Tuesday, November 22, 2011

Erectile Dysfunction Risk Linked To How Many Medications Are Taken

ယောက်ျား ပန်းသေ-ပန်းညှိုးဖြစ်တာနဲ့ သောက်ဆေးတွေ ဆက်စပ်မှုရှိ

ED ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ကြတာ များတယ်။ အသက် ၆ဝ ကျော်ရင် ၃၅% မှာ ပန်းသေ-ပန်းညှိုး ရှိနေကြတယ်။

ယောက်ျားတွေဟာ (Medications) ဆေးများများသောက်လေလေ Erectile Dysfunction (Impotence) ပန်းသေ-ပန်းညှိုးဖြစ်နိုင်ခြေ များလေလေဖြစ်တယ် လို့ Kaiser Permanente သုတေသီတွေကနေ British Journal of Urology International မှာ ထုတ်ဖေါ် ရေးသားလိုက်ပါတယ်။ ဖြစ်စေနိုင်တာသာမကဘူး ဖြစ်နေရင်လဲ ပိုဆိုးစေနိုင်ပါသေးတယ်။

California Men's Health Study ကနေ Diana C. Londoño က ဦးဆောင်ပြီး၊ ၄၆ နှစ်ကနေ ၆၈ နှစ်ကြားအရွယ်ရှိတဲ့ အတန်းအစားပေါင်းစုံက ယောက်ျားပေါင်း ၃၇၇၁၂ ယောက်ကို ဆန်းစစ်ခဲ့တာပါ။ ၂ဝဝ၂ ကနေ ၂ဝဝ၃ ကြားမှာ ဒီအရွယ်ရောက် ယောက်ျားတွေ သောက်ခဲ့တဲ့ ဆေးမှတ်တမ်းတွေကို စုဆောင်းပါတယ်။ အဓိကဆေး ၃ မျိုးဖြစ်ပါတယ်။

ED နဲ့ ဆက်စပ်ပြီး အများဆုံး လေ့လာတွေ့ရှိတဲ့ ဆေးအမျိုးအစားတွေကတော့ -
၁။ Antihypertensive drugs သွေးတိုးကျဆေးတွေ၊ ဥပမာ Thiazides, Beta blockers နဲ့ Clonidine ဆေး၊
၂။ Psychogenic drugs စိတ်ရောဂါဆေးတွေ၊ ဥပမာ SRRIs, Tricyclic antidepressants, Monoamine oxidase inhibitors နဲ့ Lithium ဆေး၊
၃။ Testosterone pathways ကို တားဆီးစေတဲ့ တခြားဆေးတွေ၊

၂၉% ဟာ အသင့်အတင့်ကနေ ဆိုးဝါးတဲ့ ပန်းညှိုးရောဂါကို ခံစားနေကြရသူတွေဖြစ်တယ်။ သူတို့ဟာ ဆေးတွေလဲ သောက်ရတယ်။ အသက်လဲ ကြီးတယ်။ BMI (body mass index) ကိုယ်ခနာအရွယ်အစားဂဏန်းလဲ မြင့်တယ်။ စိတ်ဓါတ်လဲ ကျတယ်။ ဆေးလိပ်လဲ သောက်ကြတယ်။ သွေးဖိအားလဲ များတယ်။ ဆီးချိုလဲ ရှိတယ်။ (ကိုလက်စထော) လဲ မြင့်ကြတယ်။

တွေ့ရှိချက် -
- ဆေး မသောက်ရသူနဲ့ ၂ မျိုးအထိသောက်နေရသူ = ၁၆၁၂၆ ယောက် = အသင့်အတင့် ပန်းသေရာနှုန်း = ၁၅့၉%၊
- ဆေး ၃ မျိုးကနေ ၅ မျိုးအထိသောက်နေရသူ = ၁ဝဝ၄၆ ယောက် = အသင့်အတင့် ပန်းသေရာနှုန်း = ၁၉့၇%၊
- ဆေး ၆ မျိုးကနေ ၉ မျိုးအထိသောက်နေရသူ = ၆၈၇ဝ ယောက် = အသင့်အတင့် ပန်းသေရာနှုန်း = ၂၅့၅%၊
- ဆေး ၁ဝ မျိုးမက သောက်နေရသူ = ၄၆၇ဝ ယောက် = အသင့်အတင့် ပန်းသေရာနှုန်း = ၃ဝ့၉%၊

လေ့လာသူတွေထဲက ၅၇% ဟာ ဆေး ၃ မျိုးမက သောက်နေရသူတွေ ဖြစ်တယ်။ အသက်ကြီးလေလေ ဆေးသောက်ရတာ များလေလေ တွေ့ရတယ်။
- ၅ဝ-၅၉ နှစ်ရှိသူ ၅၃% ဟာ ဆေး ၃ မျိုးမကသောက်နေကြရတယ်။
- ၆ဝ-၇ဝ နှစ်ရှိသူ ၆၆% ဟာ ဆေး ၃ မျိုးမကသောက်နေကြရတယ်။
- အဲလိုလူတွေထဲက ၇၃% ဟာ BMI က ၃၅ မှတ်ရှိလို့ အလွန်ဝသူတွေ ဖြစ်ကြတယ်။
- ၂၅% ဟာ ဆေး ၁ဝ မျိုးမက သောက်နေကြတယ်။

ED ရောဂါရှိနေသူတွေမှာ သောက်နေကြတဲ့ဆေးဟာ ရောဂါအမျိုးမျိုးကြောင့်ဖြစ်တယ်။ ဒါတွေနဲ့ ဆက်စမ်မလား သတိထားရမယ်။
• Atherosclerosis သွေးလွှတ်ကြောကျဉ်းရောဂါ၊
• Coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ၊
• Trauma ထိခိုက်ဒဏ်ရာ၊
• Surgery ခွဲစိတ်ကုသမှု၊
• Alcoholism အရက်စွဲရောဂါ၊
• Certain medications ဆေးဝါးတချို့၊
• Stress စိတ်ဖိအားများ၊
• Depression စိတ်ဓါတ်ကျ၊
• Thyroid diseases လည်ပင်းကြီးနဲ့ဆိုင်တဲ့ရောဂါ။

အဲဒီရောဂါစာရင်းထဲက အများစုဟာ Nitric oxide နည်းစေတတ်တယ်။ (နိုက်ထရစ်-အောက်ဆိုက်) ဆိုတာ Erection ကျား-လိင်အင်္ဂါ သန်မာလာစေအောင်နဲ့ ထိန်းထားနိုင်အောင် လုပ်ဘို့ရာမှာအဓါကကျတဲ့ Neurotransmitter အာရုံကြော သတင်းပို့လွှတ်တဲ့အရာ ဖြစ်ပါတယ်။

"လူနာကို ရောဂါတခုခုအတွက် ဆေးပေးရရင် Erectile dysfunction ပန်းသေ-ပန်းညှိုး ဖြစ်လာနိုင်တယ်ဆိုတာကို ဆရာဝန်တွေက ခေါင်းထဲမှာ ထည့်ဘို့ သတိပေးချက်တခု ဖြစ်ပါတယ်" လို့ Kaiser Permanente Southern California က Quality & Clinical Analysis အရည်အသွေးနဲ့ ဆေးကုသမှု လေ့လာသူ Michael Kanter ကနေ ပြောလိုက်ပါတယ်။

Dr. တင့်ဆွေ
၁၆-၁၁-၂ဝ၁၁

Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=3150:erectile-dysfunction-risk-linked-to-how-many-medications-are-taken&catid=34:adult-readings&Itemid=49

No comments: