Saturday, November 19, 2011

Eight Great Dating Tips for Gay Men


လိင်တူစိတ်ဝင်စားသူအမျိုးသားများအတွက် ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ နည်းလမ်းရှစ်သွယ်

အမျိုးသားများတွေအတွက် ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ နည်းပေးလမ်းညွှန်လေးတွေကို ဆောင်းပါးတစ်စောင် ဒါမှမဟုတ် blog တစ်ခုမှာပဲ ဖြစ်ဖြစ် ဖတ်ဖူးခဲ့ကြပါလိမ့်မယ်။ အားလုံးဖတ်ပြီးချိန်မှာတော့ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကြံဥာဏ်နှင့် အထင်အမြင်ကို တောင်းမိကြလိမ့်မယ် ဟုတ်တယ်ဟုတ်? ဒါပေမဲ့ အဲဒါကပဲ စာဖတ်သူများရဲ့ ဘော်ဒါတွေ အခုထိ single ဖြစ်နေကြခြင်းအကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ ချိန်းဆိုတွေ့ဆုံခြင်း ဥပဒေသတွေက စိတ်အစဉ်ကိုရှုပ်ထွေးနေစေပြီး အခြေခံကျတဲ့နည်း လမ်းလေးတွေကိုမေ့လျော့နေတတ်ကြတယ်လေ။ ကျွန်တော့်မှာ ချိန်းဆိုတွေ့ဆုံမှုနည်းဥပဒေသတွေထဲကမှ အခြေခံကျတဲ့နည်းလမ်း လေးတွေကို စဉ်းစားထားတာရှိပါတယ်။ အဲဒါလေးတွေက ကျွန်တော်တို့လိုအမျိုးသားအများစုအတွက် လွယ်ကူရိုးစင်းပြီး အခြေခံကျတဲ့ စိတ်ခံစားမှုလေးတွေဆီ ပြန်လည်ချဉ်းကပ်ကာ နှစ်သက်မှုရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Make Eye Contact

မျက်လုံးလေးတွေ တွေ့ဆုံဆက်သွယ်ကြမယ်

ယနေ့ခေတ် အမျိုးသားတွေဟာ စကားစမြည်လက်ဆုံကျ ပြောဆိုကြရာမှာ စကားလုံးတွေကိုသာ အာရုံထားနေကြပါတယ်။ အမျိုးသား အများစုဟာ တောက်ပတဲ့အလင်းရောင်အောက် လူတွေအများအပြားကြားမှာ မိမိဟာ ဘာဖြစ်တယ်၊ ဘယ်လောက်စွမ်းတယ်ဆိုတာ ပြောနေ၊ပြသနေရရင် စကားလုံးတွေရဲ့အလွန် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံချဉ်းကပ်နေခြင်းအပေါ် လျစ်လျူရှုမိတတ်ကြပါ တယ်။ ချိန်းဆိုတွေ့ဆုံမှုတစ်ရပ်မှာ အမျိုးသားတိုင်းဟာ တစ်စုံတစ်ရာသော အာရုံစိုက်မှုကို လိုချင်ကြပါတယ်။ဒါကြောင့် မိမိတွေ့ဆုံနေတဲ့ လူအပေါ် အမှန်တကယ်အာရုံစိုက်ကြောင်း သူ့ရဲ့အကြောင်းအရာတွေအပေါ် စိတ်ဝင်စားပါကြောင်း ပြသဖို့အတွက် မျက်ဝန်းတွေကို တွေ့ဆုံဆက်သွယ်မှုလေးတွေပြုပေးခြင်းဟာ သူနှင့်ပတ်သက်၍ ဒီလိုည(ဒီလိုအချိန်အခါ)လေးဟာ အထူးသီးသန့်ဖြစ်တယ်လို့ စိတ်ချက် လက်ချ ခံစားသွားရစေနိုင်ပါတယ်။

Remember to Ask Questions and Listen to His Answers

အမေးထုတ်ဖို့ မမေ့သင့်သလို အဖြေကိုနားထောင်ဖို့လိုပါကြောင်း

ဟုတ်ပါတယ်၊ သူ့ကို သင့်အကြောင်းတွေကို သိမြင်စေချင်တယ်။ အဦးဆုံးသောချိန်းဆိုတွေ့ဆုံမှု အကြိမ်အနည်းငယ်အတွင်းမှာ သင့်အ ကြောင်းအလုံးစုံကို သူသိသွားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ သူမေးတဲ့မေးခွန်းတွေကို သေသေချာချာ သင်အဖြေပေးဖို့လိုသလို စကား စမြည်ပြောဆိုရာမှာ ကိုယ်ပြောချင်တဲ့အရာ သိစေချင်တဲ့အရာကို မသိမသာလမ်းကြောင်းပြပြောဆိုအဖြေပေးသင့်ပါတယ်။ ဒါပေမဲ့ သူမေး တဲ့အကြောင်းအရာတွေက အမှန်တကယ်စိတ်ဝင်စားလို့မေးနေတာလားဆိုတာကိုလည်း သေချာအောင်စူးစမ်းရမယ်။ ပြီးတော့ အမေး ထုတ်သူရဲ့ အကြိုက်တွေ စိတ်ဝင်စားမှုတွေကို ပြန်လည်သိမြင်နားလည်အောင် လုပ်ရမှာ အသေအချာပေါ့။ ပေါ်ပြူလာဖြစ်နေတဲ့ အရာ တစ်ခုကို ထင်မြင်ဆွေးနွေးကြရမှာ ကိုယ့်ထင်မြင်ချက်ကိုပဲ တဖက်သတ် လက်ကိုင်ထား ငြင်းဆိုတာမျိုး မလုပ်ဘဲ တစ်ဖက်လူရဲ့ ထင်မြင် ချက်ကိုလည်း လက်ခံဆွေးနွေးပေးရမှာပါ။ စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကတော့ ရှိရပါမယ်။ အဲဒါက သင့်မှာ ဥာဏ်ရည်ဥာဏ် သွေး ဘယ်လောက်ရှိတယ်ဆိုတာ ပြသရာရောက်ပြီး သူ့ထင်မြင်ချက်အပေါ် လေးစားမှုရှိကြောင်းကိုလည်း ပြဆိုရာရောက်တာပေါ့။ လူ တစ်ယောက်မှာ သူ့စိတ်နှင့် သူ့ကိုယ် လွတ်လပ်စွာ ပိုင်ဆိုင်မှုရှိနိုင်ပြီး ပြောဆိုပိုင်ခွင့်လည်းရှိနေတာ မမေ့သင့်ပါဘူးနော်။

Be Yourself

မိမိသည် မိမိဖြစ်ကြောင်း

အလွန်ရိုးစင်းတဲ့စကားသံပဲလို့ထင်ရပါတယ်။ အမျိုးသားအရေအတွက်အနည်းငယ်လောက်ဟာ မိမိအောင်မြင်အောင် ကြိုးစားခဲ့မှုရဲ့ အသီးအပွင့်ဖြစ်တဲ့ အလုပ်အကိုင်ရာထူး၊ လစာ စသည်တို့အပေါ် လွင့်မျောနေပြီး သူဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို ပြသလိုမှုတွေ အား အစဦးပိုင်းချိန်းဆိုတွေ့ဆုံမှုမှာပဲ တွေ့မြင်လိုက်ရချိန်မှာ ကျွန်တော့်ကို အံ့သြမှင်တက်မိစေတာတော့အမှန်ပါပဲ။ ဟုတ်တော့ဟုတ် ပါတယ် ကိုယ့်ရဲ့ကြိုးစားမှုရလဒ်တွေနှင့် ပိုင်ဆိုင်ထားတဲ့အရည်အချင်းတွေကို ပြသလိုတာတော့မှန်ပေမဲ့ အဲဒါတွေမပါတဲ့ မိမိကို အမှန် တကယ်စိတ်ဝင်စားစေဖို့ အစဦးပိုင်းပေါင်းသင်းဆက်ဆံရေးမှာ အရေးမကြီးဘူးလားဟင်။

ကျွန်တော်ပြောချင်တဲ့ စကားအဓိပ္ပါယ်ကို သဘောပေါက်မှာပါနော်။ အဲဒီလိုလူမျိုးတွေအပေါ် သင့်အနေဲ့ ရက်သတ္တပတ်တွေ သို့မဟုတ် လတွေမှာပဲ စိတ်ဝင်စားမှုလျော့ကျသွားမလားစဉ်းစားရပါ့မယ်။ သူတို့တွေက သူတို့ရာထူးလစာတွေအပေါ်သာယာနေပြီး မိမိဘာလုပ် တယ် မိမိကဘာဖြစ်တယ်ဆိုတာအပေါ်ရော လေးစားသမှုရှိပါ့မလား။ တကယ်လို့သူတို့တွေက သင့်အပေါ် လက်ရှိအနေအထားမှာကိုပဲ စိတ်ဝင်စား လက်ခံပါတယ်ဆိုရင်တော့အိုကေပေါ့နော်။

အကယ်၍ သင့်အနေနဲ့ သူ့မူဟန်သူ့စရိုက်ကို လက်ခံနိုင်တယ်ဆိုရင်တော့ ဘာမှမပြောသာပေမဲ့ အားကျရုံသက်သက် အစမ်းသဘော သက်သက်ဆိုတဲ့ စိတ်မျိုးတွေနဲ့တော့ အိုကေပါကြောင်း ဟန်မဆောင်သင့်ပါဘူး။ အချိန်ကြာလာတာနှင့်အမျှ မိမိကိုယ်မိမိ လိမ်ညာနေ ကြောင်း ခံစားလာမိပါလိမ့်မယ်။အင်း....ဖတ်ခဲ့ဖူးတဲ့ ချိန်းဆိုတွေ့ဆုံမှုနည်းလမ်းလေးတွေကိုလည်း မမေ့သင့်ဘူးနော်။ အဲဒါတွေက တကယ်အရေးပါလို့ အကြံဥာဏ်လေးတွေပေးထားကြတာပါ။

Grand Gestures on the First Date?

အဦးအစတွေ့ဆုံမှုတွေမှာ ကိုယ်ဟန်အမူအရာက အရေးပါသလား?

အဦးအစချိန်းဆိုတွေ့ဆုံမှုပြုလုပ်တဲ့အကြိမ်အနည်းအငယ်အတွင်းမှာ လှပတဲ့ပန်းပွင့်တွေက မိမိရဲ့ လုပ်ဆောင်မှု ကိုယ်ဟန်အမူ အရာ တွေအပေါ် အတော်အထောက်အကူပြုပါတယ်။ ချိန်းဆိုတွေ့ဆုံမှုပြုတဲ့အချိန်တွေမှာ ပန်းပွင့်တွေဟာ အံ့သြစရာခံစားမှုတွေပေးကြောင်း ဒါမှမဟုတ် သင်ကိုယ်တိုင် ပန်းစည်းလေးတွေ ယူဆောင်သွားခြင်းဟာ ပြီးပြည့်စုံတဲ့အရာတွေဖြစ်ပေါ်စေကြောင်း ပြောပြလိုခြင်းဟာ အမျိုးသားတွေအတွက် ကျွန်တော်ပြောနေတဲ့ ချိန်းဆိုတွေ့ဆုံမှုနည်းလမ်းအချို့မှာ တစ်ခုအဖြစ်ပါဝင်ပါတယ်။

ပထမဦးဆုံး ချိန်းဆိုတွေ့ဆုံချိန်မှာ ပန်းတွေကိုယူဆောင်သွားခြင်းဟာ လက်ဗလာနဲ့သွားတာထက်စာရင် တစ်ဖက်သားအတွက် ခံစား မှုကိုပိုမိုပြည့်စုံသွားစေမှာပါ။ သူ့အပေါ်ထားတဲ့ သင့်ရဲ့ခံစားချက်အပေါ် သူသတိမထားမိပဲနေတော့မှာမဟုတ်ပါဘူး။ သုံးကြိမ် သို့မဟုတ် လေးကြိမ်မြောက်လောက်မှာတော့ သူသည်လည်းပဲ သင့်အတွက် ခပ်သေးသေးလက်ဆောင်တစ်ခု သို့မဟုတ် ပန်းစည်းလေးတစ်စည်း ယူဆောင်လာခြင်းဖြင့် ကြည်နူးရတဲ့ခံစားမှုလေးကို သင်လက်ဖျားခါမိတဲ့အထိ ကျေနပ်စွာလက်ခံရရှိမိမှာပါ။

ဘာကြောင့်လဲ? သင်ဟာ သူ့အတွက် အချိန်ပေးတယ်၊ ပြီးတော့ သူ့အတွက် နှစ်သက်ဖွယ်ခံစားမှုတစ်ခုခုကို ယူဆောင်လာပေးတယ်ဆို တဲ့ စိတ်ခံစားမှုကို သူသိပြီး သင်နှင့်အတူဆိုရင် အပြင်ကိုအတူထွက်လည်ပတ်ဖို့ မငြီးငွေ့ဘူးဆိုတာ သင်လည်းပြန်လည် အလိုလိုသိရှိ ရရှိလာမှာကြောင့်ပေါ့။ အဲဒါကဘယ်လို အဓိပ္ပာယ်ဆောင်နေသလဲဆိုတော့ သူက သင့်အပေါ်ပေးတဲ့ စိတ်ခံစားမှုတွေဟာ သူ့နှလုံးသား ကလာနေတဲ့ ခံစားမှု လက်ဟန်ခြေဟန်တွေဖြစ်ကြောင်း ပြဆိုတာပဲဖြစ်ပါတယ်။

Keep it Casual

အမှတ်တမဲ့မှ အမှတ်တရလေးတွေဖြစ်ဖို့

အမျိုးသားများအတွက် မကြာခဏအမှတ်တမဲ့ကျော်သွားတတ်လေ့ရှိကြတဲ့ ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ နောက်ထပ်နည်းလမ်းလေးတစ်ခု ကတော့ တခုတ်တရမဟုတ်ပေမဲ့ သတိတရ သိမ်းထားသင့်တဲ့ အရာလေးအကြောင်းပြောပြချင်ပါသေးတယ်။

သင့်ရဲ့ ပထမဦးဆုံး ချိန်းဆိုတွေ့ဆုံရမှုဟာ အထင်ကြီးစရာနှင့် စိတ်ကူးယဉ်အဆန်ဆုံးအဖြစ် ဖြစ်တည်သွားအောင် မလုပ်ခဲ့မိဘူး။ ဒါဆို ရင်တော့ အဲဒီလိုမလုပ်ဖြစ်ခဲ့ရတဲ့အခိုက်အတန့်လေးဟာ အရာအားလုံးရဲ့ထိပ်ဆုံးမှာဆိုတဲ့ပုံစံမျိုးကို စတင်လုပ်ဆောင်ဖို့ ခက်ခဲပါလိမ့် မယ်။ နှစ်တွေလတွေကျော်လွန်လာလို့ ကိုယ်တွေရဲ့ နှစ်ပတ်လည်နေ့ သို့မဟုတ် အထူးအချိန်ကာလနေ့ရက်ဆိုတာတွေကို ကျင်းပ ပျော်ရွှင်ကြည်နူးချင်တဲ့အခါဘယ်လိုလုပ်မလဲ? ။

ပထမဆုံးအကြိမ် စတင်ချိန်းဆိုတွေ့ဆုံမှုမှာ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ထွက်သောက်မယ့်အစား တိတ်ဆိတ်အေးချမ်းတဲ့ ညစာ စာ့းပွဲလေးတစ်ခုကိုဆင်နွှဲသင့်ပါတယ်။ အကြံဥာဏ်ပေးရရင် နှစ်လိုဖွယ်ရှိတဲ့ နေရာအချို့ ဒါပေမဲ့ ထသွားထလာ အဆင်ပြေမယ့်နေရာ တစ်ခုကို သွားရောက်သင့်ပါတယ်။ ငွေကုန်ကြေးကျများမယ့်နေရာကိုမဆိုလိုပါဘူး။ နှစ်ဦးသားအတွက် သက်သောင့်သက်သာဖြစ်ပြီး လူစုလူဝေးသိပ်မများတဲ့နေရာမျိုးကိုဆိုလိုတာပါ။ ဒါကြောင့် သက်သောင့်သက်သာဖြစ်ပြီး ကိုယ်ပြောချင်တဲ့စကားကို ကျယ်လောင်စွာ ပြောဖို့မလိုအပ်တဲ့ ကိုယ်ပြောလိုတဲ့စကားကို လွတ်လပ်စွာပြောလို့ရတဲ့နေရာတစ်ခုကို တူနှစ်ကိုယ်တွေ့ဆုံဖို့ရွေးချယ်လိုက်ပါလို့နော်။

Should You talk about Work?

အလုပ်နှင့်ပတ်သက်ပြီး ပြောသင့်ပါသလား

အလုပ်နှင့်ပတ်သက်ပြီး စကားများများပြောဆိုခြင်းကို ရှောင်ကြဉ်ရပါမယ်။ အမြဲတမ်းလိုလို အခုပြောမယ့် အမျိုးသားများအတွက် ချိန်းဆို တွေ့ဆုံမှုနည်းလမ်းလေးကို သတိရနေသင့်ပါတယ် - လူတစ်ယောက်ဟာ သင်ဘာလုပ်တယ် ဘာဖြစ်တယ်ဆိုတာကို သိလိုတတ်ကြတာ သဘာဝပါ။ သင့်အနေနဲ့ သူတို့အတွက် ပုံကြမ်းလောက်ပဲပေးသင့်ပြီး ပုံချောအနုစိတ်ကိုတော့ မပေးသင့်ဘူးပေါ့။

သင့်အနေနဲ့ တစ်ဖက်လူကို ကောင်းကောင်းမသိမြင်သေးခင်အထိ သင့်အလုပ်အကိုင်တွေ လစာ ရပိုင်ခွင့်တွေအကြောင်းကို အပေးအယူ သဘောမျိုးဖြစ်စေမယ့် စကားသုံးတွေနှင့်ပြောခြင်းကိုလည်းရှောင်ရပါ့မယ်။

တကယ်လို့ အဲဒါတွေကိုပြောဆိုမိမယ်ဆိုရင်တော့ သင့်လေသံတွေကို ကြွားဝါနေခြင်း သို့မဟုတ် သူစဉ်းစားပါလိမ့်မယ် သင်ဟာ သင့် အလုပ်အကိုင်အပေါ်မှာ စွဲလမ်းခုံမင်က တစ်ဖက်သားကို ဂရုစိုက်တတ်ပါ့မလားစသဖြင့် ထင်မြင်သွားနိုင်ပါတယ်။ ဒါဆိုရင် သူ့ရဲ့စိတ်ခံ စားချက်အစစ်အမှန်ပုံရိပ်ဟာ ပေါ်ထွက်လာမှာမဟုတ်တော့ပါဘူး။

Show Up on Time

ဖြစ်တည်လာတဲ့အချိန်အပေါ်

အမြဲတမ်းတော့မဟုတ်ဘူး၊ သင့်အပေါ် စောင့်ကြည့်မျှော်လင့်နေသူတစ်ယောက်တော့ရှိတတ်တယ်။ သူဘာလိုချင်တယ် ဘာလုပ်ချင် တယ်ဆိုတာ မပြောဘဲနဲ့။ အဲဒါက မျှော်လင့်ချက်ကို ဆောက်တည်နေခြင်းတော့မဟုတ်ပါဘူး။ ဒီလိုတွေများဖြစ်နေခဲ့ရင် နှစ်ယောက်သား ဆက်ဆံရေးမှာ သင်ဟာ မငဲ့ကွက်တတ်သူ၊ ပြီးတော့ သင့်ကိုယ်သင်သာ မဏ္ဍိုင်ထားဆက်ဆံတတ်သူအဖြစ် ပေါ်လွင်နေစေပြီ။

အကြောင်းတစ်စုံတရာများဖြစ်ပေါ်လျှင် သင်နောက်ကျ ရှောင်ဖယ်နေခြင်းကို ရှောင်ကြဉ်သင့်ပြီး အဆက်အသွယ်ပြုကာ တောင်းပန်ရှင်း ပြခြင်းက သူထိုင်ပြီး စိတ်ဒုက္ခရောက်စောင့်ဆိုင်းနေရခြင်းအကြောင်းရင်းကို သိသွားစေနိုင်ပါတယ်။ သူ့အနေနဲ့ ကိုယ့်ကိုစောင့်ဆိုင်း မျှော်လင့်နေရချိန်မှာ သူ့အတွက်စိတ်သက်သာရာသက်သာကြောင်း တစ်ခုခုလုပ်ကိုင်နေနိုင်တာပေါ့လေ။

Call When You Say You will

တွေ့ဆုံနိုင်မယ်ဆိုမှ တွေ့ဆုံနိုင်မယ်ပြောပါ

(ဒီနေရာမှာတော့ အွန်လိုင်းသုံးသူအမျိုးသားများအတွက် ချိန်းဆိုတွေ့ဆုံမှုနည်းလမ်းတစ်ခုပြောချင်တာပါ။ အကယ်၍ သင့်အနေနဲ့ တစ်ဘက်သားကိုတွေ့ဆုံဖို့ အစီအစဉ်ရှိနေတယ်ဆိုရင် IM တစ်ခုခုကိုအသုံူးပြုဝင်ရောက်လိုက်တာနဲ့ 'meet' ဆိုတဲ့ မေးလ်မက် ဆေ့စ်တိုလေးတစ်ခုခုကို ပို့ထားသင့်ပါတယ်။)

ဘယ်လိုလူတစ်ယောက်ကမှ သူ့ကို ဟာသသဘောထားတာ၊ ဂရုမထားတာမျိုးကို မခံစားချင်ကြပါဘူး။ တကယ်လို့သင်က သူ့ကို နောက်တစ်ပတ်မှာ ဆက်သွယ်မယ်လို့ပြောထားရင် နောက်တစ်ပတ်မှာ သေချာပေါက်ဆက်သွယ်ခေါ်ဆိုပါ။ နောက်တစ်ပတ်ကျော်မှ ဒါမှမဟုတ် နောက်တစ်လမှ မဆက်သွယ်ပါနှင့်။ သင်အဲဒီလိုသာလုပ်ခဲ့ရင် စိတ်ပေါက်ပြီး အော်ဟစ်သင့်တဲ့အချက်ဖြစ်သွားပါမယ်။ 'ငါမင်းကို ဒီကိစ္စမှာ အလေးထားပြီး စောင့်မျှော်ခဲ့ပါတယ်....ပိုပြီးကောင်းလာမယ်မထင်ဘူး ငါတို့ဆက်ဆံရေးမှာ' လို့လေ။

တကယ်လို့ သင့်အနေနဲ့ တစ်ဘက်လူနဲ့ချိန်းဆိုတွေ့ဆုံမှုမှာ နောက်ထပ်တွေ့ဆုံဖို့ စိတ်မ၀င်စားတော့ဘူးဆိုရင် ဘာတစ်ခုမှ ကတိ မပေးပါနှင့်။ 'ပျော်စရာအချိန်လေးကို ရခဲ့ပါတယ်၊ ကောင်းသောညပါ' လို့ ရိုးရိုးလေးသာပြောလိုက်ပါ။ ကတိကိုအလွယ်တကူပြုခြင်းဟာ သင့်နာမည် သင့်ပုံရိပ်အပေါ် တန်ဖိုးမထား ဂရုမပြုတဲ့ပုံသဏ္ဌာန်ပေါ်လွင်နေလို့ပါ။

အထက်မှာပြောပြခဲ့တဲ့ လိင်တူစိတ်ဝင်စားသူ အမျိုးသားများအတွက် ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ နည်းလမ်းလေးရှစ်သွယ်ကို စိတ်ထဲမှာ တေးမှတ်ထားမယ်ဆိုရင် သင့်အနေနဲ့ ချိန်းဆိုတွေ့ဆုံမှုကိစ္စမှာ များစွာ သို့မဟုတ် အနည်းငယ်တော့ အောင်မြင်မှုရလာပါလိမ့်မယ်။ ပြီးတော့ အဲဒီနည်းလမ်းတွေအတိုင်း ဆက်လက်ကျင့်သုံးသွားမယ်ဆိုရင် သင်ဟာ သင့်အိပ်မက်ထဲက အမျိုးသားနှင့် ချိန်းဆိုတွေ့ဆုံမှုမှာ ပိုမိုအောင်မြင်ဖို့အလားအလာရှိလာပါလိမ့်မယ်လို့ပြောချင်ပါတယ်။

Alex Aung (26 July 2011)

No comments: