Wednesday, May 1, 2024

ယောကျာ်းချင်း ကြိုက်မိနေပြီဖြစ်ကြောင်း

 ယောကျာ်းချင်း ကြိုက်မိနေပြီဖြစ်ကြောင်း ကိုယ်တိုင်သိနိုင်မယ့် အချက် (၁၈)ချက်

------------------------------------




(လိင်တူခြင်းကြိုက်နှစ်သက်တဲ့သူအချို့ရဲ့ Generally ထပ်တူကျတတ်တဲ့ သဘောလေးတွေကို ရေးသားထားခြင်းလို့ ယူဆမိပါတယ်။ ဖတ်ကြည့်ရအောင် ကူးယူမျှဝေခြင်းဖြစ်ပါတယ်။) 


ဘော်ဒါတွေကြားမှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုမိတဲ့အခါ ယောကျာ်းချင်း စိတ်ဝင်စားမိသွားတာမျိုး ဖြစ်တတ်ပါတယ်။ သူငယ်ချင်းသံယောဇဉ်နဲ့ ယောကျာ်းချင်းကြိုက်တယ်ဆိုတာ နံရံပါးတစ်ခုသာ ခြားထားတဲ့ ခံစားမှုမျိုးပါ။ ဒါကြောင့် ဘယ်အချိန်တွေကတည်းက ကိုယ့်စိတ်ပြောင်းသွားခဲ့မှန်း သိဖို့မလွယ်သလို ၊ ခန့်မှန်းရလည်း ခက်ပါတယ်။


ဒါပေမယ့် အခုပြောပြသွားမယ့် အချက်(၁၈)ထဲက တစ်ချက်ချက်နဲ့ ကိုက်ညီခဲ့ဖူးမယ် ဆိုရင်တော့ ခင်ဗျားဟာ ကိုယ့်သူငယ်ချင်းအပေါ် စိတ်ဝင်စားမိနေတဲ့ အဖြစ်မျိုး ကြုံနေရပြီလို့ ပြောနိုင်ပါတယ်။ 


(၁) သူနဲ့ အတူနေရရင် ပျော်တယ်


သူငယ်ချင်းတွေအားလုံးဆုံပြီး Night out ထွက်တာမျိုးဟာ တကယ်ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် နေ့တိုင်းနီးပါး ထွက်ချင်နေရင်တော့ အဆင်မပြေဘူး မဟုတ်လား။ တကယ်လို့ ခင်ဗျားဟာ သူငယ်ချင်းတစ်ယောက်အပေါ် အထူးသဖြင့် ခင်တွယ်မိနေမယ် ၊ သူနဲ့ အတူ အချိန်တိုင်းရှိနေချင်တယ် ဆိုရင်တော့ သေချာပါတယ်။ ခင်ဗျား သူ့ကို ကြိုက်နေတာပါ။


(၂) အဝတ်အစားကို သတိထား ဝတ်မိမယ်


ကိုယ်ကြိုက်နေသူ ရှေ့မှာ စတိုင်ကျကျ ဖြစ်နေချင်တာ သဘာဝပါ။ ဒါပေမယ့် ယောကျာ်းလေး သူငယ်ချင်းတွေချည်းသွားမယ့် နေရာအတွက် အဝတ်အစား လေး၊ ငါးစုံ လဲပြီးသည့်တိုင် စိတ်ကျေနပ်မှု မရှိသေးရင် ခင်ဗျားစိတ်ထဲမှာ တစ်ခုခု ရှိနေပါပြီ။


(၃) အမြဲတမ်း စာပို့မိမယ် ၊ သူ့အကောင့်ထဲ ဝင်ဝင်ကြည့်မိမယ်


မက်ဆေ့ခ်ျဆိုတာ ဘယ်သူ့ကိုမဆို ပို့မိမှာပါပဲ။ ဒါပေမယ့် အထူးသဖြင့် သူငယ်ချင်းတစ်ယောက်ဆီ အမြဲလိုလို စာပို့မိနေမယ် ၊ သူ့ဆီက reply ကို မျှော်နေမိမယ်ဆိုရင်လည်း ခင်ဗျား သူ့ကို စိတ်ဝင်စားနေပြီလို့ သိနိုင်ပါတယ်။ သူ့အကောင့်ထဲ မကြာခဏဝင်ကြည့်တတ်မယ်ဆိုရင်တော့ လုံးဝသေချာသွားပြီလို့သာ မှတ်လိုက်ပါတော့။


(၄) သဝန်တိုမိမယ်


မိန်းကလေးတစ်ယောက်ကို သဝန်တိုမိတာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် သူငယ်ချင်း အချင်းချင်း သဝန်တိုမိနေတယ် ဆိုရင်တော့ နည်းနည်းရှော့ရှိလာပါပြီ။


(၅) သူတို့လို လိုက်လုပ်ချင်လာမယ်


ယောကျာ်းချင်းစိတ်ဝင်စားမိတဲ့အခါ သူလုပ်သလို လိုက်လုပ်တတ်လာတာမျိုး ၊ သူ့အပြောအဆို လေယူလေသိမ်းအတိုင်း အတုခိုး ပြောမိလာတတ်တာမျိုး ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ပိုတူလာရင် ပိုနီးစပ်လာမယ်ဆိုတဲ့ စိတ်ကြောင့်ပါ။


(၆) သန့်သန့်ပြန့်ပြန့် နေပြချင်လာမယ်


သင့်အိမ်ကို သူငယ်ချင်းတစ်ယောက် လာလည်မယ် ဆိုပါစို့။ သူမလာခင်အချိန်လေးမှာ ရေချိုး ၊ အဝတ်အစားလဲ ၊ ရေမွှေးဘာညာ ဆွတ်ထားမိလား။ ပုံမှန်ပဲဆိုရင် “ဒီကောင်လာခါမှ လာပေါ့” ဆိုပြီး အေးဆေးပဲ နေမယ် မဟုတ်လား။ ဘာလို့များ သူရောက်လာမယ့် အချိန်ကို မျှော်နေရတာလဲ၊ ဘာလို့ အလှတွေပြင်ထားတာလဲ … စဉ်းစားနော်။


(၇) သန့်ရှင်းရေး လုပ်ထားမယ်


အပေါ်မှာ ပြောခဲ့သလို အလှပြင်ထားရုံနဲ့တင် မပြီးဘဲ ကိုယ့်အခန်း ၊  ကိုယ့်အိမ်ကို သန့်ရှင်းရေး လုပ်ထားတတ်ပြီ ဆိုရင်တော့ သေချာပါတယ်။ ခင်ဗျား အဲ့ဒီဘော်ဒါအပေါ် အတော်လေး သံယောဇဉ်တွယ် ၊ ကြိုက်မိနေပြီလို့သာ မှတ်လိုက်ပါတော့။


(၈) သူ ဘယ်လိုတွေးမလဲ အလေးထားတယ်


ဘော်ဒါတွေကြား စမယ်နောက်မယ် ၊ ပျော်မယ်ပါးမယ်ပေါ့။ ဒါပေမယ့် သူပြောသမျှ စကားတိုင်းကို အထအနကောက် စိတ်ဆိုးတတ်တာမျိုး ၊ ဒါမှမဟုတ် သူဘာကို ဆိုလိုချင်တာလဲ ဆိုပြီး တွေးမိတာမျိုးဟာလည်း ယောကျာ်းချင်းသာယာမှုကို ဦးတည်ပါတယ်။


(၉) အားကစားဘက်မှာလည်း သူအကြိုက်လိုက်အားပေးမိမယ်


ဥပမာ - ဘောလုံးပွဲပဲ ထားပါတော့။ ခင်ဗျားအရင်က ကြိုက်တာ တစ်ခြားအသင်း။ ဒါပေမယ့် သူကြိုက်တဲ့အသင်း ပြောင်းအားပေးမိလာမယ်ဆိုရင် …. (ခင်ဗျားဟာ ဘောလုံးပွဲစိတ်ဝင်စားချင်မှ စိတ်ဝင်စားခဲ့ မှာနော်)။


(၁၀) အမြဲလိုလို တွေ့ဖို့ နည်းလမ်းရှာနေမယ်


ဖုန်းပြော ၊ မက်ဆေ့ခ်ျပို့နေရတာနဲ့တင် မလုံလောက်သေးဘူးလား။ အပြင်မှာ တွေ့ဖို့ တစ်နည်းမဟုတ်တစ်နည်း ရှာကြံတွေးနေမိပြီလား … ကိုယ့်လူ .. စိတ်လျှော့ ….


(၁၁) ဒီလိုစိတ်တွေဖြစ်နေရတာကိုပဲ စိတ်ပူလာတယ်


ဒီနေရာထိ တောက်လျှောက်ဖတ်လာတယ် ဆိုကတည်းက ဒီအကြောင်း ခင်ဗျား သေချာသိချင်လို့ပဲ မဟုတ်လား။ ပြီးတော့ ပြောခဲ့ပြီးသမျှ အချက်တွေနဲ့ ကိုယ့်ဟာကိုယ် ဟုတ်၊ မဟုတ် စစ်ဆေးနေမိပြီလား …. မဟုတ်လောက်ပါဘူးလို့ ဖြည့်တွေးနေမိပြီလား ….


(၁၂) အရမ်းလန်းတဲ့ ရည်စားထက်ကို သူငယ်ချင်းအတွက် အချိန်ပေးမိမယ်


ခင်ဗျားမှာ ရည်းစားရှိရင်လည်း ရှိနေမှာပဲ။ ဒါပေမယ့် ဘော်တစ် ၊ ဆော်နှစ် ဆိုတာမျိုး အမြဲတစေ ရွေးနေတတ်ပြီလား … ဆန့်ကျင်ဘက်လိင်ထက် ယောကျာ်းတစ်ယောက်က ပိုဆွဲဆောင်နေနိုင်တာ ဘာကြောင့်လို့ ထင်လဲ။


(၁၃) သူကြိုက်သမျှ အကုန်လိုက်လုပ်မယ်


ယောကျာ်းဆိုတာ ဘော်ဒါရင်းတွေ ဖြစ်နေရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်း မတူနိုင်ဘူး။ သူအရက်သောက်လည်း ကိုယ်ပါတယ်။ သူအပြင်ထွက်ရင်လည်း ကိုယ်ပါတယ်။ ကုန်ကုန်ပြောရရင် သူသွားသမျှ ၊ လုပ်သမျှတိုင်းမှာ ပါရမီဖြည့်ဘက်လို တကောက်ကောက်ပါနေပြီဆိုရင် …. အဲ့ဒါ ယောကျာ်းချင်း ကြိုက်နေမိလို့ပဲ။


(၁၄) အပြန်အလှန် နားလည်မှု


ခင်ဗျားဘက်က စကားတွေပြောနေမိသလို ၊ သူ့ဘက်ကလည်း လိုလိုချင်ချင် ပြန်ပြောနေတဲ့ အဖြစ်မျိုး ကြုံဖူးပြီလား။ ပြောနေကြတဲ့အကြောင်းကလည်း ခံစားချက်တွေ ၊ ဘာတွေညာတွေနော်။ ဒီလိုဆိုရင် သတင်းကောင်းနဲ့ သတင်းဆိုး ပြောစရာရှိတယ်။ သတင်းဆိုးက ခင်ဗျားဟာ ယောကျာ်းချင်း ကြိုက်နေမိပြီ။ သတင်းကောင်းက … အင်း … သူနဲ့ အတွဲဖြစ်လာနိုင်ခြေ အများကြီးရှိတယ်။


(၁၅) သူ့ချစ်သူအပေါ် သဝန်တိုနေမယ်


ဘော်ဒါတွေဆုံချိန် ဆော်ခေါ်လို့ ထပြန်သွားတဲ့ ကောင်တွေရှိပါတယ်။ အဲ့ဒီအခါ စိတ်ဆိုးကြမှာပဲ။ ဒါပေမယ့် အဲ့ဘော်ဒါရဲ့ ဆော်ကို မျက်မုန်းကျိုးနေတာတို့ ၊ အမြင်ကပ်နေတာတို့ … အဲ့လိုစိတ်မျိုး စွဲနေမိပြီဆိုရင် … ရည်းစားလူလု အူနုကျွဲခတ်တယ်ပဲ ပြောမလား… တစ်ခုခုပေါ့ဗျာ။


(၁၆) တတိယလူ ဖြစ်နေရတာကို မုန်းတယ်


တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အထိ တတွဲတွဲနေချင် နေမယ် ၊ သူ့ ကောင်မလေးကပါ ဒီလို မလုပ်ပါနဲ့ ပြောယူရအောင် အခြေအနေဆိုးနေပြီလား … ဒီမှာ … ခင်ဗျား ဒီအိပ်မက်ကို ဆက်မမက်လိုက်ပါနဲ့တော့လို့ အကြံပေးပါရစေ။ 


(၁၇) ကိုယ်သင်းနံ့မှာ သာယာမိမယ်


လူတိုင်းမှာ ကိုယ်သင်းနံ့ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဘော်ဒါတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ဟာ ခင်ဗျားကို ဘာမှန်းမသိတဲ့ ခံစားမှုမျိုး ဖြစ်စေလား။ ဒီခံစားမှုဆိုတာ ဆန့်ကျင်ဘက်လိင်အပေါ်မှာပဲ အဖြစ်များတာနော် ကိုယ့်လူ။


(၁၈) အပြောင်းအလဲ အသေးလေးကအစ သတိပြုမိနေမယ်


သူငယ်ချင်းတစ်ယောက်ယောက် ဆံပင်ညှပ်လာတာပဲ ဖြစ်ဖြစ် ၊ ရေမွှေးပြောင်းသုံးလာတာပဲ ဖြစ်ဖြစ် ၊ ဒါဟာ ဘော်ဒါတွေကြားမှာ ဘာမှမထူးဆန်းသလို ၊ တစ်ခါတလေ ဝိုင်းတောင်လှောင်ကြပါသေးတယ်။ ဒါပေမယ့် ခင်ဗျားကတော့ သူ့ဆံပင်ကေလေး မိုက်ကြောင်း ၊ သူနဲ့လိုက်ကြောင်း အရေးတယူ ချီးမွမ်းနေမိပြီလား။ သေချာပါတယ် …. ခင်ဗျား အဲ့ဘော်ဒါကို စိတ်ဝင်စားနေပါပြီ။


*** မူရင်း ရေးသားမျှဝေသူမသိတာကြောင့် အမည်

ထည့်မရေးထားတာပါ။

No comments: