Friday, January 27, 2017

အလကားယောက်ျား?


==============
ယောက်ျားတစ်ယောက်ရဲ့ အောင်မြင်မှုကို ဘာနဲ့တိုင်းတာမှာလဲ?

စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့နယ်ပယ်စုံမှာ အောင်မြင်တယ်၊ ဂုဏ်သတင်းကျော်ဇောတယ်ဆိုရင် ဒီလူဟာ အောင်မြင် တဲ့ယောက်ျားတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။ယောက်ျားတစ်ယောက်အတွက် အခြေခံ အ ကျဆုံးအရာဟာ ကျားစွမ်းဆောင်မှုပါ။ အဘက်ဘက်မှာ ဘယ့်လောက်ပဲ ထင်ရှားကျော်ကြားနေတဲ့ စေတစ်လုံးပိုင်ရှင် သင် ယောက်ျားဖြစ်နေပါစေ လိင်ဆက်ဆံမှုပိုင်းနဲ့ မျိုးဆက်ပြန့်ပွားမှုပိုင်းကို ပြည့်ပြည့်၀၀ မစွမ်းဆောင်နိုင်ရင် သင်ဟာအလကား ယောက်ျားဖြစ်သွားမှာပါပဲ။ လိင်ဆက်ဆံမှုသာမက မျိုးဆက်ပြန့်ပွားမှုမှာပါ အောင်မြင်မှ အိမ်ထောင်ရေး ဘ၀ပိုမို ခိုင်မြဲ အဓိပ္ပာယ်ရှိလာမှာပါ။ လိင်ဆက်ဆံမှုပြီးမြောက်အောင်မြင်ဖို့အတွက် အမျိုးသားတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အထူးလိုအပ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရကြည့်ရင် –
(၁) မွေးရာပါ လိင်အင်္ဂါပြည့်စုံရမယ်။

(၂) လိင်ဆက်ဆံတော့မယ့်အချိန်မှာ ပြည့်ဝတဲ့ လိင်အင်္ဂါအရွယ်အစား ရောက်နေရမယ်။

(၃) လိင်ဆက်ဆံခြင်းနဲ့ မျိုးပွားခြင်းကို ပြီးမြောက်အောင်မြင်သည်အထိ အဆင့်ဆင့်လုပ်ဆောင်နိုင်ရမယ်။

အဲဒီအဆင့်တွေကို မလွန်မြောက်နိုင်ဘူးဆိုရင် ထိုယောက်ျားဟာ အစိတ်အပိုင်းတစ်ခုခုမှာ ချို့ယွင်းချက်ရှိနေပြီဆိုတာ သေချာနေပါပြီ။

 ချို့ယွင်းရတဲ့အကြောင်းရင်း -

(၁) မွေးရာပါ လိင်အင်္ဂါ ပြည့်စုံရမယ်။ 

မွေးရာပါကြောင့်သော်လည်းကောင်း ၊ Gene's ကြောင့်သော်လည်းကောင်း၊ ဟိုမုန်းကြောင့်သော်လည်းကောင်း၊ လိင်အင်္ဂါ ချို့ယွင်းတတ်ပါတယ်။ မွေးကတေည်းက Testist (ဝှေးစေ့) ပုံမှန်ကပ်ပယ်အိတ်အတွင်းရောက်မနေသူတွေဟာ အမျိုးသမီး နဲ့အတူနေလို့ရတယ်။ မျိုးပွားလို့မရဘူး။ တချို့ကလည်း နားမလည်ခဲ့လို့၊ တချို့ကလည်း ခွဲစိတ်ရ ကောင်းမှန်း မသိခဲ့လို့၊ ငယ်ငယ်ကတည်းကသာ သိခဲ့မယ်၊ လူပျိုပေါက်အရွယ်အထိ ခွဲစိတ်ပြုပြင်နိုင်ခဲ့မယ်ဆိုရင် အောင်မြင်နိုင်သေးတယ်။ အသက်ကြီးမှ ခွဲစိတ်ရတာဆိုရင်တော့ ကလေးရဖို့လုံးဝ မစဉ်းစားပါနဲ့တော့။

(၂) လိင်ဆက်ဆံတော့မယ့်အချိန်မှာ ပြည့်ဝတဲ့ လိင်အင်္ဂါအရွယ်အစားရောက်နေရမယ်။

လိင်အင်္ဂါပိုင်းမှာ အူကျရောဂါကဲ့သို့သော အလားသဏ္ဍာန်တူတဲ့ Varicocoeleဆိုတဲ့သွေးကြောထုံးရောဂါတစ်မျိုးရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ရောဂါပါ။ အများသဘောပေါက်အောင်ပြောရမယ်ဆိုရင် ကပ်ပယ်အိတ်ထဲ ဆင်းသွားတဲ့ ဝှေးစေ့ အညှာမှာ သွေးကြောထုံးတဲ့ရောဂါပေါ့။ အဲဒီရောဂါက တစ်ဘက်တည်းမှာဆို ပြဿနာမရှိပေမယ့် ဘယ်ရော၊ ညာပါ စုံတွဲ ဖြစ်နေမယ်ဆိုရင် Sexual Function တွေကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အပြင် မျိုးဆက်ပြန့်ပွားဖို့ခက်ခဲလာလိမ့်မယ်။ စိတ်သာရှိပြီး လူမလိုက်နိုင်တဲ့ ပြဿနာတစ်ခုပေါ့။

Function တွေ မသန်စွမ်းရင် သောက်ဆေးအကူအညီနဲ့ ပံ့ပိုးပေးနိုင်ပါတယ်။ အခုခေတ်မှာ Viagra ထက်ပိုမိုအစွမ်းထက် တဲ့ Sexual Function တွေကိုအားပေးတဲ့ New Generation ဆေးဝါးသစ်တွေပေါ်ထွက်နေပါပြီ။ဒါပေမယ့် အဲဒီဆေးတွေ က အစွမ်းထက်သလောက် အသက်အန္တရာယ်ကို စိုးရိမ်ရလောက်တဲ့အဆင့်ထိ လူကိုဒုက္ခပေးနိုင်ပြန်တယ်။ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့သူတွေဟာ ရောဂါရဲ့ အနိမ့်အမြင့် အတက်အကျပေါ်မူတည်ပြီး ဒီဆေးကြောင့် အသက် ဆုံးရှုံးနေရတာတွေ ကမ္ဘာမှာ အများကြီးပါ။ သွေးကြောထုံးတဲ့ရောဂါဖြစ်နေချိန်ကြာလာပြီဆိုရင်တော့ ခွဲစိတ်ကုသရင် တောင် မူလသဘာဝ အတိုင်း ပြန်ရောက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီအတိုင်း လျစ်လျူရှုထားရင်လည်း အခြေအနေဆိုးလာနိုင် ပါတယ်။

(၃) လိင်ဆက်ဆံခြင်းနဲ့ မျိုးပွားခြင်းကို ပြီးမြောက်အောင်မြင်သည်အထိ အဆင့်ဆင့်လုပ်ဆောင်နိုင်ရမယ်။

လိင်ဆက်ဆံမှု မပြီးမြောက်ရခြင်းဟာ နှီးနွယ်ချိန်ကို ကောင်းမွန်စွာ အရှိန်မြှင့်မပေးနိုင်တဲ့ အခြေအနေတွေနဲ့လည်း သက် ဆိုင်ပါတယ်။ ရှုပ်ထွေးတဲ့အခြေအနေတွေ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်လာစေပါတယ်။ ထိုအခြေအနေမျိုးမရနိုင်ရင် တတိယအဆင့်ကို ပြီးမြောက်ဖို့ ခက်ခဲပါလိမ့်မယ်။ လိင်ဆက်ဆံနိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ဖြစ်တဲ့ သုတ် ကောင်ရေနည်းခြင်းနဲ့ စံချိန်မမီခြင်းတွေဟာ သန္ဓေသားမရနိုင်တဲ့ အခက်အခဲတစ်ခုလည်းဖြစ်ပါတယ်။

အဆိုးဝါးဆုံးကတော့ လိင်အင်္ဂါမှာဆေးထိုးခြင်းပါပဲ။ ဆေးထိုးပြီးနှစ်ပတ်အကြာ လိင်အင်္ဂါသိသိသာသာကြီးထွားလာပေမယ့် လိင်ဆက်ဆံရာမှာ မအောင်မြင်ဘူးဆိုတာတွေ့လာကြတယ်။ Sexual Life က အားရကျေနပ်နိုင်ဖွယ်ဖြစ်လာမယ်လို့ မျှော် လင့်ခဲ့သည့်တိုင် ကျားရောမပါ Sexual Pleasure အပြည့်အ၀မရကြဘူး။ အဓိကပြဿနာက အမျိုးသားတွေမှ ထိတွေ့မှုနဲ့ အာရုံခံစားမှု မရတော့ခြင်းပါပဲ။ "

ခွဲစိတ်ဆရာဝန်တိုင်းက ဒီ Case နဲ့ မလွတ်ကင်းကြပါဘူး။ခွဲစိတ်လူနာအယောက်(၁၀၀)မှာ (၅)ယောက်က ဒီကိစ္စနဲ့ ကြုံတွေ့နေရတယ်။ ဘယ်လောက်ပဲပြဿနာပေါ်နေပါစေ။ဒီစွန့်စားမှုက လျော့သွားတဲ့အပြင် ပိုတောင်များလာတယ်။" လို့ခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာဝင်းမြင့်ကဆိုပါတယ်။ အကြောင်းအရင်းက အပေါင်းအသင်းစကားနားယောင်မိ ခြင်း၊ လိင်အင်္ဂါအရွယ်အစားကြီးထွားလိုခြင်း၊ အမျိုးသမီးအပေါ်စိတ်ကျေနပ်မှု ပိုရစေလိုခြင်း၊ အိမ်ထောင်ရေးခိုင်မြဲလိုခြင်း၊ အရွယ်လွန်သည့်တိုင် ကျားစွမ်းဆောင်ရည်မြင့်မားလိုခြင်း၊ စိတ်ဆန္ဒကို ရှေ့တန်းတင်လိုခြင်းတွေကြောင့်ပါပဲ။ ပြဿနာဖြေရှင်းရသူအများစုဟာ အသက်(၄၀ မှ ၅၀) အတွင်းရှိ အိမ်ထောင်ရှင် အမျိုးသားများပဲဖြစ်ပါတယ်။ အမျိုးသား တွေ ဆေးဝါးမှီဝဲခြင်း၊ လိင်အင်္ဂါပြုပြင်ခြင်းဟာ အမျိုးသမီးတွေနဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိနေပါတယ်။ အမျိုးသမီး တွေက ဟိုမုန်းပြောင်းလဲလာလို့ လိင်စိတ်ဆန္ဒကျဆင်းနေချိန်မှာ အမျိုးသားတွေက လိင်စိတ်ထက်သန်ဆဲပါ။

 အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ တွေးခေါ်ယူဆချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လိင်စိတ်ပြင်း ထန်မှုပေါ်မူတည်ပြီး တချို့သောယောက်ျားတွေဟာ မူမမှန်တဲ့ လိင်ပိုင်းဆိုင်ရာ တွေးခေါ်မှုတွေ ရှိနေတတ်ပါတယ်။

အများစုသော ယောက်ျားတွေဟာ ရောဂါဖြစ်ပြီဆိုရင် သာမန်ဝေဒနာလောက်ကို တစ်ယောက်တည်း ကျိတ်ပြီး ခံစားကြ တယ်။ အကြံကုန်နည်းလမ်းမရှိ၊ တော်တော်လေးအခက်တွေ့မှသာ ဆရာဝန်ကို အားကိုးကြတာပါ။ လိင်အင်္ဂါထိုးဆေး သုံးပြီး ပုံသဏ္ဍာန်ပျက်သွားတဲ့ အမျိုးသားတွေကို ပြုပြင်ခွဲစိတ်မှုပိုင်းဟာ အဆင့်(၃)ဆင့်လောက်ရှိပါတယ်။ လိင်အင်္ဂါခွဲစိတ်သူ အယောက်(၁၀၀)မှာ ၂ယောက်လောက်သာ အောင်မြင်မှုရနိုင်တယ်။ သဘာဝအတိုင်း ပြန်မဖြစ်ရင် တောင် ဖိုမဆက်ဆံရေးပြေလည်တဲ့ ဒုတိယအဆင့်လောက်ထိ အောင်မြင်အောင် လုပ်ဆောင်ပေးလို့ရတယ်။ ဆရာဝန်တွေဘက်က ခွဲစိတ်ကုသမှုအောင်မြင်လား၊ မအောင်မြင်လား သိချင်ပေမယ့် အမျိုးသားတွေက ပထမနဲ့ ဒုတိယ အဆင့်လောက်မှာတင် စိတ်ကျေနပ်မှု မရလို့ လက်လျှော့သွားကြတာများပါတယ်။ ပထမဆင့်လောက်နဲ့ သက်သာသွား ပြီဆိုပြီး ရပ်သွားတာမျိုးလည်းရှိတယ်။ (၆)လ (၁)နှစ်လောက်အကြာ အခြေအနေပိုဆိုးလာတဲ့အခါ နောက်ဆရာဝန်တစ် ယောက်ပြောင်းပြကြတာချည်းပါပဲ။

ပထမအဆင့်လောက်နဲ့ ထူးခြားမှုမရှိဘူးဆိုတာကလည်း လိင်အင်္ဂါရဲ့ ပျက်စီးမှုပမာဏနဲ့ သက်ဆိုင်ပါတယ်။ အမျိုးသား တွေက ခွဲစိတ်အောင်မြင်မှုမှာ (၅၀%)အောက်လျောကျသွားပြီဆိုရင် ရှော့ခ်ရသွားတာချည်းပါပဲ။ ဒါကလည်းထိုးဆေးရဲ့ ပမာဏနဲ့ လူတွေရဲ့ ခံနိုင်ရည်စွမ်းအင်ပေါ်မူတည်ပါတယ်။ထိုးဆေးကြောင့် လိင်အင်္ဂါကနေ ကပ်ပယ်အိတ်၊ ကပ်ပယ်အိတ် ကနေ နောက်ဆုံး ဆီးခုံတစ်ပြင်လုံးအထိ ယောင်ရမ်းလာပါတယ်။ (ပ)အဆင့် လိင်အင်္ဂါကိုခွဲစိတ် ရမည်။ (ဒု)အဆင့် ကပ်ပယ်အိတ်ကိုခွဲစိတ်ရမည်။ နောက်ဆုံးအဆင့် ဖြတ်ထုတ်ပြီး အရေပြား အစားပြန်ထိုးရမယ်။ အရေပြားရဲ့ သဘာဝက ပျော့ပြောင်းပေမယ့်၊ ဆီလီကွန်ကြောင့် အရေပြားမှာရော အဆီပြင်မှာပါမာပြီး ဆင်ခြေထောက် ရောဂါလို အရေခွံတွေ ထူသွားတတ်တယ်။ ထူနေတဲ့ ဆီလီကွန်တွေကို ထုတ်လိုက်ရင် အတွင်းထဲမှာ အသားမရှိတော့လို့ မိမိရဲ့ ကောင်းနေ သေးတဲ့ ကပ်ပယ်အိတ်မှ အရေပြားကိုသော်လည်းကောင်း၊ မိမိပေါင်မှ အရေပြားကိုသော်လည်းကောင်း အစားပြန်ထိုး နိုင်ပါတယ်။ မကုတာထက်စာရင် ကုသလိုက်တော့ လိင်ဆက်ဆံရေးဘ၀ မဆုံးရှုံးတော့ဘူးပေါ့။ ရုပ်ပိုင်းဆိုင်ရာကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့် ဆိုရင်လည်း ကုသရင် Normal အခြေအနေကို ပြန်ရောက်နိုင်ပါတယ်။ ဘ၀ဆိုတာ အရာအားလုံးပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။

ယောက်ျားတိုင်းဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် အချိန် တိုင်း၊အခါတိုင်း ရာနှုန်းပြည့်ဖြည့်ဆည်းစွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွား ခဲ့ရင်လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရင် မအောင်မြင်စရာမရှိပါဘူး။ ရာနှုန်းပြည့် မအောင် မြင်ခဲ့ရင်တောင် အဆင့်တစ်ခုအထိ ပြန်ရောက်အောင်လုပ်နိုင်တဲ့ ခေတ်ကြီးဖြစ်နေပါပြီ။

နည်းပညာတွေ တိုးတက်ကောင်း မွန်လာတာနဲ့အမျှ လိင်မှုဆက်ဆံရေးအဆင်ပြေမှုရှိအောင် ခေတ်မီပစ္စည်းတွေသုံးပြီး ဆန္ဒဖြည့်ဆည်းလို့ရနေပါပြီ။ ဥပမာ- ဒုတိယအဆင့် မရောက်နိုင်တဲ့သူတစ်ယောက်ဟာ မိမိလိင်အင်္ဂါအတွင်းကို Implant လို့ခေါ်တဲ့ ပစ္စည်းနဲ့ ခွဲစိတ်အစားထိုး ပြီး အမျိုးသမီးတွေစိတ်ကျေနပ်မှုရအောင် ရာနှုန်းပြည့် စွမ်းဆောင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးယူလို့ရပါတယ်။ သို့သော် လူမသေပဲ ဘ၀သေနိုင်တဲ့၊ သဘာဝကိုလွန်ဆန်တဲ့ ပြုမူလုပ်ဆောင်ချက်တွေကိုတော့ Don't think, don't do unnecessarily. Stay healthy in good ways.

(Written by  ဇာနည် @ Alex aung)

Ref: Internet and some Medical Articles from Myanmar People Magazine.

No comments: