Friday, May 11, 2012

ထိတ်လန့်ဖွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၃)

ကျွန်တော့ဘ၀နဲ့ HIV

စင်ကာပူအလုပ်လာလုပ်သူ နိုင်ငံခြားသားအားလုံး HIV စစ်မယ်။ ရောဂါရှိရင် အလုပ်လုပ်ခွင့်မပေးဘူး . ဆိုတဲ့ ဥပဒေကြီးထွက်လာတယ်။ ကိုယ် အလွန်ကြောက်တဲ့ HIV စစ်ဆေးမှုကို မလုပ်ချင်လဲ၊ လုပ်ရတော့မယ်။ ကိုယ့်ရဲ့ အလုပ်လုပ်ခွင့်ပါမစ် ၆လလောက်ကျန်သေးတော့၊ နောက်ဆုံး Orchard Road က နိုင်ငံခြားသားများကို အထူးကုပေးတဲ့ ဆေးခန်းတခုမှာ တိတ်တိတ်ကလေး HIV သွားစစ်ရတယ်။ ဆရာဝန်ကိုတော့ အမှန်အတိုင်းပြောရတယ်။ ငါ ..ဒီလို တဏှာကိစ္စ ပိုက်ဆံပေးပြီးလွန်ကျူးမိတယ်။ HIV ရှိမရှိ သေချာအောင် သိချင်လို့ ကိုယ့်ဖာသာ လာစစ်ပါတယ် ပြောရတယ်။ ရင်ဖွင့်ရတယ်။ 

ဆရာဝန်က လူနာတွေအကြောင်းကို နှုတ်လုံမှန်း၊ ယုံကြည်ပြီးသား၊ ပြီးတော့ အစိုးရဆေးခန်းထက် အဆများစွာဈေးကြီးပေးပြီး စစ်ရတယ်။ တပတ်အကြာမှာ ဘုရားဆုတောင်းပြီး၊ Result သွားယူတော့ HIV မရှိပါ ..သိရတယ်။ နောက်တကြိမ် သေချာအောာင် တခြား Lap မှာ စစ်ကြည့်တော့လည်း အိုကေပါတယ်။ အဲဒီ ၂နှစ်လောက်ကာလဟာ Nightmare ပါပဲ။ မဟုတ်တာလုပ်နေကျလူက မစိုးရိမ်ပေမဲ့ မလုပ်ဖူးတဲ့လူ တခါခိုး၊ တခါမိ ဖြစ်သွားတတ်လို့ ... ကိုယ်တွေ့ စိုးရိမ်မှုကြီးတခုပါပဲ။

ကျွန်တော်ကတော့ နိုင်ငံခြားရောက်လာတယ်။ မြန်မာပြည်က ငယ်စဉ်က မူရစ်ဆေးဝါးသမား၊ အပျော်ပါးသောက်စားသူများ .. အသက်၄၀မပြည့်ခင်၊ သေဆုံးသွားကြပါပြီ။ ကျွန်တော့ညီအရင်း AIDS နောက်ဆုံးအဆင့်မှာ မိဘထံပြန်ပြီး၊ ချေး၊သေး အိပ်ယာပေါ်မှာပဲ စွန့်ရတဲ့အထိ ပက်လက်၊ နှစ်ချီခံစားပြီး သေဆုံးသွားပါတယ်။ ကျွန်တော်မိဘများက စောင့်ရှောင့်နိုင် အပယ်ခံဘ၀မှာ ဖြေသာပါသေးတယ်။ တခြားသူငယ်ချင်းတဦး AIDS နဲ့လဲနေချိန် ..သူ့အခန်းကိုဝင်တွေ့တဲ့အခါ ချေးသေးနံစော်ပြီး၊ သေဖို့စောင့်နေသူကို ၀မ်းနည်းဖွယ်တွေ့ရတယ်။ ဒါက AIDS အမျိုးသားများဘ၀ပါ။ 

အမျိုးသမီးများဘ၀ကတော့ ပိုဆိုးဝါးလှပါတယ်။ အသက်၂၀အရွယ် အိမ်ကထွက်ပြီး အပြင်မှာဘ၀ရှင်သန်၊ မဟုတ်တာတွေဖြစ်ပျက်ပြီး ..အသက်၃၀လောက်မှာပဲ မိဘရပ်ရွာကို ပြန်ပြီး၊ သေဆုံးကြပါတယ်။ တချို့လည်း အိမ်မပြန်တော့ပဲ .. ရောက်တဲ့နေရာမှာ မိဘဆွေမျိုးများနဲ့အဆက်ဖြက်၊ သေဆုံးကြပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဒီရောဂါကြီးဟာ ကာမတဏှာကြောင့် ပေါ်လာရတယ် ဆိုရင် မမှားပါဘူး။

တလင်တမယားစနစ်

အစိုးရတိုင်း ဥပဒေရှိပါတယ်။ ရိုးရာနဲ့ဘာသာရေးဥပဒေများကတော့ မိန်မတယောက်မက ယူနိုင်ပေမဲ့၊ မူဆလင်နိုင်ငံများမှာတောင် တလင်တမယားဖြစ်နေကြပါပြီ။ သို့သော် အိမ်ထောင်ရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးများမှာ လိင်ဖေါက်ပြန်ခြင်း Adultery ဆိုတာ ပြစ်မှုကြီးတခုပါ။ စီးပွားရေးသမားများမှာတော့ မသိချင်ယောင်ဆောင်နိုင်ပေမဲ၊ ငွေမျက်နှာကြည့်ပြီး၊ တဏှာကိစ္စများကို မျက်စိမှတ်ထားတတ်ပါတယ်။ စီးပွားရေးသမား လိင်ရှုပ်ပွေခြင်းကို အပြစ်ရှိတယ်လို့၊ မသတ်မှတ်ကြပါဘူ။ အမြက်အစွန်း လုပ်ပေးနိုင်သူကို ကုမ္ပဏီ မိန်မ Mistress အငယ်အနှောင်းထားခြင်းကို ။ ကိုယ်ရေးကိုယ်တာ ကိစ္ဒလို့ သတ်မှတ်ထားပါတယ်။ ၂ဦးသဘောတူရင် ပြီးတာပဲဆိုပြီး Sex Partners များနဲ့ အခုခေတ်ကြီးမှာ စိတ်ဝိညာဉ် သန့်ရှင်းမှုကိုလိုချင်သူကတော့ တလင်တမယားစနစ်ကို သစ္စာစောင့်ဖို့ပါ။

လူဘ၀ ဆိုသည်မှာ ငွေတခုတည်းမဟုတ်ပါဘူး။ သစ္စာတရားနဲ့ မိဘ၊သားသမီးများကို သစ္စာစောင့်ထိန်းနိုင်ခြင်းက အထူးအရေးကြီးပါတယ်။ ဟိုး..ရှေးခေတ်က ငွေ၊ အာဏာရှိရင် မိန်းမများများ၊ မိဘုရားများများ ကိစ္စမရှိပေမဲ့ ခေတ်ကာလပြောင်းသွားပြီဖြစ်ပါတယ်။ မိမိက လိင်ဖေါက်ပြန်မှုရှိနေရင် မိမိသားသမီးများ၊ တူတူမများလည်း ၀ဋ်လည်တတ်ပါတယ်။ ၀ဋ်ဆိုတာ နောင်ဘ၀ထိ မစောင့်ဘူးလို့ ဆိုကြပါတယ်။

လူပျို၊အပျို၊ အိမ်ထောင်မရှိသူများ

သူတို့အတွက်တော့ တဏှာပါဝါရဲ့၊ ကျော့ကွင်းအဝေးမှာ နေသူများဖြစ်ပါတယ်။ ခယ်မနဲ့ရှုပ်လို့၊ အမကြီးက လောကကိုစိတ်ပျက်ပြီး၊ ဝေးဝေးရှောင်ပေးတာရှိသလို၊ ခယ်မခမြာရှက်လွန်းလို့ သာသနာ့ဘောင်ဝင်သွားတာတွေလည်းရှိပါတယ်။ အထူးသဖြင့် အိမ်ထောင်ကွဲ အမျိုးသားကြီးများ၊ မိခင်မဲ့သားသမီးများအတွက် စောင့်ရှောက်မဲ့မိန်းမ ရှာသလိုနဲ့ ရှုပ်လေ့ရှိပါတယ်။ အခုခေတ်ကြီးကလည်း စာနဲ့ရေးရရင် အပြိုကြီး၊ လူပြိုကြီးလို့ ရေးရမလိုဖြစ်နေပါတယ်။ တဏှာပါဝါရဲ့ ကျော့ကွင်းနဲ့ဝေးရာမှာ ရောက်နေသူများလို့ သတ်မှတ်တဲ့အတွက်၊ လိင်ကူးစက်ရောဂါများ၊ အရှက်တကွဲအကျိုးနဲဖြစ်ရပ်များ သိပ်မဖြစ်ပါဘူး။ ငယ်ရွယ်သူ လူပျို၊ အပျို များလည်း တယောက်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာ ဘ၀ကိုနားလည်သွားကြတဲ့ အိမ်ထောင်ဖက်များအဖြစ် တည်ငြိမ်မှု ရသွားလေ့ရှိပါတယ်။ အပျိုကြီးဘ၀ရောက်သွားရင်လည်း အိမ်ထောင်မပြုတော့လို့ ဆုံးဖြက်၊ တည်ငြိမ်ပေမဲ့၊ လူပျိုကြီးဘ၀ရောက်သွားရင်တော့ မတည်ငြိမ်တတ်ပါဘူး။ .. သဲတဆုပ်နိုင်တယ်၊ မြက်နုကြိုက်တယ် ..စသဖြင့် စကားပုံရှိပါတယ်။ သူတို့ကိုတော့ HIV ဖြစ်ခဲ့တဲ့လူတန်းစားအနေနဲ့ ဒီဆောင်းပါးမှာ ချွင်းချက်ထားလိုက်ပါတယ်။

စင်္ကာပူရောက် မြန်မာများထိတ်လန့်ဖွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၃)

No comments: