Saturday, January 8, 2011

လူငယ်ထုတွေကြား လိင်တူချင်း ချစ်တဲ့သူတွေအပေါ် မုန်းတီးမှုတွေ လျှော့နည်းလာ

သက်တံ့အယ်ဒီတာအဖွဲ့။ ဇန်န၀ါရီ ၆ရက်နေ့၊ ၂၀၁၁ခုနှစ်

ဗြိတိန်နိုင်ငံက လူမှုဗေဒပညာရှင် Eric Anderson ရဲ့ သုတေသန ပြုလုပ်ချက်အရ
လိင်တူချင်းချစ်သူ အမျိုးသားတွေဟာ ယောက်ျားအချင်းချင်း
ပွတ်သပ်နမ်းရှုပ်ရတာကို ကြည်နူးသာယာကြတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သုတေသန ပြုလုပ်ချက်အရ အမျိုးသား ၁၄၅ ယောက်မှာ ၈၉ ရာခိုင်နှုန်းက
သူတို့ရဲ့ ယောက်ျားလေး သူငယ်ချင်းတွေရဲ့ နှုတ်ခမ်းကိုစုပ်ပြီး
နမ်းရှုပ်ရတာကို ကြည်နူးသာယာကြတယ်လို့ ဆိုပါတယ်။

တချို့ ၄၀ ရာခိုင်းနှုန်းကတော့ ရုတ်တရက် လန့်ဖြန့်သွားတဲ့ အရသာကို
လိုချင်တဲ့အတွက် ဒါမှမဟုတ် အပျော်သက်သက်အတွက် နမ်းရှုပ်တာကို ကြည်နူးကြတာ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ဆယ်စုနှစ် တစ်ခုအတွင်းထဲမှာတင် လိင်တူချင်းချစ်တဲ့
သူတွေအပေါ်မှာမြင်တဲ့ အမြင်တွေက သိသိသာသာ လျှင်မြန်စွာ ပြောင်းလဲလာသလို
လိင်တူချင်းချစ်တဲ့ လူငယ်တွေ အနေနဲ့လည်း တခြားလိင်ကွဲချင်းချစ်တဲ့
သူအများရှေ့မှာ နမ်းရှုပ်တဲ့ အပြုအမူမျိုးတွေကို လိင်တူချင်းချစ်တဲ့
လူငယ်တွေပါ ပွင့်ပွင့်လင်းလင်း လုပ်လာနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုအမျိုးသားချင်း ပွေ့ဖက်နမ်းရှုပ်ကြတာဟာ အထူးသဖြင့် ဘောလုံးအားကစား
လောကတွေမှာ တွေ့ရဖန်များလေ့ရှိတာ ဖြစ်ပါတယ်။ ဥပမာ -
အောင်ပွဲအနိုင်ရသွားတဲ့ အခါမျိုးမှာဆိုရင် ဘောလုံးသမားတွေ အချင်းချင်း
နမ်းရှုပ်ပွေ့ဖက်ကြတာကို မြင်ရလေ့ ရှိပါတယ်။

အခုလိုမျိုး သူတေသန ပြုလုပ်ချက်ဟာ လူငယ်ထုတွေအကြား လိင်တူချင်းချစ်တဲ့
သူတွေအပေါ်မှာ မုန်းတီးမှုတွေ တဖြည်းဖြည်းလျှော့နည်း ကျဆင်းလာပြီဆိုတာကို
ဖော်ပြနေတာ ဖြစ်တယ်လို့ သုတေသနပညာရှင် Eric Anderson က ထုတ်ဖော်ပြောဆို
သွားခဲ့ပါတယ်။

Resource: www.coloursrainbow.com

No comments: