Tuesday, May 1, 2012

ထိတ်လန့်ဘွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၁)

လောကဆင်းရဲဒုက္ခများဟာ လူဖြစ်တဲ့အတွက်ခံစားရမှာပဲဖြစ်ပါတယ်။ အသက်ရွယ်ရောက်လာရင် ဘ၀ဒဏ်ပိုခံရပေမဲ့၊ တချို့လည်း ငယ်ရွယ်စဉ်မှာ ရောဂါ၊ အနိုင်ကျင့်မှု၊ ဆင်းရဲခြင်း၊ မေတ္တာဆုံးရှုံးခြင်း ... စတဲ့ ခံစားနေရတာတွေ့မြင်ရပါတယ်။ လူ့ဘ၀မှာ ဒုက္ခအကြီးဆုံးကတော့ ငွေကြေးမဟုတ်ပါ။ တနှစ်အတွင်း သေသွားမဲ့ရောဂါရသွားခြင်းဟာ ထိန်လန့်ဖွယ်အကောင်းဆုံးဖြစ်ပါတယ်။

ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးHIV စောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သော မြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၃,၀၀၀ ကျော်အား ဆေးဝါးထောက်ပံ့ပေးနေပြီး ၂၀၁၂ ခုနှစ်တွင် ၆,၀၀၀ ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကင်ဆာ၊ နှလုံးရောဂါများဟာ သေဆုံးနှုန်းအမြင့်ဆုံး သေခါနီးရောဂါတွေဖြစ်ပါတယ်။ အခုရေးမဲ့ HIV, AIDS ရောဂါကတော့ ယခင် ၁၀နှစ်လောက်က သေမဲ့ရောဂါဖြစ်သော်လည်း အခုတော့ မသေနိုင်တော့ပါဘူး။ သို့သော် ထိတ်လန့်ဖွယ်အကောင်းဆုံး ရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ ကမှ လူကြားကောင်းသေးတယ် ..HIV ဆိုတာ အလွန်ရှက်ဖွယ်ရောဂါကြီးဖြစ်လို့ ... ထိတ်လန့်ဖွယ်အကောာင်းဆုံးရောဂါအဖြစ် သတ်မှတ်ပါတယ်။

ဒီရောဂါဟာ လိင်ကိစ္စ လွန်ကျူးသူ အများစုဖြစ်ပွားတဲ့အတွက်၊ ဒီရောဂါရှင်များဟာ လူသိမခံပဲ၊ ကြိတ်ပြီးကုရတယ်။ မြန်မာပြည်မှာတော့ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်၊ တက်ကြွလှုပ်ရှားသူ ဒေါ်ဖြူဖြူသင်း စတဲ့ အမျိုးသမီးများက ရှေ့ဆောင်၊ ပညာပေးနေတဲ့အတွက် သူတို့ကို အထူးကျေးဇူးတင်၊ လေးစား၊ ဂုဏ်ပြုပါတယ်။ စင်ကာပူ၊ ပင်နီစူလာပလာဇာက ကမ်ဘာဂန်ဆေးခန်း ဆရာမဒေါက်တာမြင့်မြင့်စန်းလည်း မြန်မာ HIV ရောဂါရှင်များကို လက်တွေ့၊ အားပေး၊ ကုသ၊ ပညာပေးနေသူအနေနဲ့ လေးစား၊ဂုဏ်ပြု၊ ကျေးဇူးတင်ပါတယ်။

ဘာသာရေးအမြင်

ခရစ်ယာန်နာမည်ကြီးတရားဟောဆရာများရဲ့ ဈာန်လျှောကျခြင်းများကို လေ့လာပါတယ်။ လိမ်လည်ပြောဆိုခြင်း ဟာ လက်မခံနိုင်တဲ့ အပြစ်ကြီးလား ဆိုတော့၊ မဟုတ်ကြောင်းကို တွေ့ရတယ်။ ပွင့်လင်းတဲ့ နိုးကြားတက်ကြွခရစ်ယာန်ဆရာကြီးများ ဈာန်လျှောသူများ ၃၅ဦး ကိုလေ့လာရင် တဏှာပါဝါ (၅၇%)၊ ငွေကြေးပါဝါ (၂၀%) နဲ့ ပျောက်စေပါဝါ (၉%) တို့ဖြစ်ပါတယ်။ အကြမ်းဖက်မှု၊ ရာဇ၀တ်မှုများ ရှိပေမဲ့ နည်းပါတယ်။ မိန်းမ ဘာသာရေးခေါင်းဆောင် ၂ယောက် ပါတာကို တွေ့ပါတယ်။ တဏှာပါဝါ ကျူးလွန်သူ ၂၁ဦးကရဲ့ တ၀က်ဟာ ပိုဆိုးဝါးလှတဲ့ Homosexual ဖြစ်ပါတယ်။ ရှိုထားတဲ့ (သတင်းမထုတ်ပြန်တဲ့) အခြားခရစ်ယာန်ဂိုဏ်းများနဲ့ အခြားဘာသာများမှာလည်း ဒီနှုန်းထားအတိုင်း တဏှာပါဝါဟာ နဲ့ ငွေပါဝါတို့ဟာ အဓိက ပျက်စီးစေတဲ့ အကြောင်းများပဲဖြစ်မှာပါ။ ဦးနု (၀န်ကြီးချုပ်ဟောင်း) ရေးတဲ့ ကာမတဏှာ စာအုပ်မှာ ဘုန်းကြီး (အမျိုးသား) များကို ဈာန်လျောစေတဲ့ အဓိကကတော့ ကာမတဏှာဖြစ်လို့၊ "မ" ဆိုရင် အမျိုးသမီး သေဆုံးသူတောင် လက်ဖျားနဲ့ မထိတို့ဖို့ ၀ိနည်းများရှိတယ် ဖတ်ရပါတယ်။ ဗုဒ္ဓဘာသာနဲ့၊ ခရစယာန်ရိုမင်ကက်သလစ် RC ဘာသာရေးထိပ်တန်း ဘုန်းတော်ကြီးများဟာ ငယ်ဖြူဆိုတဲ့ငယ်ကတည်းက အိမ်ထောင်မရှိသူများဖြစ်ပါတယ်။ တခြားဘာသာတွေကတော့ တောထွက် ဆိုတဲ့ အိမ်ထောင်ရှိသူ (ရှိခဲ့သူ) များဖြစ်ပါတယ်။ အချို့ဘာသာများက ဘာသာရေးခေါင်းဆောင်ဆိုရင် ကာမတဏှာရန်က ကွယ်ကာနိုင်ဖို့ အိမ်ထောင်ရှိသင့်တယ် ဆိုပါတယ်။
http://en.wikipedia.org/wiki/List_of_Christian_evangelist_scandals

နာမည်ကြီး ထိုင်းဗုဒ္ဓဘုန်းကြီး

Popular Thai Monk Defrocked in Sex Scandal
April 1, 1995 | From Associated Press
Thousands of abject followers packed the streets to bid farewell Friday to one of Thailand's most popular religious figures, who was forced to surrender his monk's robe in a sex scandal. Yantra Ammarobhikkhu was accused of breaking his vow of chastity by having sex with prostitutes. He denies ever going to a "temptation place," but he agreed to leave the monkhood to stop the brawling within his church over his extraordinary case. "I don't want to take off my robe," he said. Then he did.

မြန်မာပြည်မှာလည်း HIV ပညာပေးအများကြီးလုပ်နေပါတယ်။ စင်ကာပူမှာ အနှစ်၂၀ကျော်လုပ်ကိုင်သူ ကမ်ဘာကမ်ဆေးခန်းဆရာဝန် ဒေါက်တာမြင့်မြင့်စန်းနဲ့ အင်တာဗျူးအခန်း August 2009 မဂ္ဂဇင်းမှာ ဖတ်ရပါတယ်။ ဂနိုရီးယား (Gonorrhoeae)၊ ဆစ်ပလစ် (Syphllis)၊ ချမိုင်ဒီယာ (Chlamydia)၊ ရေယုန် (Herpes)၊ ဗိုင်းရပ် ဘီပိုး၊ စီပိုး (Hepatitis B&C)၊ ဖန်းကပ်စ် (Fungus) စတဲ့ရောဂါများနဲ့ နောက်ဆုံး အထူးရောဂါကတော့ HIV ဖြစ်ပါတယ်။ HIV ရဲ့နောက်ဆုံးအဆင့် အေအိုင်ဒီအက်စ် AIDS အထိ အကျဉ်းချုပ်ဖေါ်ပြပါတယ်။ မြန်မာပြည်မှာတော့ ဈေးချိုတဲ့ အိန္နိယက ကာကွယ်ဆေး တလ ဒေါ်လာ၁၀၀လောက်နဲ့၊ HIV အဆင့်မှာပဲ ရပ်တံ့ထားတဲ့ ဆေးရနိုင်တယ်ပြီး စင်ကာပူဆေးကတော့ တလဒေါ်လာတစ်ထောာင်လောက် (ထုံးစံအတိုင်း) ဈေးကြီးပါတယ်။ ပုံမှန် ကျန်းမာရေးဆောင်းပါးတွေ ရေးပေးတဲ့ ဆရာမက.. ဆေးရှိတယ် ဆိုပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့တော့ မရဘူးပေါ့နော် ... လို့ သတိပေးထားပါတယ်။

ဒါကြောင့်ပဲ ကမ္ဘာကျော် မက်ဂျစ်ဂျွန်ဆင် အမေရိကန်ဘတ်စကက်ဘောသမားကြီးလည်း HIV ရောဂါဖြစ်ပြီး၊ အနားယူသွားတာ ၁၀နှစ်ကျော်ပေမဲ့ အသက်ရှင်တုန်းပါပဲ။ ရောဂါမတိုးစေတဲ့ ဆေးတွေနဲ့ အသက် ဆက်ရတယ်။ စိတ်ကျရောဂါတော့ ရှိတာပေါ့။ ဒေါက်တာမြင့်မြင့်စန်းရဲ့ ဆောင်းပါးအရ ဆေးကအရမ်းပြင်းလွန်းပါတယ်။ တသက်လုံးသောက်သွားရမှာ။ သောက်ပြီဆိုရင် ဖြတ်လို့မရတော့ဘူး။ Side Effects အရမ်းပြင်းတော့ တကယ်မတိုက်မဖြစ်အခြေအနေရောက်မှ ဆေးတိုက်ပါတယ်။ HIV ဖြစ်လို့ ကျွမ်းတဲ့အဆင့်မရောက်ရင် တခြား ကာကွယ်၊အားဆေးတွေ ကြွေးပြီး ထိန်းကြည့်တယ် ..ဆိုပါတယ်။ သမ္မာကျမ်းစာမှာ ဆော်လမုန်မင်းကြီး မိဘုရားများလွန်းခြင်း၊ ဒါဝိတ်မင်းကြီးရဲ့ ဗာသရှေဖ လွန်ကျူးမှု စသဖြင့် သခန်းယူစရာများလို လူတိုင်း မိမိဘ၀ သင်ခန်းစာများရှိပါတယ်။ ရောမဘုရင်ကြီး ဂျူးလီယက်ဆီဇာ ဆိုရင် ကာမတဏှာ လွန်ကျူးလွန်းလို့ နောက်ဆုံး ပိုဆိုးဝါလှတဲ့ လိင်တူဆက်ဆံခြင်း Homosexual ဘ၀ရောက်တဲ့အထိ လွန်ကျူးခဲ့ပါတယ်။

စင်္ကာပူရောက် မြန်မာများ - ထိတ်လန့်ဘွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၁)

No comments: