Tuesday, November 1, 2011

နောင်တမရခဲ့ပါ (အပိုင်း သုံး)

ဒီနေ့မနက်စောစော နိုးနေတယ်။ ထုံးစံအတိုင်း ၀ရန်တာထွက်ပြီး ဟိုငေးဒီငေး။
ပြီးတော့ လေအေးအေးတိုက်နေတဲ့ အခါသာမယမှာ ရေအေးအေးကိုသောက်ရတာလည်း
ဖီးလ်တစ်မျိုးပါပဲ။ ဟိုးကောင်းကင်ကြီးကိုမော့ကြည့်တော့လည်း အပြောကျယ်တဲ့
မျက်စိ တစ်ဆုံး မဆုံးနိုင်သေးတဲ့ ပြင်ကျယ်ကြီးကိုတိမ်တွေ ကူးခတ်နေလေတယ်။

ခက်သွက်သွက်ခြေလှမ်းတွေနဲ့ အတူ စားစရာတစ်ချို့ကို လက်မှာဆွဲလို့
ဆေးရုံကိုအပြေးသွားရတယ် နေ့လည်မှာ။ လက်ကျိုးလို့ ဆေးရုံတက်နေရတဲ့
ကျော်ကျော်ဆီကိုပေါ့ဗျာ။ စက်ရုံမှာ အတူတူအလုပ်လုပ်တုန်းက
ကြင်နာစွာကူညီခဲ့တဲ့ ချစ်သူငယ်ချင်းလေး ဆီကိုပေါ့။

" ငါနည်းနည်းနာသေးတယ်ကွ၊ မကြာခင်ဆင်းရတော့မယ်။"

"လက်မောင်း မကောင်းတော့ ဂေါ့ဖ်မဆော့ရတော့ဘူးပေါ့ ဟုတ်တယ်ဟုတ်"

"ဟား ဟား ငါ့မှာ masturbation တောင်မလုပ်နိုင်ဘူး။"

"ဒါနို့အကောင်းစားကွ သောက်လိုက်ဦးနော်။" ဒီကောင်ဆေးရုံတက်နေရတာတောင်
ဟာသပြောနိုင်သေးတယ်။ ၀ယ်လာတဲ့မုန့်ရယ် ပြီးတော့နို့ပုလင်းကို
ပိုက်တပ်ပြီးသူ့ကို အစားအသောက်တွေကျွေးဖြစ်ပါတယ်။

အားရပါးရစားနေတာမြင်ရတော့ ၀မ်းသာမိတာအမှန်။ အခုအချိန်မှာတော့သူ
ကျွန်တော့်ကိုအပြစ်မတင်တော့ပါဘူး။

"မင်းဒီအတောအတွင်း ဘာတွေလုပ်နေလည်း။ ဟို အဆင့်မြင့်မြင့်ကလူလေ
မင်းဆီလာသေးလား။သူကမေးတယ် မင်းဘယ်မှာနေလည်း ဘာလုပ်လည်းဆိုတာ။
ငါပြောပြလိုက်တယ်။ ညမွှေးပန်းမှာလို့။ သူကမင်းကို
တောင်းပန်စရာရှိလို့တဲ့။"

ညဦးလေပြည်နဲ့အတူ အလုပ်ကိုရောက်သွားတော့လည်း သူ့အကြောင်းကြားရပြန်တယ်။
ညမွှေးပန်းကိုလာတယ် အခန်းတွေကို လှပ်ကြည့်တယ်။ဘာလုပ်ဖို့လည်းမသိ
စုံထောက်လားမသိဘူး။ မင်းသူနဲ့ပြဿနာရှိလို့လားတဲ့
အထိန်းတော်ကြီးကမေးပြန်တယ်။ ဒီလူတော့ကွာ....။

ကျွန်တော် အထိန်းတော်ကြီးအပြောကို မျက်လုံးထဲပြန်မြင်ယောင်ကြည့်မိတဲ့အခါ
သူ့အဖြစ်အပျက်တွေကို မြင်ယောင်မိလာသလိုပါပဲ။ သူကျွန်တော့်အပေါ်ဘာတွေ
ခံစားချက်ရှိနေပါလိမ့်။
ကျွန်တော်ကရော...။

အခန်းလေးတွေလိုက်လှပ်ကြည့် ကျွန်တော့်ကို မမြင်တဲ့အခါ စကြ်ံန်နံရံကို
ရီဝေေ၀ ငေးပြီးမှီနေတယ်။ ကလပ်ကတစ်ယောက်က သူ့ကိုလက်စွဲခေါ်သွားပြီး
အခန်းတစ်ခုထဲမှာ ပွတ်သပ်ကိုင်တွယ် ဆားဗစ်ပေးပေမဲ့ သူထွက်ခွာသွားသတဲ့။

ဆွေမင်းဆိုတဲ့ကျွန်တော် သူ့အကြောင်းတွေနားထောင်ပြီး ကားဆီပြန်လာ
ပြန်လည်မောင်းထွက်လာတော့ သီချင်းသံလည်း နားထဲမရောက်ပါဘူး။ မျက်ရည်တွေသာ
တွေတွေကျလာတော့တယ်။ ဟင့်အင်.....။

x x x

စိတ်ထဲကဘာကိုရွှင်မြူးနေတယ်မသိဘူးဒီနေ့ည။ အထိန်းတော်ကြီးလာပွားနေတာကိုလည်း
နားမညည်းသလိုပါပဲ။ သီဟ အကြောင်းပြောနေတာလေ တစ်ခါတစ်လေ
သူပြောတာတွေကိုနားထောင်ရတိုင်း အပြစ်တင်သံလေး တွေညှပ်ညှပ်ပြီးပါ
လာတတ်သေးတာ။ အရာအားလုံးသူ့စိတ်တိုင်းကျဖြစ်ဖို့ဆိုတာ
ဘယ်မှာဖြစ်နိုင်မလည်းနော်။

"မျက်မှန်နဲ့ ရောက်လာတဲ့ကောင်ကို သတိရလား။ သူ့ကို ဖောက်သည်တစ်ယောက်က
Credit Card တောင်ပေးသုံး ထားသတဲ့။ မင်းကို ပိုက်ဆံကိစ္စတွေလာပြောရင်
မင်းသွားမရှုပ်နဲ့နော်"တဲ့လေ။ ဟုတ်တယ် ဇော်ဇော်ပြောသလိုပါပဲ ဖောက်သည် တွေက
အသည်းစွဲရင် အားလုံးပေးချင်ကြတာထုံးစံဖြစ်နေပြီ။ သူတို့
အထီးကျန်မှုကိုကျွန်တော်တို့က အဖော်ပြု ပေးရတာ မဟုတ်လား။

နားနေခန်းထဲကအတွက်မတော့ အခန်းတစ်ခုထဲက ယိုင်တိုင်တိုင်ထွက်လာတဲ့
ဘဲတစ်ပွေကိုတွဲလာရင်း ကျွန်တော့်ကို ပိစ်လုပ်ပြသွားတဲ့
သီဟကိုတွေ့လိုက်ရပါတယ်။ သူပျော်ရွှင်အသားကျသွားပြီထင်ပါရဲ့။ သူဟာဒီလောကမှာ
အထာကျ မြန်လှပါတယ်။

"တီ...တီ"ဆိုတဲ့ဖုန်းသံနဲ့အတူ စတီဗင်ဆီက
ဖုန်းလာတယ်။သူ...သူအရေးပေါ်ငွေနည်းနည်းလိုသတဲ့။

ကျွန်တော် ထူပူသွားတာပဲ ဘာလုပ်ပေးရမလည်းသူ့အတွက်။ ပိုက်ဆံရဖို့က ....။

နောက်တော့.......

"ဝေါ့...ဝေါ့" ရင်ဘတ်ထဲက အန်ချင်စိတ်အဆက်မပြတ်ဖြစ်ပြီး အန်နေရတယ်။
လက်ထဲမှာတော့ ငွေအတော်များများကိုကိုင် ထားရင်းပေါ့။ ဧည့်သည်တွေအတွက်
ကျွန်တော်ရှောင်ကြဉ်ခဲ့တဲ့အရာကိုပေးအပ်ရင်း ပြုစုခဲ့တာလေ
ငွေများများရဖို့။ ဒါကြောင့်...'ဝေါ့..ဝေါ့'...

x x x

ငြိမ့်ညောင်းတဲ့တီးလုံးသံတွေအကြားမှာ ထုံးစံအတိုင်း ဒွိယံဒွိယံအတွဲတွေက
မီးမမှောင့်တမှောင်ထဲမှာ ရင်ခြင်းအပ် အနမ်းခြင်းဖလှယ် နေကြတာ
ကြည်နူးတတ်သူဆိုရင်တော့ အတော်ကြည့်ကောင်းမှာအမှန်။ ကျွန်တော့်အတွက်ကတော့
ရိုးသွားပါပြီ လုပ်ရိုးလုပ်စဉ် အလုပ် တစ်ခုသက်သက်သာ။ ခန်းမတစ်လျှောက်
ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက် အလိုက်သင့်စီးမျောနေကြတာ အပြည့်။

ဖောက်သည်တစ်ယောက်ကို တွဲပြီး တီးလုံးသံနဲ့အတူကနေတဲ့ ကျွန်တော်လေ
အခန်းတံခါး'၀ုန်း'ကနဲ ပွင့်လာကာ ကျွန်တော့်လက်ကို ဆွဲ
ကလပ်အပြင်ကိုခေါ်ထုတ်လာတာကိုခံရတာများ အလန့်တကြားကိုဖြစ်ရော။ ကျွန်တော်
တော်တော်ဒေါသထွက်သွားတာတော့ အမှန် ကျွန်တော် အလုပ်လုပ်နေတာလေ။
ကျွန်တော့်အသက်မွေးဝမ်းကြောင်းအတွက် လုပ်နေတာလေဗျ။

"မင်း.....ဒီမှာအလုပ်လုပ်နေတာကို ကြည့်ပြီးမခံစားနိုင်တော့ဘူးကွာ"

"ပြော ငါဟာမင်းအတွက် sugar daddy လား...."

စိတ်ထဲထောင်းကနဲဒေါသထွက်သွားတယ်ဗျာ။
သူကျွန်တော့်ကိုဒီလိုပြောပိုင်ခွင့်ရှိလို့လား။

သူ့ကော်လံကိုဆွဲကိုင်ပြီး ထိုးပစ်မလိုရွယ်အပြီးမှာ မလုပ်ဖြစ်ဘဲ....
"ခင်ဗျားကို ခင်ဗျားကို သတိပေးထားတယ် ကလပ်ကိုနောက်တစ်ကြိမ် မလာနဲ့ဆိုတာ။"

"တစ်ကြိမ်....တစ်ကြိမ်ထဲပါ။ ငါ့မှာလည်း ပိုက်ဆံရှိ
ပိုက်ဆံရှိသူတစ်ယောက်အဖြစ် မြင်မပေးနိုင်ဘူးလား။"

သူကျွန်တော့်ပုခုံးကို ဆွဲကိုင်ရင်းသူပြန်ပြောတော့
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့ကျွန်တော် သတိမေ့သလိုဖြစ်သွားမိတာ
သူ့ကားပေါ်ရောက်တော့မှ ဘယ်လိုအသာတကြည်ပါလာမိပါလိမ့်လို့
သတိပြန်ကပ်ရတော့တယ်။

"ကျွန်တော့်ကို ဘာလို့ဆွဲထုတ်ခဲ့ရတာလည်းဗျ။"

သူဆိုတဲ့ စတီဗင် စကားပြန်မရဘဲ ကျွန်တော့်ကိုနောက်ကြည့်မှန်ကတစ်ဆင့်
ပြန်ကြည့်ရင်း သူဆိုချင်သော စကားကိုသာဆိုလေရဲ့။

"တစ်ယောက်နဲ့ တစ်ယောက် သေသေချာချာ မိတ်မဆက်ရသေးဘူးနော်။ ငါ့နာမည် စတီဗင်ပါ။"

x x x

ကိုယ့်အပေါ်မှာ တကယ်မင်းနားလည်ရင်
ဘ၀မှာလေ လိုအင်အကုန်လုံးပြည့်သလို
အချစ်တစ်ခုထဲနဲ့ အရဲစွန့်လဲလှယ်နိုင်တယ်
အနစ်နာခံဖို့ ဆုံးဖြတ်ဝံ့တယ်....

မြေသားလမ်းတစ်ခု လူသူသိပ်မရှုတ်တဲ့ လမ်းမတစ်ခုမှာ နှစ်ဦးသား
အတူလမ်းလျှောက်ကြရင်း ရင်ဖွင့်ဖြစ်ကြတယ်။ စိတ်တွေဘယ်လိုပဲ
ကွယ်လျှိုးထားပေမယ့် သူကျွန်တော့်အပေါ်
သံယောဇဉ်တစ်စုံတစ်ရာနက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီ။
ညိုမှိုင်းတဲ့မီးရောင်တွေနဲ့ အတူ လူသားနှစ်ဦးစိတ်ထဲမှာ
နက်နက်နဲနဲခံစားမှုတွေက ပြည့်နေကြပါပေါ့။

"မင်းနဲ့ ကိုယ်စတွေ့ဆုံ စကတည်းက ငါနာကျင်မှုခံစားခဲ့ရတယ်"

"ဘာလို့လည်းဗျာ.... prostitute တစ်ယောက်အတွက် ခင်ဗျား လဲကျချင်နေတာလား။"

" ဘာကြောင့်မင်း ငါ့ရင်ထဲက ခံစားချက်ကို လစ်လျူရှုရတာလည်း"

"ခင်ဗျား....ကချမ်းသာတယ်၊ ပညာတတ်တစ်ယောက် ပြီးတော့ပိုက်ဆံဆိုတာကို
ရဖို့ဘယ်လိုကြိုးစားရတယ်ဆိုတာ နားလည်မှာမဟုတ်ပါဘူးဗျာ။"

"မင်းဒီထက်ကောင်းတဲ့ စကားလုံးတွေကို မသုံးတတ်တော့ဘူးလား ဆွေမင်း"

သူအဲဒီစကားကိုပြောပြီး အတန်ကြာငြိမ်သက်နေတာကြောင့်
သူ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းမှာ မျက်ရည်တွေ
နည်းနည်းဝေ့နေသလိုပါပဲ။ ကျွန်တော့်ကို အတန်ကြာစိုက်ကြည့်ပြီးတဲ့နောက်
လက်ကိုလှမ်းကိုင်ရင်း တစ်ခုခုကိုပြောချင်နေသေးသလို။

"လက်ကိုလွှတ်လိုက်ပါ ...ကျွန်တော်ဒီပုံစံမျိုးနဲ့ အပြင်ထွက်ဖို့သဘောမကျဘူးဗျ။"
ဆုပ်ကိုင်ထားတဲ့လက်ကို ရုန်းပြီးလှည့်ထွက်ဖို့အလုပ်မှာသူက ပြောသေးရဲ့
"ငါလည်းမင်းလိုပါပဲ....မင်းလိုခံစားချက်မျိုးရှိခဲ့တာပါပဲကွာ ငါ့ဘ၀မှာ။"

"ဒါထက်မင်း ငါ့နာမည်ကိုမမှတ်မိသေးဘူးလား...နာမည်ကိုခေါ်ပါလားကွာ။"

"ထားလိုက်ပါ...ခင်ဗျားကို စိတ်အနှောက်အယှက်ပေးသလိုဖြစ်ခဲ့ရင်တော့
တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကျွန်တော့်ကို ထပ်မခေါ်ပါနဲ့တော့
မပတ်သက်ပါနဲ့တော့။"

စကားတွေကို အဆုံးသတ်ပြီးလှည့်ထွက်လာချိန် ကျွန်တော့်ရင်ထဲမှာလည်း
အသည်းကွဲတဲ့လူတစ်ယောက်ရဲ့ ခံစားချက် မျိုးရရှိလိုက်သလိုပါလား။
နောက်မှာကျန်ရစ်ခဲ့တဲ့ သူ့ကို ပြန်လှည့်ကြည့်မိတဲ့အခါ ကျွန်တော်သွားရာကို
လှမ်းကြည့်နေတဲ့သူ့ နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်နေသလားပဲ။

ကျွန်တော်သူ့ဆီခပ်သွက်သွက် ပြန်လှည့်သွားကာ တုန်ယင်နေတဲ့ သူ့နှုတ်ခမ်းကို
အနမ်းပေးရင်းနှုတ်ဆက်ခဲ့ပါတယ်။

" ဒီအနမ်းဟာ နောက်ဆုံးဝန်ဆောင်မှုလေးပါ....ဖောက်သည်ကြီးအတွက်"
" ခင်ဗျားဆီက မရေမတွက်နိုင်တဲ့
ငွေတွေကိုကျွန်တော်လက်လည်းလက်မခံချင်တော့ဘူး၊ တွေ့ခဲ့တဲ့အကြောင်းတွေကို
မေ့ပစ်လိုက်ပါတော့။"

တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့စကားမဆိုဘဲ ကျန်ခဲ့မဲ့သူ့ကို
လှည့်မကြည့်ဖြစ်အောင်ကြိုးစားရင်း ပြန်ခဲ့တယ် ပြန်ခဲ့တယ်
အထီးကျန်အိပ်ခန်းလေးဆီကို။

"Nice to see you, ဆွေမင်း"

ခပ်ဝေးဝေးမရောက်ခင်မှာ ကြားလိုက်ရတာက ဘယ်လိုအဓိပ္ပာယ်မှန်းမသိပါ။
ပြန်လှည့်ကြည့်မိတဲ့ အချိန်မှာ ကျွန်တော့်စိတ်တွေထိန်းမရတော့ဘူး
တံတိုင်းကို လက်သီးနဲ့ခပ်ပြင်းပြင်းထိုးမိပါတယ် ။

"ကျိ..ကျိ" ကျည်ကျည်ကျာကျာမြည်တဲ့ ကျေးငှက်တွေရဲ့ အသံနှင့်အတူ
မနက်ခင်းတစ်ခု ပြူတင်းပေါက်ကတစ်ဆင့်ရောက်လာပြန်ပါပြီ။ လွတ်သွား
မှာစိုးသည့်အလားဖက်ထားတဲ့ စတီဗင်ရဲ့ လက်ကိုအသာအယာဖယ်လိုက်ပြီး
ခုတင်ပေါ်ထထိုင်မိပါတယ်။ သူ့ရဲ့နွေးထွေး တဲ့ရင်ခွင်ထဲ အိပ်စက်ခဲ့ရတာ
သိစိတ်ကငြင်းဆန်နေပေမဲ့ မသိစိတ်ကတော့ နှစ်ခြိုက်စွာသာယာခဲ့တာ
အခုရောင်နီလာတော့မှ နိုးထ ဖြစ်ပါရဲ့။ ခပ်ကွေးကွေးအိပ်နေတဲ့သူ့ကို
စောင်ပါးလေးဆွဲခြုံပေးရင် အပြင်ဝရံတာကိုထွက်ခဲ့တယ်။ ရင်ထဲတစ်ခုခုတော့
တစ်ခုခုပဲ လောကကြီးရယ် ဘာမှန်းမပြောပြတတ်ပါဘူးဗျာ။

x x x

မြက်ပင်နုနုတွေအပြိုင်းအရိုင်းထနေတဲ့ အားကစားကွင်းထဲမှာ သီဟနဲ့ကျွန်တော်
စကားတွေဆို ရင်တွေဖွင့် နှစ်ဦးသား တိုင်ပင်ဖြစ်ခဲ့ကြ တယ်
ကျွန်တော့်တိုက်ခန်းနဲ့ မလှမ်းမကမ်းမှာ။ ကျွန်တော်က နေသားကျနေတဲ့ဘ၀နဲ့
ရှေ့ရေးကိုဆိုပေမဲ့ သူကတော့ ရင်ခုန်တိမ်းမူးဖွယ် လူတန်းစားတစ်ရပ်အတွက်
သွေးပူနေလေတယ်။

"ဖောက်သည်ရဲအရာရှိက ငါ့ကိုကျနေပြီထင်တယ်ကွာ။
ငါ့အတွက်ကားအသစ်တစ်စင်းဝယ်ပေးမလို့တဲ့။"
ဒီစကားကြားမိတော့ပြုံးမိပါရဲ့လေ။ သူ့ကြည်နူးမှုလေးတွေကို မပျက်စေချင်သေးပါဘူး။

"ကားရရင်တော့ကွာ ဒီမြို့ကြီးတစ်မြို့လုံးကိုပတ်မောင်းပစ်မယ် ။
ခရီးအတူထွက်ရအောင်လေ ဘယ်လိုလည်း။"

"ငွေစုဖို့ မစဉ်းစားဘဲ မင်းကဖြုံးဖို့စဉ်းစားနေတာမဟုတ်လား။
ကောလိပ်တက်ဖို့ မင်းဘယ်လိုလုပ်မှာလည်း။"
"ရွာမှာတုန်းက ငါ့အဖေက ငါ့ကိုဘာပြောလည်းသိလား။ မင်းဘယ်တော့မှ
ကောလိပ်တက်ရမှာ မဟုတ်ဘူး။ နေ့တိုင်းအစားအများကြီးစားလို့တဲ့။"

လူဆိုတာ သူ့အကြိုက်သူ့စရိုက်နဲ့ အသက်ရှင်နေကြတာတဲ့။ သီဟက
ဘ၀မှာပျော်ပျော်နေဖို့ပဲစဉ်းစားဟန်တူပါတယ်။ အစား ကောင်းကောင်းစားမယ်။
ကောင်းကောင်းဝတ်မယ် နေမယ် ဒါဆိုရင် သူ့ဘ၀ကနေပျော်နေတယ်ပေါ့။

"အင်း...အဲဒီလိုတော့မခံစားပါနဲ့ကွာ မင်းကောဘယ်အချိန်မှာ..."

"မင်းနဲ့မကြာခဏတွေ့ရတဲ့ဘဲနဲ့ အဆင်ပြေလား"

"ဘာကိုလည်း"

"ငါလေ...ငါ့စိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေပြီလို့ထင်တယ်။"

"ငါ့မှာမရှိဘူး။ မိန်းမတွေက ဒီလိုကောင်လေးမျိုးတွေကို မကြိုက်ကြပါဘူးကွာ။"

"အင်း....မင်းကော အဲဒီလူနဲ့ရောဘယ်လိုလည်း။ သူကဘယ်သူတဲ့လည်း။"

သီဟအမေးကို မဖြေချင်ပါဘူး။ ဒါကြောင့်စကားမပြန်တော့ဘဲထလာခဲ့ပါတယ်။
သီဟကနောက်မှ ခပ်နှေးနှေးထရပ်ရင်း ပါးစပ် ကဘာတွေပြောနေမှန်းမသိ
နားလည်လိုက်ရတာကတော့ "ငါသူ့ကိုချစ်မိပြီလားမသိ"တဲ့။

ထုံးစံအတိုင်း ညနေစောင်းလေးမှာ ရေမိုးချိုး သန့်ပြန့်နေအောင်သပြီး
ညမွှေးပန်းကိုလာခဲ့တယ်။ အချိန်နည်းနည်းနောက် ကျတယ်လေ သီဟကို
ဝင်နှိုးနေရတော့။ အထိန်းတော်ကြီးကို နောက်ကျလို့
ဆောရီးလို့တောင်းပန်ရပြန်တော့တာပေါ့။ သီဟကရောင်ပေပေနဲ့
သန့်ရှင်းရေးကိုဝင်လုပ်ကူနေတုန်း အထိန်းတော်ကြီးက သူ့နားကျွန်တော့်ကို
ခဏခေါ်ရင်း စကားတင်းဆိုတယ် "မနေ့ညက ဒီနား ထိုင်တဲ့လူကို မင်းအကြောင်း
ငါပြောပြလိုက်တယ်။ သူကလိုလိုချင်ချင်နားထောင်တယ်ကွ။
မင်းကိုသူစိတ်ဝင်စားနေမှန်းသိလို့ ပြောပြလိုက်တာပါကွာ။"

သူပြောတာ စတီဗင်ဆိုတာကျွန်တော်သိပါတယ်။
သူ့ရဲ့လိပ်စာကဒ်လေးကျွန်တော်မယူခဲ့တာကိုပဲ အခုပေးထားခဲ့ပြန်ပြီ။
အထိန်းတော် ကြီးအပေးကို လှမ်းယူစဉ်မှာ သူရကဖြတ်ယူကြည့်ရင်း အဲဒီလူက
တော်တော်ချမ်းသာလားကွ၊ ဘော့ပ်တော့ တော်တော်ကောင်းမယ့် ပုံပဲတဲ့လေ။
ကဒ်ကိုယူရင်း သန့်စင်ခန်းထဲဝင်သွားလေရဲ့။ စိတ်ထဲထောင်းကနဲဖြစ်သွားပေမယ့်
ဒေါသဖြစ်ပြလို့လဲမဖြစ်ပါဘူး။ စိတ်မ၀င်စားသယောင်နေပြခဲ့တာဆိုတော့။

ကြမ်းပြင်ပေါ်ကို ဖျပ်ကနဲကျသွားလေရဲ့။ တကယ်တမ်းသူ့အတွက်ဘာမှ
အသုံးမ၀င်ပေမဲ့ ကျွန်တော့်ကိုသက်သက်ကလိချင်တဲ့စိတ်နဲ့
ကဒ်ကိုလုယူခဲ့တဲ့သူရ တော်တော်ဆိုးတဲ့ကောင်။ ဘယ်သူမှမရှိတော့တဲ့အခါမှ
ကဒ်ပြားကလေးကို အသာ ကောက်....ဟိုလူ့ဆီ။

x x x

ကျွန်တော့်ရဲ့စိတ်တွေအထွတ်အထိပ်ရောက်နေသလား။
ချစ်စိတ်တွေမွှန်နေပြီလားမသိတော့ပါဘူး။ တစ်ဦးတည်းသောသား အတွက်
ကြင်ယာဖက်စီစဉ်ပေးနေတဲ့ အမေ့ကိုလည်း အပြစ်မတင်ချင်တော့သလို ဘာကိုမှလည်း
မခံစားတတ်တော့။

ကားလေးကို အသာမောင်းရင်း နွေးနွေးစောင့်နေတဲ့
အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကိုလှမ်းလာခဲ့ပါတယ်။ ကျွန်တော့် အကြိုက်
စီစဉ်ပေးတဲ့ကောင်မလေး၊ ဂရုတစိုက်ပြုစုနေတဲ့ ကောင်မလေး
စိတ်မကောင်းပါဘူးကွာမင်းအတွက်လေ။
ပေါင်မုန့် ကိုတစ်ချက်လှီး ပါးစပ်ထဲသွင်း သူပြောတဲ့စကားက နားထဲဝင်တစ်ချက်
မ၀င်တစ်ချက်။

"အစ်ကို မင်မိုရီဆိုတဲ့ မင်္ဂလာဝတ်စုံဆိုင်မှာလေ
ညီမစိတ်ကြိုက်ဝတ်စုံကိုအပ်ခဲ့တယ်သိလား။"

"........................"
"ညီမတို့ မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းကို
တောင်ပေါ်မြို့လေးတစ်မြို့ကိုသွားရအောင်နော်။"

"......................."

တဒေါက်ဒေါက် ဖိနပ်သံနဲ့အတူ အမေလည်းရောက်လာချိန်မှာ
ကျွန်တော်တို့စကားဝိုင်းက တိတ်ဆိတ်နေတယ်။ အိတ်လေး အသာချ
မင်္ဂလာအခမ်းအနားကျင်းပဖို့ ခန်းမဓာတ်ပုံတွေ၊ ၀တ်စုံအတွက်
ဓာတ်ပုံတွေကိုပြရင်း နှစ်ယောက် အကြိုက်ရွေး ခိုင်းတယ်။ ကျွန်တော့် အနေနဲ့
ခေါင်းပဲငြိမ့်နေတဲ့အတွက် အမေက မင်းတို့နှစ်ယောက် ရန်ဖြစ်ထားသလားတဲ့။
ပြီးတော့ အိမ်ထောင်ရေးအတွက် စကားတွေ ပြောပြန်ရော။ နွေးနွေးက
သဘောကျမကျမသိပေမဲ့ ကျွန်တော်ကတော့ နားထောင်နေရင်း အသားတွေ
တဆတ်ဆတ်တုန်နေအောင် ခံစားနေရပါတယ်။ လွတ်လမ်းမရှိ အကျဉ်းအကျပ်ထဲကို
ခုန်ဝင်ရတော့ မှာ။
အပြန်ခရီးမှာ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့ ဓာတ်လှေကားနဲ့အတူ
စိတ်တွေအရမ်းလှုပ်ရှားလာမိတယ်။ အမြင့်ကပြုတ်ကျတဲ့ခံစားမှုနဲ့လေ။
သွားကွာ......။ ပွင့်ထွက်လာတဲ့ တံခါးကတစ်ဆင့်
မြင်နိုင်ပါတယ်....ဓာတ်လှေကားနံရံကမှန်ချပ်ကွဲအပ်နေတာကို ပြီးတော့
ကျွန်တော့် လက်ခုံမှာ သွေးတွေတစ်စက်စက်။

ဆွေမင်းဆီဖုန်းဆက်တော့လည်း ကောင်လေး....ကောင်လေးက ဖုန်းမကိုင်ပါ။
နံရံပြူတင်းပေါက်ကတစ်ဆင့် တစ်သွင်သွင်စီးနေတဲ့ ရေစီးချောင်းလို
သွားလာနေတဲ့ ကားမီးရောင်များအား အမှတ်မဲ့ငေးနေဖြစ်ပါတယ်။ ဘ၀ဟာ
ကျွန်တော့်အတွက် အထီးကျန်ခံစားချက်ဖြစ်ပေါ်စေမတဲ့လား။ ကိုယ့်ချစ်သူ
နဲ့အတူနေထိုင်သွားဖို့မရနိုင်ဘူးလား။

"ဒေါက်....ဒေါက်" ဆိုတဲ့ တံခါးခေါက်သံနဲ့အတူ...ဟော
ဆွေမင်းဝင်လာတယ်။လက်မှာလည်း လိပ်စာကဒ်လေးကိုင်လို့။ ဒီကောင်လေးကြည့်ရတာ
သိပ်တော့မဆိုးတော့ပါဘူး။ ကျွန်တော့်အပေါ်သိပ်ပြီး မဆန့်ကျင်တော့သလိုပဲ။

"တစ်ခါတုန်းက ငါ့သူငယ်ချင်းတစ်ယောက်က ပုံပြင်ပြောပြဖူးတယ်။
သူဟာတစ်ခါတုန်းက သူဆင်းရဲတစ်ယောက် နဲ့ချစ်ပွဲဝင်ခဲ့ဖူးသတဲ့။
သူကဘယ်လောက်ချစ်ချစ် သူဆင်းရဲက သူ့အသည်းနှလုံးကို
ဂရုတောင်မစိုက်ပါဘူးတဲ့။"

"ကျွန်တော်က ဘာတတ်နိုင်မှာလည်းဗျာ...."

ဆွေမင်းကျွန်တော်ရပ်နေတဲ့ ပြူတင်းပေါက်ဆီလှမ်းလာရင်း
အဲဒီစကားကိုဆိုလေတော့ ကျွန်တော့်ရင်ထဲ တလှိုက်လှိုက် ဖြစ်ခြင်းနဲ့အတူ
မျက်ရည်တွေဝဲလာမိတယ်။ ညင်သာစွာ ပတ်တီးစီးထားတဲ့ ကျွန်တော့်လက်ဖမိုးကို
လှမ်းအကိုင်မှာတော့ သူ့ဘက်ကိုမျက်နှာမူရင်း ကြွေပြီ
မျက်ရည်တစ်စက်ပါးပြင်ပေါ်ကို။

"အဲဒီထက်ပိုပြီးကောင်းတဲ့ နားခံသားတဲ့စကားလုံးကို မင်းမတွေ့သေးဘူးလား။"

'ညတိုင်း ကျွန်တော် စုပ်ပေးနေရတဲ့ -ီးတွေထက် ခင်ဗျားဟာက
ဘာကြောင့်ပိုပြီးအထူးစပါယ်ရှယ်ဖြစ်နေရတာလဲဗျာ?'

'ဘာကြောင့်ဆို ငါ့ပစ္စည်းက ရောင်းထားတာကြောင်'့

'မင်းဟာကလည်းရောင်းချထားတာပဲမဟုတ်လား'

ကျွန်တော့်မျက်နှာကိုသူခပ်ကြာကြာစိုက်ကြည့်ပြီး သူအခန်းထဲက
ထွက်သွားလေတယ်။ ဒီအချိန်မှာကျွန်တော်သူ့ကို လှမ်းမတားမိပါ။
ကျွန်တော်တို့အဖြစ်က အမှန်ပါပဲ သူပြောသွားသလိုလေ။

မီးခပ်မှိန်မှိန်နဲ့ ညမွှေးပန်းထဲမှာ ဟိုအခန်းမှာများ
ဆွေမင်းရှိမလား......ဒီအခန်းမှာရော.....ဟာ .....ဒီမှာရော... ...အား...
..ဆွေမင်း..... .ဆွေမင်း။ ကျွန်တော်မခံစားနိုင်တော့ဘူး ဘယ်မှာလည်း
ဆွေမင်း။ ထိန်းသိမ်းမရတဲ့ ခံစားချက်တွေနဲ့ ဘားတစ်ခု လုံးလိုက်ရှာမိနေတဲ့
ကျွန်တော် ဘားကလုံခြုံရေးတွေတွဲပြီး အပြင်ခေါ်ထုတ်ခံရတဲ့အထိ
မူပျက်ခဲ့တယ်အဲဒီညက။
ခံစားချက်တွေ က....။

x x x

'ဘာဖြစ်နေတာလည်း....ခင်ဗျားဘာဖြစ်နေတာလည်းဗျာ' သူဒီလောက်ထိ
ကျွန်တော့်လိုလူတစ်ယောက်အပေါ်မှာ သူစူးစူး နစ်နစ်ခံစား
နေတာမြင်ရချိန်မှာတော့ ကျွန်တော့်ရင်ထဲမှာ လေဟာနယ်ထဲလမ်းလျှောက်နေမိသလို
ခံစားရပြီး သူ့ကို သူ့ကို ဒီလိုပုံစံမျိုးမဖြစ်စေချင်ခဲ့ပါ ဘူး။
မျက်ရည်တွေရော ချွေးတွေရော ဖရိုဖရဲဖြစ်နေတဲ့ သူ့ကိုယ်ခန္ဓာကိုယ်ရော
ထိန်းသိမ်းပေးပြီး ကျွန်တော် ကုန်းပိုးခေါ်လာဖြစ်တယ်။
ဟော...သူ့လက်သီးမှာရော သွေးတွေတစက်စက်ကျနေပါလား။

ကုတ်အင်္ကျီလေးတွေအသာချွတ်ပေး ရှူးတွေအသာချွတ် သက်သောင့်သက်သာဖြစ်စေမယ့်
အရာတွေနဲ့လဲလှယ်ပေးပြီး အိပ်ရာပေါ်မှာ လှဲသိပ်ထားပေးဖြစ်ပါတယ်။ အခန်းထဲမှာ
မီးတွေထိန်နေအောင်ဖွင့်ဖို့ ကျွန်တော်မကြိုးစားဖြစ်သလို ဘာမှလည်း
ထမလုပ်ဖြစ်ပါ။ ရင်ခွင် ထဲတဆတ်ဆတ်ခုန်နေတယ် ရွာမှာ ချစ်သူငယ်ချင်းလေးနဲ့
စက်ဘီးအတူစီးတုန်းက ခံစားချက်ထက် ပိုပြင်းထန်တယ် လှုပ်ရမ်းစေတယ်။ ဒါပေမယ့်
ကြည်နူးမှုဖြစ်စေတဲ့ခံစားချက်တစ်မျိုးပါ။

အိပ်ယာပေါ်မှာ ခပ်ကွေးကွေးအိပ်နေတဲ့သူ ကျွန်တော်ပြုစုပေးနေတာကို
သိနေဟန်တူတယ်။ အမူးလည်းပြေနေလောက်ပါပြီ။ သူ့ရင်ဘတ်ကို
တစ်ချက်ကြည့်မိချိန်မှာတော့ ကျွန်တော့်စိတ်တွေက သူ့ရင်ခွင်ကို
ပိုင်ဆိုင်လိုစိတ်ပြင်း ထန်လာခဲ့တယ်။ နွေးနွေး
ထွေးထွေးဖက်တွယ်ထားပေးမယ့်ရင်ခွင် ဘယ်တော့မှ မဆုံးရှုံးစေချင်တော့ဘူးဗျာ။
သူ့ပါးပြင် နုနုလေးကိုတစ်ချက် ငုံ့နမ်းရင်း
ရင်ခွင်ကျယ်ကြီးထဲအသာလှဲအိပ်ချလိုက်ပါတယ်။

တောင့်တင်းတဲ့ သူ့လက်မောင်းတွေကြားမှာ ရင်တွေတခုန်ခုန်။
ရင်ခွင်ပေါင်းများစွာရခဲ့ဖူး ဖက်တွယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့
ကျွန်တော် အပျိုစင်တစ်ယောက်လို ဖြစ်နေပါလား ဒါဟာ ဘာခံစားချက်ပါလိမ့်။
အမြှောင်းမြှောင်း ထနေတဲ့ သူ့ဘယ်လီသားလေးတွေကို တို့ထိချင်တယ်။
အမွှေးလေးတွေ ရေးရေးပေါက်နေတဲ့ သူ့ဆီးခုံက အိုး....ကျွန်တော့်ရင်ထဲ
တဒိန်းဒိန်းပဲ ။

ခပ်ဖွဖွအသာ သူ့ဆီးခုံကိုလှမ်းကိုင်မိချိန်မတော့ သူ့လက်မောင်းတွေက
တင်းကျပ်စွာဖက်တွယ်လာသလို နူးညံ့နှုတ်ခမ်းတွေ ဟာလည်း
ခပ်ကြမ်းကြမ်းတုံ့ပြန်လာတယ်။ ဟုတ်တယ် သူအချစ်မူးမူးနေပြီ။
သူ့လက်ချောင်းတွေဟာ ကျွန်တော့်ခန္ဓာအနှံ့ လှုပ်ရှားသွားလာနေရင်း
ပွတ်သပ်ဆော့ကစားလာတော့တာ ငှက်မွှေးကလေးနဲ့ ပွတ်သပ်နေသည့်အလား။
ဟင့်အင်ဗျာ.. ...ခင်ဗျားကြိုက်တာသာလုပ်ပါတော့။

အနမ်းတွေဟာ မဆုံးတော့ဘူး တိမ်တွေအပေါ်ခေါ်သွားတယ် ကျွန်တော့်ကို။ ပြီးတော့
ဟိုးအနက်ဆုံးဆီထိ ပစ်ချလိုက်ပြန်ရော။ ကျွန်တော်လည်း မူးပြီး မူးပြီး
ရိုင်နေပြီ.....။

'ဟိ' ယားပါတယ်ဗျ။သူ့မေးစိက မုတ်ဆိတ်မွှေးစူးစူးလေးတွေကြောင့်။

"ဒါမင်းဘော့ပ်နေတာ ပထမဆုံးအကြိမ်လား"

"မင်းကိုကြည့်ရတာ နည်နည်းအထာမကျသေးဘူးထင်ပါရဲ့။"

ခေါင်းလေးအသာငြိမ့်ပြမိတော့ သူကအလိုက်တသိပါပဲ အနမ်းတပွင့်
ကျွန်တော့်ပါးပြင်ကိုချွေရင်း "ငါသိပါတယ် ငါကျေးဇူး တင်ပါတယ်။ မင်းအတွက်
စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့အရာတစ်ခုဖြစ်မယ်လို့ မထင်လိုက်ပါနဲ့နော်။"

ဘာမှပြန်မပြောတော့ဘူး ဂျစ်တူးတူးမလုပ်တော့ပါဘူး ခင်ဗျားရင်ခွင်မှာ
မိန့်မူးနေပါပြီ။ ကျွန်တော့်ပါးပြင်ကို ပါးပြင်ကို မြတ်နိုးစွာ
အနမ်းဖွဖွပေးတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးပါဗျာ။

x x x

မင်းလေးမရှိတဲ့ အချိန်တိုင်းဟာ
မင်းလေးမရှိတဲ့ နေရာတိုင်းဟာ
ရှင်သန်ရန်မလွယ်ကူ
အားလုံးမှားယွင်းနေ

နံရမှာမှီရင်းထိုင်နေတဲ့ကျွန်တော့်ပေါင်ပေါ်သူခေါင်းကလေးအုံးထားတော့ရင်ထဲမှာ
ဘာကိုကျေနပ်နေသလည်းမသိ။ အရာရာဟာ ပြည့်စုံနေသလိုပါပဲ။ သူ့ပါးပြင်လေးကို
ညင်ညင်သာသာကိုင်တွယ်ပြီး စကားတွေတဖွဖွပြောဖြစ်ပြန်တယ်။

အိုး....ခပ်တည်တည်နေဖြစ်ခဲ့တဲ့ကျွန်တော် အပြုံးတွေဝေရင်း
ပျော်ရွှင်မှုတွေမဖုံးနိုင်မဖိနိုင်ပါ။ သူ့နား အနားကပ်ပြီး
စကားတွတ်ထိုးလိုက် အနမ်းဖွဖွပါးပြင်ကိုခြွေလိုက်နဲ့ပေါ့။

"နက်ဖြန်ငါ ရုံးမသွားတော့ဘူး။"
"ဟုတ်"
"ချစ်တယ်နော်"
"ဟုတ်"
"မခွဲဘူးနော်"
"ဟုတ်ကဲ့ပါဗျ"

သူ့မျက်ဝန်းတွေကလည်း ကြည်နူးမှုနဲ့အတူ အရည်တွေလဲ့နေတာပါပဲ။

ကျွန်တော် ကိုကြီးနဲ့မခွဲပါရစေနဲ့။ကျွန်တော့်ကိုဖက်ထားပေးပါ။
အနမ်းလေးတွေခြွေပါ။ တစ်ယောက်တည်း မထားခဲ့ပါနဲ့နော်။

'သီဟရေ မင်းတော့မသိဘူး ငါတော့ ကိုကြီးနဲ့အတူ မြို့ကိုတစ်ပတ်ပတ်နေပေါ့။
ရင်တွေလည်းအဆက်မပြတ်ခုန်နေတာကွ။ ဟိ...ကိုကြီးကိုဖက်တော့
ခါးလေးကိုကိုင်လိုက်တာ ယားတတ်မှန်းခုမှငါသိရတယ် သိလား။ '

ရှည်လျားလွန်းတဲ့အနက်ရောင်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားလေးအပေါ်
ကြည်နူးမှုအပြည့်နဲ့လိုက်ပါသွားနေတဲ့ ကျွန်တော် တို့နှစ်ယောက်ကို
မြင်နိုင်ကြပါတယ်။ စတီယာရင်ကိုင်ထားရင် ကျန်တဲ့လက်တစ်ဖက်က
ကျွန်တော့်လက်တွေကိုဆုပ်ကိုင်ထား တဲ့သူ့မျက်နှာကလည်းပြုံးနေတာပါ။

လမ်းသွယ်လေးတွေအနှံ့မှာလည်း လက်ချင်းတွဲလို့လျှောက်လှမ်းကြသလို
ဟိုးကျယ်ပြန့်လှတဲ့ ကောင်းကင်စက်ဝိုင်းကြီး ကိုတဆုံးမြင်ရတဲ့
ကမ်းခြေအရောက်လည်း နေလုံးနဲ့အတူ ညနေဆည်းဆာကိုကြည့်လို့မဆုံးပါဘူး။

ဖြူလွလွကမ်းခြေမှာအတူထိုင်ရင်း၊
တက်လိုက်ကျလိုက်ဖြစ်နေတဲ့လှိုင်းလုံးလေးတွေဟာ
ကမ်းခြေကိုရိုက်ခတ်နေတာတဖျပ်ဖျပ်၊

ဟိုးအမြင့်ကောင်းကင်ကြီးကို မော်ကြည့်မိတော့လည်း ၊ ညနေခင်းနေရောင်နဲ့အတူ
ထွက်ပြူစ ကြယ်လေးတွေဟာ အခုမှ ဘာကြောင့်များပိုပြီးတောက်ပနေပါလိမ့်။

ကောင်းကင်ကြီးက ကြည်လင်နေလို့တော့မဖြစ်နိုင်ဘူး။ အချစ်က အချစ်က
အနားမှာရှိလို့များ.....။

ကိုကြီး......ကိုကြီးရဲ့ပုခုန်းတစ်ဖက်ဟာ ကျွန်တော့်အတွက် ကမ္ဘာ ကမ္ဘာပါဗျာ။

x x x

လေကလေးတချွန်ချွန်နဲ့ ညမွှေးပန်းရှိရာကို လှမ်းလာဖြစ်ပါတယ်။
နှစ်ရှည်ကြာအလုပ်လုပ်ဖြစ်ခဲ့တဲ့ အလုပ်လေးကိုရောက်ခါနီးတော့
ရင်ထဲတစ်ခုခုခံစားရသလိုပါပဲ။ ဆုံးရှုံးမှုတစ်ခုလိုများလား ၀မ်းသာမှုလား
မပြောပြတတ်တော့ပါဘူး။ ကလပ်ထဲရောက်တော့လည်း လုပ်ဖော်ကိုင်ဖက်တွေ
သူ့အလုပ်နဲ့သူ ရှုပ်နေကြလေရဲ့။

အထိန်းတော်ကြီး ....သူဟာ အစ်ကိုတစ်ယောက်လိုဖြစ်နေရဲ့။ဒါပေမဲ့ သူကတော့
သူ့ဝသီအတိုင်း ဆောင့်ဆောင့်အောင့်အောင့်ပေါ့ စကားပြောတာကိုက။

"လူတွေကဒီလိုပါပဲ အလိုရှိမှ သူတို့လိုအပ်ချက်ရှိမှ ငါတို့ဆီလာတာ။"

"တော်တော် အမြင်ကပ်ဖို့ကောင်းတဲ့ သောက်ဂေးတွေ"

"ဟား ဟား ကျွန်တော် အစ်ကို့ဆီကို လာလည်မှာပါဗျာ။ တကယ် တကယ်" သူ့ပုခုံးကို
အသာဖက်ရင်း နှုတ်ဆက်စကားဆိုတော့ သူကျွန်တော့်မျက်နှာကိုစိုက်ကြည့်ရင်း
ဟိုဖက်မျက်နှာလှည့်သွားလေရဲ့။
"အားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ အရာရာအတွက်ကျေးဇူးပါ။"

ဘိုင့်ဘိုင်....ညမွှေးပန်းရေ။

x x x

သူအလုပ်လုပ်ရာ ရုံးခန်းကိုလိုက်သွားလိုက်တာ ခြေလှမ်းတွေက တော်တော်သွက်။
တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် ကိုယ်ချစ်ရတဲ့သူနဲ့တွေ့ရတော့မယ်ဆိုတဲ့
ရင်ခုန်နေမှုကြောင့်၊ အပြုံးလေးတွေနဲ့အတူ နွေးထွေး
တဲ့ရင်ခွင်ကျယ်ကြီးထဲဝင်ရောက် ခိုလှုံနိုင်မယ်ဆိုတဲ့အတွေးတွေကြောင့်
ထင်ပါရဲ့။

ခပ်ဟဟ အခန်းတံခါးလေးကလှမ်းကြည့် လိုက်တော့ အလုပ်ကိုကြိုးစားလုပ်နေတာများ
နဖူးအရေပြားတောင်ရှုံ့နေလေရဲ့။ အခန်းတံခါး လေးကို
တဒေါက်ဒေါက်ခေါက်လိုက်တော့ ၀မ်းသာအပြုံးတွေနဲ့အတူ
လက်ကိုကမ်းလင့်ကြိုဆိုတယ်။ ဖွင့်ထားတဲ့ သူ့ရင်ခွင်ထဲ အသာ အယာလှမ်းဝင်ရင်း
နှုတ်ခမ်းဖူးဖူးလေးကို မော့အနမ်းမှာ သူက ကိုယ့်ဧည့်သည်ကို မနမ်းရဘူးလို့
ဖေဖေက ပြောထားပါသတဲ့....တော် တော်ဆိုးတဲ့ ကိုကြီး။

"ဒါဆို ဒီရင်ဘတ်လေးကိုနမ်းမယ်"

"ဒီနောက်ဖက်ကရော ဘယ်လိုလည်း"

"ကျွန်တော့်အတွက်ဆွဲဆောင်မှုအပြည့်ပေါ့ဗျာ"

"ဒါကိုတော့ အရစ်ကျဈေးနဲ့ပေးမယ်လို့ စိတ်ကူးထားတယ်"

ကျွန်တော့နဖူးလေးကို ကြည်ကြည်နူးနူးနဲ့ အနမ်းပေးချိန်မတော့
ကျွန်တော်ပင်ပန်းသမျှ ၊ ကျွန်တော် စိတ်ရှုပ်ခဲ့သမျှ ဟိုးအဝေးကို ရွေ့
လျားပြေးထွက်သွားသလိုခံစားရပါ တယ်။ အနမ်းတစ်ခုဟာ ဒီလောက်စွမ်းသလားဆိုတာ
ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ကိုကြီးအနမ်းဟာ
ကျွန်တော့်အတွက် အလိုအပ်ဆုံးအရာဖြစ်လာ ရပါပြီ။

ဘာရယ်ညာရယ်မဟုတ်နှစ်ဦးသားစကားတွေလျှောက်ပြော ကြည်နူးကြတာ သူလည်း
အလုပ်ကြောင့်စိတ်ရှုတ်တာတွေ ပြေပျောက်သွား ပုံရပါတယ် လန်းဆန်းတက်ကြွ
ပြီးကြည်နူးနေလိုက်တာ ကျွန်တော်....ကျွန်တော် ချစ်လိုက်တာဗျာ။

"ဒါဆိုရင်တော့ ကျွန်တော့် ဆားဗစ်အတွက် ပိုက်ဆံတွေအများကြီးရတော့မယ်ပေါ့....ဟာ ဟ"

'မင်းကော ကလပ်မှာ အလုပ်တွင်ကျယ်ဖို့မကြိုးစားတော့ဘူးလား'
လို့ဆိုတဲ့သူ့အမေးကို ကျွန်တော်ပြန်မဖြေဘဲ သူ့ရင်ခွင်ထဲ
ခေါင်းမြှုပ်ရင်းငြိမ်သက်နေခဲ့မိပေါ့။ ကျွန်တော် အဲဒီအလုပ်ကို
ဝါသနာပါလို့လုပ်ခဲ့တာမှ မဟုတ်တာဘဲ ကိုကြီးရယ်။ အသက်ရှင်ဖို့
အသက်ရှင်သန်နေထိုင်ဖို့လုပ်ခဲ့တာပါဗျာ။ စိတ်ကူးနဲ့ကြည်နူးနေချိန်လေးမှာ
လက်တွေ့ဆန်မပြပါနဲ့ဗျာ။

"မင်းနဲ့ ငါ ဥရောပဖက်ကို အလည်ခရီးထွက်ရအောင်။ Prague ကိုသွားစို့နော်။
ဘယ်လိုလည်း လိုက်မယ်မဟုတ်လား။"

အရည်လဲ့နေတဲ့ သူ့မျက်ဝန်းကိုမော့အကြည့်မှာ သူ့အချစ်တွေက အထင်းသားပါ။

နှစ်ဦးသားအတန်ကြာစိုက်ကြည့်နေရင်း ငြိမ်သာနေ ကြပေမဲ့
ရင်ဘတ်ထဲကနှလုံးသားမှာတော့ တဆတ်ဆတ်ခုန်နေကြတာ
အင်္ကျီစလေးတောင်လှုပ်နေသလားလို့။ အဖူးအသစ် ခံစားမှု အသစ်လေးပါ။

ကြယ်ရောင်လရောင်တွေ လင်းလက်နေတဲ့ကောင်းကင်ကြီးအောက်မှာ
မီးပွင့်တစ်ခုသာလင်းနေတဲ့အခန်းထဲ ပျောက်ဆုံးသွားမှာစိုးသည့် အလား
ဖက်တွယ်ထားကြသူနှစ်ဦးရဲ့ ပုံရိပ်ကို အဝေးကနေတောင် သတိထားမိနိုင်ပါတယ်။
ဘယ်သူ့ကိုမှမလိုအပ်တော့သလို ကျွန်တော် တို့ကိုလည်း ဘယ်သူမှ
မနှောက်ယှက်စေချင်တော့ပါ။

x x x

'ရပ်....ရပ်ပါကွ မလုပ်နဲ့ ခဏလေး...ခဏလေး'

"ငါတကယ်နောက်ကျတော့မှာကွာ.....Seriously Late."

"ဘာလည်းစိတ်မရှည်ချင်ဘူးပေါ့....ကလိ...ကလိ"

"ကိုကြီးက ယားတတ်တာကိုး ဟား ဟား "

"Come on...."

"တကယ်ရုံးနောက်ကျနေပြီနော် ဟား ဟား"

....

ရုတ်တရက် ကျွန်တော့်အပျော်တွေပျောက်ဆုံးသွားသလို
မဟုတ်တာလုပ်နေတုန်းလူမိသွားသလိုမျိုးခံစားလိုက်မိရပါတယ်။ ဧည့်ခန်းက
ဆိုဖာပေါ်မှာ လူရည်သန့်အမျိုးသမီးကြီး တစ်ယောက်
ငြိမ်ငြိမ်သက်သက်ထိုင်နေရင်း ကျွန်တော်တို့ရှိရာကိုလှမ်းကြည့်နေမှန်း
နှစ်ဦးသား သတိမူမိတဲ့အချိန်မှာပေါ့။ သူမရဲ့ မျက်ဝန်းတွေမှာ
စတိဗ်ကိုကြည့်ပြီး ငါ့သမီးတော်လှတော်လှ ယောင်းမမြင်းစီးထွက်နေတယ်ဆိုတဲ့
အဓိပ္ပာယ်တွေ ပေါင်းစပ်ပါဝင်နေသလိုပါပဲ။

'ငါ့ကိုအပြင်ကစောင့် ဘာမှမပြောနဲ့ အပြင်ကသာစောင့်ပေးပါ'

ဟူး......ကိုကြီးရေ ကျွန်တော်တို့ဘ၀ကို ဒီလိုပဲနေရတော့မှာလား။
လူသိမခံဝံ့တဲ့ချစ်ပုံပြင်တစ်ပုဒ်ပဲဖြစ်ရတော့မလားဗျာ။

အိမ်ကိုပဲပြန်လာမိပါတယ်။ လမ်းမတစ်လျှောက်က လူတွေရဲ့
မျက်ဝန်းတွေကလည်းကျွန်တော့်ကို အပြစ်တင်နေကြပါပေါ့လား။ ကျွန်တော့်
ကျွန်တော့်မှာလည်း ချစ်တတ်တဲ့စိတ်ရှိပါတယ်ဗျာ။ ချစ်ခွင့်မရှိရဘူးလား။

အိမ်ကိုအရောက် တီဗီလေးဖွင့်ကြည့်ပြန်တော့ လိုင်းကမကြည်။ ခေါင်းမိုးပေါ်
အသာတက်ရင်း အင်တင်နာကို ချိန်ညှိရပြန်ပေါ့။ လေတွေ တသုန်သုန်တိုက်နေတဲ့
ကမ္ဘာလောကကြီးကိုအပေါ်စီးကကြည့်နိုင်တဲ့ ဒီအချိန်လေး ရွာမှာသာဆိုရင်
ချောင်းကမ်းပါးနားသွားပြီး အားရပါး ရအော်ပြီး နေလောက်ပြီ
စိတ်တင်းကျပ်မှုတွေပြေပျောက်သွားစေဖို့။

ညလေးရောက်တော့လည်း ဒီခံစားချက်တွေဟာ အဝေးကိုထွက်ပြေးသွားတော့သလို
မနက်ကခံစားခဲ့ရတာတွေက အလကား ဖြစ်သွားပါပြီ။ ဘာကြောင့်လည်းလို့မမေးပါနဲ့
ကိုကြီးရယ် ပိုတယ်လို့ဆိုရင်ဆို ကိုကြီးရင်ခွင်ထဲ ကိုကြီးလက်မောင်းကို
ခေါင်းတင် လိုက်တာနဲ့ ပန်းသမျှအဝေးရောက်သွားရတာအမှန်ပေါ့ဗျာ။

"ငါ့အမေက အဲဒီဟာ ငါဟိုမိုဆိုတာ သူသိတာကြာပါပြီ။ ငါ့မိဘတွေက ဒီကိစ္စမှာတော့
သဘောထားမကြီးနိုင်ကြဘူး။"

ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်နေရင်း ရင်ထဲက
လှိုက်ကနဲ ၀မ်းနည်းမှုအလုံးကြီးတက်လာသလို တစ်ဆို့
နေတဲ့ခံစားမှုရရှိလာရတော့တာပါပဲ။ ကျွန်တော် ကျွန်တော်ဟာ ကိုယ့်ဟာကိုယ်
ဟိုမိုတစ်ယောက်အဖြစ်မမြင်မိခဲ့ပါဘူး။ သာမန်လူတစ် ယောက်ထဲက
လူသားတစ်ယောက်လို့သာခံစားနေထိုင်ခဲ့တာပါ။ ကိုကြီးကိုလည်း ဘာကြီးပဲဆိုတဲ့
အမြင်တစ်မျိုးနဲ့ ဘယ်တုန်းကမှ မမြင်ခဲ့ သလို
ထင်တယ်ဆိုတာတောင်မရှိခဲ့ဘူးပါ။ ချစ်ခဲ့တယ်
စူးနစ်စွာ.....ချစ်သူတစ်ယောက်အဖြစ်သာ မြင်ယောင်ခံစားချစ်ခဲ့တာပါဗျာ။

"မင်းနဲ့အတူနေရချိန် အတူဆုံရချိန်မှာ ငါ့ဘ၀ပြည့်စုံသွားတဲ့ခံစားမှုမျိုး
အပြည့်အ၀ခံစား....။"

သူ့ပါးစပ်ကိုအသာလှမ်းပိတ်ရင်း ဝေ့တက်လာတဲ့ မျက်ရည်တွေကို
သူမမြင်နိုင်အောင် တစ်ဖက်ကိုစောင်းအိပ်လိုက်ရပါတယ်။ ချစ်သူကို
အသက်သေဆုံးသည့်တိုင် ချစ်ခင်ပြီး အတူနေထိုင်လိုတဲ့စိတ်ကူးရှိသူ
ကျွန်တော်ပါ။ လှိုက်တက်လာတဲ့ ခံစားမှုတွေကို မထိန်းချုပ်နိုင် တော့ပဲ
ရှိုက်ကြီးတငင်ငိုဖြစ်ခဲ့ရပါပြီ။ အနည်းငယ်တုန်ခါနေတဲ့ ကျွန်တော့်ကို
သူ့ရင်ခွင်ထဲဆွဲသွင်းရင်း ပါးပြင်ကိုတစ်ချက်နမ်းအပြီး သူလည်းငြိမ်သက်
ကျွန်တော်လည်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြတဲ့ ညလေးဖြစ်ခဲ့ရပေါ့။

x x x

တတီတီမြည်နေတဲ့ ဖုန်းသံကြောင့် အိပ်ယာပေါ်က အသာထလိုက်ပြီး
ဝရံတာကိုထွက်လာခဲ့ပါတယ်။ ဟော လှမ်းမြင်လိုက်ရပါပြီ
အဖြူရောင်းကားအကောင်းစားကြီးနဲ့ သီဟကို။ ဖုန်းထဲကအသံကတော့
တက်ကြွနေတာလည်းပါ၊ ဆွေးမြေ့နေတာလည်းပါနေပါရဲ့။
ကျွန်တော့်အထင်ပဲဖြစ်မှာပါလေ။

"ငါမင်းကိုမနာလိုဘူးကွာ မင်းကားအသစ်ကြီးကိုလာကြွားတာပေါ့လေ"

"ဒီမြို့ကြီး တစ်ခုလုံးကို ပတ်မောင်းမယ်၊ မင်းနဲ့ငါ ခရီးတစ်ခုလောက်
ဒီကားနဲ့ အတူသွားချင်တယ်ကွာ။"
"သူအပေါ်မှာ ဟုတ်လား၊ မင်းပျော်နေတယ်နဲ့တူတယ်။ ငါလည်းမနာလိုဘူးကွာ။
သူလိုလူက အခန်းကျဉ်းလေးမှာ မင်းနဲ့အတူလာအိပ်တယ်ဟုတ်လား။"

"ငါ့ကို ဂရုစိုက်တဲ့.........ဆိုတဲ့"စကားသံနဲ့အတူ
စကားကိုဆက်မပြောတော့ဘဲသီဟ ကားထဲကိုဝင်ပြီး အပြင်းမောင်းထွက် သွားတော့တယ်။
သူငယ်ချင်းရေ မင်းလည်းပျော်ရွှင်ပါစေကွာ ငါလည်း
ငါ့ချစ်သူနဲ့ပျော်ရွှင်နေတယ်ပေါ့အခုအချိန်မှာ။
နောက်တစ်ချိန်ကျရင်ကော.......

ဖြောင့်ဖြူးနေတဲ့ နိုင်လွန်ကတ္တရာလမ်းမကြီးပေါ်ကနေ မောင်းထွက်သွားတဲ့
သီဟရဲ့ကားကို ငေးကြည့်နေရင်း အချစ်ဆိုတာဘာလည်းလို့ စောကြောမိပါတယ်။
အချစ်ဆိုတာ ဘယ်သူတွေအတွက် ဘာလိုပဲ အဓိပ္ပာယ်ဖွင့်ကြပါစေ အခုချိန်မှာတော့
ကျွန်တော်လက်ခံထားတာက "ဘ၀ဆိုတာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အချစ်ဆိုတာ
ဝတ်ရည်ဖြစ်သည်" လို့ပေါ့လေ။ သီဟ အတွက်
ကျွန်တော်ပျားရည်မပေးနိုင်ခဲ့ပါဘူး။

တဖျပ်ဖျပ်လွင့်နေတဲ့ လိုက်ကာစကို အသာမလိုက်ရင်း အခန်းထဲကို ၀င်လာချိန်ထိ
စတိဗ်မနိုးသေးပါဘူး။ အိပ်ယာပေါ်မှာကွေးကွေးလေး အိပ်နေပုံက
ကလေးလေးအိပ်နေပုံနဲ့ ပင်တူပါသေးတယ်။ ဟိုဒီလူးလွန့်ရင်း သူ့နံဘေးကို
လက်နဲ့စမ်းနေသေးတာ ကျွန်တော့်ကိုများရှာ သလား..။ သူ့နံဘေးကို
အသာဝင်ထိုင်လိုင်ရင်း လက်ကလေးကို အသာကိုင်လိုက်တော့
ကျွန်တော့်မျက်နှာကိုမော့ကြည့်လိုက်ရင်း ပေါင်ပေါ်ကိုခေါင်းအုံးအိပ်တယ်။

အင်း....ချစ်သူခင်သူနဲ့ အိပ်ယာခန်းဆောင်မှာ အတူနေရချိန်ဟာ
ကျွန်တော့်အတွက်တော့ ရင်ခုန်ဖွယ်အကောင်းဆုံးပါဗျာ။ ပြီးတော့ နွေးထွေး
တဲ့ရင်ခွင်မှာ ခိုလှုံရချိန်ဟာလည်း ကျွန်တော့်အတွက် ကဗျာ
တစ်ပုဒ်ဖြစ်တည်နိုင်စွမ်းပါတယ်။ အိပ်ပျော်နေတဲ့သူ့ပါးပြင်လေးကို
နမ်းရတာဟာလည်း တိမ်းမူးဖွယ်ကောင်းရော။

တစ်ဖက်စောင်းအိပ်နေတဲ့ သူ့နားလေးနားကပ်ပြီး ချစ်ခွန်းတုံ့တင်
စကားဆိုရတာကို ကျွန်တော်အတော့်ကိုကြည်နူးမှုဖြစ်ရပါပြီ။

"........................"

"ငါလည်း မင်းပျော်ရွှင်မယ့်အရာတွေကို ဖန်တီးပေးနိုင်ချင်ပါတယ်။ လုပ်ပေးချင်ပါတယ်ကွ"

"............................"

"ဟား ဟား ငါလည်း မနက်ခင်းရောက်လို့ မင်းအကြောင်းများတွေးမိရင်
ငါ့ညီဘွားကထောင်ထောင်ထလာရော။"

ပျော်တယ်ဗျာ။ ဒီအချိန်လေးဟာ ကျွန်တော့်ဘ၀မှာ အကြည်နူးဆုံးအချိန်တွေထဲ
အပါအ၀င်ဖြစ်တည်နေပါပြီ။ ကျွန်တော့်ကိုယ်လုံးကို လှမ်းဖက်ရင်း
နှစ်ဦးသားချစ်ကြည်နူးစွာဖြင့် လုံးထွေးဆော့ကစားကြတာဟာ
"နေရောင်ခြည်တွေထိုးကျနေတဲ့အခန်းငယ်ထဲ လေရူး တသုန်သုန်တိုက်ခတ်နေတဲ့
အခန်းလေးထဲ နှင်းဆီရနံ့သင်းနေတဲ့ ချောကလက်ချိုအရသာတွေ
ပြည့်လှမ်းသွားစေခဲ့သော" နံနက်ခင်း တစ်ခုရဲ့ အကြောင်းဖြစ်ခဲ့ရပါသည်။

x x x

ကိုယ်လိုချင်တဲ့အချစ် ကြင်နာမှု နားလည်မှုတွေကို ရရှိပြန်တော့ ဘ၀ဆိုတဲ့
အကြောင်းအရာများက လက်တွေ့ဆန် လာကြပါသည်။ တိမ်တိုက်တွေထဲ
မျောလွင့်နေလို့မရ။ မြေသားကို ခြေဖျားဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ရပါပြီ။
ကိုယ်ဟာဘာလည်း ....။

အ၀တ်အစားတွေကို ထုံးစံအတိုင်း သပ်ရပ်ကြော့မော့စွာ ၀တ်ဆင်၍မြို့လယ်က
ကုမ္ပဏီရုံးခန်းရှိရာကို ခပ်သွက်သွက်လေး သွားဖြစ်ပါတယ်။ လူဆိုတာ
အိပ်ရေးဝရင် စိတ်ဆန္ဒကြည်လင်နေတတ်တာတော့အမှန်။ ဒါပေမဲ့ကျွန်တော့်အတွက်တော့
ဒီလိုပုံမျိုး မဟုတ်ခဲ့ရပါဘူး လတ်ဆတ်တဲ့မနက်ခင်းလေးမှာ။ အိပ်ရာက
အိပ်ရင်းလမ်းထလျှောက် တတ်သူတစ်ယောက်လိုပဲ သွားနေကျ လုပ်နေကျပုံစံအတိုင်း
လုပ်ကိုင်နေတဲ့ပုံစံမျိုးသာ။ ဖြစ်နိုင်ရင် အိပ်ယာခင်းတစ်ခုရဲ့
နွေးထွေးမှုကိုပြန်လည်ရယူချင်သား။

ရုံးခန်းတံခါးကို အသာလှစ်ပြီးဝင်လိုက်တာနဲ့ တစ်ပြိုင်နက်
ရုံးဝန်ထမ်းတွေရဲ့ မျက်နှာက ၀မ်းပန်းတသာနဲ့ ကျွန်တော့်ကို ကွန်ကရက်
ကျူလေးရှင်းတဲ့လေ။ ဘာကြောင့်များပါလိမ့်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်
ပြောနေပေမယ့် ကျွန်တော့်စိတ်ထဲမှာထူးတော့ ထူးဆန်း သားပါပဲ။

ဝန်ထမ်းတွေ အစ မန်နေဂျာအဆုံး ၀မ်းသာကြောင်းပြောရအောင်
ဘာများပါလိမ့်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်အခန်းထဲ အ၀င်မှာတော့ မာမီရယ်
ပြူတင်းတံခါးအနားမှာ ရပ်ရင်း အပြင်ကို ငေးကြည့်နေတယ်။
ဘာတွေမာမီတွေးနေသလဲ၊ မာမီ့အလိုကျဖြစ်အောင်ပုံစံသွင်းဖို့
သားအတွက်ဘာအစီအစဉ်တွေဆွဲနေသလည်း မာမီ။

"မင်းနဲ့ မင်းကောင်လေးရဲ့ကိစ္စကို ငါစိတ်မ၀င်စားဘူး ဂရုမစိုက်ဘူး။"

"သေချာတာကတော့ မင့်ကောင်းလေးက မင်းအတွက်ကိုယ်ဝန်မဆောင်ပေးနိုင်တာအသေအချာပဲ။"
"နွေးနွေးကိုပဲလက်ထပ်ပါ။"

"မင်းဒယ်ဒီ ရုံးခန်းကိုသွားလိုက်ဦး၊ သူလည်းဒီကိစ္စကိုသိနေပြီ၊
မင်းဒယ်ဒီဆီကိုမသွားရင် လူတိုင်းကို ငါပြောလိုက်မှာနော်။"

"ငါ...အခုကျောင်းမှာ အတန်းရှိလို့သွားလိုက်ဦးမယ်။ သွားတွေ့ဖြစ်အောင်တွေ့ပါ။"

စကားလုံးတွေဟာ အသည်းအိမ်ကိုလာရောက်ထိခတ်နေကြတာ
မြားအစင်းစင်းနှင့်ခွင်းနေသလိုပါပဲ။ မာမီပြောသွားတာတွေဟာ မှန်ပါတယ်ဗျာ။
ဒါပေမဲ့ကျွန်တော့်စိတ် ကျွန်တော့်ဘ၀နဲ့ စိတ်ခံစားချက်ကို
ထည့်သွင်းမစဉ်းစားပေးနိုင်ဘူးလား။ ကျွန်တော့်ကို ကျွန်တော့်ကို
လွတ်လပ်ခွင့်ပေးပါလားဗျာ..။

"ဒေါက်.....ဒေါက်"

"၀င်ခဲ့"

'..............'
'...............'
'................'
'....................'

လေးကန်သောခြေလှမ်းတွေနဲ့ လှမ်းနေတဲ့ ကျွန်တော့်ကိုယ်ခန္ဓာ...၊
ပျော်ရွှင်မှုစိတ်တွေ လွင့်မျောသွားတဲ့၊ မျှော်လင့်ချက်တွေ
အလင်းစမဲ့ဖြစ်သွားသူတစ်ယောက် ဖြစ်တဲ့ကျွန်တော့်ကို
စကားမဲ့မျက်ဝန်းအစုံနဲ့အတူ ရုံးခန်းထဲ အပြန်လမ်းတစ်လျှောက်
လှမ်းနေတာကိုတွေ့မြင်နိုင်ပြီလို့ ပြောပါရစေတော့။

တစ်ဦးတည်းသော သားဖြစ်ရတာကို အခုချိန်တော့ ၀မ်းမသာတော့ဘူး....။

အချစ်စိတ်ကို ကိုယ့်ခံစားမှုအတိုင်းမျောလွင့်ခွင့်မရှိလို့
နှလုံးသားကိုသော့ခတ်ထားချင်ပြီ...။

အိမ်ထောင်တစ်ခုကို လက်ထပ်လိုက်တာနဲ့ အရာရာအောင်မြင်ပြီလို့
မာမီမျှော်လင့်ထားတာလားဗျာ။
ဟား........သွားကွာ။

" ခွမ်း....."

x x x

အပြာရောင်မီးလုံးလေး ခပ်မှိန်မှိန်လင်းနေတာ ကဗျာဆန်လိုက်တာ။
သီချင်းသံလေးကလည်း ကြည်နူးဖို့အကောင်းသား။ စားသောက်ဆိုင်တွေမှာ
သီချင်းဖွင့်ထားရင် စားသူတွေအနေနဲ့ အစားကိုပိုစားမိစေသတဲ့။ဂီတမှာ
မျောပါသွားရင်းစားမှန်း မသိစားမိနေတာမျိုးလေ။

ဒီအချိန်....ဒီအချိန်ဆိုရင် သူအိမ်ပြန်ရောက်ပြီလား ရုံးမှာပဲ အလုပ်လုပ်နေတုန်းလား။
နို့နည်းနည်းပိုပြီးပါတဲ့ ခပ်ချိုချိုကော်ဖီမျိုးကို ကျွန်တော်အစတုန်းက
သိပ်မကြိုက်ခဲ့ပါ။ ကော်ဖီဆိုတာက နည်းနည်းခါးမှ ကော်ဖီအရသာ ဆိုတာ
ပီပြင်မှာ မဟုတ်ဘူးလား။ ကော်ဖီတစ်ခွက်ရဲ့ခါးသက်မှုကို ကျွန်တော်သဘောကျတယ်။
အစားအစာမှာတော့ ပုဇွန်တင်ပူရာကို ကျွန်တော် တော်တော်ကြိုက်တယ်။
သူကတော့ဆူရှီလို အရသာကိုပိုကြိုက်တယ်။

သူ့အတွက်ဝယ်သွားဦးမှပါ။ ရုံးကပြန်လာရင်မောနေလို့
သူဘာမှချက်ပြုတ်နိုင်မယ် မထင်ပါဘူးလေ။
နောက်ဆုံးတစ်ခုကို စားသောက် ကော်ဖီခွက်ကလက်ကျန်လေးအဆုံးသတ်ပြီး
ဖူဂျီကဖေးကနေထွက်ခဲ့လိုက်ပါတယ်။ ရွှေအိုရောင်ည နေခင်းဟာ
တစ်မျိုးတစ်ဖုံတော့ ရင်ခုန်ဖို့ကောင်းသား။ လမ်းမကြီးတလျှောက်
လူတွေကိုယ်စီကိုယ်စီသွားလာ လှုပ်ရှားနေကြတာ
အိမ်ပြန်လမ်းကိုမရောက်တော့မှာကျနေတာပဲ။

တွေ့နေကျ ကျွန်တော်လာနေကျအချိန်လေးရောက်ရင် ခြေလှမ်းတွေက ကိုကြီးရှိရာကို
လှမ်းမိနေတာပါ။ သူလည်းပဲ ကျွန်တော့် ကိုမျှော်နေမယ်ဆိုတာ
အသေအချာပြောနိုင်ပါတယ်။

" ချစ်သူ ဘေးနားမှာနေတဲ့ခဏ နူးညံ့နွေးထွေးသလို
အကြည့်လေးများထဲ တင်းထားမယ် တို့စိတ်ကူးတွေ
အခိုးအငွေ့ဖြစ်ကာရယ် နှလုံးသားဟာ ပန်းလိုကြွေကျတယ်။"

သီချင်းလေးခပ်တိုးတိုးညည်းရင်း တိုက်ခန်းလှေကားတွေကို
ခပ်သွက်သွက်တက်လာရင်း ရင်တွေများတောင်ခုန်မိပါရဲ့။

'တီး.....တောင်....တီးတောင်' ဖျပ်ကနဲတံခါးပွင့်လာတော့
ဝမ်းသာအားရအတွင်းကိုဝင်မယ်ပြင်ပြီးခါမှ ကိုကြီးမဟုတ်ဘဲ
ကောင်မလေးတစ်ယောက်။ သူမ ဘယ်သူလည်း...။

"စတီဗင် မရောက်သေးပါဘူး။"

"ခင်ဗျာ။က ဘယ်သူလည်း။"

"မင်းကရော ဘယ်သူလည်း။"

အဲဒီကောင်မလေးက ဘယ်သူလည်း။ အထက်တန်းလွှာကဖြစ်မယ်ထင်ပါရဲ့
သန့်စင်လှပနေလိုက်တာ ဖူးနုနေတာ။ စတိဗ်နဲ့ဘယ်လိုများပတ်သက်သလည်း။
မေးခွန်းအများကြီးကို တိတ်တဆိတ် ရင်တွင်းမှာမေးနေမိခဲ့ပါရော။
သူမ.....သူမဟာ....။

ပူပန်စိတ် ရှုပ်ထွေးမိတဲ့စိတ်တွေနဲ့ ပြန်လာဖြစ်တာများ
မြေညီထပ်ကိုဘယ်လိုရောက်လာမှန်းသတိမထားမိအောင်ပါပဲ။

အချစ်ဆိုတာ စိုးရိမ်ပူပန်စိတ်တွေကို ဖြစ်ထွန်းစေသလား။ ခံစားမှုကိုရော
ပေးစွမ်းတာအချစ်ပဲလား။ ဆွေးမြေ့မှုကိုတော့မပေးပါနဲ့ အချစ်ဆိုတဲ့
တစ်စုံတစ်ရာရယ်။ အချစ်ဆိုတာ.......။

လူတွေသွားလာလှုပ်ရှားနေတဲ့ လူတွေကြားထဲဖြတ်သန်းလာရင်း
ပလက်ဖောင်းတစ်ခုပေါ်အရောက်မှာ အဲဒီကောင်မလေးပေးလိုက်တဲ့
ဖောင်းကြွစာလုံးများနဲ့ ကဒ်ဖြူဖြူလေးကိုဖွင့်ဟ
ကြည့်မိတော့....ဟား......စတိဗ်ရယ် ၊ နွေးနွေးဆိုတဲ့ကောင်မလေးရယ်
စေ့စပ်ကြောင်း လမ်းမယ့် ဖိတ်စာလေးပါလား။ ပိုင်ဆိုင်ခွင့်မရနိုင်သေးတဲ့
နေရာလေးကို ဆုံးရှုံးတော့မယ်ပေါ့။
အိပ်ခန်းထဲရောက်တော့လည်း အထီးကျန်ဆန်နေသလို ခံစားရမိသလိုလိုပဲ။ အရင်ကလည်း
တစ်ယောက်တည်းနေခဲ့ရတာပါပဲ။ ဒါပေမဲ့ အခုတော့ တစ်ယောက်တည်းမနေတတ်တော့ဘူး
ထင်ပါရဲ့။

ခါတိုင်းအချိန်မှာ လေတဖျပ်ဖျပ်တိုက်ခတ်နေတဲ့ ပြတင်းက လိုက်ကာစလည်း
လေအနော့မှာမလွင့်နိုင်တော့သလို ဖွင့်နေကျ တီဗီ ကလည်း တိတ်ဆိတ်လို့။
ခုတင်ပေါ်က မွေ့ယာပေါ်မှာ ခြေကားယားလက်ကားယားနဲ့ မှောက်ပြီးငြိမ်သက်နေမိတာ
အချိန်အတန် ကြာပါရဲ့လေ။ အစားအသောက်စားချင်စိတ်လည်း သိပ်မရှိတော့သလိုပါပဲ။

ပတ်ဝန်းကျင်ကအသံတွေကနေ ဝေးရာကိုခဏပြေးဖို့ နားမှာတပ်ထားတဲ့
နားကြပ်လေးကိုအသာဖြုတ်ရင်း တံခါးမကြီးကိုအသာ လှမ်းသွားတာ တံခါးခေါက်သံက
မ၀ံ့မရဲဖြစ်နေသလို အားပျော့နေလိုက်တာ။ ဘယ်သူများပါလိမ့်...။

"ကျွီ.."

"It's hurt!"

စတိဗ်....ကိုကြီး...မောင်းတင်ထားတဲ့ ကျွန်တော့်စိတ်တွေအဝေးပြေးသွားပြီ။
မြှောက်ပြသော သွေးယိုထွက်နေတဲ့သူ့လက်တစ်ဖက်ကို အသာလှမ်းကိုင် လိုက်ရင်း
အခန်းထဲကိုခေါ်လာ ပြီးတော့ ရှေးဦးသူနာပြု သေတ္တာလေးထဲက ပတ်တီးကိုထုတ်ကာ
အသာအယာ သန့်ရှင်းပေးရင်း ဖွဖွ ငြင်သာစည်းပေးနေရပါပကော။

"မင်း...မင်းငါ့ကို Playful လုပ်ခဲ့တဲ့သူလို့ထင်နေတယ်၊ဟုတ်တယ်မဟုတ်လား။"

" စက်ဆုပ်ရွံရှာနေတာ၊ ဟုတ်တယ်"

"ငါ အစပြုကတည်းက စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့အရာ ဖြစ်နေ ခဲ့ရတာ။"

တုံ့ရပ်သွားတဲ့ ပတ်တီးစည်းနေရင်းကနေ ငြိမ်သက်သွားမိရင်း သူ့မျက်နှာကို
အသာမော့ကြည့်လိုက်တော့ ကျွန်တော့်ကို
ခပ်တွေတွေစိုက်ကြည့်နေတဲ့သူ့မျက်ဝန်းမှာ မျက်ရည်သီသီဝေ့နေပြန်ပေါ့။

"ဒါပေမဲ့ မင်းကို ငါ..ငါချစ်တယ်" အသံတိတ်မျက်ဝန်းများနဲ့ စကားဆိုရင်း
အတန်ကြာနှုတ်ဆိတ်သွားတာ မိနစ်များစွာပါ။

ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကို သူ့ဘေးမှာ အသာရွေ့လိုက်ရင်း 'ဒါဆို..ဒါဆို
ကျွန်တော်တို့ relationship ကဘာလည်းဗျာ။' စကားလေးများပြန်ပါဦး။
ဒီလိုတော့ဖြင့်တိတ်ဆိတ်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်မနေပါနဲ့
တစ်ခုခုဖြေပါဗျာ။

"ကျွန်တော်က ပညာတတ်မဟုတ်လို့လား၊ ကျွန်တော်စာကြိုးစားသင်ပါ့မယ်။"

"ကျွန်တော်က ညစ်နွမ်းနေလို့လား၊ ကိုကြီး....ကိုကြီးအတွက်ဆို
ယုံကြည်စွာနဲ့သီးသန့်ရှိရစေပါ့မယ်။"

"ဒါမှမဟုတ် ကျွန်တော်က ဆင်းရဲလို့များလား။
ကျွန်တော်အလုပ်ကောင်းကောင်းကြိုးစားပါ့မယ်ဗျာ။ ကိုကြီး...။"

သူ မျက်ရည်ဝေ့နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်းထရပ်ကာ
တိုက်ခန်းလှေကားရှိရာဦးတည်သွားပါပြီ။ ကျွန်တော်မတားမိဘူး။
တားပိုင်ခွင့်မရှိဘူးဆိုပေမဲ့ ဟစ်အော်ခေါ်ပြီး တားလိုက်ချင်ပါရဲ့။
ကျွန်တော့်ဘ၀ထဲက လှမ်းထွက်သွားမယ့်ခြေလှမ်း တွေမဖြစ်ပါစေ နဲ့.....ကို...ကြီး။

" ကျွန်တော်တို့ကဘာလည်း? ကျွန်တော်က ကိုကြီးအတွက် ဘာလည်းဗျာ?"

ကိုယ့်စိတ်ခံစားမှုတွေကို အစွမ်းကုန်ဖောက်ထုတ်ပစ်ဖို့ ရှင်းရှင်းပြောရရင်
အားရပါးရငိုကြွေးဖို့ ဟိုး...လှမ်းမြင်နေရတဲ့ အားကစားကွင်းထဲ
ပြေး...အပြေးသွားရင်း ဒူးထောက်ထိုင်ချ ငိုကြွေးမိပါတယ်။ ယောက်ျားလေးဆိုတာ
မငိုရဘူးတဲ့ ကိုကြီးကပြောခဲ့တယ်။ ညီ....ညီဆိုတဲ့ ကျွန်တော် လူသားဆန်ပါရစေ
ကိုကြီးရယ်။

ခေါင်းငုံ့ထားရာက မော့ကြည့်တော့ ခပ်မှောင်မှောင် ပလက်ဖောင်းမီးတွေကပဲ
ပိုမိုမှောင်နေသလား၊ ဒါမှမဟုတ် သွားလာလှုပ်ရှားမှုများ လှတဲ့မြို့ပြက
လမ်းတွေဟာ တိတ်ဆိတ်နေသလား ရင်ထဲမှာ အထီးကျန်လို့။
နာရီကိုတစ်ချက်ကြည့်မိတော့မှ သန်းခေါင်ယံရောက် နေမှန်းသိတော့တယ်။
အဲဒီည တိုက်ခန်းလှေကားက အချိန်အတော်ကြာကြားရတဲ့ခြေသံ တဒေါက်ဒေါက်ဟာ
ကျွန်တော့်ခြေသံပဲဖြစ်ခဲ့ပါတယ်။ လေးကန်စွာနဲ့
အိမ်အပြန်ခြေလှမ်းတွေမို့...။

To be continued.....

No comments: