Friday, November 25, 2011

Mom, Dad, I'm Gay

(Advice to Parents on How to Cope With a Gay Son or a Lesbian Daughter)

မေမေ၊ ဖေဖေ၊ သားက Gay ပါ

သားသမီးတိုင်း ယုံကြည်တက်ကြွ ဖျတ်လတ်ရဲရင့်ပြီး သူချစ်တဲ့ ချစ်သူခင်သူနဲ့ အသက်ရှည်အနာမဲ့စွာ အဓိပ္ပာယ်ရှိရှိ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးနေထိုင်သွားတာမျိုးကို မိဘတိုင်းက ကျိန်းသေမျှော်လင့်တတ်ကြပါတယ်။ ရာနှုန်းပြည့်လူအတော်တော်များများဟာ ဆန့် ကျင်ဘက်လိင်ကို နှစ်သက်သဘောကျခြင်းသည် သဘာဝဖြစ်ပြီး တန်ဖိုးလည်းထားတတ်ကြပါတယ်။ လိင်တူခြင်းကြိုက်နှစ် သက်သူများ ကိုတော့ သဘာဝမကျ မှားယွင်းနေသူများအဖြစ်ခံယူကြပါတယ်။ မိဘတွေဟာ လိင်တူခြင်းကြိုက်နှစ်သက်သူများကို ရှုံ့ချတဲ့ အရာမသွင်း တဲ့ စကားလုံးများပြောကြားခြင်းကိုလည်းကောင်း၊ လိင်တူခြင်းကြိုက်နှစ်သက်သူများနှင့်ပတ်သက်ပြီး တိုက်ရိုက်ဘက်လိုက်တဲ့ ဖြစ်ရပ်များ ကိုလည်းကောင်း သူတို့ပတ်ဝန်းကျင် သူတို့မိသားစု ယုံကြည်အားကျရသောသူများထံမှ သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် ကြုံဖူးမြင်ဖူးလက်ခံဖူးနေတာများတယ်လို့ဆိုနိုင်ပါတယ်။ မိမိရဲ့ သား သို့မဟုတ် သမီးက 'မေမေ၊ဖေဖေ၊ သား(သို့)သမီးက Gay ပါ' လို့ ပြောတဲ့အခါ ဘာလုပ်ကြမှာပါလဲ။

Accept - လက်ခံပေးပါ

အဦးဆုံးနှင့် အဓိကပြောချင်တာက သူတို့သင့်ကိုပြောကြားနေတာများကို လက်ခံနားထောင်ပေးပါ။ ပြီးတော့ သူ့တို့ရဲ့အစစ်အမှန် ဘ၀ကို လျစ်လျူမရှုပြစ်ပါနဲ့။ တစ်ခုခုသောနည်းလမ်းဖြင့် သင်လက်ခံလိုတဲ့ အကြောင်းအရာတစ်ခုကို ပြောင်းလဲစေမယ့်နည်းလမ်းများ သို့မဟုတ် ဆုံးဖြတ်ပေးခြင်းများ မပြလုပ်တာ၊ ပြီးတော့ သင်လုပ်နိုင်တဲ့ အကောင်းမွန်ဆုံး နည်းလမ်းနဲ့ လက်ခံဖို့ကြိုးစားတာမျိုးလုပ်ရ ပါမယ်။ သူတို့ ရဲ့အတွင်းကျကျစကားများကို ပြောဆိုတိုင်ပင်လာရင်လည်း ကျေနပ်လက်ခံပါတယ်ဆိုတာ သူတို့ကိုပြောပြရပါမယ် ပေါ့နော်။ အထက်ပါ အကြောင်းအရာတွေကို သူတို့အားပြောဖို့ တကယ့်ကို သက်သောင့်သက်သာမရှိဘူးဆိုရင်လည်း တကယ့်ကို ရိုးရိုးသားသားပဲ သင့် သဘောဆန္ဒကိုပြသလို့ရပါတယ်။ ဒါပေမဲ့ သူတို့ကို သင်ရဲ့ချစ်ခင်မှုအား သိစေအပ်သလို သူတို့ထုတ်ဖော်ပြောပြ လာတဲ့ အကြောင်း အရာခံစားချက်တို့အပေါ် သေချာပေါက် လေ့လာသင်ယူရပါမယ်။

Ask Questions - အမေးစကားဆိုပါ

အမေးစကားများဟာ သင့်သား သို့မဟုတ် သမီးနှင့် စကားစမြည်စတင်ပြောဆိုဖို့ အကောင်းမွန်ဆုံး နည်းလမ်းတစ်ခု ပါပဲ။ အဲဒီလို အမေးစကားများပြောဆိုခြင်းဖြင့် သင်ဟာ သူတို့ရဲ့ ခံစားချက်တွေ ဖြစ်တည်မှုတွေအပေါ် ဂရုတစိုက်ရှိကြောင်း ပြသရာရောက်ပါတယ်။ အမေးစကားတစ်ချို့ဟာ သင့်ကို သူတို့နှင့် ပိုမိုဝေးကွာစေမယ်ဆိုတာလည်း သတိထားသင့်ပါတယ်။ သူတို့ကို သင်က ငြင်းပယ်လိုက် မှာကိုစိုးရွံ့တာ၊ ပြီးတော့ သူတို့ရဲ့ဖြစ်တည်မှုကို မိဘဖြစ်တဲ့ သင့်အား ထုတ်ဖော်မပြောပြမီမှာ သင့် သား သို့မဟုတ် သမီးဟာ တော် တော်ကြောက်ရွံ့တုန်လှုပ်နေခဲ့မယ်ဆိုတာ မမေ့သင့်ပါဘူး။သတ္တိဆိုတာရဲ့အလွန်မှာ သူတို့ဘ၀အစိတ်အပိုင်းကို သင့်အားထုတ် ဖော်ပြ ခြင်းမှာ သူတို့ကို စိတ်ပျက်အားငယ်မှုတွေဖြစ်ပေါ်ခံစားမသွားစေချင်ပါဘူး။ သင့်ရဲ့တစ်ကိုယ်ရေ ကြိုတင်ဆုံးဖြတ်ထားချက်များ သို့မဟုတ် ရှိကောင်းရှိနေနိုင်တဲ့ စိတ်သဘောထားယိမ်းယိုင်မှုများထက် သူ့တို့ကိုတန်ဖိုးထားချစ်ခင်မှုဟာ ပိုမိုသာလွန်ပါကြောင်းဆို တာကို ပြသရပါမယ်။သူတို့ကို အမေးစကားဆိုချင်ရာမှာ အမေးထုတ်သင့်တယ်လို့ယူဆတဲ့ မေးခွန်းအချို့ကိုဖော်ပြလိုက်ပါတယ်။

(၁) ဘယ်အချိန်ကစပြီး သား သို့မဟုတ် သမီးက gay/lesbian ဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ခဲ့သလဲ?

(၂) gay/lesbian ဖြစ်နေခြင်းအပေါ် ဘယ်လိုခံစားရသလဲ သား (သို့မဟုတ်) သမီး?

(၃) သား သို့မဟုတ် သမီးမှာ boyfriend/girlfriend ရှိနေပြီလား?

(၄) ဒီအကြောင်းအရာကို တစ်စုံတစ်ယောက်အား မျှဝေ အသိပေးပြီးနေလား?

(၅) (ဖေဖေ၊မေမေ) က သား သို့မဟုတ် သမီးကို ဘာများအထောက်အပံ့လုပ်ပေးစေချင်သလဲ?

Do Not Ask or Make These Comments

မမေးသင့် သို့မဟုတ် မပြုလုပ်သင့်သည့် မှတ်ချက်- ဝေဖန်မှုများ

(၁) gays/lesbians တွေက အိပ်ယာထဲမှာ ဘာလုပ်ကြသလဲ? ဒီမေးခွန်းက သင့်သား သို့မဟုတ် သမီးကို စိတ်ကသိကအောက်ဖြစ် သွားစေနိုင်ပါတယ်။ တကယ့်ကို သင်သိချင်တယ်ဆိုရင်တော့ အင်တာနက် အွန်လိုင်းပေါ်မှာတက်ရောက်ရှာဖွေဖတ်ရှုကြည့်ပါ။

(၂) သား (သို့မဟုတ်) သမီးက အမျိုးသမီးတစ်ယောက် သို့မဟုတ် အမျိုးသားတစ်ယောက် ဖြစ်ချင်နေသလား ? လိင်တူခြင်းကြိုက် နှစ်သက်မှုမှာ လိင်အမျိုးအစားသက်သေအမှတ်တံဆိပ်က ဘာမှအလုပ်မဖြစ်ပါဘူး။ Lesbians ဆိုတာက ယေဘုယျသဘောသာ ဖြစ်ပါတယ်။ အမျိုးသမီးများကို ချစ်ခင်နှစ်သက်နေခြင်း၊ ပြီးတော့ gay men တွေက အမျိုးသားတွေကို ကြိုက်နှစ်သက်နေခြင်းဆိုတာ တွေသာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်သူများတောင်မှာမှ လိင်တူခြင်းကိုမကြိုက်နှစ်သက်သူများရှိနေနိုင် တာကိုလေ့လာသင့်ပါတယ်။ Transgender အသွင်ဆောင်နေပြီဆိုရင်တောင် သင့် သား သို့မဟုတ် သမီးကိုထပ်မံလေ့လာဖို့လို အပ်သေးတာကိုသတိပြုပါ။

(၃) သား (သို့မဟုတ်) သမီးတော့ ကုထုံးပညာရှင်တစ်ယောက်နှင့် သွားတွေ့သင့်တယ်? ဒီလိုပြောဆိုတာကတော့ စော်ကားမှုတစ်ခု ဖြစ်ပါတယ်။ အဲလိုပြောလိုက်ခြင်းက သင့်သား သို့မဟုတ် သမီးရဲ့ အမျက်ဒေါသခံစားမှုကို သင့်ဆီဦးတည်မိအောင်ပြုလုပ်သလို ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အထက်ပါစကားကို ဆိုလိုက်ခြင်းဟာ သူတို့ရဲ့ဖြစ်တည်မှု ခံစားချက်တွေကို လက်မခံတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေလို့ဖြစ်ပါတယ်။

Consequences of Rejection

ငြင်းပယ်ခြင်း၏ အကျိုးသက်ရောက်မှုများ

မိဘအများစုဟာ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ စွန့်စားမှုကြီးတစ်ခုနှင့် အချိန်တွေကို ဖြတ်သန်းသွားရပါတယ်။ ပြီးတော့ ကျယ်ပြန့်လှတဲ့ စိတ်လှုပ်ရှားခံစားမှုများ (ဒေါသ၊ စိတ်ကသိကအောက် ငြင်းဆန်လိုမှု၊ အကူအကယ်ရာမဲ့တဲ့ခံစားချက်၊ သစ္စာသွေဖယ်ခြင်း၊ ၀မ်းနည်း အားငယ်မှု) ကိုအမျိုးအမည်သစ်တစ်ခုအဖြစ် တွေ့ကြုံခံစားကြရပါတယ်။မည်သို့ဆိုစေ သင့် သား သို့မဟုတ် သမီး၏ လိင်တူခြင်းကြိုက် နှစ်သက်နေမှုကို လက်ခံဖို့ ခဲယဉ်းနေမှာတော့ အမှန်ပါပဲ။ လက်မခံဖို့ဆိုတဲ့အကြောင်းအရာဘက်ကို ဦးတည်လိုက်မယ်ဆိုရင် သင်နှင့် သူတို့နှစ်ဦးနှစ်ဖက်အတွက် အကြီးအကျယ်ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်စေပါတယ်။ Social and Psychology and Personality Science ရဲ့လေ့လာချက်တစ်ခုအရ လူငယ်လူရွယ်လေးများဟာ ငြင်းပယ်မှုကို ခံစားလိုက်ရပြီဆိုလျှင် အောက်မှာဖော်ပြထားတဲ့ အစွန်းရောက် သော အကျင့်စရိုက်အပြုအမူများစီ ဦးတည်မည့် ဆုံးဖြတ်ချက်များချဖြစ်သွားနိုင်ပါရဲ့။

- မိမိကိုယ်ကို သတ်သေဖို့ကြိုးပမ်းမှု

- အကြမ်းဖက်သော၊ဆိုးသွမ်းလူငယ် ဖြစ်လာမှု

- မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ သုံးစွဲမှု

- ဘေးအန္တရာယ်အလွန်များသည့် လိင်နှင့်ဆိုင်ရာ လှုပ်ရှားမှုများနှင့် စွဲဆောင်ခံရမှု

- ၀မ်းနည်း စိတ်ဓာတ်ကျလာမှု

အချို့သော ကိစ္စရပ်များကြောင့် လူငယ်အချို့ဟာ သူတို့ရဲ့ ခံစားချက်ပိုင်းဆိုင်ရာနှင့် အပြုအမူအကျင့်များကို ဖေးမတဲ့ သူငယ်ချင်း မိတ်ဆွေများကိုအလိုရှိပြီး မိဘဆွေမျိုးများနှင့် ဆန့်ကျင်ကာ မိဘအိမ်တွေကို စွန့်ခွာသွားတတ်ကြပါတယ်။ တူညီသော လေ့လာချက် အရ အမျက်ဒေါသများလျော့နည်းသွားဖို့၊ စိတ်ဓာတ်ကျအားငယ်မှုများနည်းဖို့၊ ပြီးတော့ သူတို့ကိုယ်သူတို့ ယုံကြည်ချက်မြင့်မား ဖို့ဆိုတာတွေဟာ လူငယ်တွေကို အရင်ဆုံး အားပေးဖို့နဲ့ ဖေးမမှုတွေက အရေးပါတယ်လို့ဆိုပါတယ်။ သင့် သား သို့မဟုတ် သမီးရဲ့ အကောင်းမွန်ဆုံးစိတ်ဝင်စားလက်ခံမှုကို သင့်စိတ်အခြေခံမှာ ဘယ်လိုရှိရှိ လက်ခံဖို့စိတ်ထည့်လိုက်ခြင်းဟာ သင့်ရဲ့အကောင်းဆုံးသော သူတို့အပေါ်စိတ်ဝင်တစားရှိလိုက်ခြင်းပါပဲ။ သင် သို့မဟုတ် သင့်ရဲ့သား၊သမီးတွေ ကျန်းမာသန်စွမ်းပြီး မိသားစုအ၀န်းအ၀ိုင်းမှာ ပျော်ရွှင် စွာ နေထိုင်အသက်ရှင်နေတာကို နှစ်ဦးနှစ်ဖက်က အလိုရှိကြမှာအမှန်ပဲမဟုတ်လား။သူတို့ရဲ့ အရာအားလုံးကို မကြိုက်လက်မခံဘူး၊ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုတွေကိုကို မနှစ်သက်နေဘူးဆိုရင်တောင် သူတို့ဟာ ဘယ်သူတွေဆိုတာကို အရင်မျက်နှာမူလိုက်ပါ။ သူတို့ရဲ အမူအကျင့်သွားလာလှုပ်ရှားဆက်ဆံမှုများအပေါ်မှာ ဘယ်လိုအချက်တွေကတော့ ကြိုက်တယ် ဘယ်အချက်တွေကိုတော့ လက်မခံဘူးဆိုတာတွေကို ပွင့်ပွ့င့်လင်းလင်း စစ်ထုတ်ပြောပြပြီး သင့်ကလေးရဲ့ အန္တရာယ်ကင်းတဲ့ပျော်ရွှင်ကျန်းမာမှုကို ရှေးရှုပေး သင့်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာတတ်မြောက်မှု၊ လူအများနှင့် ကျွမ်းဝင်မှုတွေမှာ မိမိကြောင့် မိမိသားသမီးများအရှက်ရ အားငယ်စေတာမျိုးမဖြစ်စေဘဲ သူတို့ရဲ့ဖြစ်တည်မှုမှာ အန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်စေမယ့်အရာများဖြင့်ပြည့်နှက်နေရမယ် မဟုတ်လားလေ။ သူတို့က ရင်မှဖြစ်သော သားသမီးများဖြစ်ပါတယ်။

Get Support - အကူအညီအထောက်အပံ့

သင့်ကိုယ်သင် ကူညီအားပေးဖို့ ရှာဖွေကြံဆသင့်တာလေးတွေကို ရှာဖွေကြံဆသင့်ပါတယ်။ သင့်သားသမီးတွေဆီကနေ ရမယ့် အထက် ပါသတင်းမျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မိဘတွေအတွက် မလွယ်ကူပါဘူး။။ သင့်ခံစားချက်မှုများကို သင့်ခင်ပွန်း၊ ဇနီး၊၊ အမျိုးသား သူငယ်ချင်း၊ ညီမ၊ အစ်ကို သို့မဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို(စိတ်သဘောထားပွင့်လင်းသူ၊ သင့်ကိုနာကျင် တဲ့ခံစားမှုကို မပေးမဲ့ ဆန့်ကျင်တဲ့အမြင်ရှိတဲ့ သင့်ကိုလက်ခံနားလည်ပေးမဲ့ တစ်စုံတစ်ယောက်) မျှဝေပြောပေးကြည့်ပါ သင်ဘယ်လို ခံစားဖြတ်သန်း နေရတယ်ဆိုတဲ့အကြောင်းကိုပေါ့။ 1972 က New York City မှာ ဖွဲ့စည်းထားတဲ့ PFLAG (Parents and Friends of Lesbian and Gays) အသင်းအဖွဲ့လိုမျိုးတွေနဲ့ ဆက်သွယ်ပြီး အကူအညီရယူကြည့်ပါ။ သူတို့အသင်းအဖွဲ့ဟာ LGBT တွေရဲ့ အသက် မွေးဝမ်း ကျောင်းမှု ပညာရေး၊ လူသိရှင်ကြားထောက်ခံပြောဆိုမှုတွေ နှင့် အခြားသောအကူအညီအထောက်အပံ့တွေကို ကူညီဖြေရှင်း ပေးနေ တဲ့အဖွဲ့ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်က အလားတူ PFAG အသင်းအဖွဲ့မျိုးရှိလား ရှာဖွေကြည့်ပါ။ နှစ်သိမ့်ဆွေးနွေးမှုပေးနိုင်တဲ့ နေရာ များရှိသလား မေးမြန်းကြည့်ပါ။ online ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ရှိ PFAG နှစ်သိမ့်ဆွေးနွေးမှုဌာနများမှနေပြီး သတင်းအရင်း အမြစ်များ ထောက်ပံ့ကူညီမှုများကို ရယူပါ။

Alex Aung (25 November 2011)

Reference: Mom, Dad, I'm Gay – Advice to Parents on How to Cope With a Gay Son or a Lesbian Daughter

by Esmeralda Carvalho

စာကြွင်း။ ။ Esmeralda Carvalho က http://www.lesbianmomtoday.com မှ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ အဆိုပါ website ဟာ လိင်တူကြိုက်နှစ်သက်သူ အမျိုးသမီးများရဲ့ အမေများနှင့် သူတို့ရဲ့မိသားစုဝင်များကြား ပေါင်းသင်းဆက်ဆံရေး၊ အုပ်ထိန်းမှု၊ ကျန်းမာစွာ အသက်ရှင်သန်နေထိုင်မှု၊ ရုပ်ရှင်များ၊ ခရီးသွား နှင့် အခမ်းအနားများနှင့် ပတ်သက်ပြီးပြုလုပ်ထားတဲ့ website ဖြစ်ပါတယ်။ သူမဟာ Sociology and Psychology နှင့် B.A (Honours) ရယူထားသူဖြစ်ပါတယ်။

ကျွန်တော် Alex Aung အနေနှင့်တော့ ပညာရှင်မဟုတ်တဲ့အတွက် ဘာမှဝင်ရောက်အကြံဥာဏ်မပေးတတ်ပါဘူး။ မိမိသားသမီးက လိင် ကူကြိုက်နှစ်သက်သူဖြစ်နေသည်ဆိုဦးတော့ ကျန်းမာပျော်ရွှင်အန္တရာယ်ကင်းပြီး မိသားစုအ၀န်းအ၀ိုင်းမှာ အေးအေးသက်သာနေထိုင် နေစေရေးကိုသာ ပိုမိုအရေးပေးမိမှာပါပဲ။ စာရေးဆရာတစ်ယောက်ပြောဖူးသလို 'မိမိသဘောမတူသည့် အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ပြုထားသူတစ်ဦးအဖြစ်' သဘောထားလို့မရဘူးလားလို့ပဲဆိုချင်ပါတယ်။

No comments: