Wednesday, June 5, 2024

ဒေါင်းဝေ (Season One Ending)

​ရေးသားသူ - Shine (ရှိုင်း)
..............................................

ဒေါင်းဝေ ခေါင်းတစ်ခုလုံးမူးနောက်နေပြီး ပတ်ဝန်းကျင်ခုလုံးက ချာချာလည်နေ သည်။

" ဒေါင်းဝေ"

" ငါ သူ့ဆီသွားမယ်"

" ဟိတ်ကောင် မင်းရူးနေပြီလား မင်းသွားရင် မင်းသေသွားလိမ့်မယ်ကွ"

ဒေါင်းဝေရဲ့ နှုတ်ခမ်းသားတွေက တုန်ရီနေသည်။

" ဘာလို့လဲ...ဘာလို့ငါကသေမှာလဲ...ကွသူက ငါသိတဲ့ လူတစ်ယောက်ပဲလေကွာ..."

" ဟုတ်တယ်...မင်းကပဲသူ့ကိုသိတာ သူကမင်းကို သိချင်မှသိတော့မှာကွ"

" ငါသူ့ကိုယုံတယ် သူ့ငါ့ကိုဒုက္ခရောက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"

ဖိုးဇော်က ဒေါင်းဝေရဲ့လက်မောင်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

" ငါ့ကိုလွှတ်ကွာ..."

ဖိုးဇော်က ဒေါင်းဝေရဲ့လက်အားပို၍ပင်တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
သူသွားလို့ မဖြစ်ဘူးလေ။ သူသာသွားရင်ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒေါင်းဝေလဲသိတာပဲ။

" ဒိုင်း!"

သေနတ်သံတစ်ချက်နှင့်အတူ သူတို့နှစ်ယောက်ပုန်းခိုနေရာသစ်ပင်ဆီသို့ တစ်ခုခုက လာထိမှန်သွားတာကို အထိတ်တလန့်ကြားလိုက်ရသည်။

" ဘယ်သူတွေလဲအခုချက်ချင်းထွက်လာခဲ့ကြ"

သေချာပေါက် သူတို့နှစ်ယောက်ကို တွေ့သွားပြီပဲ။

" ပြောနေတာကြားလား အခုထွက်မလာရင် မင်းတို့အဲ့သစ်ပင်မှာပဲ ရုက္ခစိုးတွေဖြစ်သွားမယ်နော်"

သစ်ပင်နံဘေးတွင် တစ်ပိုင်းတစ်စတွေ့နေရတဲ့လက်မောင်းအား သေနတ်ဖြင့်ချိန်လိုက်သည်။

ထိုစဥ်မှာပဲ လူတစ်ယောက်သစ်ပင် အ နောက်မှထွက်လာတာကို တွေ့လိုက်ရသည်။ ထိုလူအနောက်တွင် နောက်ထပ်လူတစ်ယောက် ထွက်လာတာကိုလဲတွေ့ရ ၏။

နှစ်ယောက်သား ခြံစည်းရိုးအတိုင်းလျှောက်လာကြပြီး ခြံထဲသို့ဝင်ရောက် လာကြသည်။ ဓားပြခေါင်းဆောင်က ချိန်ရွယ်ထားတဲ့ လက်တွေကို ချလိုက်ပေမယ့်ဓားပြတစ်ယောက်ကတော့ သူတို့နှစ်ယောက်အား သေနတ်ဖြင့် ချိန်ထားဆဲပင်

ဒေါင်းဝေ တစ်ယောက် ဓားပြဗိုလ်ဖြစ်သူကိုသာ စိုက်ကြည့်နေမိသည်။သူတစ်ချိန်ကသိခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ လုံးဝကိုမတူခြားနားသွားပြီပဲ။ သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ ဒေါင်းဝေဆိုတဲ့ လူတစ်ယောက် ရှိမှရှိသေးရဲ့လား။

" အစ်ကို..."

ထိုလူက ဒေါင်ဝေအား ကြောင်အမ်းအမ်းနဲ့သာကြည့်နေသည်။

" အစ်ကို ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား ကျွန်တော်အစ်ကိုပြန်လာမယ့်အချိန်ကို နေ့တိုင်းမျှော်နေခဲ့ရတာ သိလား"

ထိုလူက အလျင်အမြန်ပဲ ဒေါင်းဝေရဲ့နှဖူးတည့်တည့်အားသေနတ်ဖြင့်ချိန်လိုက်ကာ

" မင်းဘာတွေလာပြောနေတာလဲ သေချင်လို့လား သွား...ဟိုမှာသွားထိုင် မဟုတ်ရင်ငါ့သေနတ်ထဲက ကျည်ဆံက မင်းခေါင်းထဲမှာနေရာယူသွားလိမ့်မယ် သွား..."

ဒေါင်းဝေက တုတ်တုတ်မျှမလှုပ်

" အစ်ကို ကျွန်တော့်ကို တကယ်ပဲမမှတ်မိတော့တာလား"

" ဟာကွာ...ဒီကောင်"

" အာ့!..."

ဘေးနားမှ ဓားပြတစ်ယောက်က လက်ထဲမှသေနတ်နဲ့ ဒေါင်းဝေရဲ့ဦးခေါင်းအား ထုချလိုက်သည်။ ဖိုးဇော်က

" ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ"

ဖိုးဇော် ဒေါင်းဝေအနားသွားမည် အလုပ်မှာ

" ဟိတ်လူ မလှုပ်နဲ့ အသက်မသေချင်ရင်ငြိမ်ငြိမ်နေ"

ဖိုးဇော် ဘာမှမတက်နိုင်ပဲ ငြိမ်နေလိုက်ရသည်။ ထိုလူ ဒေါင်းဝေရဲ့လက်အားခပ်ကြမ်းကြမ်းပင်ဆောင့်ဆွဲသွားကာ လူအုပ်ရဲ့တစ်နေရာတွင် ထိုင်စေလိုက်သည်။

" ဒီမှာထိုင်နေ ထွက်ပြေးဖို့တော့ မစဥ်းစားနဲ့ ဟိုကောင်...မင်းလဲဒီမှာလာထိုင်"

ဖိုးဇော်တစ်ယောက် ဒေါင်းဝေအနား အ လျင်အမြန်ပင် သွားလိုက်ပြီး

" ဒေါင်းဝေ မင်းအဆင်ပြေရဲ့လား"

" ရတယ်... ငါဘာမှမဖြစ်ဘူး "

ဘာမှမဖြစ်ဘူးလို့သာဆိုတာ ခေါင်းပေါ်မှသွေးစက်တို့က မျက်နာပေါ်သို့စီးကျနေသည်။

" လုပ်ရက်လိုက်တာကွာ...ဒီလူတော်တော်ရက်စက်တာပဲ"

ဖိုးဇော်ပြောပြီး တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ တစ်ချိန်က သူ့ရဲ့ချစ်သူဖြစ်ခဲ့ဖူးတဲ့သတိုးသမီးက အခုသူမရဲ့သတိုးသား ရင်ခွင်ထဲမှာ ခိုလုံကာကြောက်နေရှာလေရဲ့။

သတို့သားကလဲ သူမအားထွေးပွေ့ထားတာကို တွေ့ရသည်။ ဖိုးဇော်ပြုံးလိုက်သည်။ သူမကို တစ်ကယ်ချစ်ပေးမယ့်သူနဲ့ အတူရှိနေနိုင်တာပဲ သူမုဒိတာပွားနိုင်ရမှာပေါ့။

အချိန်တစ်ခုရောက်တော့ ရွာလူကြီးနဲ့အ တူ လူအချို့ပြန်ရောက်လာကြ၏။

ဓားပြတစ်ယောက်ရဲ့လက်ထဲမှာတော့အ ထုပ်ကြီးကြီးတစ်ခုကို ကိုင်ထားသည်။
ထိုအထုပ်အား ခေါင်းဆောင်ဖြစ်တဲ့ ထိုလူလက်ထဲသို့ ထည့်လိုက်ပြီးသည်နှင့်

" မင်းတို့ မယူထားပါဘူးနော်"

" စိတ်ချပါ ကျွန်တော်တို့ ရွှေစတစ်စတောင်မယူထားပါဘူး"

" ပြီးရော...ကဲ...ငါတို့အလုပ်ပြီးပြီဆိုတော့သွားကြမယ်"

ထိုလူပြောလိုက်သည်နှင့် ဓားပြအချို့မြင်းပေါ်သို့ ကိုယ်စီတက်လိုက်ကြသည်။
ထိုလူကတော့ ဒေါင်းဝေရှိရာသို့လျှောက်လာလိုက်ပြီး ဒေါင်းဝေရဲ့လက်တစ်ဖက်အားဆွဲလိုက်သည်။

" ထ...ငါနဲ့လိုက်ခဲ့"

" ခင်ဗျား သူ့ကို ဘယ်ခေါ်သွားမလို့လဲ"

" မင်းပါးစပ်ပိတ်ထား သူ့ကိုငါတို့စခန်းမှာအသုံးချစရာရှိတယ်"

" ခင်ဗျား တော်တော် ရက်စက်ပါလား"

ထိုလူက ဖိုးဇော်အား သေနတ်ဖြင့်ချိန်ကာ

" မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်"

ထိုလူ ဒေါင်းဝေရဲ့လက်အားဆောင့်ဆွဲကာ

" လာခဲ့...မင်းငါနဲ့လိုက်ခဲ့ရမယ်"

ဒေါင်းဝေ ဘာတစ်ခွန်းမှမပြောပဲ ထိုလူခေါ် ရာနောက်သာ လိုက်သွားတော့သည်။

ခေါင်းကလဲ ဒဏ်ရာ​အရှိန်ကြောင့် ထိုးကိုက်လာ၏။

ထိုလူ ဒေါင်းဝေအား သူ့မြင်းပေါ်သို့အရှေ့မှတက်စေကာ သူကတော့နောက်မှနေ၍ သိုင်းဖက်ကာ ကြိုးစအားဆွဲထားလိုက်သည်။

ဓားပြအုပ်ကြီးထွက်သွားသည်နှင့် ထိုင်နေတဲ့ လူအုပ်ကြီးမှာလဲ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပြီး တစ်ယောက် တစ်ပေါက်နှင့် ဆူညံပွက်လောရိုက်ကုန်ကြသည်။

ဖိုးဇော်တစ်ယောက်မှာတော့ သူငယ်ချင်းဖြစ်သူပါသွားတာကြောင့် ကိုယ့်ကိုယ်ကိုအပြစ်တင်လို့မဆုံး ဖြစ်နေရရှာသည်။

သူသာမခေါ်လာရင် ဒီလိုအဖြစ်မျိုးတွေကြုံရမှာမဟုတ်ဘူး။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

" ဘာကွ!...တောက်!"

အောင်စိုးတစ်ယောက် လက်သီးကိုကျစ် ကျစ်ပါအောက်ဆုပ်ထားသည်။

" ဟိုတစ်ခေါက်တည်းက သေအောင်လုပ်လိုက်ရမှာ ဒီကောင်တော်တော်ကျေးဇူး မသိတတ်တဲ့ကောင်ပဲကွ သူသင်္ချိုင်းမှာသေ မလို့ဖြစ်နေလို့ ဒေါင်းဝေက ကျောင်းကိုခေါ်ပြီးကယ်တင်ထားတာ ရွာလူကြီးပြောတာတောင် ဒေါင်းဝေက ဂရုစိုက်တာ မ ဟုတ်ဘူး အခုတော့ကွာ..."

" ငါလဲ အဲ့ကောင်ကို တစ်ကိုယ်လုံး စုတ် ပြတ်သက်သွားအောင်လုပ်ပစ်လိုက်ချင်တာ သူ့လက်ထဲမှာ သေနတ်နဲ့မို့လို့ပေါ့"

" သူဒေါင်းဝေကိုတော့ မသတ်လောက်ပါဘူးနော်"

" အဲ့တာတော့ မထင်ဘူးကွ သူသတ်ချင်ရင် နေရာမှာတင်သေနက်နဲ့ ပစ်သက်သွားပြီပေါ့ဘာပဲဖြစ်ဖြစ်...ငါတို့သူကြီးကိုတော့သွား အကြောင်းကြားရမယ်ကွ"

" ပြောနေတာကြာတယ်ကွာ လာအခုပဲသွားရအောင်"

ဖိုးဇော်နဲ့ အောင်စိုး သူကြီးဦးသောင်းစံထံသို့ ခြေကုန်သုတ်လျှောက်လာခဲ့လိုက်သည်။ သူကြီးအိမ်သို့ရောက်တော့၊အိမ်ရှေ့မှာဘယ်သူမှမရှိ။

" သူကြီး...ဗျို့သူကြီး"

ဖိုးဇော်အော်ခေါ်နေပေမယ့် အိမ်ထဲကတစ်ယောက်မှထွက်မလာ

" ငါလိုးးမအိမ်သားတွေ၊ဘယ်ရောက်ကုန်ကြလဲမသိဘူး"

" မင်းအမေလင်က ဒီမှာဟ"

သူကြီးဖြစ်သူဦးသောင်းစံက အိမ်အ နောက် ဘက်မှထွက်လာတာကိုတွေ့လိုက်ရသည်။

" မအေဘေးတွေ ဘာကိစ္စရှိလို့လဲ"

ဖိုးဇော် ဖြစ်ကြောင်းကုန်စင်ကို သူကြီးနာလည်အောင်ပြောပြလိုက်သည်။

ဓားပြခေါင်းဆောင်က ကံကောင်းဆိုတဲ့သူဆိုတာရောပေါ့။ ဦးသောင်စံ စားပွဲပေါ်မှခရားထဲမှအကြမ်းရည်အား လက်ဖက် ရည်ပန်းကန်ထဲသို့ငှဲ့ကာ တစ်ငုံသောက်လိုက်ပြီး

" နည်းတောင်နည်းသေးတယ် ငါသူ့ကိုသတိပေးခဲ့သားပဲ လူစိမ်းဆိုတာ..."

" သူကြီး အခုကအပြစ်တင်နေရမယ့် အ ချိန်မဟုတ်ဘူး ကျုပ်တို့ဒေါင်းဝေကိုကယ်ရမယ်"

သူကြီးဦးသောင်းစံ လက်ထဲမှ ပန်းကန်အား စားပွဲပေါ်သို့ဆောင့်ချလိုက်သည်။

" ငါတို့က ဘယ်မှာလိုက်ကယ်ရမှာလဲ သူတို့စခန်းက ဘယ်မှာဆိုတာလဲ ဘယ်သူမှမသိကြဘူး ဒါကို ငါက ဘယ်ကိုသွားပြီးဘယ်လိုကယ်ရမှာလဲ"

" သူကြီးတစ်ခုခုတော့ စီစဥ်ရမယ်လေဒေါင်းဝေက ဒီရွာသားပဲ ဒီကိစ္စသူကြီးမှာတာဝန်ရှိတယ် သူကြီးအပြည့်အဝတာဝန်ယူပေးရမှာ"

" ဟိတ်ကောင် အောင်စိုး! မင်းငါပြောနေတာနားမလည်တာလား ဒီကိစ္စကိုဖြေရှင်းနိုင်မယ့်နည်းလမ်းငါ့မှာမရှိဘူး ဘယ်ကိုလိုက်ရမှန်းလဲ ငါမသိဘူး"

" သူကြီး ပုလိပ်တွေကို အကြောင်းကြားရမယ်လေ"

" အကြောင်းကြားတာပေါ့ အရင်ဓားပြမှုတွေကတည်းကအကြောင်းကြားထားပြီးသား ဒါပေမယ့်သူတို့အခုအချိန်ထိရောက်မလာဘူး ဒီတော့ ငါဘာတက်နိုင်မှာလဲ"

" သူကြီး..."

" တော်ပြီကွာ မင်းတို့အိမ်ပြန်ကြတော့"

ဖိုးဇော်နှင့်အောင်စိုး ထိုနေရာမှာသာ ပေရပ်နေမိသည်။

" ပြန်ကြတော့...!"

" လာ...လာ...ဟိတ်ကောင်ပြန်မယ်"

" ငါတို့သူ့ကိုကယ်နိုင်မယ့်နည်းလမ်းတော့ရှာတွေ့မှာပါ"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြင်းစီးရတဲ့အရှိန်ကြောင့်ခေါင်းကဒဏ်ရာပို၍နာကျင်လာရသည်။ ဒဏ်ရာ တဆစ်ဆစ်နဲ့ကိုက်နေပြီး လူမှာလဲအားအင်တွေမရှိတော့သလိုခံစားရသည်။

တစ်နေရာအရောက်မှာတော့ ဖက်ရွက်များမိုးထားတဲ့ တဲစုတစ်ခုကိုတွေ့လိုက်ရသည်။ ဒါသူတို့စခန်းပဲဖြစ်မှာပေါ့။

စခန်းသို့ရောက်သည်နှင့် ထိုလူကမြင်းပေါ်မှဆင်းလိုက်ပြီး ဒေါင်းဝေအား

" ကဲ...ရောက်ပြီ ကိုယ့်ဖာသာဆင်းလာခဲ့တော့"

ပြောပြီး ထိုလူက ကွပ်ပျစ်တစ်ခုရှိရာသို့လျှောက်သွားလိုက်သည်။

" ဘယ်လိုလဲ ဗိုလ်စောလူ ဓားပြပြန်တိုက်ရတာ အခြေအနေဘယ်လိုရှိလဲ"

" စောလူဆိုတဲ့ကောင်က ဘယ်အချိန်ပဲဖြစ်ဖြစ်အဆင်မပြေဘူးဆိုတာမရှိဘူးကွဒီအလုပ်က ငါ့အတွက် ထမင်းစား ရေ သောက်သလောက်ပဲရှိတယ်"

ပြောပြီး လက်ထဲကအထုပ်အား ကွပ်ပျစ်ပေါ်သို့ပစ်ချလိုက်သည်။

" ဘုတ်!"

အထုပ်ကျသံနဲ့အတူ အနောက်ဘက်မှအသံတစ်ခုကိုပါကြားလိုက်ရသည်။
စောလူလှည့်ကြည့်လိုက်တော့

" ဟာ...ဘယ်လိုဖြစ်တာလဲ"

ဒေါင်းဝေမြင်းပေါ်ကပြုတ်ကျတာပါ ဒဏ် ရာကအရမ်းနာနေတာကြောင့် သူ့ကိုယ့်သူ မထိန်းနိုင်ပဲဖြစ်သွားတာ။

" မြင်းပေါ်ကတောင်မဆင်းတက်ဘူးလားတော်တော်အသုံးမကျတာပဲ ဗိုလ်စောလူခင်ဗျားဘာဖြစ်လို့ ဒီလူကို စခန်းခေါ်လာရတာလဲ"

" အဲ့ဒါ ငါ့ကိစ္စပါ မင်းတို့ဘာတစ်ခုမှဝင်ပြောစရာမလိုဘူး"

စောလူ ဒေါင်းဝေအနားသို့သွားကာ ဒေါင်းဝေရဲ့လက်အားဆွဲလိုက်ပြီး

" လိုက်ခဲ့... ဟိတ်ကောင်တွေ အထုပ်ထဲကပစ္စည်းတစ်ခုခုယူထားမယ် စိတ်မကူးနဲ့နော် မိလို့ကတော့မင်းတို့ကောင်တွေ ငါနဲ့တွေ့ပြီ"

ပြောပြောဆိုဆိုနဲ့ စောလူ ဒေါင်းဝေအား သူနေရာ တဲဆီသို့ခေါ်ဆောင်သွားလိုက်သည်။ တဲရဲ့ဘေးပပတ်လည်မှာ ဖက်များနဲ့ ကာရံထားပြီး တဲတစ်ခုလုံးမှာဝင်ပေါက်မှလွဲပြီး နေရောင်မရ။

" ဒီမှာခဏနေခဲ့ ပြီးရင် ငါပြန်လာခဲ့မယ် မင်းထွက်ပြေးမယ်လို့တော့ ငါမထင်ပါဘူး"

စောလူ တဲအပြင်ဘက်သို့ ထွက်ရန်ပြင်လိုက်သည်။

" အစ်ကို့နာမည်က စောလူတဲ့လား"

" အင်း..."

" ဟင့်...ဗိုလ်ကြီးက ကျွန်တော့်ကို တကယ်ပဲမမှတ်မိတော့တာလား ဟုတ်မှာပါ ခင် ဗျားက လူတိုင်းအပေါ်မှာတောင် ရက်စက်နိုင်သေးတာပဲ ကျွန်တော့်ကို လွယ်လွယ်နဲ့မေ့နိုင်သွားတာ မဆန်းပါဘူး"

" ဒေါင်းဝေ အစ်ကိုတို့နောက်မှစကားအေး ဆေးပြောကြရအောင် အခုတော့ အစ်ကို့ကို ခဏလောက်ခွင့်ပြုဦး"

ဟင်...

' သူငါ့နာမည်ကိုမှတ်မိနေတာပဲ ဒါဆို...သူငါ့ကိုမေ့သွားတာမဟုတ်ဘူးပေါ့ '

..............................................

လူတစ်ယောက် တဲထဲသို့ဝင်လာသည်။

" ဗိုလ်ကြီးက ခင်ဗျားခေါင်းက ဒဏ်ရာကိုဆေးထည့်ခိုင်းလိုက်လို့"

ထိုလူက စင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီးဒေါင်းဝေရဲ့ခေါင်းက ဒဏ်ရာအား ထိလိုက်သည်။

" အာ့!"

" ခင်ဗျားကလည်း အသည်းငယ်လိုက်တာ ဆေးတောင် မထည့်ရသေးဘူး"

" ဟို...ကျွန်...ကျွန်တော့် ဖာသာထည့်လိုက်မယ်"

" ပြီးရော ကျုပ်လဲ လုပ်ပေးရသက်သာတာပေါ့"

ထိုလူ ဆေးထည့်ထားတဲ့ ခွက်အားကြမ်း ပြင်ပေါ်ချခဲ့ပြီး အပြင်သို့ထွက်သွား၏။
ဆေးက ဆေးရွက်ကိုအမှုန့်ကြိတ်ပြီး အ ရည်တစ်ခုခုနဲ့ ရောမွှေထားတဲ့ပုံပဲ။

ဒေါင်းဝေ ကိုယ့်ဖာသာပဲ ဆေးထည့်ရန်ပြင်ရတော့သည်။

" အာ့..."

ဆေးက အရမ်းစပ်လွန်းနေတာကြောင့် သူဆက်မထည့်တော့ပဲ ဆေးခွက်ကိုဘေးနားတွင်သာချထားလိုက်သည်။

စောလူကိုစောင့်နေပေမယ့် အချိန်အတော်ကြာတဲ့အထိ စောလူက ရောက်မလာချေ။
ဒေါင်းဝေ တဲအပြင်သို့ ထွက်ကြည့်ရန်ဆုံး ဖြတ်လိုက်သည်။ ဒေါင်းဝေ စင့်အပေါ်မှဆင်းကာ တဲအပြင်သို့ ထွက်လိုက်စဥ်မှာပဲ

" ကျုပ်တောင်းပန်ပါတယ် ဗိုလ်ကြီး ကျုပ်ကဗိုလ်ကြီးကို ရန်ပြုမယ်ထင်လို့လုပ်လိုက် မိတာပါ"

" နောက်ဆို ငါ့အမိန့်မပါပဲနဲ့ ဘာမှလုပ်ဖို့မစဥ်စားနဲ့ ကြားလား"

သူ့ရဲ့ခေါင်းအားသေနတ်ဖင်နဲ့ထုခဲ့တဲ့သူ ထိုသူက စောလူအား ခခယယပင်တောင်း ပန်နေရှာသည်။

စောလူရဲ့ပုံစံကတော်တော် ဒေါသထွက်နေပုံပဲ။ ဒေါင်းဝေ တဲထဲသို့ပြန်ဝင်ရန်ဆုံး ဖြတ်လိုက်သည်။ ဒီလောက်ရက်စက်ကြမ်းတမ်းတဲ့လူတွေရဲ့ ဒေါသကို ရင်မဆိုင်တာ အကောင်းဆုံးပဲ။

ကြမ်းပြင်ပေါ်တွင်ပြန်ထိုင်နေလိုက်သည်
။ ကြမ်းက ဝါးပိုးဝါးအား အစိပ်စိပ်ပေါက်ခွဲကာခင်းထားတာကြောင့် တစ်ချက်တစ်ချက် တင်ပါးမှအသားစိုင်တွေက ကြမ်းကြားထဲသို့ညှပ်သွားတက်သေးတယ်။

သိပ်မကြာခင်မှာပဲ စောလူတဲ အတွင်းသို့ဝင်လာသည်။ ပြီးတော့ သူ့ခေါင်းက ဆံစတွေကိုဖယ်လိုက်ပြီး

" ဟိုကောင်ဆေးမထည့်ပေးသွားဘူးလားဒီကောင်တော့"

" မဟုတ်ပါဘူး ကျွန်တော်က မထည့်ခိုင်းတာပါ ဆေးကအရမ်းစပ်တော့..."

" စပ်လဲထည့်ရမှာပေါ့ မဟုတ်ရင်အနာကရင်းသွားလိမ့်မယ် ဒါပေမယ့်...ဒဏ်ရာကရေဆေးမှရမှာ၊မျက်နာမှာလဲ သွေးတွေပေနေတာ လာခဲ့...ရေသွားချိုးရအောင်"

" ဟင်..."

" လာပါ...အစ်ကိုလဲရေချိုးချင်နေပြီ"

" ရေကဘယ်မှာချိုးရမှာလဲ"

" ဟိုရောက်ရင် သိလိမ့်မယ် လာ"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
စခန်းကနေ အနည်းငယ်သွားလိုက်တော့တသွင်သွင်စီးဆင်းနေတဲ့စမ်းချောင်းတစ်ခု ရေကကြည်လင်နေပြီး ရေစီးကလဲ အ ရမ်းမသန်ပါ။

" လာ ဒီမှာထိုင်လိုက်"

ဒေါင်းဝေ ရေကမ်းစပ်နားကျောက်တုံးတခု ပေါ်ထိုင်ချလိုက်သည်။ စောလူ အဝတ်အားရေစွတ်လိုက်ကာ ဒေါင်းဝေရဲ့ဒဏ်ရာအား ရေစိုဝတ်နဲ့သုတ်ပေးလိုက်၏။ မျက်နာနှင့် ဒဏ်ရာအား ရေဆေးကျောပြီးတော့ အသင့်ပါလာတဲ့ လွယ်အိပ်ထဲကဆေးဗူးယူလိုက်သည်။

" နာနေလား ကိုယ်ထည့်လို့ အဆင်ပြေပါ့မလား"

" ဟင်... သြော်...ရ...ရပါတယ်"

ရပါတယ်သာပြောတာ ဒေါင်းဝေမျက်နာကတစ်ချက်တစ်ချက်မဲ့ရှုံ့သွားသေးတယ်
ဆေးထည့်ပြီးတော့ အဝတ်စတစ်ခုနဲ့ ဒဏ်ရာအား စည်းပေးလိုက်၏။

ပြီးနောက် စောလူသူ့ကိုယ်မှ အင်္ကျီအားချွတ်လိုက်သည်။ဒေါင်းဝေရှိနေတာကြောင့်၊ဘောင်းဘီကိုတော့ ချွတ်မနေတော့ပဲဒူးခေါင်းအထက်ထိ လိပ်တင်ကာ ရေထဲဆင်းသွားလိုက်သည်။ ရေကပေါင်အရင်းလောက်တော့ရှိမည်။

" ဆင်းခဲ့လေ ဒေါင်းဝေ အဲ့မှာဘာထိုင်လုပ်နေတာလဲ အဝတ်တွေ ချွတ်ပြီးဆင်းလာခဲ့လိုက်"

ဒေါင်းဝေ ကြယ်သီးများအား ဖြုတ်ပြီး၊အင်္ကျီအားချွတ်လိုက်သည်။ရေကအရမ်းကိုအေးနေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခ ဏအတွင်းပြေ​ပျောက်သွားစေ၏။

" ဘယ်လိုလဲ နေသာထိုင်သာရှိရဲ့လား"

" အင်း အဆင်ပြေပါတယ်"

" ဒဏ်ရာကိုတော့ ရေမထိစေနဲ့"

" အင်း..."

စောလူ ဒေါင်းဝေရဲ့မျက်နာအားစိုက်ကြည့်နေမိသည်။ မိမိကအတင်းအဓမ္မ ဖမ်း ဆီးခေါ်လာတာတောင် သူ့အပေါ်ကို စိတ် ဆိုးတဲ့ပုံမပေါ်

" ဒေါင်းဝေ..."

" ဟင်..."

" ကိုယ်တောင်းပန်ပါတယ်ဒေါင်းဝေရဲ့ဆန္ဒမပါပဲခေါ်လာမိတာ"

" ........."

" ဒေါင်းဝေ အစ်ကို့ကိုမမုန်းဘူးလား အစ် ကို မင်းကို ဖမ်းခေါ်လာတာ"

" မ...မမုန်းပါဘူး ကျွန်တော်ကတစ်ကောင် ကြွက်လေ ကျွန်တော်ပျောက်သွားလို့ကျွန်တော့်ကိုစိတ်ပူနေမယ့်မိသားစုလဲ မရှိပါဘူး ဒါပေမယ့် ကျွန်တော်ရောက်နေတဲ့နေ ရာကဓားပြစခန်းဖြစ်နေတာကိုတော့ ကျွန် တော်စိတ်မကောင်းဘူး လူတွေမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ထမင်းစားရတဲ့ဘဝမျိုးနဲ့ အစ်ကို့ကိုမမြင်ချင်ဘူး ကျွန် တော်လဲ အဲဒီလိုမနေနိုင်ဘူး"

" အစ်ကိုသိပါတယ် ဒါပေမယ့် ဒီလောကထဲကပြန်ထွက်ဖို့ဆိုတာကပြောသ လောက် မလွယ်ဘူးဒေါင်းဝေ"

" နိုင်ငံတော်က အစ်ကိုတို့ကို အလင်းပြန်ဝင်ဖို့..."

" တော်ပြီဒေါင်းဝေ... သူတို့နောက်ကွယ်မှာဘာတွေ စီစဥ်ထားလဲဆိုတာ အစ်ကိုတို့မသိနိုင်ဘူး မဟုတ်ရင် အစ်ကိုတို့ အသက်တွေပါဆုံးရှုံးသွားနိုင်တယ်"

" အစ်ကိုက သူများအသက်တွေကျတော့ကြက်ကလေး ငှက်ကလေးသတ်သလိုသတ်ပြီးတော့ ကိုယ့်အသက်ကျမှ..."

" ဒေါင်းဝေ...ဒီနေ့ ဒီအချိန်ထိအစ်ကိုဘယ်သူ့အသက်ကိုမှ မသက်ခဲ့ဖူးဘူး ဒေါင်းဝေယုံချင်ယုံမယုံချင်နေ ဒါကတော့ အကိုအ မှန်တိုင်းပြောတာ တော်ပြီကွာ...အစ်ကိုသွားတော့မယ် ဒေါင်းဝေလဲ ရေချိုးလို့ပြီးရင်တက်ခဲ့လိုက်တော့"

ဒေါင်းဝေလဲ အနောက်မှ တက်လိုက်လာခဲ့၏။ စောလူ သူ့အားစိတ်ဆိုးသွားပြီလားမတက်နိုင်ဘူး။ ကိုယ်စောင့်ဆိုင်းနေတဲ့ သူနဲ့ပြန်ဆုံရတာပျော်ပေမယ့် ဒီလိုနေရာမျိုးမှာတော့ သူမနေချင်ဘူး။

စခန်းကို ပြန်ရောက်တော့ လူတစ်ယောက်သူတို့ နှစ်ယောက်အရှေ့ရောက်ချလာသည်။ စခန်း စရောက်ကတည်းက ဒီလူကို ဒေါင်းဝေ မတွေ့ဖူးသေးပါ။

" ကျုပ်က ခင်ဗျား ကောင်လေးတစ်ယောက်ကို ခေါ်လာတယ် ကြားလို့လာကြည့်တာ ဘာလဲ ဒီစခန်းမှာထမင်းချက်ခိုင်းမလို့လား ဒါမှမဟုတ် ဗိုလ်စောလူအတွက်တစ်ကိုယ်ရည်ပြုစုဖို့လား"

ထိုလူရဲ့ စကားက ခနှဲ့တဲ့ဘက်ရောက်နေတယ်။ ပြီးတော့သူ့ရဲ့အကြည့်တွေက စောလူအပေါ် မကျေနပ်တဲ့ အကြည့်တွေ ပါနေတယ်။

" ဟုတ်တယ် သူ့ကို ငါတစ်ယောက်တည်းကိုပြုစုဖို့ ခေါ်လာတာ ဒါကြောင့်...မင်းကိုအခုကတည်းကကြိုပြီးသတိပေးထားလိုက်မယ် မင်းသူ့ကို နာကျင်အောင်လုပ်ဖို့မပြောနဲ့ လက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့၊ကြားလား"

" ဟား စိုးရိမ်တက်နေလိုက်တာဗျာ စိတ်ချပါ...ခင်ဗျားလူကိုကျုပ်လက်ဖျားနဲ့တောင်မထိဘူး ဒါပေမယ့်...ဒီစခန်းအပေါ် သစ္စာ ဖောက်မယ်ကြံလို့ကတော့ ကျုပ်ကိုအပြစ်မတင်နဲ့ ဗိုလ်စောလူ ခင်ဗျားလဲသတိထား နေ ခင်ဗျားပျောက်သွားတဲ့အချိန်အတော အတွင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့မသိဘူး ခင်ဗျားပါ ကျုပ်တို့အပေါ် သစ္စာ ဖောက်မယ် ကြံလို့ကတော့ ကျုပ်လက်ထဲက သေနတ်က လူရွေးမှာမဟုတ်ဘူး"

ထိုလူကပြောပြီး ချာခနဲ လှည့်ထွက်သွားသည်။

" တောက်!"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ညဥ့်ငှက်သံတွေက ခပ်လှမ်းလှမ်းတစ်နေ ရာမှ တစီစီနဲ့ကြားနေရသည်။

လေတဖြူးဖြူးတိုက်နေပေမယ့် တဲကအလုံပိတ်ဖြစ်နေတာကြောင့် တဲအတွင်းပိုင်းတွင်တော့ လေမဝင်ပဲ ငြိမ်သက်နေတယ်။

သို့ပေမယ့်လဲ ရာသီဥတုက အေးစိမ့်နေတာကြောင့် ဒေါင်းဝေ စောင်တစ်ထည်အားခါးအပေါ်ပိုင်းလောက်ထိ ခြုံထားလိုက်သည်။

လူတစ်ယောက် တဲထဲသို့ဝင်လာတာကိုသတိထားမိလိုက်၏။

" အိပ်နေပြီလား ဒေါင်းဝေ"

" မအိပ်သေးပါဘူး"

စောလူ တဲစင့်ပေါ်သို့တက်ကာ၊ ဒေါင်းဝေနံဘေးတွင် လှဲလျောင်းလိုက်ပြီး ဒေါင်းဝေခြုံထားတဲ့စောင်အထဲဝင်အိပ်လိုက်သည်။
ပြီးတော့ ဒေါင်းဝေရဲ့ခန္ဓာကိုယ်အားဖက်ထားလိုက်၏။

" အဲ့ဒီညက ဘာလို့ထွက်သွားတာလဲ"

"​ ဟင်...အဲ့တာကအစ်ကို ရှင်းပြဖို့မလိုဘူးထင်တယ် ဒေါင်းဝေ ကိုယ့်ကိုယ်ကို ဓားပြတစ်ယောက်မှန်းသိလိုက်ရတဲ့ အချိန်မှာအစ်ကိုဘယ်လိုလုပ်ပြီး ဒေါင်းဝေ အနားမှာ ဆက်ပြီးနေနိုင်မှာလဲ"

" ဒါဆိုအခုကျတော့ရောကျွန်တော့်ကို ဘာ လို့ ခေါ်လာတာလဲ"

" အစ်ကိုလဲမသိဘူး အဲ့ဒီအချိန်တုန်းက အ ကို ကိုယ့်ခံစားချက်ကိုပဲ ဦးစားပေးခဲ့မိတာ အစ်ကိုတောင်းပန်ပါတယ် ဒါပေမယ့်စိတ်ချပါ အစ်ကို ဒေါင်းဝေကို ပြန်ပို့ပေးမှာပါ"

ဒေါင်းဝေ စောလူနဲ့ မျက်နာချင်းဆိုင်ဘေးတစောင်းအိပ်လိုက်ပြီး

" အစ်ကိုပါ ကျွန်တော်နဲ့ လိုက်ခဲ့လေ"

စောလူပြုံးလိုက်သည်။

" ဒေါင်းဝေကလဲကွာ...အစ်ကိုကဘယ်လိုလုပ်ပြီး ဒေါင်းဝေနဲ့ အတူ လိုက်နေလို့ရမှာလဲ"

" ရတာပေါ့ ကျွန်တော် အဲ့ဒီရွာကိုမပြန်တော့ဘူး ကျွန်တော်တို့နှစ်ယောက်တစ်နေရာရာကို ထွက်သွားကြမယ်လေ"

" ဒေါင်းဝေ...ဒေါင်းဝေစေတနာကို အစ်ကိုနားလည်ပါတယ် ဒါပေမယ့် အစ်ကို့ အ တွက်က ပြောသလောက်ကြီး မလွယ်ဘူးကွ"

" ဘာလို့လဲ...ဒီစခန်းမှာ အစ်ကိုမရှိလဲဖြစ်နေတာပဲ အစ်ကို ဒီနေရာက ထွက်သွားချင်စိတ်ရှိဖို့ပဲလိုတာပါ"

" ဒေါင်းဝေ အစ်ကိုပြောတာနားထောင်ဒေါင်းဝေအစ်ကို့ကိုစတွေ့တဲ့နေ့ကအစ်ကိုဘာကြောင့် ဒဏ်ရာရခဲ့လဲဆိုတာသိလား"

" ဟင်အင်း"

"အစ်ကိုက တခြားနယ်ဘက်မှာ ဝရမ်း ထုတ်ခံထားရတာ အစ်ကို့ကိုဖမ်းချင်နေတဲ့သူတွေမှအများကြီး အဲ့တော့အစ်ကိုတို့ဒီဘက်ကို စခန်းပြောင်းလာခဲ့တာ ဒါတောင်ပုလိပ်တွေနဲ့တွေ့ပြီး ဒဏ်ရာရခဲ့သေးတယ် တော်သေးတာပေါ့ ဒေါင်းဝေသာမကယ်ရင် အစ်ကိုသေတာကြာပြီ"

" ဒါဆို... အစ်ကိုဒီဘဝနဲ့ပဲ တစ်သက်လုံးနေသွားတော့မှာလား အစ်ကို့ ဘဝကို ရိုးရိုးသားသားလုပ်ကိုင်စားဖို့အစီအစဥ်မရှိတော့ဘူးလား"

" ကဲပါကွာ..အဲဒီကိစ္စကိုအစ်ကိုစဥ်းစားပါဦးမယ် အခုတော့အိပ်လိုက်ဦးနော် ဒေါင်းဝေ ဒီနေ့တစ်နေ့လုံး ပင်ပန်းထားတာ မ ဟုတ်လား"

ဒေါင်းဝေ စောလူကို ဒီလိုဘဝမျိုးနဲ့တ ကယ်ကို မမြင်ချင်တာပါ။ သူ့ဘဝအခြေ တကျဖြစ်ဖို့အတွက် ဒေါင်းဝေဘက်က တခုခုပေးဆပ်ရမယ်ဆိုရင်လဲ အဆင်သင့်ပါပဲ။

စောလူက သူ့အားတင်းကြပ်စွာဖက်ထား ၏။ ပြီးတော့မျက်နာကို ဒေါင်းဝေရဲ့မျက်နာနှင့် ထိကပ်ထားသေးတာ။

စောလူရဲ့ဝင်သက်ထွက်သက်လေတွေကဒေါင်းဝေရဲ့ပါးပြင်သို့ရိုက်ခက်နေသည်။

" ဒေါင်းဝေ...အစ်ကိုမင်းကိုအရမ်းလွမ်းနေခဲ့ရတာ သိလား..."

စောလူရဲ့အသံတွေကတိုးဖျော့ပြီး အနည်း ငယ်တုန်ယင်နေ၏။ အသက်ရှုသံတွေကလဲ ပုံမှန်ထက်ပြင်းထန်လာသည်။

" အခုလို ဒေါင်းဝေနဲ့ ပြန်ဆုံလိုက်ရတော့အစ်ကို ဘယ်လောက် ပျော်နေလဲဆိုတာ၊ဒေါင်းဝေသိမှာမဟုတ်ဘူး အစ်ကိုမင်းကိုချစ်တယ်ဒေါင်းဝေ ဘယ်လိုအချစ်မျိုးလဲ ဆိုတာတော့ မသိပေမယ့်ဒေါင်းဝေအပေါ် ထားတဲ့ခံစားချက်တွေက အချစ်လို့အဓိပ္ပါယ်တပ်ရလောက်အောင် လေးနက်တယ် ဆိုတာတော့ အစ်ကိုသိတယ်"

စောလူ ဒေါင်းဝေရဲ့နဖူးပြင်အား ဖွဖွလေးနမ်းလိုက်သည်။

ဒေါင်းဝေကတော့ မျက်လုံးအစုံကိုမှိတ်ထား၏။

သူအိပ်ပျော်မနေဘူးဆိုတာတော့ စောလူသိတယ်။ စောလူတစ်ယောက် ဒေါင်းဝေရဲ့နဖူးအားတစ်ဖန်ပြန်နမ်းလိုက်သည်။

ပြီးနောက်...မျက်နာတစ်ခုလုံးကို အနမ်းမိုးရွာချပစ်လိုက်တော့၏။
..............................................

မနက်မိုးလင်းလို့ ဒေါင်းဝေနိုးလာတော့စောလူက ဘေးနားမှာ မရှိတာကြောင့်ဒေါင်းဝေလဲ အိပ်ယာမှထကာ တဲအပြင်ဘက်သို့ထွက်လိုက်သည်။

အပေါ်ပိုင်းဗလာနဲ့ သစ်ငုတ်ကြီးကြီးတစ်ခုပေါ်တွင်ထိုင်ကာ သေနက်အား အဝတ်တခုနှင့် သန့်စင်နေတဲ့ စောလူအား တွေ့လိုက်ရ၏။

" နိုးလာပြီလား ဒေါင်းဝေ...ဒဏ်ရာရောဘယ်လိုနေသေးလဲ "

" သက်သာ လာပါပြီ"

" လာ...အစ်ကို့နားမှာလာထိုင် ပြီးမှပဲစိုက် ခင်းထဲသွားကြတာ​ပေါ့"

ဒေါင်းဝေ စောလူ နံဘေးတွင် ဝင်ထိုင်လိုက်ပြီး

" ကျွန်တော် နားကြားမှားလိုက်တာလား"

" ဘာကို"

" အစ်ကိုတို့ ဓားပြတွေက စိုက်ခင်းရှိသေး တာလား"

" မဟုတ်ပါဘူး ဒီအတိုင်းစားဖို့နည်းနည်း ပါးပါးစိုက်ထားတာပါ"

ဒေါင်းဝေ တိုးဖျော့စွာ တစ်ချက်ရယ်လိုက်သည်။

" ဘာရယ်တာလဲ"

" မဟုတ်ပါဘူး ဓားပြတွေက ကိုယ်တိုင်စိုက်ပျိုးစားတယ်ဆိုလို့ပါ"

" ဒေါင်းဝေ... ကိုယ်တို့က ရွှေတွေငွေတွေကိုပဲ ဓားပြတိုက်လို့ရတာလေကွာ စားဖို့အတွက်ကျတော့ကိုယ့်ဖာသာပဲ ဖန်တီးရတာပေါ့ တစ်ချို့ရိက္ခာတွေကျတော့ ရွာပေါ်တက်ဝယ်ရတာပေါ့"

" သူများရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ ပိုက်ဆံတွေနဲ့လား ကျွန်တော်မေးပါဦးမယ် အကိုတို့ ဓားပြတိုက်ထားတဲ့ ရွှေငွေတွေက နည်းတာ မဟုတ်ဘူး အဲ့တာတွေကဘယ်ရောက်ကုန်တာလဲ"

စောလူ ဒေါင်းဝေအား တစ်ချက်ကြည့်လိုက်ပြီး သေနက်ကိုသာ အဝတ်ဖြင့်သုတ်ရင်း

" ဓားပြတိုက်လို့ရတဲ့ဟာတွေကို အစ်ကိုတို့ဝေစုပြန်ခွဲတယ် ဒေါင်းဝေမြင်တဲ့ အတိုင်းပဲ ဒီစခန်းမှာ လူတွေကနည်းတာ မဟုတ်ဘူး ပြီးတော့...အစ်ကိုတို့ကအမြဲတမ်းဓား ပြထွက်တိုက်နေတာမဟုတ်ဘူး နေရာတခုကို အရင်လေ့လာတယ် ပိုင်ပြီဆိုမှတိုက် တာ ဒီစခန်းက တစ်ချို့လူတွေမှာ သူတို့မိ သားစုရှိကြတယ်"

" ဘာ..."

" ဟုတ်တယ်...လက်ကြောတင်းအောင်မလုပ်ချင်တော့ အစ်ကိုတို့အဖွဲ့ထဲ ဝင်လာတာ"

" ဒါဆို အစ်ကိုကရော...ဘယ်လိုလုပ်ပြီးဓားပြဖြစ်လာတာလဲ"

" အဲ့ဒီအကြောင်းတွေ အစ်ကိုပြန်မပြောချင်ဘူး ဒေါင်းဝေစိတ်ချပါ..အစ်ကိုဆုံး ဖြတ်ပြီးပြီ ဒီနေရာကနေ အစ်ကိုတို့နှစ်ယောက်အမြန်ဆုံးထွက်သွားကြမယ် ပြီးရင် ဒေါင်းဝေနဲ့အတူတူဘဝကို ရိုးရိုးသားလုပ်ကိုင်စားမယ်"

ဒေါင်းဝေရင်ထဲမှာ အတိုင်းမသိကို ပျော်ရွှင်သွားရ၏။

" တကယ်လား"

" အစ်ကိုတကယ်ပြောနေတာ ဒေါင်းဝေကရော... ဒေါင်းဝေဘဝကို အစ်ကို့လိုလူတစ်ယောက်နဲ့ဖြတ်သန်းနိုင်ပါ့မလား"

" မေးနေစရာမလိုပါဘူး အစ်ကိုသာဒီအ လုပ်ကြီးကို စွန့်လွှတ်လိုက်မယ်ဆို ကျွန် တော်အစ်ကိုနဲ့ ဘယ်လိုဘဝမျိုးကိုမဆိုဖြတ်သန်းနိုင်ပါတယ် အစ်ကို့ဘက်ကသာဒီနေရာက အမြန်ဆုံးထွက်သွားနိုင်အောင်ကြိုးစားပေးပါ"

" စိတ်ချပါ...၊အစ်ကိုအမြန်ဆုံးဖြစ်အောင်ကြိုးစားပါ့မယ်"

နှစ်ယောက်သား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီးပြုံးနေကြသည်။

ဒေါင်းဝေကတော့ အဲ့ဒီနေ့ကိုသာ အမြန်ဆုံး ရောက်ချင်နေမိတယ်။

" ဗိုလ်ကြီး...ကျုပ်ရွာထဲရိက္ခာတွေသွားဝယ်မလို့ ဗိုလ်ကြီးမှာချင်တာရှိသေးလား"

" သြော်...သက်နိုင်အေးကွာ...မှာစရာတော့မရှိပါဘူး မင်းကိုပဲအသွားအလာ သတိ ထားဖို့မှာရမှာ မြင်းကိုလဲရွာရဲ့ခပ်လှမ်း လှမ်းမှာပဲ ပထားခဲ့ကြားလား"

" စိတ်ချပါဗိုလ်ကြီးရ၊ဒီကိစ္စကကျုပ်တာဝန်ယူနေကျပါဗျ၊ဗိုလ်ကြီးစိတ်မပူပါနဲ့"

" အေးပါ...သွားမယ်ဆိုလဲ မြန်မြန်သွား ပြီးရလည်း မြန်မြန်ပြန်လာခဲ့"

" ဟုတ်ကဲ့ ဗိုလ်ကြီး"

သက်နိုင်ဆိုတဲ့လူ အနားမှထွက်သွားကာ၊မြင်းတစ်ကောင်ပေါ်သို့ တက်လိုက်ပြီး စ ခန်းအပြင်သို့ ထွက်သွားတော့သည်။

" ဒေါင်းဝေ ဒီမှာခဏစောင့် အစ်ကိုမြင်း
သွားယူလိုက်ဦးမယ်"

" မြင်းနဲ့သွားမှာလား"

" ဟုတ်တယ် ဒေါင်းဝေကို ဟိုနားဒီနားလျှောက်ပြမလို့"

ပြောပြီး စောလူ မြင်းရှိရာသို့ထွက်သွားသည်။ တော်သေးတာပေါ့ ဒေါင်းဝေစောလူရဲ့ဘောင်းဘီကိုယူဝတ်ထားလို့ မဟုတ်ရင်...ပုဆိုးနဲ့မြင်းစီးရတာအဆင်မပြေလှ။

စောလူမြင်းတစ်ကောင်အားဆွဲကာ ဒေါင်းဝေအနားပြန်ရောက်လာသည်။

ဒေါင်းဝေအား အရှေ့မှတက်စေပြီးစောလူကတော့ အနောက်မှနေ၍ ဒေါင်းဝေအားသူ့ရင်ခွင်ထဲ၌ သိုင်းဖက်ထားလျက်ပေါ့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြင်းကို​​ဖြေးဖြေးညှင်ညင်သာသွားစေ၏။
မြင်းစီးနေရင်းနှင့်ပင် ဒေါင်းဝေရဲ့ပါးပြင်အားနမ်းရှိုက်လိုက်သည်။

" ဘယ်လိုဖြစ်နေတာလဲ"

" ဘာဖြစ်လို့လဲ နမ်းလို့မရဘူးလား"

ဒေါင်းဝေ ဘာမှပြန်မပြော

" ပြောလေ နမ်းလို့မရဘူးလားလို့"

" အခုကမြင်းပေါ်မှာလေ ဒီကလူကပြုတ်မကျအောင် မနည်းနေ,နေရတာ"

" ပြုတ်မကျပါဘူးဗျာ အစ်ကိုတစ်ယောက် လုံးရှိနေတာပဲ"

မြင်းကခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်အောက်ပိုင်းကလဲ ပို၍နီးကပ်သွားရစမြဲ။
ထိုအရာက ဒေါင်းဝေအားအနေရခက်စေ၏

" အနောက်နည်းနည်း ဆုတ်ထိုင်ပေးလို့မရဘူးလား အနေရခက်လို့"

" မရဘူး ဖြစ်နိုင်ရင် ဒေါင်းဝေနဲ့ ဒီထက်ပိုပြီး နီးနီးကပ်ကပ်နေချင်တာ"

" အခုကရော မနီးကပ်လို့လား ဒီလောက်ပူကပ်နေတာ"

" ဒီထက် ပိုပြီးပူကပ်ချင်သေးတာ"

ပြောပြီး ဒေါင်းဝေရဲ့ပါးပြင်အားနမ်းရှိုက်လိုက်ပြန်သည်။

" ဒေါင်းဝေ..."

" ဟင်..."

" ချစ်တယ်"

ဒေါင်းဝေ ဘာမှ ပြန်မပြောမိပေမယ့် စောလူထံမှ ဒီစကားကိုကြားလိုက်ရတိုင်း သူ့ရင်ထဲမှာ ကျေနပ်ပီတိဖြစ်မိတာတော့ အ မှန် ထိုစကားကို ထပ်ကာတလဲလဲကြားချင်နေမိတယ်။

" ဒေါင်းဝေရော... အစ်ကို့ကို ဘယ်လိုခံစားရလဲ အစ်ကိုချစ်သလိုမျိုး ဒေါင်းဝေလဲ အစ်ကို့ကိုချစ်တယ်မဟုတ်လား"

" အင်း..."

ဒေါင်းဝေ ခေါင်းတစ်ချက် ညိမ့်လိုက်သည်။ ဒီလောက်ဆို လုံလောက်ပြီမဟုတ်လား။ သူ့အား ဖမ်းခေါ်လာခြင်းကိုတောင်၊အပြစ်မတင်ပဲ သူနဲ့တစ်ဘဝလုံးဖြတ်သန်းဖို့တောင်မှ ရည်ရွယ်ထားတာ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိုးရွာလာတာကြောင့် မြင်းကိုသစ်ပင်ကြီးတစ်ခုအောက်တွင် ရပ်လိုက်ပြီး စောလူမြင်းပေါ်မှဆင်းလိုက်သည်။

ဒေါင်းဝေအား မြင်းပေါ်မှ ဆင်းစေပြီးနောက် သစ်ပင်အောက်တွင် နှစ်ယောက်သားထိုင်လိုက်ကြ၏။

" အရမ်း အေးနေလား"

ခန္ဓာကိုယ်က အဝတ်အစားတွေက ရွှဲစိုနေပြီး ခိုက်ခိုက်တုန်အောင်ချမ်းနေရှာ၏။

" အင်္ကျီချွတ်ထားလိုက်ပါလား ဒေါင်းဝေအင်္ကျီက အစိုဓာတ်နဲ့ဆို ဒေါင်းဝေ ပိုပြီးချမ်းနေလိမ့်မယ်"

" အင်း..."

ဒေါင်းဝေ အင်္ကျီအား ချွတ်လိုက်တော့ စောလူကလဲ သူ့အင်္ကျီအား ချွတ်လိုက်ပြီး
ဒေါင်းဝေအား ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်သည်။

" ဒီလိုဆို ပိုပြီးနွေးသွားတာပေါ့"

စောလူရဲ့ ခန္ဓာကိုယ်မှ ကိုယ်ငွေ့နွေးနွေးကြောင့် ဒေါင်းဝေနေရတာနွေးနွေး ထွေးထွေးရှိလာ၏။

" ဒေါင်းဝေ..."

" ဟင်..."

" ချမ်းနေသေးလား"

" ဟင့် အင်း"

" ဒဏ်ရာကရော၊နာနေသေးလား"

" ဟင် အင်း"

စောလူ ဒေါင်းဝေရဲ့ရေစိုနေတဲ့ဆံစလေးများအားနမ်းရှိုက်လိုက်သည်။ ပြီးနောက်ဒေါင်းဝေရဲ့မေးစေ့အား လက်ဖြင့် အသာ အယာမတင်ကာ နီးမြန်းနေတဲ့ နှုတ်ခမ်းအား သူ့ရဲ့နှုတ်ခမ်းသားတွေနဲ့ ထိတွေ့လိုက်သည်။

ဒီတော့ ဒေါင်းဝေရဲ့မျက်လုံးမှေးစင်းသွားပြီး သူလဲ အလိုက်သင့် စောလူနှုတ်ခမ်းအား အနမ်းချင်းဖလှယ်နေမိသည်။

တောအုပ်တစ်ခုလုံး ချုံနွယ်ပိတ်ပေါင်းတွေက ထူထပ်နေပြီး လူသူကင်းမဲ့တဲ့နေရာမှာ သူတို့နှစ်ယောက်ထဲ ရှိနေ၏။
ထို့ကြောင့် ထိန်းချုပ်ထားရတဲ့ စိတ်တွေကို လွှတ်ချလိုက်ဖို့ အသင့်ဖြစ်နေပြီ။

နှစ် ယောက်စလုံးရဲ့အနမ်းတို့က တဖြေး ဖြေးနဲ့ကြမ်းတမ်းလာပြီး ခေါင်းထဲမှာလဲဘာအတွေးမှမရှိတော့ပဲ အမှောင်အတိကျနေသည်။ အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်ချင်းထိတွေ့မှု​က သူတို့နှစ်ယောက်ရဲ့စိတ်တွေကို အစွန်းဆုံးထိတွန်းအားပေးနေ၏။

စောလူရဲ့အနမ်းတို့က နှုတ်ခမ်းတင် မ ဟုတ်တော့ပဲ ဒေါင်းဝေရဲ့ခန္ဓာကိုယ်အနှံ့ကျရောက်လာသည်။

တစ်ဆက်တည်းမှာပဲ ဒေါင်းဝေရဲ့ဘောင်း ဘီကြယ်သီးအားဖြုတ်လိုက်ကာ အောက်သို့အနည်းငယ်ဆွဲချွတ်လိုက်ပြီး သူ့ရဲ့အနမ်းတွေကို အောက်ပိုင်းတစ်နေရာမှအ သသားစိုင်ရှိသို့ တဖြေးဖြေးချင်း ယူ ဆောင်သွားလိုက်တော့သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှစ်ယောက်သား စခန်းဆီသို့ပြန်ရောက်တော့ အချိန်က မှောင်စတောင်ပြုနေပြီ။

သစ်ပင်အောက်မှာ သူတို့နှစ်ယောက်တော်တော်ကြာသွားခဲ့တာပဲ အချိန်တွေဘယ်လို ကုန်သွားမှန်းတောင်မသိလိုက်။

စခန်းပြန်ရောက်တော့ စခန်းကလူတွေရဲ့မျက်နာကပုံမှန်မဟုတ်ဘူးဆိုတာ သတိ ထားမိလိုက်သည်။

ပြီးတော့...ကျောက်ထွန်းတစ်ယောက်ကိုလဲမတွေ့ အဲ့ဒီကောင်က သိပ်ယုံရတာ မ ဟုတ်ဘူး။ မနက်က ရိက္ခာသွားဝယ်တဲ့သက်နိုင်ကတော့ ပြန်ရောက်နေပြီဖြစ် သည်။

" သက်နိုင်...ကျောက်ထွန်းရော"

သက်နိုင်မျက်နာက သိသိသာသာကိုပျက်နေသည်

" ဟို...ဟို...ဗိုလ်ကျောက်ထွန်း အပြင်ထွက်သွားတယ်"

" ဘယ်ကိုထွက်သွားတာလဲ"

" ဟို...အိမ်တစ်အိမ်ကို ဓားပြသွားတိုက်မလို့ဆိုပြီး၊ထွက်သွားတာပဲ"

" ဘာ...သူက ငါ့အမိန့်မပါဘဲ သူလုပ်ချင်ရာလုပ်လို့ရမလားကွ"

စောလူရင်ထဲ ဒေါသကထောင်းခနဲထသွားသည်။ ကျောက်ထွန်းဆိုတဲ့ကောင်က အစကတည်းက သူ့နေရာကိုလိုချင်နေတာစောလူဒီစခန်းက ပျောက်သွားတဲ့ အချိန် အ တော အတွင်းမှာလဲ သူပဲဒီစခန်းကို အုပ် ချုပ်နေခဲ့တာ စောလူပြန်ရောက်လာတော့ကျောက်ထွန်းစိတ်တွေမကျေမနပ်ဖြစ်နေတာကို စောလူသိတယ်။

" ကျုပ်လဲပြောပါသေးတယ် ဒါပေမယ့်ကျုပ်တို့က သူ့ကိုဘယ်လိုတားလို့ရမှာလဲ၊ဒီညက အဲ့ဒီအိမ်ကိုဓားပြတိုက်ဖို့အလွယ်ကူဆုံးပဲဆိုပြီးထွက်သွားတာ သူနဲ့အတူ၊သာဂိနဲ့ ကျော်မြိုင်တို့လဲပါသွားတယ်"

" တောက်!"

" ဘယ်ရွာကိုသွားတာလဲ"

" သစ်သုံးခွရွာကို"

" ဘာ..."

ထိုအသံကဒေါင်းဝေထံမှထွက်လာခြင်းပါ။

" သစ်သုံးခွရွာကိုဟုတ်လား"

" ဒေါင်းဝေ စိတ်ကိုအေးအေးထားနော်"

" ကျွန်တော်က ဘယ်လိုလုပ်ပြီးစိတ်အေးနိုင်မှာလဲ ကျွန်တော့်ရွာကိုတော့ ဒုက္ခမပေးပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ်"

" ဒေါင်းဝေ... ဒေါင်းဝေစိတ်ချပါ ဒီကိစ္စကိုအစ်ကိုဖြေရှင်းပေးပါ့မယ် သက်နိုင် သူတို့ထွက်သွားတာကြာပြီလား"

" ကြာပြီဗိုလ်ကြီး ဗိုလ်ကြီးလိုက်လို့တော့မမှီလောက်တော့ဘူး"

"ရတယ်ငါလိုက်သွားမယ် သူတို့အရင်ငါမြင်းစီးလာတာ ဒေါင်းဝေ...ဒီမှာပဲနေခဲ့နော် စိတ်ချကြားလား အစ်ကိုသူတို့ကိုရအောင်တားပေးမယ်"

စောလူမြင်းပေါ်သို့အလျင်အမြန်ပင်တက် လိုက်ပြီးနေရာမှဒုန်းစိုင်းထွက်သွားတော့ သည်။

ကျောက်ထွန်းတို့ရွာထဲမရောက်ခင်တော့သူတို့ကိုမှီတန်​ကောင်းပါရဲ့ကိုယ်ချစ်ရတဲ့သူရဲ့ ရွာကိုတော့ ဒုက္ခမပေးချင်ဘူး။

ဒီလိုမှမဟုတ်ရင် ဒေါင်းဝေသူ့အပေါ်ထားတဲ့အချစ်တွေကတစ်မျိုးတမည် ပြောင်း လဲသွားနိုင်တယ်။
                     
..............................................

ညနေက ရွာထဲကို ကုန်သည်ပွဲစားသုံးယောက်ရောက်လာတာကြောင့် အောင်စိုးက သူဌေးဦးလူလှ အိမ်သို့ခေါ်ဆောင်သွားရ၏။

သူဌေးဦးလူလှနဲ့ အောင်စိုးတို့မိသားစုနဲ့ကဆွေမျိုးနီးစပ်တော်တယ်။

ညနေက ထိုလူသုံးယောက်နဲ့ ရွာထဲလမ်းမှာတွ့ပြီး သူတို့ကသူဌေးဦးလူလှအိမ်ကိုသွားချင်တယ် ပြောတာကြောင့် အောင်စိုးကိုယ်တိုင်လိုက်ပို့ပေးခဲ့တာ။

" ခင်ဗျားတို့ကလဲဗျာ... အခုချိန်က ဘယ်က 'ပဲ' က ရှိတော့မှာလဲဗျ"

" အေးဗျာ...ကျုပ်တို့ကလဲ ခင်ဗျားတို့ဆီမှာ မရောင်းရသေးပဲ လှောင်ထားတဲ့ပဲတွေများဦးမလားလို့ လာလိုက်တာဗျ"

ဘေးနားက ပွဲစားတစ်ယောက်က

" အခုကအချိန်လဲမနည်းတော့ဘူးဗျဘယ် လိုလုပ်ကြမလဲ ညဘက်ကြီးပြန်လို့လဲအ ဆင်ပြေမှာ မဟုတ်ဘူး"

ထိုစဥ် ကုန်သည်တစ်ယောက်က တစ်ခုခုကိုစဥ်းစားလိုက်ဟန်ဖြင့်

" သူဌေးဦးလူလှ ဒီတစ်ခုတော့ ကျုပ်တို့ကိုကူညီဗျာ အခုက ကျုပ်တို့လဲပြန်လို့အ ဆင်မပြေတော့ဘူး ဒီတော့...ကျုပ်တို့ကိုဒီမှာ တညလောက်တည်းခွင့်ပြုဗျာ..."

" ဟာ...မဖြစ်ဘူထင်တယ်နော်...အခုတစ်လော ဓားပြတွေကသောင်းကျန်နေတာဗျရွာမှာ လူစိမ်းညအိပ်လက်မခံရဘူးလို့လဲရွာလူကြီးကမှာထားတယ်ဗျ"

" ဟာဗျာ...သူဌေးကလဲကျုပ်တို့ကသူဌေးကို ဒုက္ခပေးမယ့်သူတွေလားဗျ ကျုပ်တို့လဲ တကယ်အကူအညီလိုနေလို့ပါ ကျုပ်တို့ကိုဒါတော့ကူညီပါဗျာ..နောက်နှစ်ပဲပေါ်ချိန်ကျရင် သူဌေးရဲ့ပဲတွေကို တခြားသူတွေထက် ဈေးကောင်းပေးဝယ်မယ်ဗျာ"

ဒီတော့ သူဌေးဦးလူလှရဲ့မျက်နာက အ နည်းငယ်ရွှင်ပျလာကာ

" အေးဗျာ...ခင်ဗျားတို့ကအခက်အခဲဖြစ်နေမှတော့ ကျုပ်ကူညီပါ့မယ် ပဲပေါ်ချိန်ကျရင်တော့ ခင်ဗျားကတိတည်ရမယ်နော်..."

" စိတ်ချပါဗျာ...ကျုပ်တို့ကကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားတဲ့ သူတွေပါ...ဗျ"

" ကောင်းပြီ ဒါဆို ခင်ဗျားတို့ ဒီအိမ်မှာအေး ဆေးတည်းဗျာ၊သြော်...ဒါနဲ့အောင်စိုး ငါ့အိမ်မှာလူစိမ်းတွေ ရောက်နေတာမင်း ဘယ်သူ့ကိုမှလျှောက်မပြောနဲ့နော်တော်ကြာ သူကြီးသိသွားလို့ ငါ့ကိုပြဿရှာနေဦးမယ်"

" ဟုတ်ကဲ့ပါ ဦးလေး ကျုပ်ဘယ်သူ့ကိုမှမပြောပါဘူး ဒါဆို...ကျုပ်ပြန်လိုက်ဦးမယ်မိုးလဲ ချုပ်နေပြီဆိုတော့"

" အေးကွာ..."

အောင်စိုးတစ်ယောက် ခြံထဲမှထွက်လာခဲ့လိုက်သည်။

သူ့အတွေးထဲမှာ ဒီပွဲစားသုံးယောက်ကတစ်ခုခုထူးဆန်းနေသလိုပဲ ဒါပေမယ့် ဦးလူလှစကားဆိုတော့ သူဝင်ပြောလဲ ဘာမှထူးမည်မဟုတ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

စောလူ ကျောက်ထွန်းတို့ရွာထဲ မရောက်ခင်အမှီ မြင်းတစ်ကောင်နှင့် အပြေးနှင်လာခဲ့သည်။

နေရောင်ကွယ်ပျောက်လို့မှောင်ရိပ်တောင်သန်းနေပြီ။

မကြာခင်မှာပဲ ရွာရဲ့ခပ်လှမ်းလှမ်းတစ်နေ ရာမှာ မြင်းအုပ်တစ်အုပ်အားတွေ့လိုက်ရသည်။

ကျောက်ထွန်းနဲ့ ကျန်တဲ့လူတွေကိုတော့တစ်ယောက်မှမတွေ့။

စောလူ ထိုမြင်းအုပ်တွေနဲ့အတူ သူစီးလာတဲ့မြင်းအား သစ်ပင်တစ်ခုတွင်ကြိုးချည်ထားကာ ရွာထဲသို့ဦးတည်ကာ အမြန်ပြေးသွားလိုက်သည်။

ရွာအဝင်သို့ရောက်တော့ အချိန်ကတော်တော်ပင်မှောင်နေပြီ။

သူရွာထဲဝင်လို့မရ ဘာကြောင့်လဲဆိုတော့၊ရွာအဝင်ဝရဲ့မနီးမဝေးတစ်နေရာမှာ ကင်း တဲတစ်တဲအားတွေ့လိုက်ရသည်။

ပြီးတော့ ထိုကင်းတဲပေါ်တွင် အမျိုးသားနှစ်ယောက်ထိုင်နေပြီးဘေးတွင်လဲလူတစ်ယောက်ဟိုလျှောက်ဒီလျှောက်လုပ်နေတာကိုတွေ့လိုက်သည်။

ဒီပုံစံနဲ့ဆိုရင်တော့ ရွာထဲဘယ်လိုမှဝင်လို့မရ။ တခြားဖက်က ကွေ့ပတ်သွားလို့လဲမရ။ လူနေအိမ်ခြံတွေက ရွာရဲ့ခြံစည်းရိုးလိုဖြစ်နေတာ ခက်တာပဲ...။

စောလူ သူ့ဘောင်းဘီအိပ်ကပ်ထဲ လက်နှိုက်ကြည့်လိုက်တော့ မီခြစ်ဆံဗူးတစ်ဗူးကိုတွေ့လိုက်ရသည်။

အကြံတစ်ခုကခေါင်းထဲကို ချက်ချင်းဝင်လာ၏။

စောလူ သူ့အနီးနားရှိ ထင်းကိုင်းအချို့အား ယူလိုက်ပြီး သစ်ရွက်အခြောက်တို့ဖြင့်မီးမွှေးလိုက်သည်။

သစ်ရွက်က စိုထိုင်းထိုင်းဖြစ်နေတော့ မီး ခိုးကထွက်တာပိုများ၏။ သိပ်မကြာလိုက် ပါ။ ကင်းတဲဆီမှလူသုံးယောက်က မီးခိုးမြင်ရာ စောလူရှိရာဘက်သို့ပြေးလာကြသည်။

ဒီတော့...စောလူလဲ တခြားဘက်မှ ကွေ့ပက်သွားလိုက်ကာ ကင်းတဲရှိရာ ရွာအဝင်လမ်းထဲသို့ ခြေကုန်သုတ်ပြေးလာခဲ့လိုက်သည်။

ညက မှောင်နေတော့ လမ်းလျှောက်ရတာအခက်အခဲတော့ရှိတယ်။

စောလူ ဝိုးတဝါးသာ မြင်ရတဲ့ ရွာလမ်း အ တိုင်းမှောင်ရိပ်ခိုကာ ဦးတိုးမြိုင်တို့ အိမ်ရှိရာသို့ ဦးတည်ကာ လျှောက်လာ လိုက်သည်။

ဦးတိုးမြိုင်ဆိုသူက ဒီရွာမှာအချမ်းသာဆုံး ဖြစ်တယ်လို့သိထားပြီးသား။

ကျောက်ထွန်းဆိုတဲ့ကောင်က အကွက်ကြီးကြီးမှ လုပ်တက်တဲ့ကောင်။

ဒီတော့...သူ ဦးတိုးမြိုင်အိမ်ကိုပဲ သွားမယ်ဆိုတာ သေချာသလောက်ရှိတယ်။

ရှေ့နားတွင် မီးအိမ်တစ်ခုနဲ့ လမ်းလျှောက်လာတဲ့လူနှစ်ယောက်အားတွေ့လိုက်ရတာကြောင့် စောလူ အုန်းပင်တစ်ပင်နောက် တွင် ဝင်ပုန်းလိုက်သည်။

ထိုလူနှစ်ယောက် အနားသို့ရောက်လာကြ ၏။

" ငါကတော့အဲ့ဒီလူတွေကိုသိပ်မသင်္ကာဘူး ကွ ဖိုးဇော်ရာ...ဦးလူလှတော့ ဒုက္ခ ရောက်မှာမြင်ယောင်နေသေးတယ်"

" အများကြီးမတွေးစမ်းပါနဲ့ တကယ် ပဲပွဲ စားတွေလဲ ဖြစ်နိုင်တာပဲလေ"

" ဟိုလူတောင်မှ ဓားပြခေါင်းဆောင်ဖြစ်နေသေးတာပဲလေ လူတစ်ယောက်ကိုအ ပေါ်ယံကြည့်လို့မှမရတာကွ"

သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းရောက်သွားတော့ စောလူလဲ ရှေ့သို့ဆက်သွားလိုက်သည်။


ထိုလူနှစ်ယောက်​က ဖိုးဇော်နှင့် အောင်စိုးပဲဖြစ်လိမ့်မည်။

ပြီးတော့... သူတို့နှစ်ယောက်ပြောသွားတဲ့စကားထဲမှာ ဦးလူလှအိမ်မှာ ပွဲစားတွေရောက်နေတယ်ဆိုပဲ။ ထိုပွဲစားတွေကကျောက်ထွန်းတို့အဖွဲ့ပဲ ဖြစ်ရမယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဖိုးဇော်နဲ့ အောင်စိုး ရွာအဝင်ဘက်ကင်းတဲရှိရာသို့လျှောက်လာကြသည်။ သူတို့နှစ်ယောက် ကင်းတဲရှိရာသို့ မရောက်ခင်မှာပဲ လူတစ်ယောက်လာနေတာကို တွေ့လိုက်ရ၏။

" ဟာ...ကိုစိုးကြီး ပြန်တော့မလို့လားဗျကျုပ်တို့ အရောက်တောင် မစောင့်တော့ဘူးလား"

" မဟုတ်ဘူးကွ ရွာထဲကို တစ်ယောက် ယောက်ဝင်သွားတယ် အဲ့ဒါ ငါသူကြီးကိုသွားပြောမလို့"

" ဘာ...ဘယ်လို"

" ရွာအပြင်မှာ မီးဖိုတစ်ခုတွေ့တယ်လူတစ်ယောက်ကတမင်ရှို့ထားတာပဲ ငါထင်တာမမှားရင် ရွာထဲကို သူခိုးတစ်ယောက် ယောက် ဝင်သွားတာပဲဖြစ်မယ်"

" ဒါဆိုကျုပ်တို့လဲ ကင်းတဲကို မသွားတော့ဘူး ကိုစိုးကြီးနဲ့လိုက်ခဲ့မယ်"

" ကောင်းတယ် ဒါဆိုလဲ လာ"

သုံးယောက်သား သူကြီးအိမ်သို့ အလျင် အမြန်ပင် လျှောက်လာခဲ့ကြသည်။

သူကြီးအိမ်ရောက်တော့ အိမ်ရှေ့မှာ မီး ခွက်ထွန်းပြီးထိုင်နေတဲ့ သူကြီးနဲ့သူကြီးကတော်အားတွေ့လိုက်ရ၏။

သူတို့သုံးယောက် ခြံထဲဝင်လိုက်ရင်ပဲ

" ဟိတ်ကောင်တွေ မင်းတို့ကို ဒီည ကင်းစောင့်ခိုင်းထားတာလေကွာ"

ဒီတော့ ဖိုးဇော်က

" သူကြီးက ဘာမှမသိပဲ ပြောတော့မယ်ကျုပ်တို့ ဘာကိစ္စနဲ့လာလဲ အရင်မေးပါဦးလား"

သူကြီးက ဖိုးဇော်အား ပြန်ပြောမည်ပြုစဥ်မှာပဲ စိုးကြီးဆိုတဲ့လူက ဖြစ်ကြောင်းကုန် စင်ကို သူကြီးအားပြောပြလိုက်သည်။

" အခု ကျုပ်တို့ ဘယ်လို လုပ်ရမှာလဲ သူ ကြီး"

" ဘာလုပ်ရမှာလဲကွ ရွာထဲသူခိုးဝင်တယ်လို့ မင်းထင်တယ်မဟုတ်လား အဲ့တော့မင်းသွားရှာလေကွာ"

" သူကြီး ကရော"

" ငါက နေခဲ့မှာလေကွာ ငါကလိုက်စရာလိုသေးလို့လား"

ဖိုးဇော်က

" ဒါဆိုသူကြီးရဲ့ နှစ်လုံးပြူးသေနတ်ကျုပ်တို့ကိုပေးလိုက်"

" ဘာကွ ငါ့သေနတ်ကို မင်းတို့ကိုဘာကြောင့်ပေးရမှာလဲ"

" ဒါဆို သူကြီးပါ ကျုပ်တို့နဲ့ လိုက်ခဲ့ဗျာ"

" ဟိတ်ကောင်"

" ကဲပါ ကိုသောင်းစံရယ်...ရှင်လဲလိုက်သွားလိုက်ပါ၊ဒါကရှင့်ရွာလေ"

" ဒါဆိုလဲခဏစောင့် ငါ့ သေနတ်သွားယူလိုက်ဦးမယ်"

" သူကြီးတို့များ မိန်းမပြောတော့ တစ်ညတောင် မကြာလိုက်ဘူး"

ဟု ဖိုးဇော်စိတ်ထဲ ပြောနေလိုက်သည်။

ဦးသောင်းစံ ပြန်ထွက်လာသည်နှင့် သူတို့လေးယောက် ရွာထဲသို့ ထွက်လာခဲ့ကြသည်။

ရွာထဲဝင်လာတဲ့သူက ဘယ်နား နေမှန်းမသိသေးဘူး။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

" ရှင့်လူတွေက ယုံရောယုံရရဲ့လားတော် တော်ကြာ သူခိုးဓားပြတွေဖြစ်နေမှ ပြီးတော့...ရှင့်သားတွေကလဲ အိမ်မှာရှိတာမဟုတ်ဘူး"

အိပ်ယာထဲမှ ဦးလူလှရဲ့ ဇနီးဖြစ်သူကပြောလာသည်။

" စိတ်ချပါကွာ... သူတို့ကဒီတစ်ညထဲတည်းမှာပါ နောက်နှစ် ပဲပေါ်ချိန်ကျရင်သူများတွေထက် ငါကဈေးကောင်းရဦးမှာကွ"

" ရှင်ကလေ တော်တော်ကို လောဘကြီးတာ ကိုယ့်ဘေးကိုယ်မကြည့်တော့ဘူး"

" တော်စမ်းပါကွာ...ငါအခုလိုလောဘကြီးလို့လဲ မင်းတို့ကောင်းကောင်းနေနိုင် စားနိုင်တာ မဟုတ်လား"

ဦးလူလှရဲ့ဇနီးက ဘာမှမပြောတော့ပဲတ ဖက်သို့လှည့်ကာအိပ်နေလိုက်တော့သည်။

ထိုစဥ် အခန်းတံခါး ခေါက်သံကို ကြား လိုက် ရသည်

" ဒေါက်...ဒေါက်...ဒေါက်..."

" ဦးလူလှ...၊ဦးလူလှ"

" ဘယ်သူလဲကွ"

" ကျုပ်ပါဗျ ပဲအရောင်းအဝယ် ကိစ္စလေးကြိုပြီး တိုင်ပင်ထားရအောင်လို့ပါ တံခါးဖွင့်ပါဦး"

" ဒါများကွာ...မနက်ကျမှ ပြောလဲရတာပဲ"

" မနက်ကျရင် ကျုပ်တို့က အစောကြီးထပြန်မှာဗျ လုပ်ပါ...တံခါးခဏလောက်ဖွင့်ပါဗျ"

ဦးလူလှတစ်ယောက် အိပ်ယာမှထကာ တံ ခါးအားဖွင့်လိုက်စဥ်မှာပဲ ပွဲစားဆိုသည့်လူသုံးယောက်က အခန်းထဲ ဝရုန်းသုန်းကားနဲ့ဝင်ချလာသည်။

သူတို့လက်ထဲမှာလဲ သေနတ်ကိုယ်စီနဲ့

" အော်မယ်မကြံနဲ့ ဒါသေနတ်အတုတွေမဟုတ်ဘူး"

ဦးလူလှရဲ့ဇနီးဖြစ်သူကလဲ အိပ်ယာမှကြောက်ကြောက်လန့်လန့်နဲ့ထကာ ဦးလူလှရဲ့လက်မောင်းအား ကိုင်ထားလိုက်၏။

" ဟင်...မင်းတို့...မင်းတို့က..."

" ရှင့်ကိုကျုပ်ပြောသားပဲ သူတို့ကို ယုံလို့မရပါဘူးလို့"

" အဖွားကြီး ပါးစပ်ပိတ်ထား ကျုပ်တို့ကိုခင်ဗျားတို့ပိုင်တဲ့ လက်ဝတ်ရတနာတွေကိုထုတ်ပေးရင် ခင်ဗျားတို့အသက်ကို ချမ်း သာပေးမယ် အေး အသာတကြည်မထုတ် ပေးလို့ကတော့ ကျုပ်သေနတ်ထဲကကျည်ဆံက ခင်ဗျားတို့ ခေါင်းထဲဝင်သွားမယ်"

" ကျွန်မတို့မှာဘာမှမရှိပါဘူးရှင် ဒီနှစ်ကပဲအရှုံးပေါ်တာနဲ့ရှိတာလေးတွေကိုရောင်း..."

" တော်စမ်း ကျုပ်ကို လိမ်ဖို့မကြိုးစားနဲ့ခင်ဗျားတို့ ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကျုပ်သိပြီးသား မြန်မြန်ထုတ်ဗျာကြာတယ် မထုတ်ရင် ပစ်သက်လိုက်မယ်နော်"

" ကြာပါတယ်ကွာ... တစ်ယောက်လောက်မသေရင်သူတို့ကထုတ်မှာမဟုတ်ဘူး"

ပြောပြီး သေနတ်ကိုမောင်းတင်လိုက်သည်။

" ထုတ်ပါ့မယ်ဗျာ...ထုတ်ပါ့မယ် အသက်ကိုတော့ချမ်းသားပေးပါ"

ဦးလူလှ တစ်ယောက် အိပ်ယာအောက်မှ၊အဝတ်စအနီနဲ့ထုတ်ထားတဲ့ အထုပ်တစ်ထုပ်အားယူလိုက်သည်။

" ဒါအကုန်ပဲလား"

" အကုန်ပါပဲဗျာ အကုန်ပါပဲ"

" ကျုပ်ကိုမလိမ်နဲ့ ခင်ဗျားတို့မှာ ဒီထက်မက ရှိတယ်ဆိုတာကျုပ်သိတယ်"

" မလိမ်ပါဘူးဗျာ ဒါအကုန်ပါပဲ မယုံရင်အိမ်ထဲမှာ လိုက်ရှာကြည့်လို့ရပါတယ်"


" အဖွားကြီး ခင်ဗျားနားကနားတောင်းချွတ်"

"မလုပ်ပါနဲ့ရှင်...ဒါက..."

" ချွတ်ဆို ချွတ်ဗျာ..."

" ချွတ်လိုက်ပါကွာ...တော်ကြာ ဟိုကမင်းကိုပစ်သက်သွားဦးမယ်"

သူမက နားမှနားတောင်းအား ချွတ်လိုက်ပြီး ဓားပြတစ်ယောက်ရဲ့လက်ထဲထည့်ပေးလိုက်သည်။

" ကဲ...ငါတို့သွားကြရအောင်"

" နေဦး သူတို့ပါးစပ်ကို တစ်ခုခုနဲ့ပိတ်ခဲ့ရမယ် ဒါမှ ကျုပ်တို့ထွက်သွားနေတုန်း သူတို့ မအော်တတ်မှာ"

အဝတ်စနှစ်ခုအား ယူကာ ထိုလင်မယားနှစ်ယောက်ရဲ့ ပါးစပ်ထဲ ထည့်လိုက်ပြီးလက်တွေကိုလဲ ကြိုးနဲ့ ချည်ထားလိုက်သည်။

ပြီးနောက်တွင်တော့ သူတို့ သုံးယောက်စ လုံး အိမ်အ​ပြင်သို့ထွက်လာခဲ့ကြသည်။
ထိုစဥ် မှောင်ရိပ်ထဲတွင် လူတစ်ယောက်ခြံထဲ ဝင်လာတာကိုတွေ့လိုက်ရသည်။

" ကျောက်ထွန်း"

လူရိပ်နှင့်အတူ အသံကိုပါ ကြားလိုက်ရသည်။

ဗိုလ်စောလူ...

ထိုလူက၊သူတို့အနားရောက်လာပြီး

" မင်းတို့ဒါဘာလုပ်တာလဲ"

" ဒါတွေပြောနေဖို့အချိန်မရှိတော့ဘူး ဗိုလ်စောလူ ကျုပ်တို့ဒီရွာက အမြန်ဆုံးထွက်သွားရမယ်"

" ထွက်သွားမယ်ဆို မင်းတို့ဓားပြတိုက်ထားတဲ့ပစ္စည်းတွေကို ပြန်ထားခဲ့လိုက်"

" ခင်ဗျားရူးနေလား ကိုယ့်လက်ထဲရောက်ပြီးသားပစ္စည်းကို ပြန်ပေးစရာလားဗျ"

စောလူ ဘာမှပြောမနေတော့ပဲ ကျောက်ထွန်းလက်ထဲကအထုပ်အားဆွဲယူလိုက်သည်။

" ခင်ဗျား ဒါဘာလုပ်တာလဲ"

ထိုစဥ်မှာပဲ

" ဟိတ်ကောင်တွေ မပြေးနဲ့"

ခြံဝမှလူတစ်စုရဲ့အသံ ဒီတော့ ကျောက်ထွန်းတို့သုံးယောက်လဲ ခြံအနောက်ဘက်သို့ အလျင်အမြန်ပင် ပြေးသွားလိုက်ကြသည်။

" ဒိုင်း..."

သူကြီးရဲ့ နှစ်လုံးပြူးသေနတ်နဲ့ ထွက်ပြေးသွားတဲ့ လူတစ်စုအား ပစ်လိုက်ပေမယ့်လက်ချော်သွားခဲ့သည်။

စောလူတစ်ယောက်ကတော့ ပြေးချိန်မရလိုက်ပါ။

အထုပ်တစ်ထုပ်နှင့် နေရာမှာတင်ကြောင်ရပ်နေမိသည်။

" ဟင်...၊ခင်ဗျား"

စောလူ မသိလိုက်ခင်မှာပဲ ဖိုးဇော်ကလက်ထဲ အသင့်ပါလာတဲ့ တုတ်နဲ့ စောလူရဲ့ခေါင်း အားရိုက်ထည့်လိုက်သည်။

ညအမှောင်ထဲ၊စောလူရဲ့အမြင်အာရုံတွေအမှောင် အတိ ကျသွားခဲ့သည်။

..............................................

ကျောက်ထွန်းတို့သုံးယောက် စခန်းသို့ပြန်ရောက်လာကြသည်။ စောလူကတော့ ပါမလာခဲ့။ အဲ့ဒါက အကြောင်းမဟုတ် ကိုယ့်လက်ထဲ ရောက်ပြီးသား ပစ္စည်း တခြားတစ်ယောက်လက်ထဲ ကျန်နေခဲ့တာကို နာတာ

" တောက်! အဲ့ကောင်ဝင်ရှုပ်လို့"

ကျောက်ထွန်း မြင်းပေါ်က ဆင်းလိုက်ပြီး ကွပ်ပျစ်တစ်ခုတွင် ထိုင်ရင်းပြောလိုက်သည်။ သက်နိုင် သူတို့အနားရောက်လာ ၏။

" ဗိုလ်ကြီးရော သူ ဗိုလ်ကျောက်ထွန်းတို့နောက်ကို လိုက်ခဲ့တာ ဗိုလ်ကျောက်ထွန်းတို့နဲ့မတွေ့ဘူးလား"

" တွေ့တယ် တွေ့တယ် သူလုပ်လို့ငါတို့တိုက်ထားတဲ့ ပစ္စည်းတွေကို ပြန်ထားခဲ့ရတာ"

" ဒါဆို...ဗိုလ်ကြီးကရော အခုဘယ်မှာလဲ"

" သူလား အခုလောက်ဆို ရွာသားတွေရဲ့လက်ထဲမှာ အရိုးတခြား အသားတခြားဖြစ်နေလောက်ပြီ"

" ဗျာ..."

" ဟုတ်တယ်...သူအဖမ်းခံလိုက်ရတယ်နည်းတောင်နည်းသေးတယ်ကွာ ငါတို့ကိုဝင်ရှုပ်လို့ အခုလိုဖြစ်ရတာ"

ဒေါင်းဝေ ထိုအသံတွေကို တဲဆီမှကြားနေရသည်။ သူအပြင်သို့ ထွက်လာခဲ့လိုက်ပြီး

" ကျွန်တော်ရွာပြန်မယ်"

ကျောက်ထွန်း မတ်တတ်ထရပ်လိုက်ပြီး

" မင်းဘာပြောတာလဲ"

" ကျွန်တော်ရွာကိုပြန်မယ် မဟုတ်ရင်အစ်ကို တစ်ခုခု ဖြစ်သွားလိမ့်မယ်"

" မင်းက ဒီနေရာကို ဇရပ်လို့ထင်နေတာလား ဒါဓားပြစခန်းကွ ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ မရဘူးကွ"

" ခင်ဗျားတို့က အစ်ကိုတစ်ခုခုဖြစ်သွားတာကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား"

" အဲ့တော့ ငါတို့က ဘာလုပ်ရမှာလဲ မင်းကိုပြန်လွှတ်လိုက်ပြီးငါတို့စခန်းရှိတဲ့နေရာကိုပြောပြလိုက်ရင်ဘယ်လိုလုပ်မလဲ ဒီတော့မင်း ဒီနေရာက ဘယ်မှမသွားရဘူး ဟိတ်ကောင်တွေ ဒီကောင့်ကိုကြိုးတုတ်ထားလိုက် တဲထဲကနေ အပြင်ကိုမထွက်စေနဲ့"

လူနှစ်ယောက် ဒေါင်းဝေအနားရောက်လာပြီး တဲရှိရာသို့ အတင်း ဆွဲခေါ်သွားကြသည်။

" သူက ခင်ဗျားတို့ ခေါင်းဆောင်မဟုတ်ဘူးလား ခင်ဗျားတို့ တော်တော်သစ္စာမရှိတာပဲ"

ဒေါင်းဝေ ပြောလဲဘာမှမထူးတော့ သူတို့ဒေါင်းဝေကိုတဲဆီခေါ်သွားပြီးခြေထောက် နှင့်လက်တွေကို ကြိုးဖြင့်တုတ်ထားလိုက်ကြသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဖိုးဇော်ရဲ့လက်သီးချက်က စောလူရဲ့မျက်နာပေါ်သို့ ပြင်းထန်စွာကျရောက်လာသည်။

" မင်းတို့ စခန်းဘယ်မှာလဲ"

" ငါပြောမှာ မဟုတ်ဘူး"

စောလူရဲ့မျက်နာတစ်ခုလုံးကရွာသားတွေထိုးကျိတ်ထားလို့စုတ်ပြတ်သက်နေပြီ။ ဒါ တောင် စောလူက သူ့စခန်းရှိတဲ့ နေရာကိုလုံးဝမပြော

" တော်လောက်ပြီ ဖိုးဇော်မင်းဘယ်လိုမေးမေး သူပြောမှာမဟုတ်ဘူး"

" မပြောရင် ငါသူ့ကို သက်ပစ်လိုက်မယ်"

" မင်းသူ့ကိုသက်လိုက်လို့ မရဘူးလေကွာမကြာခင် သက်ဆိုင်ရာပုလိပ်တွေက သူ့ကို လာဖမ်းကြတော့မှာ"

" ဒါဆို ငါတို့ကဘာလုပ်ရမှာလဲ ဒေါင်းဝေရော...သူ့စခန်းမှာ ဘယ်လောက်တောင်ဒုက္ခရောက်နေပြီလဲ"

" အဲ့ဒါက...ပုလိပ်တွေရောက်လာတဲ့အခါကျမှသူတို့ဖြေရှင်းပေးပါလိမ့်မယ်ကွ"

" ဟာကွာ..."

ဖိုးဇော် စောလူရဲ့မျက်နာကို ဒေါသထွက်ထွက်နဲ့ နောက်တစ်ကြိမ် ထိုးချလိုက်ပြန် သည်။

စောလူကတော့ အချက်ပေါင်းများစွာ ထိုးခံထားရတာကြောင့် နှာခေါင်းမှသွေးတို့အောက်သို့ယိုကျကာ ခေါင်းငိုက်စိုက်ကျ နေသည်။

တစ်နေ့သာ ကုန်သွားတယ် စောလုထံမှစခန်းနှင့် သက်ဆိုင်တဲ့အဖြေ ဘာတစ်ခုမှမရ။ ပုလိပ်တွေက မနက်ဖြန်လောက်မှရောက်မှာ စောလူကို သူကြီးရဲ့အိမ်မှာဖမ်း ထားပြီး တိုင်မှာကြိုးနဲ့ချည်တုတ်ထား၏။

ထိုအနီးအနားက စားပွဲတစ်ခုမှာတော့ ရွာက ကာလသားသုံးယောက် လောက် ထိုင်ပြီး အရက်သောက်နေကျသည်။

ဖိုးဇော်နှင့် အောင်စိုးကတော့ အိမ်ပြန်သွားပါပြီ။ တစ်နေကုန် မလှုပ်နိုင်တဲ့ လူတစ်ယောက်ကို ထိုးကြိတ်ထားရတာကြောင့်ဖိုးဇော်ရဲ့လက်တွေက နာကျင်သလိုတောင် ဖြစ်နေပြီ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဘာစားစရာမှလာမပို့သလို ရေတစ်ခွက်တောင်မတိုက်။ ဒေါင်းဝေ ကိုယ်တိုင်လဲဘာမှစားချင်စိတ်မရှိဘူး စောလူအဖြစ်ကိုတွေးကြည့်ရုံနဲ့တင် ဒေါင်းဝေ ရင်ဘက်ကအရမ်းကိုနာကျင်နေပါပြီ။

အခုဆိုတစ်နေ့ကုန်ဆုံးသွားလို့ညအမှောင် ဘက်တောင်ရောက်လာပြီ။ စောလူကို သူတို့ဘာတွေလုပ်ထားကြပြီလဲ သူအသက်မှရှိသေးရဲ့လား။

အို....ဒီအတွေးတွေမတွေးသင့်ဘူး။ သူတို့စောလူကိုတော့ မသက်လောက်ပါဘူး သူတို့မေးခွန်းတွေပဲ ထုတ်နေကြမှာ စောလူကိုတော့သူတို့အသေသက်မှာမဟုတ်ဘူး။

ထိုစဥ် တဲအဝမှာ ရပ်စောင့်နေတဲ့ လူတစ်ယောက် မြေပေါ်သို့ လဲကျသွား၏။

ထိုမြင်ကွင်းနှင့်အတူ သက်နိုင်ဆိုသည့်လူတဲထဲ ဝင်လာတာကို တွေ့လိုက်ရသည်။

ပြီးတော့...ဒေါင်းဝေအနားသို့ ရောက်လာကာ ဒေါင်းဝေ ခန္ဓာကိုယ်မှ ကြိုးတွေအားဖြည်ပေးနေရင်း

" ကျုပ် ခင်ဗျားကိုရွာထဲ ပြန်ပို့ပေးမယ်ဗိုလ်ကြီးကို ရအောင်ကယ်ပေး"

ကြိုးတွေ အားဖြည်ပြီးသည်နှင့် သူတို့နှစ်ယောက်တဲအပြင်သို့ထွက်လာခဲ့ကြသည်။

စခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။

သူတို့အားလုံးက အိပ်မောကျနေကြတာလား။ ဒါမှမဟုတ် သက်နိုင်ရဲ့အကြံအ စည် ပဲလား။ သူတို့မြင်းတစ်ကောင်အား ယူလိုက်ပြီး စခန်းမှ ထွက်လာခဲ့ကြသည်။

ဒေါင်းဝေက မြင်းမစီးတတ်တာကြောင့်သက်နိုင်ကိုပဲ အားကိုးရ၏။

ညကမှောင်နေတော့ အခက်အခဲတော့ရှိတယ်။ ဒါပေမယ့်...ဒီတောလမ်းတွေကသက်နိုင်အဖို့တော့ ကျွမ်းကျင်ပြီးသားပါ။
အချိန်တော်တော်ကြာ စီးလာခဲ့ပြီး ရွာရဲ့ခပ်လှမ်းလှမ်းတစ်နေရာတွင် မြင်းကိုရပ်လိုက်သည်။

" ကဲ...ရှေ့မှာခဗျားရွာပဲ ရွာထဲဝင်ပြီးကျုပ်ဆရာကို ရအောင်ကယ်လာခဲ့ မဟုတ်လို့ကတော့ ခင်ဗျားကို ကျုပ်ကိုယ်တိုင်လာသတ်မယ်"

" စိတ်ချပါ ကျွန်တော်က ခင်ဗျား ထက်တောင် အစ်ကို့ကို ပိုစိုးရိမ်တာပါ"

ဒေါင်းဝေ ရွာဘက်သို့ အပြေးသွားလိုက် ၏။ ရွာအဝင်ရောက်တော့ မီးထွန်းထားတဲ့ကင်းတဲကို တွေ့လိုက်ရသည် ထိုကင်းတဲဘေးတွင် လူနှစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။

ဒေါင်းဝေ ထိုကင်းတဲရှိရာသို့ သွားလိုက် ၏။ ကင်းတဲဆီသို့ မရောက်ခင်မှာပဲ

" ဟိတ်! ဘယ်သူလဲ"

အသံက ဖိုးဇော်ရဲ့အသံပဲ

" ဖိုးဇော်...ငါပါ...ကွ"

" ဒေါင်းဝေ"

နှစ်ယောက်သား ဒေါင်းဝေထံသို့ ပြေးလာကြသည်။ ဖိုးဇော်နဲ့ အောင်စိုး သူတို့နှစ် ယောက်စလုံး ဒေါင်းဝေအား ဖက်ထားလိုက်ကြသည်။

" မင်းဘာမှမဖြစ်ဘူးနော် ဒေါင်းဝေ"

" ငါတို့က မင်းကို စိတ်ပူနေတာကွ"

" ဟင်အင်း ငါ ဘာမှမဖြစ်ပါဘူး"

" တော်သေးပေါ့ကွာ မင်းအခု ထွက်ပြေးလာတာလား ဟိုကျေးဇူး မသိတက်တဲ့ကောင်ကိုတော့ ငါတို့ဖမ်းထားတယ်ဒေါင်း ဝေ...သူမင်းကိုဘာတွေ လုပ်သေးလဲ သူမင်း ကို နှိပ်စက်သေးလား"

"ဖိုးဇော်...မင်းတို့သူ့ကိုဘယ်မှာဖမ်းထားတာလဲ"

" သူကြီး အိမ်မှာ လေကွာ ဘာဖြစ်လို့လဲ"

" သူ့ကိုလွှတ်ပေးလိုက်ပါ"

" ဘာကွ!"

ဖိုးဇော်ရင်ထဲ ဒေါသက ထောင်းခနဲထသွားသည်။ သူက ဓားပြတစ်ယောက်ကိုပြန်လွှတ်ပေးဖို့ပြောနေတာလား သူ့ကိုဖမ်းခေါ်သွားတဲ့ လူတစ်ယောက်ကို ဒေါင်း ဝေ အဲ့ဒီကောင်ပေါ်မှာ ဘယ်လောက်သံယောဇဥ်ရှိတယ်ဆိုတာ ဖိုးဇော်နဲ့အောင်စိုးနှစ်ယောက်စလုံးသိပါတယ်။

ဒါပေမယ့်...အပြစ်ရှိတဲ့လူတစ်ယောက်ကိုပြန်လွှတ်ပေးဖို့ စကားတော့ မပြောသင့်ဘူး။

" မင်း ဘာပြောလိုက်တာလဲ ဒေါင်းဝေ"

" ဒေါင်းဝေ မင်းရူးနေပြီလား"

" ငါအနူးအညွှတ်တောင်းပန်ပါတယ်ကွာသူ့ကို ပြန်လွှတ်ပေးလိုက်ပါ"

" ဘယ်လိုမှ မဖြစ်နိုင်ဘူးကွ"

" ငါတို့မှာတော့ မင်းကိုစိတ်ပူလိုက်ရတာမင်းက အခုဓားပြတစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ပြောနေတယ် မင်းရူးသွားပြီလား"

ဒေါင်းဝေ မျက်ရည်များ စီးကျလာသည်
။ ဒါကို ဖိုးဇော်တို့ နှစ်ယောက်စလုံးတွေ့တယ်

" ဟုတ်တယ် ငါရူးနေပြီကွ သူ့အတွက်ဆိုငါဘာမဆိုလုပ်ဖို့အသင့်ပဲ သူ့အတွက်ဆိုငါ့အသက်ကိုတောင်ပေးရဲတယ်..ကွ တ ကယ်လို့ မင်းတို့သူ့ကို ပြန်လွှတ်ပေးမယ်ဆိုရင် စခန်းရှိတဲ့နေရာကိုငါပြောပြမယ်"

ဖိုးဇော်နဲ့အောင်စိုး ခဏမျှငြိမ်သက်သွားကြပြီး

" မဖြစ်နိုင်ဘူး ဒေါင်းဝေ"

" ကောင်းပြီလေ ဒါဆိုလဲ ငါကိုယ်တိုင်သူ့ကိုသွားကယ်မယ်"

" ငါတို့ ခွင့်ပြုမယ်ထင်လား"

" ဟင်အင်း မထင်ပါဘူးသူ့အတွက်ဆိုရင်ဘဟ်အတားအဆီးမဆို ငါကျော်ဖြတ်မှာပဲ မင်းတို့နှစ်ယောက်တင် မဟုတ်ဘူး ဒီတစ်ရွာလုံးနဲ့ ရင်ဆိုင်ရမယ်ဆိုလဲ ငါဝန်မလေးဘူး"

" မင်းတော်တော် သူငယ်ချင်းစိတ် မရှိတာပဲ"

" ဒေါင်းဝေ...မင်းဘာဖြစ်သွားတာလဲ မင်းသူ့ကို အဲ့လောက်တောင် ဂရုစိုက်သွားတာလား သူက ဓားပြတစ်ယောက်ကွ"

" အဲ့တာတွေ ငါမသိဘူး အခုမင်းတို့ငါ့ရှေ့ကနေဖယ် မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"

ဒေါင်းဝေက ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်စဥ်မှာပဲ ဖိုးဇော် သူ့ရဲ့ပခုံးအားကိုင်ထားလိုက်ပြီး

" မင်း စခန်းရှိတဲ့နေရာကို ပြောပြမယ်ဆိုတာတကယ်လား"

" ဟုတ်တယ် မင်းတို့ ငါ့ကိုကူညီမယ်ဆိုရင်ငါပြောပြမယ်"

" ကောင်းပြီလေ ပြီးတော့...မင်းကတိတစ်ခုပေးရမယ် သူ့ကိုလွှတ်ပေးပြီးရင် မင်းသူ့နောက်ကိုမလိုက်သွားရဘူး မင်းဒီမှာပဲဆက်နေရမယ်"

အောင်စိုးက

" ဖိုးဇော်"

" ငါ့သူငယ်ချင်းကိုတော့ မစွန့်လွှတ်နိုင်ဘူးကွ ကိုယ်မုန်းတဲ့ သူတစ်ယောက်အတွက်နဲ့ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အဆုံးရှုံးမခံနိုင်ဘူး ငါမင်းကို ကူညီမယ် ဒေါင်းဝေ"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အောင်စိုးနဲ့ ဖိုးဇော်သူကြီးရဲ့ခြံထဲဝင်လာသည်။ ခုံတန်းလျားပေါ်တွင် ရွာသားသုံးယောက်က အရက်သောက်နေကြမြဲ
အောင်စိုးကခုံတန်းလျားပေါ်တွင်ဝင်ထိုင်လိုက်ရင်း

" မင်းတို့က ဒီမှာလာကောင်းနေတာပေါ့"

" ဘယ်ကသာ ကောင်းရမှာလဲကွာ..သူကြီးက အဲ့ဒီကောင်ကို တစ်ညလုံး မျက်ခြေမပျက်စောင့်ကြည့်ခိုင်းထားတာ...ငါတို့ရဲ့မျက်လုံးတွေ ကိုလဲ ကြည့်လိုက်ဦး"

သူတို့ရဲ့မျက်လုံးတွေက ကောင်းကောင်းမဖွင့်နိုင်တော့ပဲ အောက်သို့ မှေးစင်းကျနေ ၏။

အိပ်ငိုက်လို့တော့ မဟုတ်။ သူတို့သောက်ထားတဲ့ချက်အရက်တွေက နည်းတာမှ မ ဟုတ်တာ။

" ဒါဆို မင်းတို့အိပ်ချင်လဲအိပ်လေကွာ သူ့ကို ငါတို့နှစ်ယောက်စောင့်ကြည့်ထားမယ်"

" ဟင်...မင်းတကယ်...ပြောတာလား"

" တကယ်လေကွာ မင်းတို့အိမ်ပြန်ပြီး အိပ်ရင်အိပ်လိုက် ငါတို့သူ့ကို တစ်ညလုံးစောင့်ကြည့်ထားမယ်"

ဖိုးဇော်က

" ဟုတ်တယ် မင်းတို့ ဒီလောက်မူးနေတာတော်ကြာ ဟိုကောင်က မင်းတို့မသိလိုက်ခင်မှာပဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

" ပြီးရောကွာ...ဒါပေမယ့်...ငါတို့အိမ်တော့မပြန်ဘူ့ ဒီမှာပဲအိပ်မယ်"


အမူးသမားတစ်ယောက်က လက်ညိုးတထောင်ထောင်နဲ့ ပြောပြီး တန်းလျားပေါ်လှဲချလိုက်သည်။ ကျန်တဲ့နှစ်ယောက်ကလဲထိုနည်းတူပင် အချိန်အနည်းငယ်ကြာတော့ အမူးသမားသုံးယောက်စလုံး အိပ် မောကျသွားကြပြီ။

သူကြီးလဲ ဒီအချိန်ဆိုရင် သူ့မိန်းမနဲ့အိပ်ယာထဲမှာ အိပ်ပျော်နေလောက်ရောပေါ့။

သူတို့နှစ်ယောက် စောလူအား ချည်ထားတဲ့ကြိုးတွေကိုဖြည်လိုက်ပြီး စောလူခန္ဓာ ကိုယ်အား ဆွဲထူလိုက်သည်။

ရိုက်နှက်ထားတဲ့ဒဏ်ကြောင့် စောလူရဲ့ခန္ဓာကိုယ်က ယိုင်နှဲ့နေ၏။ စောလူကသတိဝင်လာကာ

" ဘာ...ဘာလုပ်မလို့လဲ"

အားအင်တွေကုန်ခမ်းပြီး စောလူရဲ့အသံတွေက တိုးဖျော့နေသည်။

" ဘာမှမပြောနဲ့ ကျုပ်တို့နဲ့သာ လိုက်ခဲ့"

နှစ်ယောက်သား စောလူအား တွဲခေါ်သွားကြသည်။ သူကြီးခြံထဲက ထွက်ပြီး ခပ်လှမ်းလှမ်းရောက်တော့ အုန်းပင်တစ်ပင်အောက်မှာ ရပ်နေတဲ့လူရိပ်အားတွေ့လိုက်ရသည်။ အနီးကပ် ရောက်မှပဲ

" ဒေါင်းဝေ..."

စောလူ ဒေါင်းဝေအားထွေးဖက်ထားလိုက်သည်။ အသားတွေကတဆက်ဆက်နဲ့တုန်နေ၏။

" မင်းတို့ သူ့ကိုဘယ်လောက်တောင် နှိပ် စက်ထားတာလဲ ကြည့်ပါဦး အစ်ကို့မျက် နာတစ်ခုလုံးလဲ ရစရာမရှိတော့ဘူး"

" အပိုတွေပြောမနေနဲ့တော့ ဒေါင်းဝေ သူ့ကို ဒီနေရာကနေ အမြန်ဆုံးခေါ်သွား သူ ကြီးနိုးလာလို့သိသွားရင် အကုန်ဒုက္ခ ရောက် ကုန်မယ် ဒါနဲ့...သူအန္တရာယ်ကင်းတဲ့နေရာ ရောက်သွားရင် ဒေါင်းဝေ...မင်းပြန်လာရမယ်နော်"

" စိတ်ချပါ ဒါဆို ငါသွားလိုက်ဦးမယ် ဖိုးဇော် ကျေးဇူးတင်တယ်ကွာ..."

" မလိုပါဘူး နောက်နေ့ကျရင် မင်းပြောပြထားတဲ့နေရာကိုသွားကြည့်မယ် ဘာစခန်းမှမရှိဘူးဆိုရင်တော့ မင်းနဲ့ငါနဲ့တွေ့မယ်ဒေါင်းဝေ"

" အေးပါကွာ ဒါဆို ငါသွားလိုက်ဦးမယ်"

ဒေါင်းဝေ စောလူအားတွဲခေါ်ကာ တောထဲဘက်သို့ဦးတည့်လျှောက်လာလိုက်သည်။

သူ ဘယ်သွားလို့သွားရမှန်းမသိ။

လောလောဆယ် စောလူအန္တရာယ်ကင်းဖို့သူတို့နှစ်ယောက် မျက်စိမှောက်ခဲ့တဲ့တော နက်တစ်နေရာပဲရှိတယ်။

စောလူတစ်ယောက်သည်လဲ ဒေါင်းဝေအား တွေ့လိုက်ရတော့ အားအင်တွေတိုးလာသလိုခံစားရသည်။

ကိုယ်ချစ်ရသူက ကိုယ့်အတွက် ဘာမဆိုရင်ဆိုင်ရဲတာသိလိုက်ရတော့ ဘဝမှာနောက်ထပ်ဘာမှမလိုတော့ပါဘူးသေမယ်ဆိုရင်တောင်သေပျော်ပါပြီ။
..............................................

ညအမှောင်ထဲမှာပင် သူတို့နှစ်ယောက်စမ်းတဝါးဝါးနဲ့ လျှောက်လာခဲ့ကြသည်။
ညဥ့်ငှက်အသံတွေက တဂီးဂီးနဲ့မြည်နေပြီး ပုရစ်အော်သံတွေက လဲစီစီညံနေ သည်။

တခါတရံ သူတို့နှစ်ယောက်​ရဲ့ခြေထောက်နားမှ အကောင်တချို့က ထွက်ပြေးသွားတာကြောင့် အထိတ်တလန့် ဖြစ်သွားရသေးတယ်။

" အစ်ကို လျှောက်နိုင်သေးရဲ့လား"

" အင်း...လျှောက်နိုင်တယ်"

" အာ့!"

" ဘာဖြစ်တာလဲ၊"

ဒေါင်းဝေ ခြေဖဝါးတွင် ဆူးခနဲဖြစ်သွားတာကို ခံစားလိုက်ရသည်။ ဖီနပ်မပါတာကြောင့် ဒေါင်းဝေရဲ့ခြေဖဝါးအား သစ် ငုတ်တစ်ခုထိုးစိုက်သွားခြင်းပင်။

" ငုတ်ထိုးမိတာ"

" ဟင် လာ...လာ ခဏထိုင်လိုက်"

" ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့ ဆက်သွားကြရအောင် ရွာသားတွေလိုက်လာရင်ခက်မယ်"

" မလိုက်လာလောက်ပါဘူး ခဏထိုင်လိုက်ပါ"

စောလူ ဒေါင်းဝေအား သစ်ပင်တစ်ပင်အောက်တွင်ထိုင်စေလိုက်၏။

ဒေါင်းဝေ သူ့ခြေထောက်အား လက်ဖြင့်ကိုင်စမ်းကြည့်လိုက်တော့ လက်မှာအရည်တချို့ပေကျံသွားတာကို ခံစားလိုက်ရသည်။

သွေးတွေထွက်နေတာပဲ။ ဒဏ်ရာက အခုကျမှပဲ ပို၍နာကျင်သလိုလိုဖြစ်လာသည်။

" သွေးထွက်နေတာလား"

" အင်း..."

စောလူ သူ့ရဲ့ခပ်နွမ်းနွမ်းအင်္ကျီလက် မောင်းစအားဆွဲဖြဲလိုက်ပြီး

" ဘယ်ခြေထောက်လဲ ဒါလား"

စောလူ ဒေါင်းဝေ​ရဲ့ခြေဖဝါးတစ်ဖက်အား စမ်းကြည့်လိုက်တော့သွေးတွေကအတော်ပင်ထွက်နေတာကို သိလိုက်ရသည်။

အဝတ်စနှင့်ဒဏ်ရာအား စည်းပေးလိုက်ပြီး

" နာနေလား"

" ဟင်အင်း မနာပါဘူးအဆင်ပြေသွားလိမ့်မယ်"

" ဒီမှာခဏနားလိုက် ပြီးမှ ကိုယ်တို့ဆက်သွားကြတာပေါ့ ဒါနဲ့အစ်ကိုတို့ကဘယ်ကိုသွားကြမှာလဲ"

" ကျွန်တော်မသိဘူး အစ်ကိုနဲ့သာ ဆိုရင်ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေတယ်"

" ဒေါင်းဝေ ရွာမပြန်တော့ဘူးလား အစ်ကိုနဲ့ တစ်သက်လုံးနေမလို့လား"

" ဘာဖြစ်လို့လဲ နေလို့မရဘူးလား"

" ရတာပေါ့ ဒါပေမယ့်..."

စောလူစကားမဆုံးခင်မှာပဲ ဒေါင်းဝေသူ့ရဲ့နှုတ်ခမ်းအားနမ်းလိုက်သည်။ ပြီးနောက်

" ဆက်မပြောနဲ့တော့ ကျွန်တော် အစ်ကိုနဲ့လိုက်ခဲ့မယ် ပြီးရင်တစ်ဘဝလုံး အစ်ကို့အနားမှာပဲနေမယ် ဟုတ်ပြီလား"

စောလူ ဒေါင်းဝေအား သူ့ရင်ခွင်ထဲထွေ့ပွေ့ထားလိုက်သည်။

" ဟုတ်ပါပြီကွာ... အစ်ကိုလဲ မင်းကိုကိုယ့်အနားကနေ ဘယ်ကိုမှသွားခွင့်မပြုတော့ဘူး ဒေါင်းဝေ...ကျေးဇူးတင်တယ်နော်"

" ဘာအတွက်လဲ"

" ဒေါင်းဝေအစ်ကို့ကို မပစ်ထားဘူးလေဒေါင်းဝေအစ်ကို့ဆီကို ရောက်အောင်လာခဲ့တယ်"

အစ်ကို့အတွက်နဲ့ သူငယ်ချင်းဖြစ်သူကိုပါလိမ်ညာခဲ့မိသေးတယ်။

သူ ရွာကိုဘယ်တော့မှပြန်မှာမဟုတ်ဘူး။စောလူအနားကနေ ဘယ်ကိုမှမသွားနိုင်ဘူး။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှစ်ယောက်သား ထိုသစ်ပင်အောက်တွင်ဘယ်လောက်ကြာသွားသည်မသိ နံနက်မိုးသောက်အလင်းရောင်တောင် ထွက်လို့လာပြီ။

ဒေါင်းဝေအား ကြည့်လိုက်တော့မိမိရင်ခွင်ထဲမှာ အိပ်ပျော်လို့နေ၏။ ဒီကောင်လေးနဲ့ဘဝကို ရှေ့ဆက်ဘယ်လိုလျှောက်လှမ်းရပါ့မလဲ။

သူ့ခမျာ ကိုယ်အတွက်နဲ့သူ့ရဲ့သာယာအေး ချမ်းနေတဲ့ဘဝလေးကိုစွန့်လွှတ်ခဲ့ရတာ။သူ့ခမျာ ဘုးရားရိပ်အောက်မှာအေးအေးချမ်းချမ်းရှိနေတာ။ အခုတော့ကိုယ့်ကြောင့်သူ့ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ။

ဝရမ်းပြေးတစ်ယောက်နဲ့အတူတူ ကျီးလန့်စာစားနေရတဲ့ဘဝကို ဖြတ်သန်းရတော့မယ်။

တန်ရဲ့လား...

ကိုယ့်လိုလူတွေကိုဒုက္ခပေးတဲ့ ဓားပြတစ်ယောက်အတွက်နဲ့ သူ့ရဲ့ရိုးသားတဲ့ဘဝကိုစွန့်လွှတ်ခဲ့ရတာတန်လို့လားကွာ။

တစ်ခုခုတော့ ဆုံးဖြတ်ရမယ်။

ကိုယ့်အတွက် မဟုတ်ပဲ ဒီကောင်လေးရဲ့ဘဝရှေ့ရေးအတွက်ကိုကြည့်ပြီး သူခိုင် မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ်။

ထိုစဥ် သတိထားမိလိုက်တာက ဒေါင်းဝေရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပူနွေးနေပြီး၊နဖူးအားလက်ဖြင့်စမ်းကြည့်လိုက်တော့...

ဟင် ဒေါင်းဝေရဲ့ နဖူးပြင်တစ်ခုလုံးက ပူ ချစ်နေ၏ ဒေါင်းဝေအဖျားဝင်နေတာပဲ။
ဒီအတိုင်းဆိုမဖြစ်တော့ဘူး။ သူနဲ့ အတူခေါ်သွားရင် ဒေါင်းဝေရဲ့အဖျားက ပိုဆိုးသွားလိမ့်မယ်။

စောလူ ဒေါင်းဝေအား သူ့ရဲ့ရင်ခွင်ထဲမှဖယ်ခွာလိုက်ပြီး မြေပြင်ပေါ်တွင်အသာ အယာချလိုက်သည်။

ဒီကောင်လေးကို သူနဲ့အတူမခေါ်သွားနိုင်ဘူး။ မဟုတ်ရင် ဒေါင်းဝေရဲ့အခြေအနေကပိုဆိုးသွားလိမ့်မယ်။

" အစ်ကို..."

ဒေါင်းဝေနိုးလာသည်။ သူ့အသံကဖျော့တော့နေသည်။

" ဒေါင်းဝေ"

" ကျွန်တော်တို့ သွားကြတော့မလား"

ဒေါင်းဝေပြောပြီး အတင်းကုန်းရုန်းထလာသည်။ ယိုင်နှဲ့သွားတဲ့ခန္ဓာကိုယ်ကို စောလူထိန်းပေးလိုက်ရင်း

" ဒေါင်းဝေ မင်းအစ်ကိုနဲ့မလိုက်ခဲ့သင့်ဘူး"

" ဘာဖြစ်လို့လဲ"

" မင်းနေမကောင်းဖြစ်နေတယ် အစ်ကိုနဲ့လိုက်ခဲ့ရင် ဒေါင်းဝေဒုက္ခရောက်လိမ့်မယ်"

" ဘာမှမဖြစ်ပါဘူး ကျွန်တော်သွားနိုင်ပါတယ်"

" ဒေါင်းဝေ"

" အစ်ကိုအစ်ကိုမရှိတဲ့ဘဝမှာတစ်ယောက်ထဲရှင်သန်ရမယ့်အစား အစ်ကိုနဲ့ပဲ အတူနေပြီး ဒုက္ခတွေကို ရင်ဆိုင်ချင်တယ်"

" ဒေါင်းဝေ ပေးဆပ်ရမှာကမနည်းဘူး အဲဒါသိရဲ့လား"

" ကျွန်တော်သိပါတယ် ဒီလမ်းကိုကျွန် တော်ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ ဘယ်လိုဒုက္ခပဲဖြစ်ဖြစ်ကျွန်တော့်အနားမှာ အစ်ကိုရှိရင်၊အဆင်ပြေတယ်"

ထိုအချိန်မှာပဲ နားထဲအသံတစ်ခုကြား လိုက်ရသည်။

" သူတို့ ဒီဘက်ကို လာတာသေချာလို့လား"

" ရွာထဲက ခြေရာတွေကို ကြည့်ရင် သူတို့ဒီတောဖက်ကို ပြေးသွားတာသေချာတယ်"

အသံက သူတို့ရဲ့မလှမ်းမကမ်းမှာပဲ

" ကောင်းပြီ ဒေါင်းဝေ"

စောလူ ဒေါင်းဝေအားဆွဲထူလိုက်သည်။
သူတောင်မှ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရဲသေးတာပဲ။ ကိုယ်က ဘာကြောင့်မရဲရမှာလဲ။ နှစ်ယောက်သား ထိုနေရာမှထွက်လာခဲ့လိုက်သည်။

ဒေါင်းဝေ ခြေထောက်က ဒဏ်ရာကနာကျင်နေတာကြောင့် လမ်းကောင်း ကောင်းမလျှောက်နိုင်။

ရွာသားတွေကလဲ သူတို့ရဲ့ခပ်လှမ်းလှမ်းမှာရောက်နေပြီ။ သူတို့ အတက်နိုင်ဆုံးတော့မြန်အောင်လျှောက်လာခဲ့ကြသည်။
ဒေါင်းဝေ ခြေထောက်ဒဏ်ရာမှာသွေးတွေက ထွက်နေပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သွေးစတို့က မြေပေါ်တွင် ထင်ကျန်နေခဲ့တယ်။

ဒါကို သူတို့နှစ်ယောက်စလုံး မသိပါ။ ဒီနေရာနဲ့ ဝေးဝေးကို ရောက်ရန်သာ အာရုံ ထားလျှောက်လာခဲ့ကြသည်။

တစ်နေရာအရောက်မှာတော့ ဝါးရုံတောတစ်ခုအား တွေ့လိုက်ရသည်။ ဖိုးဇော်နှင့်မျှစ်ချိုးလာခဲ့ရာ ဝါးတောသာဖြစ်၏။
နှစ်ယောက်သား ထိုဝါးရုံတောအနောက်ဘက်သို့ လျှောက်ခဲ့လိုက်ကြသည်။

ဝါးတောရဲ့ခပ်လှမ်းလှမ်းတစ်နေရာမှာရေတံခွန်တစ်ခုရှိနေတာကို သူတို့နှစ်ယောက်စလုံးသိတယ်။ ထိုရေတံခွန်ရဲ့အ နောက်ဘက်ကိုသွားလိုက်ရင်တော့ သူတို့ရဲ့လွတ်မြှောက်ရာလမ်းကို တွေ့တန်ကောင်း ပါရဲ့။

" ဒိုင်း "

ရေတံခွန်ရှိရာ ချောက်ကမ်းပါးနား အရောက်မှာပဲ သေနတ်သံတစ်ခုကြာလိုက်ရပြီး ဒေါင်းဝေ ကမ်းပါးနံဘေးမြေပြင်ပေါ်သို့ပစ်လှဲကျသွားတော့သည်။

" ဒေါင်းဝေ!"

စောလူ ဒေါင်းဝေအားအလျင်အမြန်ပွေ့ထူကာ အနောက်သို့လှည့်ကြည့်လိုက်တော့
လူတစ်စုက ဝါးရုံအနားတွင် ရှိနေတာကိုတွေ့လိုက်ရသည် ထိုလူတစ်စု သူတို့နှစ်ယောက် ရှိရာဖက်သို့ လျှောက်လာကြသည်။

" ဒေါင်းဝေ!"

သေနတ်ကျည်ဆံက နှလုံးတည့်တည့်နောက်ကျောဘက်ကို ထိမှန်သွားတာ

" ဒေါင်းဝေ!"

"​ ပြေးတော့...အစ်ကို.. ကျွန်တော့်ကို ထား ခဲ့လိုက်တော့"

စောလူမျက်လုံးအိမ်မှ မျက်ရည်များစီးကျလာသည်။ ရင်ဘက်ဆီမှလဲ ပြောမပြတက်လောက်အောက်ပင် နာကျင်နေရတယ်။

" ဒေါင်းဝေ အစ်ကို မင်းကို ဘယ်လိုထားခဲ့ရက်မှာလဲကွာ..."

" ကျွန်...ကျွန်တော့်...အခြေအနေ...ကျွန် တော်သိတယ်..."

လူအုပ်က မလှမ်းမကမ်းတွင် ရောက်လာကြပြီ။

" ဟိတ်ကောင် ပြေးဖို့ မစဥ်းစားနဲ့"

စောလူ ဒေါင်းဝေအား​ သူ့လက်ပေါ်သို့ပွေ့ ချီလိုက်သည်။ မျက်နာမှာလဲ မျက်ရည်တွေက အဆက်မပျက်စီးကျနေ၏။

" မင်းမရှိတဲ့ဘဝမှာ ကိုယ်ဘယ်လိုအသက် ဆက်ရှင်ရမလဲ မင်းမရှိတဲ့ဘဝမှာ နာကျင်မှုကိုခံစားပြီးအသက်ဆက်ရမယ့်အတူတူတော့ ဘဝကို မင်းနဲ့အတူတူပဲအဆုံးသတ်လိုက်တော့မယ် ကျေးဇူးတင်တယ် ဒေါင်းဝေ...ကိုယ့်ဘဝမှာ မင်းကြောင့်အဓိပ္ပါယ်ရှိတဲ့နေ့တွေကို ပိုင်ဆိုင်ဖူးခဲ့တယ် မင်းကြောင့်ဘဝမှာ ပျော်ရွှင်ခဲ့ရတဲ့နေ့တွေ ရှိဖူးခဲ့တယ် ဒီလောက်နဲ့တင် ကိုယ့်အတွက် လုံ လောက်နေပါပြီ"

စောလူ ဒေါင်းဝေအား ပွေ့ချီလျက်ရေများတသွင်သွင်စီးကျနေတဲ့ချောက်နက်ထဲသို့ခုန်ဆင်း လိုက်တော့သည်။

ရေစီးက အရမ်းသန်နေပြီး ထိုအောက်တွင် ကျောက်တုံးကြီးတွေက အများအပြားပင်ရှိနေတာ။

ဒီလောက်အမြင့်က ခုန်ချလျင် အသက်ရှင်ဖို့က 'တစ်'ရာခိုင်နှုန်းပင်မသေချာ...

ထိုအအဖြစ်အပျက်ကို မြင်တွေ့လိုက်ရတဲ့သူကြီးနှင့်ရွာသားတွေ ပါးစပ်အဟောင်း သားနှင့်သာဖြစ်နေတော့သည်။

ရွာသားများ ထိုကမ်းပါးဆီသွားကာချောက် ထဲသို့ ကြည့်လိုက်တော့ဘာလူရိပ်လူယောင်မျှမတွေ့တော့ နှစ်ယောက်စလုံးရေစီးနှင့်အတူပါသွားပြီဖြစ်သည်။

" မတွေ့တော့ဘူး သူကြီး"

" ဒါနဲ့သူကြီးက ဘာလို့ဒေါင်းဝေကိုပစ် လိုက် တာလဲ"

" သူကြီးလက်ချော်သွားတာ နေမှာပေါ့"

" ဘာပဲဖြစ်ဖြစ် ချောက်က ဒီလောက်နက်တာသူတို့အသက်ရှင်မှာမဟုတ်ဘူး ငါတို့ရွာပြန်ကြရအောင်"

သူကြီးနဲ့ ရွာသားတစ်ချို့ စိတ်ထဲလေးလံစွာနဲ့ပဲ သစ်သုံးခွရွာဘက်သို့ပြန်လာခဲ့ကြသည်။

သူတို့ရဲ့အလောင်းတွေက ဘယ်အနားမှာကမ်းတင်နေမလဲ ထိုချောက်ကမ်းပါး တ လျှောက်လုံးက အန္တရာယ်များတာကြောင့်၊ဘယ်သူမှမသွားရဲ့ကြ။

ရွာထဲရောက်တော့ ဖြစ်ကြောင်းကုန်စင်အား ရွာသူရွာသားတွေအားရှင်းပြရ၏။

" သူတို့ရဲ့အလောင်းတွေရော ဘယ်လိုလုပ်မလဲ"

" ရှာလို့တွေ့မှာ မဟုတ်တော့ဘူး ရေစီးကဒီလောက်သန်တာ"

" ဘာပဲဖြစ်ဖြစ် သူတို့တစ်နေရာမှာတော့ရှိနေမှာပဲလေ"

" မင်းက သူတို့အလောင်းတွေကိုရှာပြီး သဂြိုလ်ပေးမလို့လား ဓားပြတစ်ယောက်နဲ့ရွာအပေါ်သစ္စာဖောက်တဲ့ကောင် ဒါနဲ့ဟိုနှစ်ကောင်ရော ဘယ်ရောက်သွားပြီလဲ ဖိုးဇော်နဲ့ အောင်စိုး"

" ဟိုမှာ လာနေပြီ သူကြီး"

ဖိုးဇော်က သူကြီးဖြစ်သူအနားရောက်ရင်ပဲ

" ဘယ်လိုလဲ သူကြီးသူတို့ကို ဖမ်းမိခဲ့လားကျွန်တော်ပြောသားပဲ အဲ့လူကကျွန်တော်တို့ကိုတောင် ရိုက်နှက်ပြီးထွက်ပြေးသွားတာ သူကြီးတို့လိုက်လဲမှီမှာ မဟုတ်တော့ဘူးလို့"

" နှစ်ယောက်စလုံး သေသွားပြီ"

သူကြီးပြောလိုက်တဲ့စကားကြောင့် ဖိုးဇော်ခတ္တမျှငြိမ်သက်သွားပြီး

" ဟာ...မဟုတ်တာ အဲ့ဒါဆိုဘယ်မှာလဲသူတို့အလောင်း"

" ဟုတ်တယ်ဖိုးဇော် ဒေါင်းဝေရော ဓားပြကောင်ရော သေသွားပြီ"

ဘေးမှ ရွာသားတစ်ယောက်က သေချာအသေးစိတ်ရှင်းပြတော့မှပဲ ဖိုးဇော် လက် ခံလိုက်ရသည်။


ဖိုးဇော်နဲ့ အောင်စိုးနှစ်ယောက်စလုံးမှာ ငူငူငိုင်ငိုင်နဲ့ ဖြစ်နေစဥ်မှာပဲ

" ကဲ မင်းတို့ကိစ္စလေးရှင်းစမ်းပါဦးဒေါင်းဝေက အဲ့ဒီဓားပြနဲ့အတူတူ ဘာလို့ရှိနေရတာလဲ"

ဖိုးဇော်မညာချင်တော့ပါ အခုဆိုဒေါင်းဝေလဲမရှိတော့ဘူး။ ဒီကိစ္စတွေကိုထိမ်ချန်မထားတော့ပဲ ဖြစ်ပျက်ခဲ့သမျှအားလုံးကိုပြောဖို့ဆုံးဖြတ်လိုက်သည်။

ပြီးတော့ ဓားပြစခန်းရှိရာ နေရာရော ဒီ ကိစ္စအတွက်တော့ သူတို့ဒေါင်းဝေကိုကျေးဇူးတင်သင့်တယ်။

ဓားပြတစ်ယောက်ကို လက်လွှတ်လိုက်ရပေမယ့်ကျန်တဲ့ဓားပြအဖွဲ့လိုက်ရှိတဲ့စခန်းနေရာကိုပြောပြပေးခဲ့တာ။

ဓားပြစခန်းရှိတဲ့ နေရာကို သိလိုက်ရတာကြောင့် ဖိုးဇော်တို့နှစ်ယောက်ကိုတော့သူ ကြီးအပြစ်မပေးတော့။

မြို့ဘက်ကပုလိပ်တွေ ရောက်လာသည်နှင့် ဖိုးဇော်ပြောပြတဲ့ ဓားပြစခန်းရှိတဲ့နေရာကိုသွားလိုက်ကြတယ်။

တကယ်ပဲ ဓားပြစခန်းတစ်ခုရှိနေပြီးတိုက် ပွဲတစ်ခုဆင်နွဲကာ ဓားပြတစ်ချို့အားဖမ်း မိခဲ့ကြသည်။ အသက်သေတဲ့သူရှိသလိုထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေလဲရှိတယ်။

ဖိုးဇော်တစ်ယောက်ကတော့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတာကြောင့် အချိန်တော်တော်များများကိုထန်းတောထဲမှာ ထန်းရည်သောက်ပြီးတော့ပဲ ကုန်ဆုံးနေတော့တယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ရက်ပိုင်း အနည်းငယ်ကြာပြီးနောက်

" ဒေါ်လုံး ကျုပ်တော့ မသွားရဲတော့ဘူးတော်...အဲ့ဒီနားမှာကိုဒေါင်းဝေနဲ့ဓားပြတစ်ယောက် သေထားတာ"

" နင်ကလဲ ငါတို့ကမျှစ်သွားချိုးရုံပဲလေပြီးရင်ပြန်လာမယ့်ဟာကို ဘာတွေကြောက်နေတာလဲ"

" မျှစ်က ရှိရောရှိသေးရဲ့လား"

" ရှိမှာပါအေ"

' ဒေါ်လုံး' နဲ့ မ'ပုတို'တို့နှစ်ယောက်ဝါးတောထဲရောက်လာခဲ့ကြသည်။

မျှစ်ရှားပါးချိန်ဆိုတော့ မျှစ်နုတွေကို ဟိုတစ်စဒီတစ်စသာတွေ့ရတော့သည်။

" လာ... ငါတို့ဝါးတောအနောက်ဘက်ကိုသွားးကြည့်ရအောင်"

မပုတိုက ဒေါ်လုံးလက်ကိုဆွဲထားလိုက်ပြီး

" ကျုပ် မလိုက်ရဲဘူး"

" ဒါဆိုနင်က ဒီမှာတစ်ယောက်ထဲနေခဲ့မလို့လား လာပါ..."

မပုတို့ရဲ့လက်အား ပြန်ဆွဲလိုက်ကာ ဝါးတောအနောက်ဘက်သို့ လျှောက်လာခဲ့ကြသည်။

" တွေ့လား... ဒီမှာမျှစ်နုတွေမှ အများကြီးပဲ"

နှစ်ယောက်သား ဝမ်းသာအားရနဲ့မျှစ်တွေအားဓားဖြင့်ခုတ်လိုက်ရာ အနောက်ဘက်ချောက်ကမ်းပါးဆီမှ အသံတစ်ခုအားကြားလိုက်ရသည်။

" ဒေါ်လုံး ရှင်အသံကြားလိုက်လား"

" ကြားတယ်လေ ရေကျသံလေ"

" မဟုတ်ဘူး တခြားအသံတစ်ခုခုပဲနော်"

မပုတိုအနောက်ဘက် ချောက်ကမ်းပါးရှိရာသို့ မဝံ့မရဲနှင့်လှည့်ကြည့်လိုက်စဥ်မှာပဲ

"အယ်မလေး..."

လူနှစ်ယောက်ချောက်ကမ်းပါးဆီ ခုန်ချသွားတာကို ဖျက်ကနဲတွေ့လိုက်ရသည်။

" ဘာဖြစ်တာလဲဟဲ့"

" ခုန်...ခုန်ချသွားလို့"

" ဘာခုန်ချတာလဲ"

" လူ...လူနှစ်ယောက်ခုန်ချသွားတာကိုတွေ့လိုက်ရတာ"

" နင်နော်...ငါ့ကိုလာမခြောက်နဲ့"

" ကျုပ်တကယ်ပြောနေတာ ကျုပ်တော့ဒီမှာမနေရဲတော့ဘူးတော် ကျုပ်ပြန်တော့မယ်"

မပုတိုတစ်ယောက် ပြောပြီးနေရာမှ ပြေးထွက်သွားသည်။

" ဟဲ့...ငါ့ကိုလဲစောင့်ဦးလေ"

ထိုနေ့ကစပြီး အဲ့ဒီနေရာကို ဘယ်သူမှမလာရဲကြတော့။ ထင်းခွေ သစ်ခုတ်လာတဲ့သူတွေလဲ ထိုနေရာကိုရောက်ရင် လူနှစ်ယောက် ရေထဲခုန်ချသွားတာကို မကြာခ ဏတွေ့ကြရတယ်။

ရွာသားအချို့ကတော့ ထိုနေရာကို သူတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်နေရာအဖြစ်သတ် မှတ်ထားလိုက်ကြသည်။

အချိန်တွေကြာသည်နှင့်အမျှ ထိုနေရာကိုလူအရောက်အပေါက်ကနည်းသည်ထက်နည်းလာ၏။

နွေရာသီရောက်လို့ ရေရှားပါးတဲ့အချိန်မှာတောင် ထိုနေရာကရေက မပျက်စီးဆင်းနေပြီး ထိုအနီးပတ်ဝန်းကျင်တစ်ခုလုံးစိမ်းလန်းစိုပြေနေတာ။

ချောက်ကမ်းပါးအောက်မှာတော့ ရောင်စုံပန်းမျိုးစုံက အမြဲဖူးပွင့်လျက်ရှိနေသည်။

ကိုယ်ပိုင်ကမ္ဘာငယ်လေးမှာ သူတို့နှစ်ယောက်ပျော်ရွှင်ပါစေ။

ပြီးပါပြီ။

ဆက်ရန် (Season 2) .......

---------------------------------------------------
Note: ကျွန်တော်စာရေးပြီး အဆက်မပြတ် တင်ဖို့အဆင်မပြေချိန်မှာ စာဖတ်သူသူငယ်ချင်းတွေမပျင်းရအောင်အခြားသော စာရေးသူများ ရေးတဲ့စာတွေကို ကူးယူမျှဝေ ခြင်းဖြစ်ပါတယ်။

No comments: