Sunday, February 26, 2017

First Night

(ပထမည)



 ကျနော်တို့တွေ ဘားတစ်ခုမှာဆုံခဲ့ကြတာ။ လောကအသစ်တစ်ခု စတင်ပေါ်ပေါက်လာတဲ့ပုံစံမျိုးပေါ့။ ကျနော်သူ့ကို လူများစွာထိုင်နေတဲ့ စားပွဲတွေကိုဖြတ်ကြည့်ရင်းတန်းတွေ့ခဲ့တာ။ ကျနော်တို့နှစ်ယောက်ကြား အကြည့်တစ်ချက်ဆုံမိရင်းမှ တစ်ယောက်နဲ့တစ်ယောက် အမှတ်ထားမိလိုက်သလို တူညီတဲ့လိုအပ်မှုတွေ ကိုက်ညီကြတယ်ဆိုတာ တပ်အပ်သိခဲ့ကြတယ်။ အတူပါလာတဲ့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောလိုက် သူ့ကိုပြန်ကြည့်လိုက် သူကလည်း ကျနော့်ကိုပြန်ကြည့်လိုက် သူ့သူငယ်ချင်းတွေနဲ့စကားပြောလိုက် သုံးလေးကြိမ်လောက် အကြည့်ဆုံမိကြတာပါ။

“မင်းအလှည့်…ကိုဇင်” သုတက မထိတထိအပြုံးနဲ့ ကြေငြာသလို အသံပြုတယ်။ သူ့ကြည့်ရတာ ကျနော့်ကိုပုတ်ခပ်ပြောဆိုဖို့ အစီအစဉ်များ ချထားခဲ့သလားပဲ။ ကျနော် တစ်ချိန်လုံးလိုလို သူ့ကိုအလိုလိုက်အကြိုက်ဆောင် ကြွေဆင်းနေတတ်တယ် အိပ်ရာကိစ္စတောင်းဆိုရင်တောင် ငြင်းဆန်မှာမဟုတ်ဘူးဆိုတာ သူတစ်ယောက်ပဲရိပ်မိခဲ့တာကိုး။ အများအပြားညတစ်ညရဲ့အိပ်မက်ဦးတွေမှာ သူကစိုးမိုးနေတတ်ခဲ့ပြီး ကျနော့် ခြေဖျားကနေ ဦးခေါင်းအထိ သူ့အနမ်းတွေကိုဖြန့်ကျက်တယ်လို့ မက်ထင်မိခဲ့တယ်။ သုတဆိုတဲ့ ငနဲက ယောက်ျား..ကံဆိုးချင်တော့ မိန်းမကို သာကြိုက်နှစ်သက်တတ်တဲ့ယောက်ျားလေ။

 ပိုက်ဆံအိပ်ကိုထုတ် ပူနွေးချွေးပျံနေသော ကိုယ်ခန္ဓာတွေကိုဖြတ်သန်း တွန်းဖယ်ရင်း ဘားရှိရာကိုသွားပြီး ကျနော်တို့သောက်နေကျအတိုင်း အသံကျယ်ကျယ်နဲ့ သောက်စရာအော်ဒါမှာရတာပေါ့။

“ကြည့်နေခဲ့တာကို ညီမြင်တယ်နော်” အိုး…သူ ကျနော့်ဘေးမှာ။ ကျနော့်နားရွက်နားကို ငုံ့ကိုင်းတိုးကပ်ပြီး စကားကိုညင်ညင်သာသာဆိုတယ်။ သူ့အသက်ရှူငွေ့နွေးနွေးတွေဟာ ကျနော့်မျက်နှာအနံ့ ပွတ်တိုက်နေသလိုပဲ။ ကျနော် စိတ်မဆတ်မိခဲ့သလို တန်ပြန်စကားပြောဖို့လေသံ မမာမိတာ ထူးဆန်းတယ်။ “အာ့ကြောင့် နှုတ်ဆက်စကားငါပြောဖို့သင့်တယ်လို့ထင်တာ”

“အင်း…ဟယ်လို” ကျနော်နှစ်လိုစွာပြုံးမိရရင်း သူ့ကိုနှုတ်ဆက်စကားဆိုလိုက်ပါတယ်။ သူဟာ တော်တော်ကြည့်လို့ကောင်းတဲ့ ဆံရှည် ကိုယ်တော်လေးပဲဗျ။ မျက်နှာတစ်ဝိုက်ဝေ့၀ဲကျနေသော ဆံနွယ်ခွေကောက်ကောက်တွေရယ်၊ ညက်ညောဖြူစင်သော အသားအရေ၊ သွားစွယ်ဖြူဖြူလေးတွေက မလင်းတလင်းမီးရောင်မှာတောင် တောက်ပနေသလိုထင်ရပါတယ်။ သူ့နှုတ်ခမ်းလေးတွေကလည်း ခပ်ဖူးဖူး နဲ့ဆိုတော့ ကျနော့်လက်ချောင်းလေးတွေများ ထိုးသွင်းလိုက်ရင် ဘယ်လိုများ ငုံခဲလာလိမ့်မလဲ။

 “ဟယ်လို”  သူ့နှုတ်ဖျားက ရယ်မြူးရိပ်မကင်းတဲ့အသံနဲ့ပြန်လည်နှုတ်ဆက်ပြီး နုညံ့တဲ့ သူ့လက်နွေးနွေးတွေက ကျနော့် လက်မောင်းကို အသာအယာပွတ်သပ်တယ်။

“ကျနော့်နာမည်က ကိုဇင်”  ကျနော်သူ့မျက်ဝန်းအစုံကိုငေးကြည့်နေတာ အကြည့်တစ်ချက်မလွှဲနိုင်ပဲ အမည်ပြောပြလိုက်တယ်။ သူ့မျက်ဝန်း ညိုတွေရဲ့ မျက်တောင်လှုပ်ခတ်မှုတွေကြား ကျနော်ပျောက်ဆုံးသွားရတော့မယ် ပျောက်ကွယ်သွားနိုင်တယ်။
“ညီညီ” သူ့အမည်ကို ပြန်လည်ပြောပြပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးပါတယ်။

သူ့လက်ချောင်းတွေက နွေးနေခဲ့သလို အနည်းငယ်အသားမာတက်နေသလိုလိုနဲ့ သန်မာလှပါတယ်။ ကျနော့်လက်တွေကတော့ သူနဲ့နှိုင်းယှဉ် လိုက်ရင် အတော်နုညံ့လွန်းပါရော။ ကျနော့်လက်တွေကို အချိန်အတန်ကြာဆုပ်ကိုင်ထားတာကြောင့် နည်းနည်းစေးကပ်လာပေမယ့် စိတ်ထဲကတော့ တသိမ့်သိမ့်ပေါ့ ခံစားရတာ။ ကျနော်တို့နှစ်ယောက်ကြား စိတ်ရေအလျဉ်က အတူတူပဲဆိုတာ ကိုယ်စီသိကြတယ်ဗျ။ နားလည်ခြင်းက ပြီးပြည့်စုံခဲ့ပါပြီ။ ကျနော်တို့ရဲ့ ရင်ခုန်သံမြန်လာစေတဲ့ ညတစ်ညဟာ အိပ်ယာပေါ်မှာအဆုံးသတ်တော့မယ်ထင်ပါတယ်။

ကျနော်က ကျနော့်စိတ်ဆန္ဒတွေကို အမြဲတစေ ဖုံးကွယ်ထားလေ့ရှိပါတယ် ဘယ်လောက်ပဲပြွတ်သိပ်နေပါစေ စိတ်ထဲမှာပဲသိမ်းထားတတ်ခဲ့ တယ်။ ရှိသမျှ ကျနော့်သူငယ်ချင်းတွေအကုန်လုံး ကျနော် ဂေးဆိုတာ တစ်ယောက်မှမသိပါဘူး။ ကျနော့်ဖြစ်တည်မှုကို သူတို့ကို ဖွင့်ဟ၀န်ခံ လိုက်ရင် နားလည်မှုတွေ စာနာမှုတွေပေးကြမယ်လို့မျှော်လင့်မိပေမယ့် သေချာရေရာတဲ့ကိစ္စမဟုတ်တာကြောင့် ဖွင့်ဟခြင်းမပြုဖြစ်ခဲ့ဘူး ဆိုရပါမယ်။ အခြားတပါးသော ယောက်ျားများနဲ့ ကျနော့်ရဲ့ပတ်သက်မှုအတွေ့အကြုံအားလုံးဟာ ပုန်းလျှိုးကွယ်လျှိုးပါပဲ။ ပန်းခြံတွေ၊ အပန်းဖြေ စခန်းတွေရဲ့ ဆိပ်ကွယ်ရာထောင့်တစ်ထောင့်မှာ အမှတ်မထင်ဆုံကြမယ် ပြီးရင် အဆင်ပြေတဲ့ တည်းခိုခန်းတစ်ခုခုသွားကြမယ် နံနက်ခင်း ရောက်ရင် လမ်းခွဲကြမယ် ဒါပါပဲ။

ဘယ်လိုပြောရမလဲ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ချင်လို့မဟုတ်ဘဲ အလိုရှိတဲ့စိတ်ဆန္ဒတစ်ခုအရင်းပြုပြီး ဖြစ်နိုင်တဲ့လူကို ရှာကြတွေ့ကြ ဇာတ်လမ်းဆက်ကြလောက်ပဲ။ နည်းနည်းတော့ ရဲရင့်ရတာပေါ့လေ။ ဒီ့ထက်မပိုကြဘူး အဆက်အသွယ်မဖြစ်ကြဘူး။ ကျနော့်ရဲ့ ပထမဦးဆုံး အတွေ့အကြုံက အသက်အရွယ် ၁၆နှစ်လောက်မှာ ပန်းခြံထောင့်တစ်ထောင့်ရဲ့ အမှောင်ရိပ် သက်လတ်ပိုင်းဘဲကြီးတစ်ပွေကို ဆာလောင် နေတဲ့ သူ့ပါးစပ်ထဲ ငပဲကိုနာရီဝက်လောက်ခွံ့ပေးခဲ့ဖြစ်ပါတယ်။ ကျနော့်လူပျိုဘ၀ကို အဲ့သလို အမည်မသိ လူတစ်ယောက်ဆီမှာ ပေးမိခဲ့တာ ပါ။ ကျနော့်ငပဲကို သူ့ပါးစပ်ထဲမှာ လျှာမုန်တိုင်းမွှေပြီးရစ်မျိုတာများ ကျနော့်ခြေဖျားတွေ တဆတ်ဆတ်တုန်ရသလို နောက်ဆုတ်ပြေးမှာဆိုးလို့ ကျနော့်တင်ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ဆွဲယူထိမ်းကိုင်ထားချက်က လက်သည်းရာတွေတောင်ထင်းနေရော။ သာယာတာကော နာကျင်တာ ကော ထိတ်လန့်စိတ်ကော ခံစားခဲ့ရတာမှတ်မိတယ်။ ခပ်ကြမ်းကြမ်း သူ့လိုအပ်ချက်တွေက ကျနော့်အသားနုနုတွေကို ပွတ်တိုက်တာအပြင် ထိပ်အရေပြားတွေ ပွန်းသယောင် နာကျင်ခဲ့ရတာလည်း ငြင်းမရခဲ့ပါဘူး။ ကျနော့်အတွက် အလျင်မလို လူရွေးဖို့လိုကြောင်း သင်ခန်းစာရမိ တယ်ပြောလို့ရမှာပါ။

ဒုတိယအကြိမ်ကတော့ ကျနော့်လိုပဲ လူငယ်လေးတစ်ယောက်နဲ့ဖြစ်ပျက်ခဲ့တာပါ။ ကျနော်တို့နှစ်ယောက် ဟိုသည်လမ်းလျှောက်ရင်း မျက်နှာခြင်းဆိုင်မိတဲ့ခဏ တစ်ယောက်အထာ တစ်ယောက်ပေါက်ပြီး ရောက်နေတဲ့ အဆောက်အဦးအပြင်ကိုထွက်ဖို့ မျက်ရိပ်ပြကာ အပြင်ထွက် သာယာမှုရှာကြ တာပေါ့။ ၀တ်လာတဲ့ ဂျင်းဘောင်းဘီကို အသာလျောချလိုက်ပြီး ကျောပိုးအိတ်ထဲအသင့်ဆောင်ထားတဲ့ ချောဆီဘူးလေးက ချောဆီညှစ်ထုတ်ပြီး ကျနော့်ခရေ၀လေးကို ခပ်ရွှဲရွှဲသုတ်လိမ်းလိုက်တယ်။ ဒါပေမဲ့ ခပ်ရဲရဲထိုးခွဲလာတဲ့ သူ့ငပဲအစွမ်းကြောင့် ရက်အနည်းငယ်ကြာတဲ့အထိ အဲ့ဒီခံစားချက်ကို မမေ့နိုင်ကြိမ်းစပ်ခဲ့ရပါရဲ့။ နုညံ့လှတဲ့ သူ့လက်အစုံဟာ ကျနော့်တစ်ကိုယ်လုံးကို ပွတ်သပ်နှိုးဆွ ထိတွေ့ပြီး ကြက်သီးတထောင်းထောင်းထတဲ့အချိန်ကျမှ ပျော်ရွှင်နှစ်လိုငြင်းဆန်လိုစိတ်မရှိစွာ သောင်းကြမ်းစီးမျောစေခဲ့တာပါ။ ကိုယ့်ငပဲကို ကိုယ်မကိုင်ဘဲ ထိုးသွင်းဆက်ဆံခံနေရုံနဲ့ သုက်ရည်ထွက်တဲ့အထိ ဇာတ်သိမ်းခဲ့တာ ပထမဆုံးအကြိမ်ပါပဲ။

အို….ညီညီ ကျနော့်ကိုပြုံးကြည့်ပြန်ပြီ…ချက်ခြင်းဆိုသလို ကျနော့်အသည်းနှလုံးတွေကို ခိုးယူသွားခဲ့တာပါ။ ဒီအခိုက်အတန့်လေးမှာပဲ သူ့အတွက် ကျနော်တစ်ခုခုလုပ်ပေးချင်မိတယ်။ ရှေ့မှောက်မှာ ဒူးထောက်ထိုင် မျက်ဝန်းတွေကိုမှေးမှိတ် ပါးစပ်ကိုဖွင့်ဟပြီး သူ့ငပဲကြီးကို ငုံခဲလိုက်ရရင်ကောင်းမယ်။ သူသာတောင်းဆိုမယ်ဆိုရင် လူတိုင်းရဲ့ရှေ့မှောက်မှာတောင် လုပ်ပေးနိုင်တယ်ဗျာ။

“ကိုဇင်…ဒီအထဲကနေ အပြင်ကိုထွက်ချင်လား?” သူ့လေသံက စိတ်လှုပ်ရှားမှုနဲ့အတူ တုန်ခါနေသလိုပါပဲ။ သူ ကျနော့်မျက်နှာက ဖြစ်ပျက်မှု တွေကို မမြင်ဘူးလား ဟင်?

အောက်နှုတ်ခမ်းကိုအသာကိုက် ကျနော်နဲ့ တစ်ညလုံးနီးပါးအချိန်ဖြုန်းခဲ့သော ဘော်ဒါတစ်သိုက်ကိုဝေ့ကြည့်လိုက်မိပါတယ်။ ကျနော်သာ ညီညီနဲ့အတူ အပြင်ကိုထွက်သွားကြရင် သူတို့ ဘယ်လိုထင်မြင်ကြမလဲ။

“သူတို့မသိဘူးလား?” ညီညီက ကျနော့်နံဘေးအသာကပ်ရင်း ခပ်တိုးတိုးမေးပါတယ်။ သူ့ရဲ့ကိုယ်နံ့၊ သုံးထားတဲ့ရေမွှေးနံ့ ၊ ပါးသိုင်းမွှေး ခပ်စိမ်းစိမ်းကိုရိတ်သင်ပြီးနောက် သုံးလာတဲ့ Aftershave အနံ့တွေဟာ မူးယစ်ရီဝေစေတာ ရင်လှိုက်ခုန်စေတာအမှန်ပါ။
 “မသိဘူးဗျ”
“ဒါဆို ကိုဇင်တို့က စကားစမြည်ပြောတဲ့အဆင့်ကကို မတက်ကြတာပေါ့၊ ဟုတ်လား” သူက ရယ်ကျဲကျဲနဲ့ စကားပြန်ထောက်တယ်။
“ညီ…နောက်ဆယ်မိနစ်လောက်ဆိုရင် ကလပ်အရှေ့ကနေထွက်စောင့်နေမယ်၊ တကယ်လို့ ကိုဇင် အချိန်လွန်လို့မှမလာဘူးဆိုရင်တော့ ညီ့ကို မလိုအပ်လို့ပဲယူဆပြီး ပြန်သွားလိုက်မယ်လေ။ အိုကေ?”
“အာ…ကျနော် ညီ့ကိုလိုအပ်ပါတယ်” ကျနော် တုန့်ဆိုင်းမနေဘဲ ခပ်တိုးတိုးစကားပြန်လိုက်တယ်။ ကျနော် ၀တ်ထားတဲ့ ရှပ်အကျီရဲ့ ဘယ်ဘက် ရင်အုံက တဆတ်ဆတ်ခုန်နေသလို ၀တ်ထားတဲ့ ဂျင်းဘောင်းဘီအလယ်ပိုင်းကလည်း အမြှောင်းလိုက်ခုံးထကာ ဆန္ဒပြကြတာ အလွန့် အလွန်ပဲ။ “ဒီဟာလေး သောက်ခွင့်ပေးပါဥိး။ သောက်ပြီးရင် အပြင်ထွက်ခဲ့မယ်နော်”
အကောင်းဆုံးပေါ့”

 ညီညီ သူနဲ့ပါလာတဲ့အုပ်စုဘက်လှည့်သွားပြီး စကားစမြည်ပြောတာတွေ့ရတယ်။ ထိုင်လက်စနေရာမှာပြန်မထိုင်တော့ဘူး။ သူ့သူငယ်ချင်း တွေက ရယ်ရယ်မောမောနဲ့ဘာတွေပြောနေလဲမကြားရပေမဲ့ ကျနော့်ဆီကိုအကြည့်ရောက်ရောက်လာတာတွေ့ရပါတယ်။ မျက်တောင်ရှည် များဝန်းရံထားတဲ့ သူ့အကြည့်တွေကို ငေးမိလိုက်တာလဲ ၀န်ခံပါရဲ့။

သောက်လက်စခွက်ထဲက အရည်တွေကို အမြန်မော့လိုက်ပြီး ကျနော့်ဘော်ဒါအုပ်စုရဲ့ အလယ်ဗဟိုက ထိုင်လက်စနေရာရှိ အိတ်နဲ့ ပါလာတဲ့ ပစ္စည်းအချို့ကိုယူလိုက်ပါတယ်။

“ငါ ပြန်တော့မယ်” ကျနော်ရွှင်ရွှင်ပြပြပဲပြောလိုက်တယ်။ ကျနော်မပြောသင့်တဲ့ လေသံ စကားသုံးဖြစ်ပေမယ့် တဘက်စကားဝိုင်းက ညီညီ အာရုံစိုက်အောင်ရယ် အခြားသူများ တစ်မျိုးမထင်အောင်ရင် “ပြန်ဖို့ အဖော်ရလို့” လို့စကားဖြည့်လိုက်မိတယ်ဗျာ။ “ဘာလဲ…စော်ရပြီပေါ့” တဲ့ သုတက ရယ်ပြီးလှမ်းမေးတယ်။ သူ့မေးတဲ့အသံက အသံစူးစူးနဲ့ ခံရခက်သလိုပါပဲ။ ကျနော် ဘယ်တုန်းကမှ ရည်းစားမထားခဲ့သလို စော်ချိတ်ဖို့လည်း မလုပ်ခဲ့ဘူးဆိုတာ သူ သတိမပြုမိခဲ့ဘူးလား။

 “အေး….မနက်ဖြန်ညကျမှတွေ့မယ်နော် ဘော်ဒါတွေ”
“အိုကေ…ငါတို့တွေ ဒီမှာပဲရှိမယ်” သုတက ခေါင်းငြိမ့်ပြရင်း confirm တယ်လေ။ “မင်း စော်လေးကို ငါနှုတ်ဆက်တယ်လို့ ခြွေလိုက်ဦး ဟေ့ကောင်” လို့စကားဆက်လိုက်ရင်း ဘာသဘောကျတယ်မသိ အခြားသူ့သူငယ်ချင်းတွေနဲ့  ဟီးဟီးဟားဟားရယ်လိုက်ကြပြန်တယ်။
ကျနော် အေးစက်စက်ညအချိန်ကနေ ပြေးထွက်ဖို့ ခပ်သွက်သွက် လွတ်မြောက်မှုရှာလိုက်ပါတယ်။ ညီညီ ကျနော့်ကို စောင့်နေတာကိုလည်း မြင်ရော နှလုံးခုန်သံတွေ ရှေ့ကျော်ပြေးသလားပဲ။ သူ့ဘေးမှာ အသင့်ငှားထားသော တက္ကဆီတစ်စီးတွေ့ရတာကြောင့် နှစ်ယောက်သား နောက်ခန်းကို အသာလျှိုဝင်ထိုင်လိုက်ကြပါတယ်။

“အဆင်ပြေရဲ့လား?” လို့ သူက မေးလာတော့ ကျနော့်မှာ ရုတ်တရက်ဆိုသလို လည်ချောင်းတွေခြောက် အလန့်တကြားနဲ့ခေါင်းပဲငြိမ့်ပြ မိတယ်။

သူ့လက်တစ်ဘက် ကျနော့်ဒူးအစုံစီ လက်ရောက်လာတော့ အိုး…ထိုင်နေရာကနေ ခုန်ထမိတော့မတတ် စိတ်လှုပ်ရှားမိတာ အမှန်ပါ ဟန်ဆောင်တာ မဟုတ်ရပါဘူး။ သူ့နှုတ်ဖျားက သက်သောင့်သက်သာနေပါလို့ ခပ်တိုးတိုးစကားပြောသံနဲ့အတူ လက်ချောင်းတွေကလည်း အပေါ်ကိုတိုးတိုးလာတယ်။ တဖြည်းဖြည်းနဲ့ ပေါင်ခွဆုံအထုပ်အထည်စီရောက်လာပြီး လက်ချောင်းတစ်ချောင်းက ကျနော့်ငပဲခေါင်းကို ပွတ်သပ် ကလိလိုက်ချိန်မှာတော့ သာယာမှုနဲ့အတူ သေလောက်တဲ့ မယိုးမရွခံစားမှုကို ရလိုက်ပါတယ်။ သက်ပြင်းမောတစ်ချက်ရှိုက်လိုက်ရင်း နှုတ်ခမ်းသားတွေကို လျှာနဲ့သရပ်လိုက်မိလား သရပ်လိုက်မိရဲ့။ ကျနော့်ကို ဘယ်လိုထိကိုင်ကလိရမယ်ဆိုတာ သူ အတိအကျသိနေသလို ၀တ်ထားတဲ့ ဂျင်းဘောင်းဘီထဲက ငပဲခုန်ထွက်လောက်အောင် လုပ်တတ်နေတယ်။ သူ့အာငွေ့နွေးနွေးတွေကိုလည်း တို့ထိလာတဲ့ ကျနော့် နှုတ်ခမ်းကတစ်ဆင့် ခံစားသိရှိနေရတာ ရနံ့ကင်းပါရော။

“ဆက်…ဆက်မလုပ်နဲ့ဦးကွာ..” ကျနော် သူ့ကိုခပ်တိုးတိုးညည်းသလိုပြောလိုက်မိတယ်။ စိတ်တွေလှုပ်ရှား ရေချိန်မြင့်လာပြီး ဘာမှမလုပ်ရသေးခင် အဆုံးသတ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်။

ခပ်သောသော သူရယ်မောလိုက် ကိုင်လက်စလက်တွေကို အသာနေရာရွှေ့လိုက်တယ်။ ရင်ခုန်သံတွေ ဆက်မမြည်စေဖို့နဲ့ ကျနော့်စိတ်တွေ ဘယ်လိုဖြစ်နေလဲဆိုတာ သူသိလောက်တယ်။

မို့မောက်တင်းရင်းနေသော သူ့လက်မောင်းတွေ ရင်အုံတွေကို အသာအယာ ကျနော် ပွတ်သပ် ကိုင်တွယ်မိရင်း နောက်ဆုံးတော့ ပေါင်တံအစုံ မှာ လက်စသပ်မိပါတယ်။ သူက ကျနော့်လက်အစုံကို ဆွဲယူကာ သူ့ပေါင်ခွဆုံစီ နေရာချပေးပါတယ်။ ဘုရားသခင်….သူ့ငပဲဟာ အတော့်ကို မာထန်နေတာပါပဲလား။ စတီးလိုမာတောင့်နေတဲ့ငပဲကို မထိခိုက်အောင် ကျနော်ဘယ်လိုများ ဇစ်ကိုဆွဲဖွင့်ရမှာပါလိမ့်။ တကယ့်ကို ကျနော် မသိတော့ဘူးဗျာ။

“ကဲ…ညီတို့ ဒီညအနားယူမယ့်နေရာတော့ရောက်ပြီ”  သူ ကျနော့်လက်တစ်ဖက်ကို ဆွဲယူခေါ်ဆောင်ရင်း တက္ကဆီရပ်ပေးတဲ့နေရာမှာ အသာဆင်းလိုက်ကြပါတယ်။

နှစ်ယောက်သား ပူးပူးကပ်ကပ်နဲ့ လှေကားထစ်တွေကို ကျော်လွှားတက်လာကြပြီးနောက် သူနေထိုင်ရာ သုံးလွှာက တိုက်ခန်းကိုအမြန်ပဲ ရောက်သွားပါတယ်။ သူ့အိတ်ထဲက အခန်းသော့ကို တချွင်ချွင်မြည်အောင်ကစားရင်း သော့ခလောက်ကိုဖွင့်တယ်။ လိုက်မ၀င်ဘဲ တုန့်ဆိုင်းနေ ဆဲ ကျနော့်ကိုဆွဲခေါ်ပြီးနောက် တံခါးရွက်ကို အသာပိတ်လိုက်ရင်း ခြေတစ်လှမ်းမှမရွေ့ဖြစ်ကြသေးဘဲ အနမ်းမိုးစွေဖြစ်ကြတာ နှုတ်ခမ်းသား တွေ အချင်းချင်း သော့ခတ်ထားတဲ့အတိုင်းပါပဲ။ ညမီးလုံး မလင်းတလင်းရဲ့အောက်မှာ မွတ်သိပ်တပ်မက်တဲ့ အနမ်းမုန်းတိုင်းဆိုတာ ကျနော်တို့ နမ်းနေကြတဲ့ အနမ်းမျိုးဖြစ်မှာပါ။

သူ့ကိုယ်လုံးကိုလည်း ကျနော့်ခန္ဓာကိုယ်နဲ့တစ်ထပ်တည်းနည်းပါး ဖိကပ်လာတာကြောင့် သူ့ညီဘွားခပ်မာမာဟာ ကျနော့ဆီးခုံတ၀ိုက်နဲ့ ခွဆုံ အနီးအနားကို ရန်စသလိုဖြစ်နေပါတယ်။ တစ်ယောက်အာခံတွင်းထဲကို တစ်ယောက်ရဲ့လျှာပူပူနွေးနွေးတွေက ပွတ်သပ်ကလိပြီး အာရုံခံစား နေရင်း သောက်ခဲ့သော ယမကာရနံ့တွေကြောင့် ရီဝေကြရသလို ဖတ်ကနဲငုံခဲလိုက်သော သူ့သွားရဲ့အထိကြောင့် ကျွန်တော့်နှုတ်ခမ်းသားတွေ အထိတ်တလန့်ဖြစ်သွားရပါသေးတယ်။ ရင်ခုန်ရီဝေနေရာက နာသလိုလိုနဲ့ ရင်ထဲတဆတ်ဆတ်ခါသွားရအောင် စွမ်းဆောင်နိုင်လွန်းတယ်လေ။

ကျနော့်လက်မောင်းအစုံနဲ့ သူ့ခန္ဓာကိုယ် ရှည်သွယ်သွယ်ကို ဘယ်တော့မှမလွှတ်ချင်တော့တဲ့အတိုင်း ရစ်သိုင်းဖက်တွယ်ပစ်လိုက်ပါတယ်။ သူက အလွန့်ကိုဆွဲဆောင်မှုပြင်းထန်တဲ့လူပဲလို့ ကျနော်ပြောချင်ခဲ့သလို လမ်းလျှောက်ခွင့်လေးပေးပါဦး အနမ်းဖြေလျော့ပေးပါဦးလို့ မချင့်မရဲ ပြောချင်မိသေးတာပါ။ အခုအနေအထားအတိုင်းသူဆက်လုပ်နေရင်တော့ အသက်ရှူရပ် ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်ရတော့မှာဗျ။ “အိပ်ရာ”  သူ့ပါးစပ်က အသံထွက်ဖို့အဆင်ပြေချိန်မှာတော့ ကျနော့်ကို ဘယ်သွားရမည်ဆိုတာ အချက်ပြသလိုပြောပါတယ်။

ဘယ်နေရာကို သူလှဲလျောင်းချင်သည်ဖြစ်ပါစေ ကျနော်သူ့လက်အစုံကိုဆွဲကိုင်ထားခြင်းအား မလွှတ်မိသလို သူ ငရဲပြည်ပို့မလား ကောင်းကင်ဘုံကိုပို့မလား အဆင်သင့်ဆိုတဲ့ အနေအထားဖြစ်နေတာ မလွန်လောက်ပါဘူး။ သူလိုအပ်တာပေးဖို့အဆင်သင့်ပါပဲ။

သူ့အခန်းက တကယ့်ကို ရှင်းလင်းနေတာပါ။ ပရိဘောဂအကြီးကြီးတွေ မရှိသလို အဓိကအသုံးလိုတဲ့ ပစ္စည်းတွေလောက်သာ စနစ်တကျ သပ်သပ်ရပ်ရပ်တွေ့ရပါတယ်။ သူ့ စရိုက်သဘာဝက အပိုတန်ဆာဆင်တာကိုမလုပ် အမြဲလိုအပ်တာနဲ့ရှေ့ဆက်ဆိုတဲ့ ဟန်ပန်ဖြစ်ကြောင်း ကျနော် ရိပ်မိရပါတယ်။

သူ ကျနော့်ဘက်ကိုပြန်မျက်နှာမူလာချိန်မှာ ကျနော့်ထက်သူ နည်းနည်းလေး မဆိုသလောက် အရပ်နည်းနည်းနိမ့်တာကို ပထမဆုံးအကြိမ် သတိပြုမိတယ်ဗျ။ နှစ်လက်မလောက်ပါပဲလေ။ သူ့နှုတ်ခမ်းအစုံကို ကျနော်ကပဲ ပြန်လည်ကာ ငုံ့ကိုင်းနမ်းရှုံ့လိုက်ကာ အရသာစူးစမ်းမှုကိုပြု လုပ်လိုက်ပါတယ်။ သူ့အထိအတွ့ကို ခံစားမြည်းစမ်းကြည့်ဖို့ ကျနော်ဘယ်တော့မှ မမောပန်းလောက်ပါဘူး။ ဟုတ်တယ်…ကျနော် မမုန်း လောက်ဘူးထင်တယ်။

သူ့လက်တွေဟာ ကျနော်ဝတ်ထားတဲ့ ရှပ်အကျီက ကြယ်သီးတွေကို စဖြုတ်တယ်။ ပခုံးသားတွေကိုအသာပွတ်သပ်ပြီးကျွတ်သွားအောင် ချွတ်လိုက်တာကို သတိမမူမိဘူး သူ့လက်ချောင်းလေးတွေက ကျနော့်ကိုယ်ခန္ဓာကိုယ်ထိကိုင်လိုက်ချိန်မှာ လျှပ်စစ်နဲ့တို့လိုက်သလို တုန်သွားမှ အာရုံကပ်မိတော့တယ်ပြောရမယ်။ တစ်ကိုယ်လုံးကို တဖျတ်ဖျတ်စီးသွားသလိုကို ခံစားရတာပါ။ အပြန်အလှန်သဘောလိုပါပဲ ဖုံးကွယ်ထားတဲ့ သူ့ခန္ဓာကိုယ်အလှကို ကျနော်လှစ်ဟလိုက်ပါတယ်။ ဘယ်လိုပဲတွေးတွေး သူ့ကိုယ်လုံးပုံရိပ်ဟာ တကယ်ပြည့်စုံတယ်လို့ ကျနော်တွေး ထင်မိဆဲ။

နှစ်ယောက်သားရဲ့ ကိုယ်အထက်ပိုင်းတွေဟာ အ၀တ်ကင်းမဲ့နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြိုးနဲ့ချည်နှောင်ထားသလို လက်မောင်း တွေဟာ ရောယှက်ကြရင်း ဘ၀တစ်ခုစာ အနမ်းချွေကြပါတယ်။ ချွေးအနည်းငယ်စို့နေတာကြောင့် ခန္ဓာကိုယ်တွေ ချော်ထွက်နေသလို ဆိုပေမဲ့ ရင်အုပ် ရင်အုပ်ခြင်းထိကပ်ထားကြတာပါပဲ။

အိုး….သူ့နှုတ်ခမ်းတွေဟာ နှုတ်ခမ်းသားတွေကတဆင့် ကျနော့်မေးဖျား၊ ကျနော့်လည်တိုင်တွေဆီ ခပ်ဖြည်းဖြည်းရွှေ့ပြောင်းသွားတယ်။ ပြီးတော့ ကျနော့်နို့သီးခေါင်းတစ်ဝိုက် တပြွတ်ပြွတ်မည်အောင် အနမ်းချွေပြီးနောက်မှာတော့ နို့သီးခေါင်းလေးကို အသာကိုက်ခဲလိုက်ရော။ သူ့ပြုမူလုပ်ဆောင်ချက်တွေကြောင့် ကျနော် ကြက်သီးတွေ တဖျင်းဖျင်းထရသလို နို့သီးခေါင်းလေးတွေလည်း အနည်းငယ်မာတောင့်လာ ပါတယ်။ အချိန်အနည်းငယ်အကြာမှာတော့ သူ့နှုတ်ခမ်းသားတွေဟာ ရှာဖွေမှုခရီးရှေ့ဆက်တယ်။ ဖယောင်းတိုင်လုံးလေးတွေလို ညီညာလှပ တဲ့ သူ့လက်ချောင်းတွေဟာ ကျနော့်ဘောင်းဘီဇစ်တလျောက် အသာပွတ်သပ်ပြီးမှ ဇစ်ခေါင်းလေးကို အသာဆွဲချပြီးဖွင့်ပါတယ်။ ရုတ်တရက် သူ ဒူးထောက်ထိုင်ချလိုက်ပြီး ကျနော့်ဂျင်းဘောင်းဘီခါးတစ်ဝိုက်ကို အနမ်းဖွဖွဆက်တိုက်ပေးရင်း ကြယ်သီးကိုအသာဖြုတ်လိုက်တယ်လေ။ ၀တ်ထားတဲ့ ဂျင်းဘောင်းဘီထဲမှာ ဘာမှခံမ၀တ်ထားတာကြောင့် သူ့နှုတ်ခမ်း သူ့နှာခေါင်းဝကတစ်ဆင့် တိုးထွက်နေတဲ့ လေငွေ့နွေးနွေးတွေ ကို ကျနော်ခံစားသိရှိနိုင်နေတယ်။ အာ…ရှလွတ်ကနဲမြည်အောင်ပဲ ကျနော့်ငပဲကို သူ့လျှာတွေ နှုတ်ခမ်းသားတွေ သွားတွေကြားကနေ အာခံတွင်းထဲကို စုပ်ယူခြင်းခံလိုက်ရတာ ဆွေမျိုးမေ့မတတ်ပါ။

ကျနော် ဘယ်လိုသာယာမိမှန်းမသိဘူး ပြန်မပြောပြတတ်ဘူးဗျာ…သူ့နှုတ်ခမ်းသားတွေ လျှာတွေနဲ့ ငပဲကို ရစ်သိုင်း စုပ်မျိုထားခြင်းခံရတဲ့ ခံစားချက်ကိုလေ။ ကြုံဆုံရတဲ့အခုညလေးမှာ ပထမဆုံးအဆင့်တစ်ခုကို စတင်လိုက်ချိန်မှာပဲ အရင်က မကြုံမဆုံဘူးတဲ့ ပြုစုမှုမျိုးကို ကျနော် ခံစားလိုက်ရခြင်းဖြစ်ပါတယ်။ ပြန်တွေးမိလိုက်တိုင်း ကြက်သီးမွှေးညှင်းထစေမယ့် အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါရဲ့။ အစပိုင်းတုန်းကတော့ ငပဲ ထိပ်ပိုင်းလေးပါပဲ။နောက်တော့ တဖြေးဖြေးနဲ့ တံတွေးများရဲ့ချောမွေ့မှုနဲ့အတူ တစ်လက်မခြင်း သူ့အာခံတွင်းထဲတိုးဝင် တိုးထွက်ဖြစ် လာပါ တယ်။

အခုအချိန်အခိုက်အတန့်လေးမှာပဲ ကျနော် သူ့ကို ချစ်ခင်မြတ်နိုးတဲ့စိတ် စုံမက်မြတ်နိုးတဲ့စိတ်ခံစားလာရပါတယ်။ ကျနော့်ခြေဖျားလေးတွေ တဆတ်ဆတ် တုန်ခါသွားရလောက်တဲ့အထိ ပြုစုမှုက အထာကျလွန်းတာများ သူ့နှုတ်ခမ်းသားတွေ ငပဲအရင်းကိုရောက် ဆီးစပ်က အမွှေးနု တွေနဲ့ နှာခေါင်းထိကပ်တဲ့အထိပါ။ တစ်ဖက်သော သူ့လက်ကလည်း ကျနော့်ရွှေဥတွေကို အသာအယာနှိပ်နယ်ဆုပ်ကိုင်ပြန်တော့ ကျနော့် တကိုယ်လုံးက အားတွေဆုပ်ယူသွားတဲ့အတိုင်း ဒူးတွေညွှတ်ကိုင်းကျမတတ်ဖြစ်ရပါတယ်။ ကျနော့်ငပဲစံချိန်မှီတစ်ချောင်းလုံးကို သူ့အာခံတွင်း အဆုံးအတွင်းထဲထိ ရောက်နိုင်သမျှရောက်အောင်သွင်းထားတယ် တကယ်။ ပုံဖော်ပြောပြဖို့ မစွမ်းသာလောက်အောင်ပါပဲ ကျနော့်နှလုံးခုန်သံ တွေ ကျယ်လောင်တာနဲ့အမျှ ငြင်းဆန်ရှောင်ဖယ်ဖို့စိတ်တွေ ကင်းမဲ့နေတာအပြင် ဒီလိုအပြုအစုမျိုးကို တသက်တာပိုင်ဆိုင်သွားချင်စိတ် လောဘတက်လာမိပါတယ်။ 

အခြားလက်တစ်ဖက်ကို သူ့ဘောင်းဘီဇစ်ဟဟထဲ လက်လျှိုသွင်းပြီး ငပဲကိုဆုပ်ကိုင်ကစားနေပါတယ်။ ကျနော်တို့နှစ်ဦးသားရဲ့စိတ်အဟုန် ဟာ ပေါက်ကွဲကာနီး မီးတောင်တစ်ခုလို လှုပ်ခါနေတာ သိသာနေရော။ အာ…အ…ကျနော် သူ့ကို သတိပေးလိုက်သင့်တယ်ဆိုပေမဲ့ မထိန်းနိုင်စွာ ပါးစပ်ထဲအပြည့်နည်းပါး သုက်ရည်တွေကို ပန်းထည့်ပစ်လိုက်မိပါတယ်။ ဟိုထိုးဒီကလိ ကစားနေသော သူ့လျှာပေါ်နဲ့ နှုတ်ခမ်း သားတွေပေါ် သုက်ရည်ပန်းထုတ်မိတဲ့အပြင် ကျနော့်ပါးစပ်က အော်ညည်းသံကလည်း အိပ်ခန်းမျက်နှာကျက်တွေနဲ့ ရိုက်ခတ်ကာ ပဲ့တင်သံထွက်လာတယ်။

ဟူး…..။
အသက်ကောင်းကောင်းရှူဖို့ ကြိုးစားနေချိန်မှာပဲ သူငုတ်တုတ်ထိုင်နေတာကို ကျနော်ဆွဲထူမတ်တပ်ရပ်စေလိုက်ပါတယ်။ အနီးကပ်ရလိုက်တဲ့ သူ့ကိုယ်သင်းနံ့က နောက်တစ်ကြိမ် ကျနော့်စိတ်တွေထန်လာစေဖို့ လုံလောက်တဲ့ နှိုးဆွမှုတစ်ခုဖြစ်လှပါတယ်။ ကျနော့်အထင် သူ့ဆီးခုံမွှေး တွေကိုလည်း Shampoo နဲ့ကောင်းကောင်းလျှော်ပြီး သန့်ရှင်းပုံရတယ်ဗျ။ ဘယ်လိုအနံ့လေးလဲမသိဘူး သစ်သီးစုံနံ့လေးတွေလိုလိုပါ။ ကျနော့်မျက်နှာနဲ့ သူ့ဆီးခုံအနှံ့၊ လိင်အင်္ဂါအပြင် ပေါင်ခြံတ၀ိုက်ကို ပွတ်သပ်ဖိကပ်ရင်း ရလောက်သမျှ သာယာမှုကိုပေးသလို ရယူမိပါတယ်။ သူ့ငပဲကို ကျွန်တော့်နှုတ်ခမ်းသားတွေနဲ့ ပွတ်သပ်မိတော့ တဖြည်းဖြည်းမတ်လာတဲ့ ငပဲဟာ မျက်စိရှေ့မှာပဲ ဒုံးပျံတစ်စင်းလိုမိုးပေါ်ချိန် တွယ်လာပါတယ်။ ငုံစုပ်မှုမလုပ်သေးဘဲ အပြန်ပြန်အလှန်လှန် နှုတ်ခမ်းသားနဲ့ပွတ်နေတဲ့ ကျနော့်ဦးခေါင်းကို သူ့လက်နှစ်ဖက်နဲ့ထိန်းကိုင် လိုက်ပြီး ခါးကိုငုံ့ကိုင်းကာ နောက်တစ်ကြိမ်အနမ်းပေးတယ်ဗျ။ အရင်ကမကြုံဘူးတဲ့ အတွေ့အကြုံတစ်ခုလို့ပြောရမယ် ကိုယ့်သုက်ရည်စိုနေ ဖုံးနေတဲ့ လူတစ်ယောက်ရဲ့နှုတ်ခမ်းကို ကျနော့်လျှာတွေ သွားတွေနဲ့ထိကပ်ရခြင်းဖြစ်ပါတယ်။ သူ့ပါးစပ်ရဲ့ အတိုင်းအတာ မီလီမီတာတိုင်းကို ကျနော့်လျှာနဲ့ လျက်ပြုရင်း တပ်မက်စွာအနမ်းစစ်ပွဲစတင်မိတာ အရှင်းအလင်းပါပဲ။

“အရမ်းမိုက်တယ်ကွာ….That was amazing,” သူ အသက်ပြင်းပြင်းရှူလိုက်ရင်း စကားညည်းဆိုတယ်။ ပြီးတော့ ကျနော့်ခါးအစပ်က ဂျင်းဘောင်းဘီကို သူလက်နဲ့ အောက်ကိုဆွဲချပြီး အကုန်ချွတ်ပစ်လိုက်တယ်။

တစ်ယောက်ရဲ့ အ၀တ်အစားကို တစ်ယောက်က ချွတ်ပြုပေးပြီးနောက်မှာတော့ ကျနော်တို့လက်တွေထွေးယှက်ပြီး အိပ်ယာပေါ်ကိုလှဲလျောင်း လိုက်ကြပါတယ်။ အိပ်ရာနဲ့မနီးမဝေး ဘီရိုပုလေးထဲကနေ ကွန်ဒုံးနဲ့ချောဆီထုပ်တွေထည့်ထားတဲ့ ခြင်းငယ်လေးကို သူထုတ်ယူပေးတယ်ပေါ့။ ခန္ဓာကိုယ်အနွေးဓာတ်ခြင်းဖလှယ်နေရင်းမှ ကျနော့်စိတ်ထဲ ယားကျိကျိဖြစ်လာရရင်း သူ့ငပဲတစ်ခုလုံး ကျနော့်ခရေ၀ထဲမြှုပ်ထားချင်မိသလို ခံစားလာမိရော။ ပက်လက်အိပ်နေတဲ့ ကျနော့်အပေါ် ငုံ့ကိုင်းကြည့်နေရင်း ကျနော့်ခြေနှစ်ဖက်ကို သူ့ပခုံးပေါ်ထမ်းတင်လိုက်ကာ ငပဲကို ခရေ၀ထဲထိုးသွင်းဖို့ ဟန်ပြင် အဆင်သင့်ဖြစ်တာနဲ့ အဆုံးထိဖိသွင်းချလိုက်တော့တာပါ။ လုပ်ရပ်က အလောသုံးဆယ်နိုင်သော်လည်း ငပဲတချောင်းလုံး အတွင်းထဲရောက်ပြီးနောက် သူလှုပ်ရှားမှုဆက်မလုပ်ဘဲ ကျနော့်ကိုယ်လုံးကို ခပ်တင်းတင်းထွေးဖက်ပါတယ်။ နောက်တော့ အထုတ်အသွင်းလေး ခပ်မှန်မှန်လုပ်သလို သူ့အကြည့် သူ့မျက်ဝန်းတွေဟာ ကျနော့်မျက်လုံးတွေကို အဆက်မပြတ်စိုက်ကြည့်နေတာကြောင့် ငပဲတချောင်းလုံး ခရေ၀ထဲ သိမ့်ကနဲအိမ့်ကနဲဝင်တာကို ခံစားရမိသလို သူ့စိတ်အလျဉ်ကိုလည်း ဖတ်ရှုလို့ရနေပါတယ်။

တစ်ချက် တစ်ချက် အချွန်နဲ့ထိုးဆောင့်လိုက်သလို ခံစားရတဲ့အချိန်မှာတော့ ကျနော့်နှုတ်ဖျားကနေ ကျယ်ကျယ်လောင်လောင် အော်ညည်းမိပါ တယ်။

“ဒါပဲကွာ…အော်စမ်း…ကိုဇင်…ကြိုက်သလိုအော်…ဖီးလ်ပဲ” သူက သဘောတကျဖြစ်သလို အားပေးရင်း ငပဲခပ်ရှည်ရှည်ကိုလည်း အဆုံးထိ ဆောင့်ဆောင့်သွင်းပါတယ်။ သူ့စိတ်ထဲရှိသလောက် ကိုယ်ခန္ဓာက အားအင်စွမ်းသလောက် ထင်တိုင်းကြဲမုန်တိုင်းထန်တာများ အခန်းက အသံလုံ ခုတင်က ကြံ့ခိုင်လို့တော်တော့တယ်။ ခဏအကြာမှာတော့ သူ့နှုတ်ဖျားက အော်ညည်းသံနဲ့အတူ ခါးကိုဆတ်ကနဲ ဆတ်ကနဲ ကော့ကော့လှုပ်ရှားရင်း သုက်ရည်တွေကို ကွန်ဒုံးထဲအပြည့်ဖြည့်ပါတယ်။ ကျနော်သည်လည်း သူ့ခံစားချက်နဲ့အတူ ရင်ထဲတသိမ့်သိမ့် လှုပ်ရှားရင်း ကြည်နူးပီတိဖြစ်မိရော။

သူ ကျနော့်ရင်ခွင်ထဲ လှဲချလိုက်ရင်း ကျနော့်ပခုံးတ၀ိုက်ကို သူ့လက်မောင်းတွေနဲ့ထွေးဖက်ပါတယ်။ ကျနော့်နှုတ်ခမ်းတွေကို အဆက်မပြတ် နမ်းရင်း အခြားဘယ်သူတစ်ဦးတစ်ယောက်မှ နှစ်လိုလက်ရမပြောဘူးသော စကားကိုတီးတိုးဆိုပါတယ်။ “ကိုဇင်နဲ့ အတူနေရတာ ညီ့အတွက် အကောင်းဆုံးပဲဗျာ” တဲ့။ ကျနော့်အသည်းနှလုံးတွေ အရည်ပျော်ကျကုန်သလား? လိင်ဆက်ဆံပြီးတိုင်း သူပြောနေကြစကားတွေများလား? ကျနော် အဖြေကို အခုကတည်းကသိပြီးသားပါ။ ဒါပေမဲ့ မသိချင်ယောင်ဆောင်လိုက်တော့မယ်။

သူ့ငပဲက ကွန်ဒုံးကို အသာအယာချွတ်လိုက်ပြီး ကျွမ်းကျင်စွာ အထုံးထုံးလိုက်ရင်း အိပ်ရာဘေးက အမှိုက်ပုံးလေးထဲကို သူကိုယ်တိုင်ထည့် လိုက်တယ်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ငြင်သာစွာ တို့ထိထားနေရင်း သာယာချမ်းမြေ့စွာလှဲလျောင်းနေမိကြတယ်။ ဒီည ကျနော့်ငပဲကိုဆွ သူ့ခရေ၀ထဲထည့်သွင်းဦးမလား ကျနော်မသိဘူး။ အချို့သော ငနဲတွေဟာ သူတို့ကသာ ထိုးသွင်းဆက်ဆံချင်ကြတာ သူတို့ကို ထိုးသွင်းဆက်ဆံခံဖို့ကြတော့ သဘောမကျတတ်ကြဘူး။

သူ ကျနော့်ပါးတစ်ဖက်ကိုနမ်းလိုက်ပြီးနောက် ပျော်ရွှင်ကြည်နူးမှုနဲ့အတူ ရယ်မောပါတယ်။
“စီးကရက်?”  သူ မေးလည်းမေး ခုတင်ဘေးက မီးအုပ်ဆောင်းလေးက မီးလုံးကိုဖွင့်ရင်း စီးကရက်ဘူးကို လှမ်းဆွဲယူလိုက်ပါတယ်။ ကျနော် သူ့ကိုကြည့် ပြုံးမိရရင်း စီးကရက်တစ်လိပ်ကို ယူလိုက်ပါတယ်။ “အင်း….နည်းနည်းတော့ဖွာမယ်လေ” လို့ဖြေမိတယ်။

ကျနော့်မျက်နှာပေါ် ငုံ့ကိုင်းလိုက်ပြန်ရင်း နှုတ်ခမ်းတွေကို နုနုညံ့ညံ့အနမ်းချွေသလို ပါးပြင်တွေ ရင်အုပ်အပေါ် ညင်ညင်သာသာတို့ထိပါတယ်။ သူ အဲ့သလိုလုပ်ဖို့မလိုဘူးလေဗျာ…ကျနော့်တကိုယ်လုံးကို သူပိုင်ဆိုင်ပြီးသားပဲဟာ။ ဒါပေမဲ့ သူ့အနမ်းတွေဟာ ပြင်းထန်လာသလိုပဲ။ အိုး….ဟင့်အင်း။

“ကိုဇင့် ငပဲကြီး…ညီ့ထဲဝင်တဲ့ဖီလင်ကို ခံစားကြည့်ချင်လာပြီ” သူ စကားတိုးတိုးဆိုရင်း ကျနော်နှုတ်ခမ်းဖျားမှာ စီးကရက်ကိုတပ်ပေးကာ မီးခြစ်နဲ့ မီးညှိပေးပါတယ်။

အေးစက်စက် ဖန်ဆေးလိပ်ခွက်ကို ကျနော့်ဗိုက်သားပြင်ချပ်ချပ်ပေါ် ရုတ်တရက်ဆိုသလိုတင်လိုက်ရင်း သူ ကျနော့်နံဘေးမှာ လှဲလျောင်းရင်း စီးကရက်ကိုဖွာလိုက်ရင်း ခဏငြိမ်သက်နေတယ်ဗျ။ စီးကရက်ကို တစ်ချက်နှစ်ချက် ဖွာလိုက်ရင်း ပြာခွက်ထဲထိုးခြေကာ မျက်ဝန်းများကို အသာမှေးလိုက်တဲ့ အခိုက်မှာပဲ သူ ကျနော့်တစ်ကိုယ်လုံးကို အကြည့်စူးနေကြောင်း အလိုလိုခံစားရပါတယ်။
“ကိုဇင်က အရမ်းကြည့်ကောင်းတာပဲ လှတယ်ဗျာ”  သူ့စီးကရက်ကို ပြာခွက်ထဲထည့်လိုက်ရင်း ခပ်ရိုးရိုးပြောတာပါပဲ။ ကျနော့်မှာ ပြုံးမိရရင်း “ညီလည်း လှပါတယ်ကွာ”လို့ ပြန်ပြောမိပါတယ်။

ကျနော့်ဗိုက်သားပေါ်က ဆေးလိပ်ပြာခွက်ကို သူဖယ်လိုက်ပြီးနောက် အိပ်ရာဘေး ဘီရိုပုလေးပေါ်က ကွန်ဒုံးအသစ်တွေနဲ့ ချောဆီထုပ်တွေကို ယူလိုက်ပါတယ်။ ကွန်ဒုံးအိတ်လေးတစ်ခုကို သူ့သွားနဲ့အသာမှေးကိုက်ထားရင်း လက်ချောင်းတွေကတော့ ကျနော့်ငပဲတ၀ိုက်ကို ပွတ်သပ် ကလိလာတယ်။ သိပ်တော့နှိုးဆွချိန်မယူရပါဘူး ရင်ခုန်မှုနဲ့အတူ ကျနော့်ငပဲက ပြန်ခေါင်းထောင်ထပါတယ်။ မတ်ထောင်လာတဲ့ ကျနော့်ငပဲကို လက်ချောင်းလေးတွေနဲ့ ဆုပ်ကိုင်ရင်း ကွန်ဒုံးကိုစွပ်ချလိုက်ပါတယ်။ ကွန်ဒုံးကို အဆင်ပြေအောင် အထက်အောက်ပွတ်သပ်ပေးပြီး ဖျစ်ညှစ်နေပုံ အရ သူ့ခရေ၀ထဲသွင်းဖို့အတော်လိုလားနေပြီဆိုတာသိသာတယ်။ ကျနော်ကလည်း အလိုက်တသိ သူ့ကို ပက်လက်လှဲအိပ်စေလိုက်ပြီး ပေါင်တံနှစ်ဖက်ကို အသာကားခိုင်း ခါးအောက်မှာ ခေါင်းအုံးတစ်ခုခုပေးရင်း ငပဲကိုချောဆီ ခပ်များများလေးရွှဲအောင်စွတ်လိုက်တယ်လေ။
သူ့ကို ကျနော်ဘယ်လောက်ထိ ချစ်စိတ်ဝင်သွားမိသလဲဆိုတာ ကိုယ်ခန္ဓာကပါ အလိုက်တသိ အကြမ်းမဖက်ဘဲ အသာအယာဖြစ်အောင် ကြိုးစားစရာမလို လုပ်ဆောင်နေမိတာသက်သေပါ။ သူ တကိုယ်လုံးလည်း ကြက်သီးတွေ တဖြန်းဖြန်းထနေသလို သူ့နှုတ်ခမ်းကိုသူ ကိုက်ထားရင်း ကျနော့်အနမ်းတွေကို ခံယူနေပါတယ်။

တကယ့်ကို ဖြေးညင်းစွာ၊ နုညံ့စွာ၊ပြီးတော့ တစ်ချက်ခြင်း rhythm မိမိ ကျနော် သူ့ကိုချစ်နေမိပါတယ်။ သူ့လက်အစုံကတော့ ကျနော့်တင်သားဆိုင်တွေကို ဆွဲကိုင်ပြီး သူ့ထဲပိုပိုရောက်အောင်ကြိုးစားတယ်။ မကြာခင်မှာပဲ ကျနော့်စိတ်တွေ မထိန်းနိုင်စွာ အမြန်နှုန်းကို ဆန္ဒတွေနောက်လိုက်ခိုင်းလိုက်ပါတယ်။ ခပ်ကြမ်းကြမ်းဆက်ဆံခံရတာ သူ့အတွက် ပထမဆုံးအကြိမ်ဆိုတာ အော်ညည်းသံတွေထွက်လာတာ ကိုကြားရတာနဲ့သိရသလို သဘောကျနေတာကိုလည်း ကျနော်အတတ်ဟောနိုင်တယ်။

ကျနော့်ဆီးအိတ်တွေ ပေါင်ခြံကိုပြေးကပ် ခြေဖျားတွေ တဆတ်ဆတ်တုန်ရင်း ငပဲကို သူ့ခရေထဲအဆုံးထိထိုးသွင်းလိုက်ကာ သုက်ရည်တွေကို ကွန်ဒုံးအပြည့်ဖြည့်ပေးလိုက်ပါတယ်။ ကျနော့်နှုတ်ဖျားက အော်ညည်းသံကလည်း အဖြူရောင်လက်တောက်နေတဲ့ နံရံတွေကို ပြေးကန်တဲ့ ပြိုင်မြင်းတစ်ကောင်ရဲ့ အဟုန်လို ရိုက်ခတ်တာများ ဟီးလို့ပါ။

ကျနော့်ငပဲကို သူ့ခရေကနေ အသာချွတ်ပြီး ခုတင်ဘေးဝယ် ဒူးထောက်ထိုင်လိုက်တဲ့ခဏ လျစ်လျူရှုထားမိတဲ့ သူ့ငပဲကို လက်နဲ့အသာ ဆုပ်ကိုင်လိုက်ပါတယ်။ သူလည်းပဲ အလုပ်များချင်မှာ….။

ကျနော့်လက်ကစားမှုကြောင့် အနည်းငယ်ပြန်မာလာသလို သူ့တင်ပါးတွေကို ကြွကြွမြှောက်ပင့်ရင်း လက်ချောင်းတွေကြား ငပဲကိုထိုးထိုးသွင်း ပါတယ်။ ချစ်စဖွယ် သူ့လှုပ်ရှားမှုတွေ ကြားရတဲ့ အသက်ရှူပြင်းသံတွေနောက် ကျနော့်လက်ကစားကျွမ်းကျင်မှုကို ပညာကုန်အသုံးပြုလိုက် တာ အချိန်သိပ်မကြာခင်မှာပဲ နောက်တစ်ကြိမ် ခပ်ပျစ်ပျစ်သုက်ရည်တွေကို သူပန်းထုတ်လိုက်ပြန်တယ်။

ကျနော့်ငပဲက ကျွတ်လုကျွတ်ခင်ဖြစ်နေသော ကွန်ဒုံးကိုအသာချွတ်ထုံးလိုက်ရင်း အိတ်ခွံနဲ့အတူ အမှိုက်ခြင်းထဲထည့်လိုက်ပါတယ်။ သူ့နံဘေးက မွေ့ယာပေါ်ကို မောပန်းစွာ ပီတိဖြစ်စွာနဲ့ လှဲလျောင်းလိုက်ပါတယ်။ ခဏအကြာမှာတော့ ကျနော့်ရင်ခွင်ထဲ သူတိုးဝင်လာရင်း ရင်အုပ်ပေါ်ကို သူ့ဦးခေါင်းလေးမှေးတင်တယ်။ ကျနော်ကလည်း သူ့ကျောပြင်ကို လက်တစ်ဖက်နဲ့ရစ်သိုင်းထွေးဖက်လိုက်ရင်း လက်ချောင်း ကလေးတွေကတော့ နုညံ့တဲ့သူ့အရေပြားအနှံ့ စက်ဝိုင်းသဏ္ဌာန်တို့ထိကစားမိတာပေါ့နော်။ လင်းနေတဲ့ စားပွဲပုပေါ်ကမီးလုံးကိုမှိတ် ညအိပ်မီး လေးပဲဖွင့် ထားလိုက်တဲ့ခဏ သူ့အသက်ရှူသံက တဖြေးဖြေးလေးလံလာကာ ကျနော့်ကိုယ်လုံးကို သူ့ခြေ သူ့လက်တွေနဲ့ ရစ်သိုင်းထွေးဖက် ရင်း အိပ်မောကျသွားပါတယ်။ ထွေးဖက်ခံရခြင်း ယုံကြည်စိတ်ချစွာ အတူအိပ်စက်ခြင်းဆိုတဲ့ နှစ်လိုမှုများနဲ့ ညတစ်ညကို ဖြတ်သန်းရ ပါတော့မယ်။

သူ့ဘက်ကို ကျနော့်မျက်နှာစောင်းငဲ့ကြည့်လိုက်တော့ မွှေးပျံ့နုညံ့တဲ့ သူ့ဆံနွယ်လေးတွေကို ထိကပ်နမ်းရှိုက်ခွင့်ရပါတယ်။ ကျနော့်ကိုယ်နံ့ကို သူ့ကိုယ်ပေါ်မှာ ရရှိနေပါရော။ ကျနော့်ကိုယ်ပိုင် ကိုယ်နံ့တွေကို သူ့ခန္ဓာကိုယ်အနှံ့မှာ ကောင်းကောင်းရရှိနေသလို ကျနော့်ကိုယ်ပေါ်မှာလည်း သူ့ကိုယ်သင်းနံ့ရနေတဲ့ ခံစားချက်က ဘယ်လိုပြောရမှန်းမသိအောင် ချစ်ဖို့ကောင်းလွန်းပါတယ်။ နောက်ဆုံး ကျနော့်နှုတ်ခမ်းသားလေးတွေနဲ့ သူ့နဖူးပြင်ကို ထိကပ်နမ်းရှိုက်လိုက်ပြီးမှ မျက်စိကိုပိတ်မှေးမှိတ်အိပ်စက်ခဲ့ပါတယ် ခင်ဗျ။

နံနက်ခင်းအရောက်မှာတော့ နှစ်ယောက်သားရဲ့ ဖုံးနံပါတ်တွေ ကိုယ်ရေးအချက်အလက်တွေ အပြန်အလှန်လဲလှယ်ကြတယ်။ ကျနော် သူ့ကို မထားခဲ့ချင်သော်လည်း တံခါးရွက်ကို အသာလှစ်ကာ လှမ်းလျှောက်ခဲ့ရတယ် ဆိုပါတော့။ တိုက်ခန်းလှေကားထစ် အကုန်မဆင်းရသေးခင်မှာပဲ သူ့ဆီကနေ ဖုန်းမက်ဆေ့စ်ရတယ် “ဒီည လာခဲ့နော်” ဘယ်လိုလာရမယ် ဘယ်အချိန်လာရမယ်ဆိုတဲ့ ဇာတ်ညွှန်းကိုသူပေးခြင်းပါ။ “လာခဲ့မယ်…ညီ” ကျနော် သူ့ဆီ စာတိုပြန်ရိုက်ပို့ပြီးနောက် တိုက်ခန်းတွဲကြီးရဲ့ အပြင်ကို အပြုံးခပ်ကြီးကြီး မျက်နှာမှာဆင်ယင်ရင်း ခပ်သွက်သွက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။

“ဟယ်လို….လောကကြီး….မင်္ဂလာနံနက်ခင်းပါ!!!”


Alex Aung (25 February 2017)

Saturday, February 11, 2017

HIV/ AIDS ဆိုတာ

HIV/ AIDS ဆိုတာ 
(အသက် ၁၂နှစ်အောက် မဖတ်ရ)


HIV/AIDS အကြောင်း ပြောပါမယ်ဆိုရင် လူတော်တော်များများက သိပ်မထူးဆန်းတော့သလို ခံစားရတတ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတော့ ဒီရောဂါဟာ တအားဟော့ခဲ့တယ်။ ခုချိန်မှာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိချင်နေကြသလိုပေါ့။ ခုနောက်ပိုင်းမှာ HIV ဆိုတာ လိင်ကတစ်ဆင့် ကူးစက်တယ်၊ ခုခံအားကို ကျစေတယ်၊ AIDS ဆိုတာက HIV ပိုးဝင်ပြီး ခုခံအားကျလာတဲ့ အခြေအနေကို ခေါ်တယ် ဆိုတာလောက်တော့ တော်တော်များများ သိလာကြပါပြီ။

ဒါပေမယ့် အဲဒီလိုသိတော့ ကူးစက်ခံရမှုတွေ မရှိတော့ဘူးလား၊ ကမ္ဘာမှာ ရောဂါပိုးကူးစက်ခံရသူ အသစ်တွေ ထပ်မပေါ်လာတော့ဘူးလား။

မဟုတ်ပါဘူး။ ကူးစက်ခံနေရဆဲ၊ ရှိနေဆဲဖြစ်ပါတယ်။ UNAIDS ရဲ့ အချက်အလက်များအရ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ လူနှစ်သန်းလောက်ဟာ HIV ပိုး အသစ်ကူးစက်ခံရနေရတယ်လို့ သိရပါတယ်။

ဘာကြောင့်ပါလဲ။ လူငယ်တွေကို မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ပေးမထားခြင်း၊ ပြည့်တန်ဆာတွေရဲ့ အနေအထား စတဲ့အကြောင်းရင်းခံတွေ အများကြီးပဲ ရှိပါတယ်။ ဒီပို့စ်မှာတော့ လူငယ်တွေ၊ အိမ်ထောင်သည်တွေ သိသင့်တဲ့အချက်တချို့ကို ဦးစားပေးဆွေးနွေးပါမယ်။

လေ့လာချက်တွေအရ HIV ပိုး အသစ်ကူးစက်ခံရသူ အိမ်ထောင်သည်အမျိုးသမီးတွေထဲမှာ တော်တော်များများက ကိုယ့်ယောကျာ်းဆီကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ အဲဒီယောကျာ်းတွေကရော ဘယ်ကနေ ရပါသလဲ။ အပျော်အပါး လိုက်စားခြင်းကနေ အများဆုံးရပါတယ်။ ပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတယ်၊ နောက်ပြီး ခုနောက်ပိုင်းမှာဆို အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာတွေပါ ရှိလာတယ်။

အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူနဲ့ Gay (မိန်းမလျာ)နဲ့ကို မရောထွေးစေလိုပါဘူး။ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတိုင်းကို Man who have sex with man (MSM) လို့ ခေါ်ပါတယ်။ အဲဒါက မိန်းမလျာလည်း ဖြစ်နိုင်တယ်၊ သူနဲ့ဆက်ဆံဖက်ဟာလည်း MSM ပါပဲ။ မြင်သာအောင် ဥပမာပေးရရင် ရုပ်ရှင်မင်းသားနဲ့ မိတ်ကပ်ဖန်တီးရှင်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်ဆိုပါစို့။ နှစ်ယောက်လုံးသည် MSM ဖြစ်တယ်။ ဆိုလိုတာက မိန်းမလိုဝတ်စားထားမှ မဟုတ်ဘူး။ ယောကျာ်းရင့်မာကြီးလည်း ဖြစ်နိုင်တယ်၊ မှုန်နေအောင်ချောတဲ့ မင်းသားကလည်း MSM ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ့ယောကျာ်းက ကျားကျားလျားလျားကြီး၊ ဒါမျိုးမဟုတ်ဘူးလို့ သတ်မှတ်လို့မရဘူး။ ဒါသည် အပြင်ပန်းသဏ္ဍန်နဲ့ မဆိုင်ဘူး။ သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှု (Sexual orientation) နဲ့ပဲ ဆိုင်တယ်။ အဲဒါကို သဘောပေါက်မထားဘဲ အမှုမဲ့အမှတ်မဲ့နေလိုက်လို့ မရဘူး။

ဟိုတစ်လောက မိန်းမလျာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ခု သူက AIDS ဖြစ်နေပြီ။ သူ့ဇာတ်လမ်းက ရင်နင့်စရာလည်း ကောင်းသလို၊ သူပြောတာ ဖတ်ရင်း ပိုရင်နင့်သွားရတာလည်း ရှိတယ်။ ဘာလဲဆိုတော့ နောက်ဆုံးပေါင်းသင်းခဲ့တဲ့ ယောကျာ်းက သူရောဂါဖြစ်မှန်းလည်းသိရော၊ သူ့ကိုစွန့်ပစ်သွားပါသတဲ့၊ ခုတော့ ရပ်ကွက်တစ်ခုမှာ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းသင်းနေတယ်လို့ သတင်းကြားတယ်တဲ့။ သူတောင် ဒီရောဂါဖြစ်နေမှတော့ အဲဒီယောကျာ်းမှာလည်း ကူးစက်ခံနေရမှာ အသေအချာပါပဲ။ ရောဂါလက္ခဏာမပြသေးတာပဲ ရှိမယ်။ အဲဒါကို နောက်မိန်းမယူလိုက်တော့ ဒီမိန်းမဆီလည်း ကူးလောက်ပြီ။ ထပ်ပြီး အဲဒီမိန်းမမှာများ ကိုယ်ဝန်ရလာခဲ့ရင်၊ ကျွန်တော် ဆက်မတွေးနိုင်တော့ဘူး။ ဒီလိုနဲ့ မြာပွေတဲ့သူတွေမှ ဖြစ်တယ်လို့ သိခဲ့ကြတဲ့ ဒီရောဂါဟာ ဘုမသိဘမသိ အမျိုးသမီးတွေ၊ ခုမှလူ့လောကထဲ ရောက်လာတဲ့ ကလေးငယ်တွေမှာပါ တွေ့လာရတော့တာပဲ။

တစ်ခါကလည်း တက္ကသိုလ်ကျောင်းသားတစ်ယောက် ဆေးခန်းလာပြပါတယ်။ လိင်အင်္ဂါမှာ အနာဖြစ်လို့ပါ။ ကာလသားရောဂါပေါ့။ မေးကြည့်တော့ နေရာတစ်ခုကို သွားထားတယ် တဲ့။ ရည်းစားရောရှိလား ဆိုတော့ ရှိတယ်၊ သူနဲ့ရော ဆိုတော့ သူနဲ့လည်း နေဖြစ်တယ် တဲ့။ အဲဒါနဲ့ပဲ အဲဒီကောင်မလေးကိုပါ ဆေးကုဖို့လိုမယ့်အကြောင်း ဆွေးနွေးပေးခဲ့ရတယ်။ အဲဒီကောင်လေးနဲ့ ကောင်မလေးဆို အိမ်ထောင်တောင်မကျသေးဘူး။ ရောဂါပိုးနဲ့က လက်တစ်ကမ်းဖြစ်နေပြီ။

ဒါကို ကျွန်တော်တို့ ဘယ်လိုတားဆီးမလဲ။ (၄)ချက် ဆွေးနွေးလိုပါတယ်။

၁။ တစ်ခါတည်း ပေမယ့်လည်း

တစ်ခါတည်းပါ ဆိုတဲ့ စိတ်ကို ပြင်ရမယ်။ ဒီပိုးဟာ ကိုယ်ခန္ဓာထဲဝင်ပြီး နှစ်ကာလအတော်ကြာမှ လက္ခဏာစပြတာမို့လို့ မျက်စိနဲ့ကြည့်ရုံနဲ့ ပိုးမရှိဘူးလို့ ပြောမရနိုင်ဘူး။ သွေးစစ်ကြည့်မှပဲ သိနိုင်တာ။ အသားဖြူဖြူ၊ ချောချောလှလှလေးတွေမှာလည်း ရှိနေနိုင်တာပဲ။ နောက်ပြီး တစ်ကြိမ်တစ်ခါလောက် ဆက်ဆံမိရုံနဲ့လည်း ကူးသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတည်းပါဆိုပြီး ပေါ့လို့မရပါဘူး။

လူငယ်တွေကလည်း တစ်ကြိမ်တစ်ခါ လက်တည့်စမ်းနိုင်တာပဲ၊ အိမ်ထောင်သည်တွေကိုလည်း အမြဲသစ္စာရှိနေမယ် တွက်ထားလို့ မရပါဘူး။ ဒါကြောင့် သတိထားစေလိုတာက ဘယ်သူနဲ့ပဲဆက်ဆံဆက်ဆံ၊ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကွန်ဒုံးအမြဲသုံးဖို့ လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတွေအနေနဲ့လည်း ကွန်ဒုံးပါမလာဘူးဆို လက်မခံပါနဲ့။ အကယ်၍ ကိုယ့်မှာ အဆင်သင့်ပါမလာဘူးဆိုရင်တော့ စိတ်တွေအရမ်းပြင်းထန်နေချိန်မှာ ထိုးသွင်းဆက်ဆံခြင်းမဟုတ်တဲ့ နည်းတွေသုံးလို့ရပါတယ်။ ဥပမာ တစ်ယောက်ကိုတစ်ယောက် လက်နဲ့အာသာဖြေပေးတာမျိုးပေါ့။ ကွန်ဒုံးသုံးရင် ခံစားမှုကို လျော့စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသုံးဘဲနေလိုက်ရင် ကိုယ့်တစ်ဘ၀လုံးကို ဒုက္ခဖြစ်သွားနိုင်ပါတယ်။

၂။ လက်မထပ်ခင် သွေးစစ်ပါ

တစ်ကြိမ်တစ်ခါနဲ့ ကူးစက်နိုင်တဲ့ ရောဂါမို့ မမျှော်လင့်ဘဲ ကိုယ့်ချစ်သူဆီမှာ ဒီပိုးက ရှိနေနိုင်ပါတယ်။ ဒီအတွက် လက်မထပ်ခင် သွေးစစ်ဆေးကြည့်ပါ။ ဒါဟာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်လို့မဟုတ်ဘဲ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခု အဖြစ် မြင်ပေးပါ။ သစ္စာရှိပါတယ်ဆိုပေမယ့်လည်း တစ်ကြိမ်တစ်ခါလောက် မှားသွားတယ်ဆိုတာမျိုးက ရှိနိုင်တာမို့ ဒါဟာ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနဲ့ မသက်ဆိုင်ဘဲ ကိုယ့်မိသားစုနောင်ရေး၊ ကိုယ့်ဆီရောက်လာမယ့် သားသမီးတွေနောင်ရေးအတွက် အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။

၃။ အိမ်ထောင်သည်အချင်းချင်း ပွင့်လင်းပါ။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုမှာ အချစ်အပြင် လိင်ကိစ္စဆိုတာကလည်း ပါဝင်လာပါတယ်။ လိင်စိတ်ဆိုတာက တော်တော်ကို ဆန်းကြယ်တဲ့အရာပါ။ လိင်တူလိင်ကွဲရှိမယ်၊ ပုံမှန်ရှိတဲ့သူ၊ ပြင်းထန်တဲ့သူရှိမယ်၊ ဘယ်လိုပုံစံနဲ့ဆက်ဆံရတာကို သဘောကျတယ်ဆိုတာမျိုးတွေ ကွဲမယ်။ အများအားဖြင့် ကျွန်တော်တို့ဆီက စုံတွဲအများစုဟာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လေ့မရှိကြပါဘူး။ အမျိုးသမီးတွေကလည်း အစဉ်အလာထိန်းကွပ်မှုတွေအောက်မှာ အနေကြာခဲ့တော့ ဒါက ရှက်စရာလို့မြင်တယ်၊ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောရင် မကောင်းတဲ့မိန်းမလို့ ထင်သွားမလား စိုးရိမ်ကြတယ်။ ယောကျာ်းကပဲ ဒီကိစ္စတွေမှာ ဦးဆောင်သလို ဖြစ်နေတယ်။ ဒီအခါမှာ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ဆန္ဒမပြည့်ဝမှုတွေ ဖြစ်လာရတယ်။ ဒီအခါ တစ်လင်တစ်မယားစနစ် ကျင့်သုံးဖို့ရာ မလွယ်တော့ဘူး။

၎။ တာဝန်ယူတတ်ပါစေ

ကိုယ်က မတော်တဆ မှားယွင်းခဲ့တယ်ဆိုလည်း ဒါဟာ အန္တရာယ်ရှိတဲ့၊ ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အပြုအမူမျိုးဆိုတာ သိရမယ်။ သွေးစစ်ဖို့ဆိုတာကလည်း ပိုးဝင်ပြီးအနည်းဆုံး(၃)လနေမှ စစ်လို့ပေါ်တာ။ ဒီမတိုင်ခင်က စစ်လည်း Negative ပဲ။ ဒါကြောင့် သွေးစစ်လို့မရသေးမချင်း ကိုယ့်ဆီမှာများ ကူးစက်နေခဲ့ရင် ဆိုတဲ့ အသိနဲ့ ကိုယ့်ဆီကနေ တခြားလူဆီ မရောက်ဖို့ တာဝန်ယူရလိမ့်မယ်။ ဆိုလိုတာက ခုနက ကောင်လေးလို ကိုယ်တစ်နေရာသွားထားမိတာ သိသိကြီးနဲ့ ချစ်သူကောင်မလေးနဲ့လည်း အတူနေနေတာမျိုး မလုပ်သင့်ဘူး။ ကိုယ့်အရင်ယောကျာ်းက HIV ပိုးကူးစက်ခံခဲ့ရတယ်။ ကိုယ့်ဆီမှာလည်း ရှိနေနိုင်တယ်။ အဲဒါကိုကြောက်လို့ သွေးမစစ်ဘူး၊ နောက်ယောကျာ်း ထပ်ယူတယ်။ နောက်တော့မှ သိသွားတော့ လင်မယားလည်းကွဲ၊ ပြဿနာတွေလည်းတက်၊ နောက်ယောကျာ်းမှာလည်း နေရင်းထိုင်ရင်း ရောဂါကူးစက်ခံခဲ့ရတယ်။ ဒါကြောင့် ကိုယ့်မှာကူးစက်ခံရနိုင်ချေ ရှိတယ်ဆိုရင် လိင်ဆက်ဆံခြင်းကို ရှောင်တာမျိုး၊ သွေးမလှူတာမျိုး လုပ်ပေးဖို့ လိုပါတယ်။

HIV ပိုးကာကွယ်ဖို့ဆိုရင် ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ ဒီ(၄)ချက်ကတော့ အိမ်ထောင်သည်တွေ၊ လူငယ်တွေအတွက် သိထားသင့်တဲ့အချက်တွေမို့ ရေးလိုက်ရတာပါ။

အဓိကကတော့
လိင်တူလိင်ကွဲ၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ပါစေ၊ ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးအမြဲသုံးပါ။
လက်မထပ်ခင် သွေးစစ်ပါ။ အိမ်ထောင်ရေးမှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
မတော်တဆ ဖြစ်လာခဲ့ရင်လည်း တာဝန်ယူတတ်တဲ့အသိလေး ထားပေးပါ။

ဒေါက်တာ ဖြိုးသီဟ
၂၅.၁.၂၀၁၇ (166/12/2017)



Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

Friday, February 3, 2017

L နဲ့ G များကိုဘယ်လိုနားလည်ရမလဲ

L နဲ့ G များကိုဘယ်လိုနားလည်ရမလဲ (How to Understand Gay and Lesbian People)



ကာလကြာရှည်ဆွဲကိုင်ထားတဲ့ အယူအဆတွေနဲ့ ဆန်းစစ်နေမယ်ဆိုရင်တော့ ကြောက်ရွံ့မှုတွေနဲ့အတူ ရောထွေးမှုတွေမကင်းတဲ့ သံသယ အမြင်တွေကြောင့် ဘယ်လိုနားလည်မှုပေးနိုင်မလဲတွေးစရာပါ။ သင့်ရဲ့ စာရိတ္တမဏ္ဍိုင် (အကျင့်စာရိတ္တ) ကို လေးလေးနက်နက်တွေးတော ဆင်ခြင်ခြင်းဟာ လောကကျင့်ဝတ် လူသားကျင့်ဝတ်နဲ့ ညီညွတ်တဲ့ဘ၀ကို ဦးတည်ရာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။။ လက်သင့်ခံဖို့ သင်အခက်တွေ့တဲ့တစ်စုံတစ်ရာကို နားလည်သယောင်မခံစားသင့်ပါ။ ကံအားလျော်စွာပဲ LGBT (lesbian, gay, bisexual, and transgender) လူအများစုကိုနားလည်ခြင်းက တကယ့်ကိုလွယ်ကူရိုးစင်းလှပါတယ်။

အများပြည်သူ သာမန်လူကဲ့သို့ကြည့်မြင်ပေးပါ (Seeing Gay and Lesbian People as People)

(၁) သူတို့ရဲ့ ဖြစ်တည်မှု လူ့ဇာတိ လူ့သဘာဝကို ဂရုပြု လေးစားပါ။ ဒီကိစ္စဟာ လိင်တူကြိုက် အမျိုးသားနှင့် အမျိုးသမီးကဲ့သို့သော သူများကို နားလည်မှုပေးနိုင်ခြင်းရဲ့ အရေးကြီးဆုံးသော အစိတ်ပိုင်းတစ်ရပ်ဖြစ်ပါတယ်။  အလွန်ထူးခြားကွဲပြားသော ကိုယ်ရည်ကိုယ်သွေး တွေ အမူအကျင့်တွေပိုင်ဆိုင်တဲ့ သူတို့တွေဟာ ရည်မှန်းချက်၊ အိပ်မက်တွေ၊ စိတ်ဆန္ဒတွေကိုယ်စီနဲ့ ပြည့်နေကြပြီး အခြားသောသူတွေလိုပါပဲ သူတို့ ခံယူချက်တွေအတွက် ဆက်လက်လျှောက်လှမ်းနေကြမှာဖြစ်သလို အင်မတန်ထူးခြားကာ ဆွဲဆောင်မှုရှိသူတွေဖြစ်ကြပါတယ်။ သင့်အနေနဲ့ သာမန်လူတွေ (straight people) ကို နားလည်တယ်လို့ ခံစားရပါလျှင် လိင်တူကြိုက် အမျိုးသား (gay) နဲ့ လိင်တူကြိုက် အမျိုးသမီး (lesbian) လူတွေကို နားလည်မှုကောင်းစွာပေးနိုင်မယ့် လမ်းပေါ်ရောက်နေပြီလို့ဆိုနိုင်ပါတယ်။

(၂) ပုံသေကားချပ် ပုံသေအမြင်တွေကို ပစ်ပယ်လိုက်ပါ။ လိင်တူကြိုက် အမျိုးသားနဲ့ လိင်တူကြိုက်အမျိုးသမီးအချို့ကတော့ လူသိများ ပေါ်ပြူလာဖြစ်တဲ့ ပုံသေကားချပ်ဖြစ်စဉ်တွေမှာ အံဝင်ဂွင်ကျဖြစ်နေကြပေမယ့် အချို့ကတော့ အသားမကျကြပါဘူး။ အများစုကတော့ အချို့သောပုံသေဖြစ်စဉ်တွေမှာ အသားကျကြတယ် အားလုံးတော့မဟုတ်ဘူးပေါ့လေ။ အချို့သော ပုံမှန်အမျိုးသား (straight people) တွေရဲ့ ပုံဟန်သွင်ပြင်ဟာ ဂေးဟန်ပေါက်နေကြသလို အချို့သော လိင်တူကြိုက်သူတွေရဲ့ ပုံဟန်သွင်ပြင်တွေကတော့ ပုံမှန်လူတွေရဲ့ ဟန်အတိုင်း ရှိနေကြတာပါ။ တစ်ယောက်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုသဘောသဘာဝကို သူတို့ကိုကြည့်မြင်ပြီး၊ သူတို့စကားပြောဆို ဟန်တွေကို နားထောင်ပေးပြီး သို့မဟုတ် သူတို့ရဲ့ ပြောဆိုနေထိုင် ဟိတ်ဟန်ထုတ် အကျင့်အကြံတွေကိုစောင့်ကြည့်ရုံဖြင့် သေချာပေါက် ခန့်မှန်းပြောဆိုဖို့ မသေချာပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိစ္စနဲ့ပတ်သက်ပြီး သူတို့ကိုကြည့်ရှုရုံ၊ သူတို့ဘယ်လို ဟန်ပန်နဲ့ စကားပြောတာကို နားထောင်နေရုံ၊ သို့မဟုတ် ထူးခြားသည့် ကျင့်ကြံပြောဆိုနေထိုင်မှုတွေကို စောင့်ကြည့်ခြင်းဖြင့် သေချာသိ နိုင်တယ်ဆိုတဲ့ နည်းလမ်းမှမရှိတာ။ ပုံသေကားချပ်အမြင်တွေကိုစွန့်ခွာ LGBT လူစုကို လူတွေလို့ စတင်ကြည့်မြင်လိုက်တာနဲ့ပဲ လွယ်ကူစွာ ဖြင့် သူတို့အကြောင်းကို ပိုမိုလေ့လာသိရှိနိုင်ပါတယ်။

(၃) သင့်ရဲ့အတ္တကို ချုပ်ထိန်းပါ။ သင့်အနေနဲ့ ဆန့်ကျင်ဘက်လိင်အုပ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်စီတိုင်းကို စွဲလမ်းနှစ်သက် စိတ်ဝင်စားမှု မဖြစ်နိုင်သကဲ့သို့ လိင်တူကြိုက်လူစုအနေနဲ့လည်း မိမိကိုယ်ပိုင်လိင်အမျိုးအစားနဲ့ထပ်တူအုပ်စုရဲ့ အဖွဲ့ဝင်အယောက်တိုင်းစီကို စွဲလမ်း နှစ်သက်ပါတယ်ဆိုတာ မဟုတ်ပါဘူး။ သင်ဟာ သူတို့ကြိုက်နှစ်သက်တတ်တဲ့ စံပုံစံမဟုတ်တဲ့အတွက်ဖြစ်နိုင်ပါတယ်။ သင်ဟာ ဂေးတွေ စိတ်ဝင်စားတတ်တဲ့ လိင်အမျိုးအစားပိုင်ရှင်ဖြစ်တာကြောင့် ဂေးတစ်ယောက်အနေနဲ့ သေချာနှစ်သက်သဘောကျမှာ သေချာတယ်လို့ တပ်အပ်မစွပ်စွဲပါနဲ့။ သူတို့ကဖြေပါလိမ့်မယ် ‘မဟုတ်ပါ’ လို့။

(၄) LGBTQIA လူစုတွေဟာလည်း အပြန်အလှန်အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့အတွေးအမြင်ထားကြည့်ပါ။လေ့လာတွေ့ရှိချက်များ အရ လိင်တူခြင်းကြိုက်နှစ်သက်သူကိုမုန်းတီးတတ်သူများရဲ့ အစီရင်ခံမှုအရ သူတို့တွေဟာ လိင်တူကြိုက်အမျိုးသားနှင့် လိင်တူကြိုက် အမျိုးသမီး လူစုတွေနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ကိုယ်ရေးကိုယ်တာတုန့်ပြန်မှုသိပ်မများခဲ့ဘူးဆိုတာပါပဲ။ LGBT လူစုတွေကို နားလည်ဖို့ခက် တဲ့သူများကို ပေါင်းသင်းနေရတယ်လို့မထင်မှတ်ဘဲ သင့်လို သာမန်လူစုများကို ပြောဆိုပေါင်းသင်းဆက်ဆံသလိုပဲ သဘောထား ကြည့်ဖို့ ကြိုးစားလိုက်မယ်ဆိုရင်တော့ သူတို့တွေကို သာမန်လူစုတွေအတိုင်း မြင်ကြည့်လာနိုင်မှာပါ။ လုံးဝမဖြစ်နိုင်ဘူး ဒါမဖြစ်သင့်တဲ့ကိစ္စပဲလို့ သင်ယူဆနေဆဲဆိုရင်တော့ LGBT တွေအကြောင်း ရိုက်ကူးထားတဲ့ Documentary ဇာတ်လမ်းတွေကိုကြည့် သို့မဟုတ် တကယ့် gay အကျင့်စရိုက်လက္ခာတွေကိုပြဆိုထားတဲ့ တယ်လီဗေးရှင်း Show တွေ ရုပ်ရှင်တွေကိုကြည့် ဒါမှမဟုတ် စာအုပ်စာတမ်းတွေကို ဖတ်ရှုဖို့ ကြိုးစားရမှာပါ။

(၅) ပူးပေါင်းအဖြေရှာတာမျိုးနဲ့ လေ့လာသမှုပြုကြည့်ပါဦး။ LGBTQIA လူစုတွေကို နားလည်သမှုပေးနိုင်ခြင်း နှင့် လိင်မတူသူများကိုသာ ကြိုက်နှစ်သက်တတ်တဲ့ လူတွေ (heterosexual) ကပါ လက်ခံလာအောင် နည်းလမ်းအစုံနဲ့ကြိုးစားလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများစွာ ရှိလာနေပါပြီ။ စာဖတ်သူနေထိုင်ရာအ၀န်းအ၀ိုင်းက PFLAG အခန်းကဏ္ဌနဲ့ပတ်သက်တာတွေ စူးစမ်း သို့မဟုတ် GLAAD ရဲ့ အင်တာနက် Websites တွေနဲ့ အချိန်အချို့ကိုအသုံးပြု သို့မဟုတ် Human Rights Campaign တွေမှာ အချိန်ကိုအကျိုးရှိအောင် အသုံးချကြည့်ပါ။

ရွေးချယ်တာမဟုတ် ဖြစ်တည်တာ (Realizing It’s Not a Choice)
(၁) လူအများစုပြောဆိုသုံးသပ်နေတာတွေကို သိပ္ပံနည်းကျ စူးစမ်းလေ့လာကြည့်ပါ။
တစ်သီးပုဂ္ဂလအချို့က လိင်စိတ်တိမ်းညွှတ်မှုကိစ္စကို ပြောင်းလဲမှုပြုလုပ်နိုင်ခဲ့တယ်လို့ ထပ်တလဲလဲပြောနေစဉ်မှာပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အဓိကထားလေ့လာနေတဲ့ အဖွဲ့အစည်းအကုန်လုံးရဲ့ ထုတ်ပြန်ပြောဆိုရေးသားချက်တွေအရ သိသာထင်ရှားနေတာကတော့ လိင်စိတ်တိမ်းညွှတ်မှုကိစ္စမှာ ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ပြီးတော့ LGBT လူစုတွေကို ပြောင်းလဲပြုပြင်တဲ့ ကုထုံးလုပ်ဆောင်ချက်တွေဖော်ဆောင်ဖို့ကို ဆန့်ကျင်အောင် တိုက်တွန်းနှိုးဆော်နေကြပါတယ်။ အဆိုပါ ရောဂါကုထုံး အနေနဲ့ အမှန်တကယ်အားဖြင့် ထိခိုက်နစ်နာစေကြောင်း သို့မဟုတ် အလွဲသုံးစားဖြစ်နိုင်ကြောင်း သိပ္ပံနည်းကျ ထင်ရှားပြတ်သားတဲ့ အကြံပြုနေတာတွေကို တုန့်ပြန်သောအားဖြင့် အမေရိကရဲ့ပြည်နယ်အချို့ မှာတော့ လိင်တူ “conversion therapy” ကိုတားမြစ်ထားပါပြီ။

(၂) ဂေးမလိုလားသူ (ex-gay) တွေရဲ့လှုပ်ရှားမှုအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များကို ဓမ္မဓိဌာန်ကျကျလေ့လာ သုတေသနပြုကြည့်ပါ။
ဂေးမလိုလားသူလူမှုအဖွဲ့အစည်းအတွင်းတောင်မှ အချို့သောသူတွေဟာ ပြီးပြည့်စုံတဲ့ ပြောင်းလဲခြင်းကိစ္စဆိုတာ ဖြစ်နိုင်တယ်လို့ ယုံကြည် နေကြပါတယ်။ လတ်တလောနှစ်ကာလတွေမှာတော့ ဂေးမလိုလားသူ အဖွဲ့အစည်းများစွာဟာ ပြောခဲ့တဲ့ ပြုပြင် ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး မပြောဆိုမဆွေးနွေးကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်တူကြိုက်လူစုတွေကို ပြုပြင်ကုသခြင်းဆိုတာ မလုပ်နိုင်လောက်ဘူးလို့ ၀န်ခံလာရလို့ပါပဲ။ ဆန့်ကျင်ဘက်လိင်နှင့် လိင်ဆက်ဆံမှုမပြုလိုပါဘူး စိတ်ဝင်စားခြင်းမရှိဘူးဆိုတဲ့ လူတွေကို ဆန့်ကျင်ဘက်လိင်နှင့် ကာမဆက်ဆံလိုစိတ်ရှိ(heterosexuality)သူများအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်ဆိုခြင်းဟာ အဓိပ္ပာယ်မရှိတဲ့ သိပ္ပံနည်းကျလေ့လာချက်တွေလေ။ တနည်းပြောရရင် တစ်စုံတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပြောင်းလဲဖို့ အလွန်အကျွံအားထုတ်တယ်ဆိုတာ နင့်နင့်နဲနဲ နစ်နာစေ တဲ့အကျိုးသက်ရောက်မှုတစ်ခုဖြစ်နိုင်တယ်မဟုတ်လား။

(၃) တစ်စုံတစ်ယောက်အနေနဲ့ လိင်တူခြင်းကြိုက်သူအဖြစ် ဘာကြောင့်ရွေးချယ်လိမ့်မလဲဆိုတဲ့အကြောင်း တွေးဆကြည့်ပါ။
များလှစွာသော လိင်တူကြိုက်အမျိုးသား(gay) နှင့် လိင်တူကြိုက်အမျိုးသမီး(lesbian) တွေဟာ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအကြောင်းပြုပြီး ဒုက္ခသုက္ခများစွာ ခံစားနေရခြင်းအဖြစ်အပျက်သည် LGBT အမေရိကန်တို့ဘ၀၌ ဆယ်စုနှစ် နှစ်ခုမကတော့ဘူးဆိုပါတယ်။ ၄၀ % သော အိမ်ယာမဲ့လူငယ်များ သည်လည်းကောင်း၊ မိသားစုများရဲ့ ပစ်ပယ်လျစ်လျူရှုမှုကို အဓိကခံစားကြရသော ၆၈%သောသူများသည် လည်းကောင်း LGBT ဖြစ်ကြကြောင်းဖော်ထုတ်ခဲ့ပြီးပါပြီ။ LGBT လူငယ်တွေဟာ သာမန် heterosexual လူငယ်တွေထက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့ အားထုတ်မှုအကြိမ် လေးကြိမ်လောက်ပိုမိုသောရာခိုင်နှုန်းရှိကြောင်းသိရပါတယ်။ အနိုင်ကျင့်စော်ကားခံရမှု၊ ဆဲရေး တိုင်းထွာ အလွဲသုံးစားပြုခြင်း ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း စသည့် အလားတူအတွေ့အကြုံများစွာရှိကြပါတယ်။ ဂေးဖြစ်ခြင်း ကြောင့် တရားဥပဒေကင်းမဲ့စွာ ပြစ်ဒဏ်ပေးခံရခြင်း သို့မဟုတ် သေဒဏ်အဖြစ် ပြစ်ဒဏ်ခတ်ခြင်းပြုလုပ်သော တိုင်းပြည်များစွာရှိပါတယ်။ ဒီလောက်တောင် အလွှတ်မဲ့ အနိုင်ကျင့်ခံရ ဥပဒေအကာအကွယ်အပြည့်မရတဲ့ အဖြစ်အပျက်တွေကို စိတ်ထဲမှာအသာထား ‘ဘာကြောင့်များ ဒီလူစုတွေဟာ LGBT ဖြစ်ဖို့လမ်းရွေးချယ်ကြပါလိမ့်’လို့ သင် ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ကြည့်ပါလား။

အချစ်မေတ္တာအကြောင်း ဘယ်လိုပြောင်းတွေးမလဲ (Changing How You Think About Love)

(၁) အချစ်ဆိုတာနဲ့ လိင်ကိစ္စပဲလို့ နားလည်သဘောပေါက်မှုမျိုးမဖြစ်သင့်ပါဘူး။
သင့်အနေနဲ့ လိင်ကွဲကြိုက်နှစ်သက်သူ(straight) သူငယ်ချင်းတွေရဲ့ စိတ်သဘောထားကောက်ကျစ်မှုတွေနှင့် အစွဲအလန်းကြီးမှုတွေ အကြောင်း မေးလေ့မေးထမရှိကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့အကြောင်း ဘယ်လိုတွေးဆမိသလဲ သို့မဟုတ် သူတို့ကိုဘယ်လို ဆက်ဆံပြုမူမလဲဆိုတဲ့ နည်းလမ်းသာအဓိကကျပြီး အခြားအရာတွေက သင်နဲ့ဘာမှမသက်ဆိုင်ဘူးလေ။ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ အိပ်ရာခန်းဆောင်ကိစ္စသဘောထား အကြိုက် အလိုက်အထိုက် ခံစားချက်တွေဟာ အဆိုပါလူရဲ့ လူသားဖြစ်တည်မှုကိစ္စအပေါ် နားလည်မှု ပေးရာမှာ လွှမ်းမိုးမှုမရှိရပါဘူး။ ဘာကြောင့် LGBT ဖြစ်နေသလဲဆိုခြင်းပြဆိုရာမှာ LGBT လူအများစုအတွက် လိင်ကိစ္စ(Sex) ဆိုတာ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း တစ်ရပ်ပဲဖြစ်ပါတယ်။  ဒီကိစ္စအပေါ် သင့်အနေနဲ့ ဥပဒါန်ရောက်မနေသင့်ပါ။

(၂) လိင်တူကြိုက်(gay)သူများရဲ့ ချစ်မေတ္တာနဲ့ လူကြီး-ကလေး လိင်ပိုင်းဆိုင်ရင်ပတ်သက်ဆက်နွယ်မှု(pedophilia) ကွဲပြားခြားနားတာကို သင့်အနေနဲ့ အသိအမှတ်ပြုလက်ခံရပါမယ်။ ဂေးလူစုတွေဟာ ကလေးတွေအတွက် အန္တရာယ်တစ်ခုလို့ မှားယွင်းတွေးထင်ထားခြင်းဟာ အတော့်ကို ယေဘုယျ ပျှမ်းမျှသဘောဆန်လွန်းပါတယ်။

ကံအားလျော်စွာပါပဲ အဲ့ဒီယုံကြည်ချက်ဟာ ၁၉၇၀ပြည့်နှစ်များမှာ အမေရိကန် ပြည်သူများကို သဘောထားစစ်တမ်းကောက်ကြည့်ရာမှာ gay တွေဟာ လူငယ်လေးတွေအတွက် အန္တရာယ်လို့ ရှုမြင်ကြောင်း ၇၀%လောက် က ယုံကြည်ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ လိင်ကွဲကြိုက် အမျိုးသား(straight) ၁၉% နှင့် လိင်ကွဲကြိုက်အမျိုးသမီး ၁၀%ဟာ အထက်ပါယူဆချက် ကိုဆက်လက်ယုံကြည်သေးကြောင်း အဖြေပေး ပါတယ်။ လိင်တူကြိုက်အမျိုးသား (Gay) နဲ့ လိင်တူကြိုက်အမျိုးသမီး (Lesbian) တွေဟာ လိင်ပိုင်းဆိုင်ရာအရ သို့မဟုတ် ချစ်ကြိုက် ပေါင်းသင်းဆက်နွယ်မှုပြုဖို့အတွက် စိတ်ဝင်စားတာပဲဖြစ်ဖြစ် စိတ်ဝင်စားခြင်းခံရတာပဲဖြစ်ဖြစ် အရွယ်ရောက်ပြီး သူတို့နဲ့အသက်အရွှယ် မကွာဟသူများကိုသာ ရွေးချယ်ကြပါတယ်။ အခြားတစ်ဖက်ကပြောရရင် ကလေးတွေကို ကိုယ်ထိ လက်ရောက်စော်ကားမှုပြုသူများစွာဟာ ဘယ်လိုအသက်အရွယ်ရောက်နေသူများ ဒါမှမဟုတ် ဘယ်လိုလိင်အမျိုးအစားရှိသူများကို ရွေးချယ်မယ်ဆိုတဲ့ ဦးတည်ချက် သိပ်မရှိကြ ပါဘူး။ ၁၉၇၈ ခုနှစ် လေ့လာမှုတစ်ခုအရ ၁၇၅ယောက်သော ကလေးလက်ရောက်မှုပြုကျင့်သူအမျိုးသားများဟာ  လိင်တူကြိုက် gay များ မဟုတ်ကြောင်း ဖော်ထုတ်ထားပါတယ်။ အလားတူပါပဲ ၁၉၉၂ခုနှစ် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာအလွဲသုံးသော ပြစ်မှုကျူးလွန်သူ ၂၆၉ ယောက်မှာ ၂ယောက်သာလျှင် လိင်တူကြိုက်နှစ်သက်သူဖြစ်ကြောင်း တွေ့ရှိမှတ်တမ်းတင်ထားပါတယ်။
မြောက်များလှစွာသော လေ့လာချက်များအရ လိင်တူဆက်ဆံခြင်း(gayness) နှင့် ကလေးသူငယ် လိင်အလွဲသုံးစားပြုမှု (child abuse)အကြား အပြန်အလှန်ဆက်စပ်မှု အနည်းငယ်ရှိမရှိ ရှာဖွေစူးစမ်းချက် မအောင်မြင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။

(၃) ကွဲပြာခြားနားသော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အမူအကျင့်သဘောထားများအကြောင်း လေ့လာစူးစမ်းကြည့်ပါ။
ဂေးမုန်းတဲ့သူအများစု (homophobic) အနေနဲ့ သူတို့ယုံကြည်ရာ ဘာသာတရားကို အခြေခံပြီး ငြင်းခုံလေ့ရှိကြပါတယ်။ သို့သော် LGBT အပါအ၀င် လူအများစုကို လက်ခံတဲ့ ဘာသာတရားနဲ့ ဘာသာရေး ဂိုဏ်းဂဏများလည်း ရှိနေပါသေးတယ်။ United Church of Christ နဲ့ Unitarian Universalists တို့အပါအ၀င်ပါ။ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူများ၊ ဆစ်ခ် စသည့် အခြားသောအုပ်စုများမှာတော့ ကောင်းစွာ လက်ခံပေးဖို့ မျက်နှာသာပေးမယ့် နောက်လိုက်များနှင့် အခြားသောဆန့်ကျင်ငြင်းဆန်သူနောက်လိုက်များကြားမှာ အချေအတင်ပြောဆိုဖို့ အကြောင်းအရာတစ်ရပ်အဖြစ်တော့ရှိနေဆဲလို့ပြောနိုင်ပါတယ်။ Catholicism, Islam နဲ့ Orthodox Judaism လိုဘာသာတွေမှာ သူတို့ တကိုယ်ရည်နားလည်သလို ယုံကြည်သလို ဘာသာပြန်ပြီး ကိုးကွယ်နေကြတာကိုတွေ့ရပါတယ်။ ယုံကြည်သက်ဝင်မှုဟာ သင့်ရဲ့ ရွေးချယ်မှု ပေါ်မူတည်ပြီး အလိုရှိရာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ မိမိရဲ့ ကိုယ်ပိုင်ယုံကြည်မှု အတွက်နဲ့ လူတွေကို ကောင်းတာ ဆိုးတာ အကဲဖြတ်ဝေဖန်အပြစ်တင်တာ မလုပ်သင့်ပါဘူး။ ချင့်ချိန် ဆုံးဖြတ် တရားစီရင်ရေးကို ဘုရားသခင်ကသာ လုပ်ဆောင်ခွင့်ရှိရမယ်လို့ထင်ပါတယ်။

(၄) မလုပ်နိုင်သေးသည့်တိုင်အောင် ဟန်ဆောင်သမှုပြုပါ။ သင့်အနေဖြင့် ဂေးတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ သက်သောင့်သက်သာမဖြစ် သေးဘူး သို့မဟုတ် ဂေးတွေကြောင့်စိတ်ရှုပ်နေရသေးတယ်လို့ဆိုသော်လည်း အကောင်းဆုံးရည်ရွယ်ချက်များထားရှိပြီး တိုးတက်ရာ တိုးတက်ကြောင်း အလုပ်လုပ်မယ်ဆိုရင် အချိန်နှင့်အမျှ ပြောင်းလဲခြင်းရလဒ်တွေပိုင်ဆိုင်လာမှာပါ။ ကိုယ့်ကို ရိုသေလေးစားမှုနှင့် ဂုဏ်သိက္ခာ ရှိ လူသားတစ်ယောက်အဖြစ် ဆက်ဆံခံချင်တယ်ဆိုရင် တစ်ပါးသူကိုလည်း ထို့အတူပြုမူဆက်ဆံရပါတယ်။ လိင်တူကြိုက်အမျိုးသား (gay) နှင့် လိင်တူကြိုက်အမျိုးသမီး (Lesbian) တွေကိုလည်း မကြာခဏဆိုသလို အရေးတယူပြုမူဆက်ဆံပေးတဲ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် သူတို့ တွေရဲ့ သဘောသဘာဝကို နားလည်နိုင်မည့်နည်းလမ်းကိုတွေ့ရှိလာပြီး သင့်စိတ်ထဲ အထူးအဆန်းမဟုတ်သောလူသားများအသွင် မြင်လာပါလိမ့်မယ်။

အပြန်အလှန် သဘောထားပေးပါ (Interacting with Gay and Lesbian People)

(၁) သူတို့တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ (privacy) အဖြစ်နားလည်ပေးပါ။ သူတို့တွေရဲ့ဖြစ်တည်မှုကို ဖွင့်ဟ၀န်ခံခြင်းပြုမပြုဆုံးဖြတ်ချက် ဟာ သူတို့နှင့်သာသက်ဆိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ့်အသိတစ်ယောက်ကို လိင်တူကြိုက်အမျိုးသား (gay) သို့မဟုတ် လိင်တူ ကြိုက်အမျိုးသမီး (lesbian) အဖြစ် သံသယ၀င်မိတယ်ဆိုသော်လည်း သူတို့ဖွင့်ဟ၀န်ခံခြင်းပြုဖို့ မေးမြန်းလမ်းကြောင်းပေးခြင်းမလုပ်ရပါ။ သူတို့မှာ သင်နဲ့ ပြောဆိုဆွေးနွေးဖို့ ဆန္ဒရှိလာမယ်ဆိုလျှင် သူတို့ကိုယ်တိုင်ပဲ အဆိုပါကိစ္စကိုဖော်ဆောင် သယ်ယူလာပါလိမ့်မယ်။

(၂) တစ်စုံတစ်ယောက်က သူသည် လိင်တူကြိုက် (gay) တစ်ယောက်ဖြစ်ကြောင်း သင့်ကို ပြောလာတဲ့အချိန်မှာ ကြင်နာနုညံ့တဲ့ တုန့်ပြန်မှုကိုပြုမူရပါမယ်။ တစ်စုံတစ်ယောက်က သင့်ကို ဖွင့်ဟ၀န်ခံခြင်းပြုခဲ့လျှင် “အော်….တကယ်ကြီးပေါ့?” “အား….အိုကေ”  ဒါမှမဟုတ် “အင်း….ငါသိသားပဲ” ဆိုတာမျိုးတွေ မပြောပါနဲ့။ ဖွင့်ဟ၀န်ခံခြင်းသည် အထိတ်တလန့်နှင့် ထိခိုက်နာကျင်မှုတွေဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်က သူ့အကြောင်း ဘယ်အစိပ်အပိုင်းကနေ သင့်ကို ဖွင့်ဟ၀န်ခံခြင်းအစပြုလာတယ်ဆိုတာ အရေးမကြီးပါဘူး။ ဒါဟာ သင့်အတွက် ယုံကြည်မှုရဲ့ ကြီးမားတဲ့လက်ဆောင်တစ်ခုဖြစ်ပါတယ်။ သင့်အပေါ်ယုံလွယ်ခြင်းအတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ့အကြောင်း ကိစ္စရပ်တွေကို ဂရုစိုက်ပါကြောင်း သတိတရရှိဖို့ပြောပေးပါ။ တကယ်လို့သူက ဖွင့်ဟ၀န်ခံတဲ့ အကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြောဆို ဆွေးနွေးဖို့ဆန္ဒရှိပုံပေါ်လျှင် သင့်အနေနဲ့ “မင်းသိတာ ဘယ်လောက်ကြာခဲ့ပြီလဲ” သို့မဟုတ် “ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းခဲ့ရတာ တော်တော်ခက်ခဲ့တာပေါ့နော်” လို့မေးရပါမယ်။ သူ့ကိုကြည့်ရတာ သက်သောင့်သက်သာရှိဟန်မတူဘူးဆိုသော်“ဒါဆို မင်းက ယောက်ျားနည်းနည်းလောက်နဲ့ လိင်ကိစ္စပတ်သက်ပြီးပြီပေါ့?” မေးခွန်းမျိုးမမေးရပါဘူး။

(၃) LGBT လူအများဟာ သင့်ရဲ့ မေးခွန်းအားလုံးကို မဖြေချင်ကြဘူးဆိုတာ နားလည်ရပါမယ်။ ဘယ်လိုပဲ သာမန်လူအများက LGBT လူတွေရဲ့ ဘ၀အကြောင်းအရာများကို နားလည်ဖို့ အထောက်အကူပြုဖို့ ကြိုးစားနေတဲ့လုပ်ငန်းစဉ်ပါလို့ဆိုဆို မှန်းဆကူညီဖို့ လက်ကမ်းပါ တယ်ပြောပြော LGBT အချို့အနေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်မှ လုပ်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်ဟာ လိင်တူကြိုက်သူဖြစ်နေတာနဲ့ပဲ LGBT + issues တွေမှာ တာဝန်ရှိတယ်လို့ မဆိုလိုဘူးလေ။ အချို့သော လိင်တူကြိုက်အမျိုးသား (gay) နဲ့ လိင်တူကြိုက်အမျိုးသမီးတွေဟာ သင့်အတွက် သတင်းရင်းမြစ်တစ်ခုဖြစ်ဖို့ စိတ်မခုကြပေမဲ့ ကူညီရမယ့်ကိစ္စတစ်ခုဖြစ်သယောင် အခွင့်အရေးမယူသင့်ပါ။ လိင်တူကြိုက် အမျိုးသား (gay) တစ်ယောက်ဟာ သင်မေးမြန်းမယ့် မေးခွန်းအချို့ကိုဖြေကြားပေးမယ်လို့ ထင်မြင်ရပါက ယဉ်ကျေးချိုသာစွာ အမေးပြုရပါမယ်။ သူက မဖြေချင်ဘူးလို့ပြောလာပါက တလေးတစားနဲ့ နောက်ပြန်ဆုတ်ခဲ့ရမှာပါ။

(၄) သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ဖြစ်စဉ်တွေကို အထောက်အပံ့ပြုပါ။ LGBT လူစုအနေနဲ့ ခွဲခြားဆက်ဆံမှုကို မျက်နှာခြင်းဆိုင်ရ နိုင်တယ်၊ အနိုင်ကျင့်စော်ကားခံရနေနိုင်တယ် (ချစ်ခင်အားကိုးမိပါတယ်ဆိုသော မိသားစုဝင်တစ်ဦးဦးဖြစ်နေပါသော်လည်း)၊ ကိုယ့်ကိုယ်ကို မုန်းတီးမှု နဲ့အတူ မရေရာမသေချာမှုများစွာကို ခက်ခဲတဲ့ဘ၀အသွင် ပိုင်ဆိုင်နေရနိုင်တယ်။ သူတို့အနေနဲ့ ဘ၀ရဲ့ခက်ခဲတဲ့အချိန်တစ်ခုကို ဖြတ်သန်းနေရပါလျှင် စာနာရိုင်းပင်းမှုနဲ့ လက်သင့်ခံခြင်းအမှု ကမ်းလှမ်းပေးကမ်းပါ။ သူတို့တကယ့်ကို လိုအပ်နေနိုင်ပါတယ်။

(၅) လျော်ကန်သင့်မြတ်သော ဘာသာစကားသုံးစွဲပေးပါ။
ပြောချင်တဲ့ အဓိပ္ပာယ်ကိုနားလည်မလားတော့မသိဘူး ဒါပေမဲ့ ဂေးတွေသဘောမကျ မသုံးစွဲတတ်တဲ့ စကားလုံးအသုံးအနှုန်းတွေ သို့မဟုတ် အခြား LGBT ဆန့်ကျင်သူများ (anti-LGBTs) သုံးစွဲပြောဆိုတတ်တဲ့ ပြီးကပျစ် စကားတွေကို သင့်အနေနဲ့ ဘယ်တော့မှ မပြောဆိုသင့်ပါ။ LGBT လူအဖွဲ့အစည်းနဲ့ တိုက်ရိုက်ပူးပေါင်းအလုပ်လုပ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဌ ကတော့ လိင်တူကြိုက်အမျိုးသား(gay) နဲ့ လိင်တူကြိုက်အမျိုးသမီး (lesbian) လူစုတွေကို ညွှန်းဆိုတဲ့ စကားလုံး ၊ ဘာသာစကားတွေဟာ လေးစားသမှုရှိရမယ်ဆိုတာပါပဲ။ LGBT လူစုကို ရည်ညွှန်းတဲ့ကွဲပြားခြားနားတဲ့စကားလုံးအများအပြားရှိတာ သေချာပါတယ်။ စနစ်မကျသော သို့မဟုတ် ထိခိုက်ထိပါးသော စကားလုံးတစ်လုံးဟုတ်မဟုတ်မသေချာရင် ဒါမှမဟုတ် ဘယ်စကားလုံး အသုံးကတော့ လျော်ကန်သင့်မြတ်တယ်ဆိုတာ မသေချာရင် အထိအခတ်နည်းစေမယ်ယူဆတဲ့ စကားလုံးအသုံးကို အသုံးပြုပေးပါ။

(၆) စာနာတတ်သူဖြစ်ပါစေ။
တစ်စုံတစ်ယောက်ရဲ့ အရေးကိစ္စရပ်တစ်ခုကို အဆိုပါလူလောက် မသိနိုင်သော်လည်း မျှဝေခံစား စာနာစိတ်ထားလို့ရနိုင်ပါတယ်။ အခြားသူရဲ့ အတွေ့အကြုံပေါ် ချိန်ဆတွေးတောတတ်တဲ့စွမ်းရည်ရှိသူအဖြစ် ကိုယ့်ကိုယ်ကို အထင်ကရဖြစ်လာစေမှာပါ။ လူတစ်ယောက် ဖိနပ်ပြတ်သွား တယ်ဆိုပါစို့။ အဲ့ဒီဖြစ်ရပ်အပေါ် ဘယ်လိုတုန့်ပြန်ရမှာလဲ ဒါမှမဟုတ် ဆက်ဆံပြုမူရမှာလဲ မသေချာရင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ပါ။ “ငါသူအခုအချိန် ဖိနပ်ပြတ်ခဲ့ရင် ဘယ်လိုခံစားရမလဲ?”ဆိုတာမျိုးပေါ့။ သင့်မှာရှိတဲ့ ဆန့်ကျင်ဘက်လိင်နှင့်သာဆက်ဆံပတ်သက်လိုစိတ် ရှိခြင်း (heterosexuality) သို့မဟုတ် လိင်ကွဲကြိုက်နှစ်သက်သူ (straight) ဖြစ်ခြင်းက  လိင်တူကြိုက်အမျိုးသား(gay) နှင့် လိင်တူကြိုက် အမျိုးသား(lesbian) အများစုမှာမရှိတဲ့ အားသာချက်တွေအဖြစ် ဘ၀ကပေးအပ်ထား ကြောင်း အသိအမှတ်ပြု သဘောပေါက်ရပါမယ်။ ပြီးတော့ ကိုယ့်မှာရှိတဲ့ LGBT တွေကို ဆန့်ကျင်လိုတဲ့ တယူသန်စိတ်တွေကြောင့် LGBT လူအများစုရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုတွေဖြစ်စေတတ်တယ်ဆိုတာကိုလည်း သင့်အနေနဲ့သိထားရပါမယ်။ ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်ကို အမှန်တကယ် ကိုယ်ချင်းစာစိတ်ထားနိုင်တယ်ဆိုပါလျှင် သင့်အနေနဲ့ ဘယ်လိုနာကျင်မှုမျိုးကိုမှ ပေးဖို့ဆန္ဒမရှိသင့်ပါဘူး။

Community Q&A

(၁) ကျမက လိင်တူကြိုက်အမျိုးသမီး (Lesbian) တစ်ယောက် မဟုတ်ပေမဲ့ လိင်တူကြိုက်အမျိုးသမီး (Lesbian) တစ်ယောက်နဲ့ သူငယ်ချင်း အဖြစ်ပေါင်းသင်းဆက်ဆံချင်ပါတယ်။ ပြဿနာရှိနိုင်ပါသလား?

ဖြစ်ပါတယ်။ လိင်တူလိင်ကွဲနှစ်မျိုးလုံးကြိုက်နှစ်သက်သူ (bisexual) ၊ လိင်သတ်မှတ်ချက်မရှိ (pansexual) ၊ လိင်အမျိုးစားစုံကြိုက် နှစ်သက်သူ (polysexual) အဖြစ်ဖော်ထုတ် ရွေးထုတ်ထားသူ သို့မဟုတ် သူတို့ရဲ့လိင်စိတ်တိမ်းညွတ်မှုအပေါ် တံဆိပ်မတပ်လိုသူများလည်း ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေဖြစ်ဖို့ အကျိုးအကြောင်းဆီလျော်ညီညွတ်ပါကြောင်းဖြေလိုက်ပါတယ်။

(၂) gay ဖြစ်နေကြသူတွေကြောင့် လူအများစု ပျော်ရွှင်မှုခံစားကြရပါ့မလား?

သင့်ရဲ့ လိင်ပိုင်းဆိုင်ရာကိစ္စရပ်ဟာ ပျော်ရွှင်မှုအပေါ် ရိုက်ခတ်သက်ရောက်မှုမရှိပါဘူး။ Gay လူထုဟာ လူထုအသွင်ဖြစ်ဆဲပါ။ သင်ဟာ အခြားသော လိင်ကိုစိတ်ဝင်စားသလိုပဲ သူတို့တွေဟာလည်း စိတ်ဝင်စားကြပါတယ်။ သူတို့အနေနဲ့ ၀မ်းနည်းခြင်း၊ စိတ်မချမ်းသာခြင်း သို့မဟုတ် gay ဖြစ်ခြင်းကြောင့် ခွဲခြားနှိမ်ချဆက်ဆံခံကြရလို့ စိတ်ဆိုးဒေါသထွက်ခြင်းဆိုတာတွေကို မည်ရွေ့မည်မျှပဲ ဖြစ်ဖြစ် သတိပြုနိုင်ကြပါတယ်။

(၃) ကျနော့် gay သူငယ်ချင်းက ကျနော့်ကို crush နေရင်ဘယ်လိုလုပ်ရမလဲဗျ။ ကျနော်က မိန်းကလေးတွေကိုပဲကြိုက်တာ။

သင့်အပေါ်ထားရှိတဲ့ စိတ်ခံစားချက်အပေါ် အသိအမှတ်ပြုပါကြောင်း နားလည်ပါကြောင်း သူတို့သိပါစေ။ ပြီးတော့ အဆိုပါခံစားချက်တွေ အပေါ် သင့်အနေနဲ့ ပြန်လည်မတုန့်ပြန်နိုင်ပါကြောင်း ယဉ်ကျေးချိုသာစွာပြောပြပါ။ ဒါပေမဲ့ သင်ဟာ သူနဲ့သူငယ်ချင်းဆက်ဆံရေးကို ဆက်လက်တည်ရှိနေစေချင်သေးကြောင်းလည်းပြောပါ။

(၄) Gay ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီး ကလေးယူနိုင်ပါ့မလား?

ရပါတယ်။ အမျိုးသမီးကို လက်ထပ်ထားပြီး ကလေးအများကြီးရှိတဲ့ gay များစွာရှိပါတယ်။

(၅) သူတို့ရဲ့သားတွေထဲကတစ်ယောက်ဟာ gay ဖြစ်ကြောင်းတွေ့သွားတဲ့ မိဘတွေကို ကျနော်ဘယ်လိုအကူအညီပေးရမလဲ?

အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့သား ဂေးဖြစ်နေခြင်းသည် ပြဿနာမဟုတ် အဆင်ပြေပါကြောင်း နားလည်သဘောပေါက်အောင် ကူညီပညာပေးပါ။ ခေါင်းခဲစရာကိစ္စရပ်ကြီးတစ်ခုအသွင် သင့်အနေနဲ့ဟန်မူပြ မဖော်ဆောင်သင့်ပါဘူး။ (တကယ်တမ်းလည်း ဟုတ်မှ မဟုတ်တာ)

Glossary
LGBT = Lesbian, Gay, Bisexual, and Transgender
LGBTQIA = Lesbian, Gay, Bisexual, Transgender, Queer, Intersex, Asexual
PFLAG = Parents, Families and Friends of Lesbians and Gays
GLAAD = Gay & Lesbian Alliance Against Defamation

Alex Aung (2 Feb 2017)