖယ်ထုပ်ထားခြင်းသည် ကလေး၏ ကျန်းမာရေးနှင့် အသက်ရှင်နေထိုင်မူ အခြေအနေကို
ထိခိုက်စေနိုင်ပြီး အရှုပ်အထွေး များလာစေနိုင်သည်ဟု ဝေဖန်မူများ
ထွက်ပေါ်လာခဲ့သည်။

အမ်ဒီအင်န်ဒါဆန် ကင်ဆာသုတေသန စင်တာမှ ပညာရှင်များက ကြွက်များတွင်
စမ်းသက်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး လူများတွင်ဆိုခြင်းကမူ
ကျင့်ဝတ်ပိုင်းအရာရော နည်းလမ်းအရပါ ခက်ခဲနေဦးမည်ဖြစ်သည်။

No comments: