Sunday, June 30, 2024

CHEMSEX ဆိုတာ….❓

 CHEMSEX ဆိုတာ….❓




မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတမျိုး (သို့မဟုတ်)တမျိုးထက်ပိုသော လိင်ဆက်ဆံခြင်းမပြုလုပ်ခင် (သို့မဟုတ်)လိင်ဆက်ဆံနေချိန်အတွင်း သုံးစွဲခြင်းဖြစ်သည်။


PnP(Party and play),Chem fun,hight fun စသည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။


(လိင်စိတ်ကြွခြင်း)


💊အခုနောက်ပိုင်းတွင် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ အသုံးပြုလာကြပါတယ်။ အချို့ဆေးတွေကဆေးကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့တွေကို ရှူရှိုက်တာ၊ ဆေးထိုးအပ်နဲ့ အကြောထဲ ထိုးသွင်းပြီး အသုံးပြုတာ၊နှာခေါင်းနဲ့ရှုသွင်းတာအပြင် ဖျော်စပ်သောက်သုံးတာ စသဖြင့် အသုံးပြုလာကြတာမျိုးရှိပါတယ်။ ဆေးတွေက စိတ်ကိုပြောင်းလဲစေပြီး လိင်စိတ်ကို အလွန်အမင်းတက်ကြွ စေတတ်ပါတယ်။ 


💊ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ထိန်းချုပ်နိုင်စွမ်းတွေကို လျော့နည်းစေတဲ့အတွက် မူးယစ်ဆေးဝါးလို့ ယူဆလို့လည်း ရပါတယ်။


💊အခြားသော မူးယစ်ဆေးဝါးတွေနဲ့ ကွာတဲ့အချက်ကတော့ ဆေးသုံးပြီးမှ အကြောင်းအရင်းမရှိဘဲလိင်ဆက်ဆံတာမျိုး ၊ လိင်ဆက်ဆံလိုတဲ့ရည်ရွယ်ချက် တစ်ခုတည်းကြောင့် ဒီဆေးတွေကို အသုံးပြုလာကြတာမျိုးလည်းရှိပါတယ်။


💊လိုတာထက် ပိုပြီးအသုံးပြုမယ်ဆိုရင်   အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့အခြေအနေတွေလည်းဖြစ်နိုင်ပါတယ်။


(ဘေးထွက်ဆိုးကျိုး)


💊စိတ်ကြွစေတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။စိတ်ကို စွဲလမ်းသွားစေပြီး ဆေးမသုံးရ မနေနိုင်ဖြစ်မယ်။


💊ဆေးမသုံးဘဲ လိင်ဆက်ဆံတဲ့အခါ တစ်ခုခု လိုအပ်နေသလို၊ စိတ်မပါတော့သလို ခံစားရမယ်။

စားချင်စိတ်၊ အိပ်ချင်စိတ်ကို ထိန်းချုပ်လိုက်တဲ့အတွက် အာဟာရဓာတ်တွေ နည်းသွားပြီး ပိန်ချုံးလာမယ်၊ မျက်တွင်းနက်လာမယ်၊ ခံတွင်းပျက်မယ်၊ အသားအရေ မွဲခြောက်ခြောက် ဖြစ်မယ်၊ ညဘက်မှာ ကောင်းစွာပြန်အိပ်ပျော်ဖို့ကို အဟန့်အတားဖြစ်စေတယ်။


💊ကိုယ်တွင်းကလီစာတွေနဲ့ အာရုံကြောစနစ် ပျက်စီးစေနိုင်သည်။

နေ့စဉ်ရက်ဆက် အသုံးပြုတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်။


💊အသိစိတ်လွတ်သွားတာကြောင့် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာ အစရှိတဲ့ အန္တရာယ်များတဲ့ အပြုအမူတွေကို လုပ်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်တတ်ပါတယ်။


💊သွေးကြောတွေကို ကျယ်စေလို့ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်ဖို့ ပိုလွယ်နိုင်ပါတယ်။

ဆေးအလွန်အကျွံ သုံးစွဲခြင်း (Overdose) ဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါသည်။




  *** မဗေဒါ စာမျက်နှာမှကူးယူဖော်ပြသည်။

Thursday, June 27, 2024

'ဆူးလေတံတားပေါ်က ဆုတောင်းသံ'

 ဆူးလေတံတားပေါ်က ဆုတောင်းသံ



စာရေးသူ ..A nyo...(အညို)


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


    "  ဖောက်သည်များများရ ရပါလို၏ အရှင်ဘုရား"


     ဆူးလေတံတားပေါ်ရပ်ကာ ဆူးလေဘုရားကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ဆုတောင်းမိသည်။ ဘာကုသိုလ်မှမလုပ်ပါဘဲ ဆုတောင်းမိနေသော သူ့ကိုတော့ မြင်တဲ့သူတွေက နှာခေါင်းရှုံ့ကြလိမ့်မည်။ 


     သူသည် ဒီတံတားကိုပတ်နေသည်မှာ အခေါက်ပေါင်းမရေနိုင်တော့။ ပတ်သည့်အခေါက်တိုင်းမှာလည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်အရပ်လေးမျက်နှာလုံးကို တစ်ဖက်သူသဘော ပေါက်လွယ်သော အကြည့်ဖြင့် ကြည့်ရသည်။ ထိုသို့ လုပ်နေပါလျက်နဲ့ သူဒီနေ့ဖောက်သည်မရသေးပေ။


      သူသည် တံတားပေါ်တွင်ထိုင်ချလိုက်ပြီး အိတ်ထဲမှ မှန်ကိုထုတ်လိုက်သည်။ ပြီးတော့ မျက်နှာရှေ့တွင်ထားကာ လိုအပ်သည့်အရာများကိုရှာဖွေနေမိသည်။ သူ၏မျက်နှာသည်တော့ ပုံမှန်အတိုင်းပင်။ ယောကျ်ားတစ်ဦးဖြစ်သောကြောင့် အထွေးအထူးတော့ပြင်စရာမလို။ သူ၏မျက်နှာပေါ်တွင် စျေးပေါပေါ နှုတ်ခမ်းနီကို ဆိုးထားသော နှုတ်ခမ်းတစ်စုံမှအပ အခြားအရာတွေသည် ပုံမှန်အတိုင်း ဖြစ်သည်။ မှန်ကိုအိတ်ထဲပြန်ထည့်ကာ တံတားကိုနောက်တစ်ကြော့ပတ်ရန် ထွက်ခဲ့သည်။


      ဒီတစ်ခါမှာတော့ သူ၏သားကောင်ကိုတွေ့ရပြီ။ သားကောင်ဟုသာပြောသော်လည်း တစ်ခါတစ်လေကျ ထိုသားကောင်ဟာ မုဆိုးဖြစ်နေတက်ပြန်သည်။ လုပ်သက်ရင့်နေပြီဖြစ်သော နိုင်နိုင်အတွက်ကတော့ ဤအရာတွေကိုမမှု။


      နိုင်နိုင်သည် သားကောင်နားသို့ချဥ်းကပ်ကာ မာယာအားလုံးကို တစ်ပြိုင်နက်တည်း လွှတ်ဖို့ပြင်နေသည်။ သိပ်မကြာလိုက်ပါ။ သားကောင်သည် သူ့နားသို့ရောက်လာလေသည်။


     သားကောင်သည် လက်အမှုအရာဖြင့် `စျေးဘယ်လောက်လဲ´ဟုမေးသည်။ နိုင်နိုင်ကလည်း လက်သုံးချောင်းထောင်ပြလိုက်သည်။ သူသည် နိုင်နိုင့်အနားကိုကပ်လာပြီး 


     "နှစ်သောင်းရမလား..."


      နိုင်နိုင် ထောင်းခနဲစိတ်တိုသွားမိသည်။ ပြည့်တန်ဆာစီကတောင် စျေးစစ်နေသောသူ့ကိုလည်း အံ့သြမိသည်။


     "မရဘူး နှစ်သောင်းခွဲတော့ပေး"


      "မရရင်တော့ နိုးပဲ"


      သူသည် နိုင်နိုင်ရှေ့မှလှည့်ထွက်သွားဖို့ပြင်နေသည်။ နိုင်နိုင်ဘာလုပ်ရမလဲ စဥ်းစားနေသည်။ ဒီနေ့ညအဖို့တစ်ယောက်မှလည်းမရသေး။ လက်ကနာရီကိုကြည့်တော့ နှစ်နာရီထိုးပြီ။ လေးနာရီထိုးထိမှ မရရင် အိမ်ကိုလက်ဗလာနဲ့ပြန်ရတာ့မည်။ သူလက်ဗလာနဲ့တော့ မပြန်နိုင်။ ရတဲ့စျေးနဲ့ပဲလိုက်ရတော့မည်။


     "ဟေ့လူ ခဏ"


      နိုင်နိုင်နဲ့သူတို့ စျေးတည့်သွားပြီး တစ်နေရာသို့ထွက်ခဲ့ကြသည်။ ကိစ္စတွေပြီးတော့ ညသုံးနာရီ။ တစ်ယောက်လောက်ရလျှင်လိုက်ချင်သေးသော်လည်း ခုအခြေအနေနဲ့ဆို ရဖို့လမ်းမမြင်တော့။ သူသည် လက်ထဲမှ နှစ်သောင်းကိုကျစ်ကျစ်ပါအောင်ဆုတ်၍ အိတ်ကိုဆွဲကာ တံတားပေါ်မှဆင်းခဲ့သည်။


        နိုင်နိုင်တို့နေသော ကျူးကျော်ရပ်ကွက်တွင် နိုင်နိုင့်လိုလူတွေများလှသည်။ တစ်ခါတစ်ခါ ရပ်ကွပ်ထဲတွင် မိန်းမကြီးများစကားပြောကြရင်းက သူကစျေးပိုရသည်...ငါက စျေးလျော့ရသည် နဲ့ငြင်းနေကြသေးသည်။ 


       ဤအလုပ်ကို မိန်းမများသာမက နိုင်နိုင်တို့လိုယောကျ်ားများကပါ လုပ်ကြသည်။ နိုင်နိုင်ကို ဒီအလုပ်ဘာလို့လုပ်တာလဲဟုမေးရင်တော့ `အမေက ဖာဖြစ်တော့ သားကလည်း ဖာဖြစ်တာ ဘာစမ်းသလဲ´ ဟု ခပ်တင်းတင်းပြန်ပြောမိမည်။


       တစ်ခါတစ်လေ နိုင်နိုင်စိတ်အချဥ်ပေါက်နေတဲ့အချိန် ဒီအလုပ်ကိုဘာကြောင့်လုပ်တာလဲဟုမေးရင်တော့ `ခံလည်းခံရတယ် ပြီးတော့ပိုက်ဆံလည်းရတယ်လေ´ ဟု ခပ်ရွဲ့ရွဲ့ပြောတက်သည်။ 


      တကယ်တော့ နိုင်နိုင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုချင်ပါ။ သို့သော်မတတ်ရနိုင်။ ပညာကိုတစ်စွန်းတစ်စမျှမသင်ခဲ့ရသော နိုင်နိုင်သည် ပြည့်တန်ဆာအမေဖြစ်သူလက်အောက်တွင် ကြီးပြင်းလာခဲ့ရသည်။သူဆယ်ကျော်သက်အရွယ်ကတော့ တွေ့မြင်နေရသော ပြည့်တန်ဆာအလုပ်ကိုသာ လုပ်လိုသည်။ ရေသာခိုအချောင်လိုက်ချင်သောစိတ်သည် သူ့ကိုဒီအသူရာချောက်နက်ထဲကိုဆွဲခေါ်ခြင်းဖြစ်သည်။


       ညတိုင်း ဆူးလေတံတားပေါ်တွင် အခေါက်ပေါင်းမရေနိုင်အောင် လျှောက်ခဲ့ရသော သူ၏ခြေထောက်တို့အသားမာတက်နေခဲ့ပြီ။ ခြေထောက်ကအသားမာထက် နှလုံးသားမှာ တက်နေသောအသားမာက ပို၍ခံရခက်သည်။ သူ့အသက်နှစ်ဆယ်ကတွေ့ခဲ့ရသောအချစ်သည် သူ့ဘဝတွင် ပထမဆုံးအချစ်နဲ့နောက်ဆုံးအချစ်ဖြစ်ခဲ့သည်။ 


      ထိုနေ့က သူသည် တံတားပေါ်ကို ညနေခြောက်နာရီလောက်ရောက်သွားသည်။ သူရောက်ပြီး ခဏအကြာမှာ တံတားပေါ်သို့ လူနှစ်ယောက်တက်လာသည်။ တစ်ဦးက ကောင်လေး ၊ ကျန်တစ်ဦးကတော့ ထိုကောင်လေးလက်ကို ဆွဲဆွဲမြဲမြဲ ချိတ်၍ လိုက်ပါလာသော ကောင်မလေး။ ထိုကောင်လေးကို မြင်လိုက်ရချိန်မှာ သူ့ရင်တစ်စုံမှာ ပြောမပြတက်လောက်အောင်ခုန်သွားရသည်။ အဲ့တာဟာ အချစ်လား။ မြင်မြင်ချင်းအချစ်လား။ သူ့တို့လိုလူတွေထံတွင်ရှိသော အချစ်သည်လည်း ဆားမပါသော ဟင်းလိုပဲဖြစ်လိမ့်မည်ဟု အများစုက ကောက်ချက်ချလိမ့်မည်။


      ထိုနေ့က ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ရသော ကောင်လေးသည် သူ့နှလုံးသားထဲတွင် အသားမာတက်နေခဲ့ပြီ။ ထိုအသားမာကိုခွာမချရက်ပါ။ ထိုကောင်လေးကို ထပ်တွေ့ချင်လာမေးရင်တော့ သူငြင်းရလိမ့်မည်။ မဖြစ်နိုင်တဲ့အရာကိုမျှောင်လင့်ပြီး မငေးမောချင်ပါ။ ဒီတိုင်း နှလုံးသားလေးထဲမှာပဲထားချင်သည်။ 


       ညဆယ့်တစ်နာရီထိုးတော့ နိုင်နိုင်တံတားပေါ်သို့တက်လာခဲ့သည်။ ညနက်နေပြီဖြစ်သောကြောင့် တံတားပေါ်တွင်လူသိပ်မရှိတော့။ ရှိနေသောလူတွေသည်လည်း နိုင်နိုင်တို့လို လူတွေ။ 


      နိုင်နိုင်သည် ပုံမှန်တိုင်း တံတားပေါ်တွင် ခြေစုံရပ်၍ ဆူးလေဘုရားကိုကြည့်ကာ လက်အုပ်ချီရင်းက


      " ဖောက်သည်များများရ ရပါလို၏ ဘုရား အဖမ်းအဆီးတွေမှလည်းလွတ်ကင်းရပါလို၏"


       နိုင်နိုင်သည် အသံကိုပုံမှန်ထက်ကျယ်ကာ ဆုတောင်းမိသည်။ အရင်ကတောင်းခဲ့တဲ့ဆုတွေ မပြည့်သည်မှာ သူရဲ့ဆုတောင်းသံတိုးနေလို့ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဒီနေ့တော့ ကျယ်ကျယ်လေး ဆုတောင်းမိသည်။


       ဖောက်သည်များများရဖို့ထက် အဖမ်းအဆီးကလွတ်ဖို့က ပိုအရေးကြီးသည်။ ရဲတွေကို လိုင်းကြေးပေးထားသော်လည်း သူတို့အမှုလိုလျှင် နိုင်နိုင်တို့ကိုရှာဖွေ၍ ဖမ်းတက်သည်။ နိုင်နိုင်လည်း အဖမ်းခံရတာ ဘယ်နှခါမှန်းမသိတော့။ ခံရတာများသော်လည်း အရေမထူသေးပါ။ သူ ရဲတွေကိုတော့ ကြောက်သည်။ဒီနိုင်ငံမှာနေသူတွေအတွက်အကြောက်တရားဟာ ဘုရားတစ်ဆူပင်။ ငယ်စဥ်ကတည်းက အကြောက်တရားနဲ့ ရင်းနှီးခဲ့သူတွေမလို့ အထွေးအထူးပြောစရာမလိုပါ။


         သူ တံတားကိုပတ်ဖို့ခြေလှမ်းကို ပြင်လိုက်သည်။ ထိုအချိန် သူ့ဆီသို့ လာနေသော


ထိုအချိန် သူ့ဆီသို့ လာနေသော လူသုံးဦး။ သူ ဒီညအတွက် ဖောက်သည်ရပြီဟုတွက်လိုက်သည်။ ရှိသမျှ မာယာများကိုထုတ်သုံးရတော့သည်။ ခဏကြာတော့ စျေးညှိကြသည်။


      "သုံးယောက်ကို ငါးသောင်းထားလိုက်"


       "ဘယ်ရမလဲ တစ်ယောက်ကိုနှစ်သောင်းထက်တော့ မလျော့နိုင်ဘူး"


       နိုင်နိုင်သည် သူ၏ သတ်မှတ်စျေးကို စိတ်အတွင်းမှာပြုံးမိသည်။ ဒီအလုပ်စလုပ်တုန်းက တစ်သိန်းလောက်ရသော ခန္ဓာကိုယ်သည် ခု နှစ်သောင်းတောင်မတန်တော့ပါ။ 


      "ဟုတ်ပြီ ခြောက်သောင်းနဲ့စျေးတည့်ပြီနော်"


      နိုင်နိုင်ရှေ့မှလူသည် အိတ်ထဲမှပိုက်ဆံကိုထုတ်နေသည်။  သူထုတ်နေတာက ပိုက်ဆံမဟုတ်ဘူးဆိုတာကို နောက်မှသိလိုက်ရသည်။ 


      "ဟိုကောင်တွေချုပ်လိုက်တော့"


       ဘယ်ချိန်ကတည်းက နောက်ကိုရောက်နေမှန်းမသိသော လူနှစ်ယောက်က နိုင်နိုင်ကို ချုပ်လိုက်သည်။


      "ဘာလုပ်တာ...."


       နိုင်နိုင်စကားမဆုံးခင်မှာပဲ သူ့လက်ကို စွပ်သွားသော လက်ထိပ်။ သူ့မျက်လုံးတစ်စုံပြူးကျယ်သွားသည်။ သွားပြီ...ဒီတစ်ခါလည်း ထောင်ထဲမှာနေရတော့မည်။ သို့သော်..ဒီတစ်ခါရောက်ခြင်းသည် သူ့အတွက် နှစ်ချီပြီးကြာနိုင်သည်။ သူဖမ်းခံလို့မဖြစ်။ ထွက်ပြေးရမည် ။ ဟုတ်တယ် ...ထွက်ပြေးရမည်။


      နိုင်နိုင်သည် ချုပ်ထားသော လက်တွေအတွင်းမှ အားကုန်ရုန်းကာ ထွက်ပြေးလာသည်။ နောက်မှ`လိုက်ဟ´ `မလွတ်စေနဲ့နော်´ ဟူသော အသံတွေကို လျစ်လျူရှုကာ အားကုန်သုံး၍ ထွက်ပြေးသည်။


       တံတားအဆင်းမှာတော့ သူအရှိန်မထိန်းနိုင်တော့။ သူ၏ ကိုယ်သည် ပုလင်းတစ်လုံးပမာ လှေကားပေါ်မှ တစ်လိမ့်ချင်းကျသွားသည်။ တံတားအောင်ဆုံးထစ်မှာတော့ သူ့ခေါင်းသည် တမံတလင်းနဲ့ထိကာ သွေးအလိမ့်လိမ့်ထွက်လာသည်။ သူ့အနားသို့ လမ်းပေါ်မှလူများ ပြေးလာကြသည်။


       "မထိကျနဲ့နော် HIVပိုးကူးလိမ့်မယ်"


       တကယ်လည်း သူ့ကိုပွေ့ယူ၍ ဆေးရုံးပို့မယ့်သူမရှိပါ။ သူ့ခေါင်းသည် သေမတက်နာနေခဲ့သည်။ သွေးအထွက်လွန်နေသော  သူ့ခန္ဓာကိုယ်သည် သွေးတွေဖြင့် စိုထိုင်းနေသည်။ ဤသွေးတွေထဲတွင် လူအများကြောက်ကြသော ရောဂါဆိုးကြီး ရှိနေနိုင်သည်။ မကြာခင်မှာ အသားမာတက်နေသော သူ၏နှလုံးသားသည် ငြိမ်သက်သွားရတော့မည်။ 


     သူ၏နားထဲမှာတော့ ခုနကတောင်းခဲ့သော ဆုတောင်းသံတွေ ပြန်ကြားနေရသည်။ ဆုတောင်းသံက ကျယ်သော်လည်း မြတ်စွာ ဘုရားမကြားနိုင်ပါ။


      သူ့လို ဆုတောင်းသံကျယ်လျှင် ဘုရားကြားမည်ဟု ထင်ခဲ့သော လူများ ဒီနိုင်ငံတွင် ဘယ်နယောက်ရှိနေပြီလဲ...


     ဆူးလေတံတားပေါ်က ဆုတောင်းသံကျယ်ကျယ်ကိုရော ကြားခဲ့သူ ဘယ်နယောက်ရှိမလဲ....


     ဘုရားကရော သူတို့ရဲ့ဆုတောင်းသံတွေကို တကယ်ရော ကြားပါရဲ့လား....


#thevoiceofpride

#lgbtqpride

#lgbtrights

Thursday, June 20, 2024

ဒေါင်းဝေ (Season - 2)


အပိုင်း - ၂

ရေးသားသူ ; ရှိုင်း
..............................................

အနီးမှာရှိတဲ့ သစ်ငုတ်တစ်ခုပေါ်ထိုင်လိုက်ရင်း မီးလောင်နေတဲ့ ရိုးပြတ်တောကြီးကိုငေးကြည့်နေမိသည်။

မျက်နာကို လာဟက်တဲ့ မီးအပူရှိန်ကိုတောင် သတိမထားမိပဲ သူ့ရင်ထဲက အပူလုံးကြီးကိုသာ ဘယ်လိုနည်းနဲ့ငြိမ်းသက်ရမလဲစဉ်းစားနေမိတယ်။ အခုဆိုသူပြန် သွားတာ တစ်ပတ်တောင်ရှိပြီ။

သူဒီရွာကိုပြန်မလာဖြစ်လောက်တော့ဘူး။ဒါဆိုသူနဲ့တွေ့ရဖို့ ဘယ်လိုလုပ်ရမလဲ။

စောလူ ရိုးပြတ်တွေကိုမီးရှို့လို့အပြီးသတ်သွားတော့ အိမ်သို့ပြန်လာခဲ့လိုက်သည်။
ချွေးများဖြင့်စေးကပ်နေတဲ့ အင်္ကျီကိုချွတ်လိုက်ပြီး ရေတွင်းရှိရာ လျှောက်လာလိုက်သည်။ အချိန်က ညခုနှစ်နာရီဆိုတော့ အ တော်ပင်မှောင်နေပြီ။

ဒါကြောင့် ကိုယ်မှအဝတ်အစားတွေကိုတခု မကျန်အကုန်ချွတ်လိုက်ပြီး ကိုယ်လုံး တီးနဲ့သာ ရေလောင်းချိုးလိုက်သည်။
ရေချိုးပြီး ရေတွင်းနားရှိ အဝတ်တန်းပေါ်တွင်တင်ထားတဲ့ အဖေဖြစ်သူရဲ့ပုဆိုးအားကောက်စွပ်ကာအိမ်ပေါ်သို့တက်လာလိုက်သည်။ အိမ်ပေါ်ရောက်တော့ အဖေက ထ မင်းဝိုင်း အဆင်သင့်ပြင်ပြီးနေပြီ။

" ဟာ...ဟင်းတွေကစုံလို့ပါလား"

ပြီးတော့ ထမင်းပန်းကန်ကလဲ လူသုံးယောက်စာခူးထားတာတွေ့ရသည်။ စော လူ၊လက်ရေဆေးကာ ထမင်းစားပွဲတွင်ထိုင်လိုက်စဉ်မှာပဲ

" ခဏလောက်စောင့်လိုက်ပါဦးလားသားအဖေ လူတစ်ယောက်ကို ထမင်းစားဖိတ်ထားတယ်"

" ဟင်...ဘယ်သူ့ကိုလဲ"

" ထင်အောင်ကို"

စောလူ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးလိုက်ပြီး

" သူကလာမှာရော သေချာလို့လား စောင့်မနေပါနဲ့အဖေရာ...ဒီအချိန်မှမလာရင်လာမှာမဟုတ်တော့ဘူး ကျွန်တော်ကတော့စားပြီ"

ဦးလူမော် ဘာမှမပြောတော့ပဲ ထမင်းဝိုင်းမှထသွားကာ၊အိမ်အောက်သို့ဆင်းသွားသည်။ စောလူ ထမင်းစားပြီးတော့ အိမ်ခေါင်းရင်း ထောင့်တစ်နေရာတွင် လှဲချလိုက်ပြီး ထင်သာရဲ့အကြောင်းကိုတွေးနေလိုက်သည်။

သူ့အတွက်တော့ ဒေါင်းဝေပေါ့လေ က လေး ဘဝတုန်းက သူ့ကို အဲ့ဒီလိုပဲခေါ်ခဲ့တာ။ ငယ်ငယ်တုန်းက အိမ်မက်တွေကပီသပေမယ့် အခုနောက်ပိုင်းမက်တဲ့အိမ် မက်တွေက ဝိုးတဝါးနှင့်ပင်ငယ်ငယ်က အရင်ဘဝအကြောင်းတွေကို မှတ်မိသ လောက်ရှိပေမယ့် အခုချိန်မှာတော့ အဖြစ် အပျက်အနည်းငယ်သာ ခေါင်းထဲမှာရှိတော့တယ်။

" ငါတောင်မစားရသေးဘူး မင်းကိုစောင့်နေတာ"

စကားတပြောပြောနဲ့ အိမ်ပေါ်သို့ လူနှစ်ယောက်တက်လာသည်။ ဦးထင်အောင်နဲ့အဖေဖြစ်သူဦးလူမော်ပင်ဖြစ်၏။ သူတို့ နှစ်ယောက် ထမင်းဝိုင်းတွင် ထိုင်လိုက်ကြပြီး ဦးလူမော်က ဦးထင်အောင်ရဲ့ထမင်းပန်းကန်ထဲ ဟင်းတွေထည့်ပေးနေ၏။

နှစ်ယောက်စလုံးက အပြုံးကိုယ်စီနဲ့ စော လူ သူတို့နှစ်ယောက်ကိုကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

သူတို့နှစ်ယောက်ကအဲ့ဒီလိုပဲ။ စောလူငယ်ငယ်ကတည်းက သူတို့နှစ်ယောက်ကိုပုံစံအမျိုးမျိုးတွေ့ဖူးတယ်။ တစ်ခါတလေ စ ကားများရန်ဖြစ်နေတက်ပြီး တစ်ခါတရံကျပြန်တော့လဲ ချစ်ချစ်ခင်ခင်ရှိနေကြပြန်ရော။ သူငယ်ချင်းသံယောဇဥ်က သူတို့နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ ရှိနေသေးတယ်ထင်ပါ့။

ထမင်းစားပြီးတော့ သူတို့နှစ်ယောက် အိမ်အောက်ဆင်းပြီး စကားတွေပြောနေကြသေးတယ်။

စောလူလဲ သူတို့နှစ်ယောက်ဘာတွေပြောနေလဲသိချင်တာကြောင့် အိမ်ရှေ့ဘက်ထ ရံနားသွားကာ အိမ်အောက်ဘက်မှ စကားသံတွေကို နားစွင့်နေမိသည် ။

" မင်းဘယ်တော့ပြန်မှာလဲ"

" လောလောဆယ်တော့ မပြန်ဖြစ်သေးဘူး အဖေ့ရဲ့ရက်လည်ပြီးမှပဲပြန်ဖြစ်မယ် မင်းရောဒီအတိုင်းပဲ ဆက်နေတော့မှာလား"

" ငါက ဒီအတိုင်းဆက်မနေလို့ဘာလုပ်ရမှာလဲ"

" တစ်ရွာမပြောင်းသူကောင်းမဖြစ်လေကွာ မင်းဒီရွာမှာပဲနေရင်တော့ တိုးတက်မှာမဟုတ်ဘူး မင်းရဲ့သားကလဲဘာမှ မှအသုံးမကျတာ မင်းကိုယ်တိုင်ကြိုစားမှပဲရမှာ"

" နေပါစေတော့ကွာအခုလဲငါစိတ်ချမ်းသာနေတာပဲ လူချမ်းသာဖို့ထက်စိတ်ချမ်းသာ ဖို့က ပိုအရေးကြီးတယ်မဟုတ်လား"

" အဲ့တာက အရှုံးသမားတွေပဲ ပြောတဲ့စ ကားကွ အောင်မြင်တဲ့လူတစ်ယောက်က၊သူရဲ့စိတ်ခံစားချက်တွေကိုဘယ်တော့မှဦးစားမပေးဘူး"

" မအောင်မြင်လဲနေပါစေတော့ကွာ... ငါကတော့ခံစားချက်တွေကို ဦးစားပေးနေမိဦးမှာပဲ အနည်းဆုံးတော့ တစ်ကိုယ် ကောင်းဆန်တဲ့သူ မဟုတ်တော့ဘူးပေါ့"

" တစ်ချို့အရာတွေမှာ တစ်ကိုယ်ကောင်းဆန်သင့်ရင်ဆန်ရမှာပဲ စိတ်ခံစားချက်ထက် အရေးကြီးတဲ့အရာတွေ ရှိတယ်"

" မင်းနှလုံးသားနဲ့ ရင်းပြီးတော့လား"

သူတို့​ဘာတွေပြောနေတာလဲ။ စိတ်ခံစားချက်တွေရော။ နှလုံးသားကိစ္စတွေရော
ပြောနေတဲ့စကားတွေကို နားထောင်ကြည့်ရတာ။ သူတို့နှစ်ယောက်ကြားမှာတစ်ခုခုရှိနေပုံပဲ။

" ငါပြန်တော့မယ်ကွာ မိုးလဲ အတော်ချုပ်နေပြီ"

" ဒီမှာအိပ်လိုက်ပါလား"

ဦးထင်အောင်ခဏတိတ်ဆိတ်သွားပြီး

" မအိပ်တော့ပါဘူးကွာ ဒါပဲနော် ငါပြန်လိုက်ဦးမယ်"

ဦးထင်အောင်ထွက်သွားပြီးအချိန်အတော်ကြာတဲ့အထိ ဦးလူမော်အိမ်ပေါ်သို့မတက်လာသေး။

ဦးလူမော်လဲ အိမ်ပေါ်တက်လာတော့ အိမ်ရှေ့အပေါက်ဝနားအိမ်တိုင်ကိုမှီကာရပ်နေတဲ့စောလူကိုတွေ့လိုက်သည်။

သူ့ကိုတွေ့တွေ့ချင်းပဲ စောလူက ပြုံးပြနေ သည်။

" ဘာလဲကွ"

" ဘာမှမဟုတ်ပါဘူး ကျွန်တော်သေးဆင်းပေါက်မလို့"

" ဒါဆိုလဲ သွား"

စောလူ လှေကားပေါ်သို့ ခြေချလိုက်ပြီးမှအိမ်ပေါ်သို့ပြန်တက်လိုက်ပြီး

" ဒါနဲ့...အဖေဦးထင်အောင်ရဲ့အိမ်လိပ်စာကိုသိလား"

" မင်းက ဘာလုပ်မလို့လဲ"

" ဘာမှမလုပ်ပါဘူး အဖေက ကိုယ့်အချစ်ဆုံးသူငယ်ချင်းကြီးရဲ့အိမ်လိပ်စာတောင်မသိဘူးလား အဖေကတော်တော်ညံ့တာပဲ"

" ဟိတ်ကောင် ကိုယ့်အဖေကို.. လိပ်စာက တော့သိတာပေါ့ကွ"

စောလူ မျက်လုံးတွေ အရောင်လက်သွားသည်။

" ဟုတ်လား ဘာတဲ့လဲ"

" ဘားအံလေကွာ တစ်ရွာလုံးသိတယ်"

" ဟင်...အဖေကလဲ အဲ့ဒါတော့သိတာပေါ့၊ကျွန်တော်က သူ့ရဲ့အိမ်လိပ်စာကိုပြောတာ"

" မသိဘူး သိလဲ မပြောပြဘူး"

" အဖေ ကလဲဗျာ..."

ဦးထင်အောင် နေရာမှ ထွက်သွားသည်။စောလူလဲ အိမ်အောက်သို့ဆင်းလာခဲ့လိုက်၏။ စောလူ ခြံစည်းရိုးအနားသွားကာ အပေါ့သွားနေစဥ်မှာပဲ ခွေးအူသံတစ်ချို့ကို ကြားလိုက်ရသည်။

" ဝူး........ဝူး......."

ခွေအူသံတွေက ပုံမှန်အူတဲ့ အသံမျိုး မ ဟုတ် ဝမ်းခေါင်းသံကြီးနဲ့ ဆွဲဆွဲငင်ငင်ကိုအူနေတာ။

စောလူ အပေါ့မြန်မြန်သွားကာ ခြံအပြင် လမ်းပေါ်သို့ ထွက်ကြည့်လိုက်သည်။ ဒီနေ့က လကွယ်ညဖြစ်နေတာကြောင့် ပတ်ဝန်း ကျင်တစ်ခုလုံးက အမှောင်အတိကျနေပြီးမီးကလဲ ပျက်နေတော့ ပိုဆိုးသည်။

ခွေးတွေက သူတို့အိမ်ရဲ့ခပ်လှမ်းလှမ်းမှာပဲအူနေတာပါ။ စောလူ ခြံထဲ ပြန်ဝင်လာပြီး အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။

" ဘာဖြစ်တာလဲသား ခွေးတွေ ဒီလောက်ဆူညံနေတာ"

" ဘယ်သိမှာလဲ အဖေရ ကျွန်တော့် စိတ်ထင် ခွေးတွေက ဟိုအိမ်ကြီးနားမှာ အူနေတာဖြစ်မယ် အသံက အဲ့ဒီဘက်ကကြားရတာ"

"​ ဟုတ်လား..."

စောလူ ဘုရားခန်းထောင့်တစ်နေရာတွင်ခေါင်းအုံးချကာအိပ်လိုက်သည်။

ဒီညတော့မြန်မြန်အိပ်ပျော်သွားဖို့ မျှော်
လင့်တယ်။ သူ့ကြောင့် အိပ်မပျော်တဲ့ညတွေများနေပြီလေ။

••••••••••••••••••••••••••••••••••••

စောလူ ဒီမနက် ရွာထဲမှာ အသံသဲ့သဲ့ကိုကြားနေရ၏။

ဦးထင်အောင်တစ်ယောက် ညက သရဲခြောက်ခံလိုက်ရပြီး အခုကြောက်ဖျား ဖျားနေပြီတဲ့။

ဒီသတင်းကိုကြားလိုက်ရတော့ စောလူအသံထွက်အောင်ရယ်မိသည်။ သရဲခြောက်ခံလိုက်ရလို့ ဖျားသွားတာတဲ့လား သူမရယ်ပဲလဲမနေနိုင်။

ကလေးလဲ မဟုတ်တော့ဘူး ပြီးတော့ သူ က ဒီရွာမှာကြီးပြင်းလာတာပဲ နာနာဘာဝအကြောင်းတွေက ဒီရွာဘက်မှာ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေတာ ဒါ ကို အဖေဖြစ်သူအား ပြန်ပြောပြတော့ ဦးလူမော်က သူ့သူငယ်ချင်းကြီးကို စိတ်ပူသွားပုံရတယ်။

" ငါ သူ့ဆီ ခဏသွားလိုက်ဦးမယ်"

" အဖေကလဲ ဘာလို့သွားမှာလဲ အရေးမကြီးတာကို"

" မင်းဘာသိလို့လဲ ထင်အောင်က ကျန်း မာရေးနဲ့ပတ်သက်လာရင်ဒေါင်ဒေါင်မြည်ပဲ၊သူနေမကောင်းဖြစ်ရင် အဲ့ဒါ အခြေအ နေတော်တော်ဆိုးလို့ပဲကွ"

" ဒါက မတူဘူးလေ သရဲခြောက်ခံရလို့ကြောက်ဖျား ဖျားသွားတာကြီး"

" မင်းကို ပြောလဲ နားလည်မှာမဟုတ်ဘူး"

ဦးလူမော် အိမ်ပေါ်မှဆင်းကာ တရုတ်ဘီးအစုတ်လေးအား တက်ခွလိုက်သည်။

" အဖေ ကျွန်တော့်မြင်းနဲ့ လိုက်ပို့ပေးရမလား"

ဦးလူမော် ဘာမှပြန်မပြောပဲ ရွာထဲသို့ဆိုင်ကယ်မောင်းထွက်သွားသည်။

စောလူလဲ ကြမ်းပြင်ပေါ်လှဲချလိုက်ပြီးနဖူး ပေါ် လက်တင်ထားလိုက်၏။ ထိုအချိန် အ တွေးတစ်ခုက ခေါင်းထဲဝင်ရောက်လာသည်။ ချက်ချင်းပဲ ပြန်ထထိုင်ကာ။

" ဒါဆို သူရွာကို ပြန်လာမှာလား"

စိတ်တွေက ချက်ချင်းဆိုသလို ကြည်လင်လန်းဆန်းသွားသည်။ လက်မှာပတ်ထားတဲ့နာရီကို ကြည့်လိုက်တော့ နံနက်ဆယ်နာရီဝန်းကျင်ပဲရှိသေးတယ်။

သူတကယ်လာ ဖြစ်ရင်တောင် ညနေအ ချိန်လောက်မှရောက်မှာ။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ထင်သာ သူ့ကိုတွေ့ရင်တော့ သူ သန့်သန့် ပြန့်ပြန့် ဖြစ်နေရမယ်။ ပုံမှန်အတိုင်း ဖြစ်သလို နေလို့မရတော့ဘူး။

••••••••••••••••••••••••••••••••••••••••••

စောလူ တစ်ယောက် ဦးမြင့်မောင်ရဲ့ခြံအနီးတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။

လမ်းမှာသွားတဲ့သူတွေကလဲ သူ့အားမရဲတရဲနဲ့ကြည့်သွားကြ၏။ ကြည့်ပေမယ့် ရွာ ထဲက လူတွေက သူ့အားခပ်ကြောက်ကြောက်ရယ်။

သူကလဲ စိတ်မထင်ရင်မထင်သလို ရွာထဲကခွေးကအစ အော်ငေါက်တက်တာ မ ဟုတ်လား။

အခုလဲ ကြည့်လေ ခပ်လှမ်းလှမ်းမှာ သူ့အား စိုက်ကြည့်နေတဲ့ လေးနှစ်အရွယ်က လေးလေး တစ်ယောက်ကို

" မင်းဘာလာကြည့်နေတာလဲ နာချင်လို့လား"

ထိုကလေးခမျာ ခြံထဲသို့ပြေးဝင်သွားသည်။ စောလူကလေး မချစ်တက်ဘူး။နေရာတကာ စပ်စုတက်ပြီး စကားအရမ်းများတဲ့ ကလေးတွေဆိုရင် ပိုတောင်ကြည့်မရဖြစ်သေးတယ်။

အခု သူ့ရဲ့ပုံစံကလဲ လူတွေရဲ့မျက်လုံးထဲမှာ အထူးအဆန်းဖြစ်နေမလား ပုဆိုးနဲ့ရှပ်အင်္ကျီလည်ကတုံးအဖြူကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ထားတာ။

သူထိုသို့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေစဥ်မှာပဲ ဦးမြင့်မောင် ခြံအပြင်သို့ ထွက်လာတာကိုတွေ့လိုက်ရသည်။

" မင်းဒီမှာ ဘာလုပ်နေတာလဲ စောလူ"

" ဘာမှမလုပ်ဘူး ဒီအတိုင်းပဲ လမ်း လျှောက် နေတာ"

စောလူရဲ့မျက်နာပေးက မာမာတင်းတင်းပင် မြင့်မောင်က စောလူထက် အသက်ဆယ်နှစ်လောက်သာကြီးတယ်။

အဖေအရွယ်တွေတောင် စောလူက လေးလေးစားစား ဆက်ဆံတက်တာမဟုတ်ဘူး။

" လမ်းလျှောက်ရင်တခြားနေရာမှာသွားလျှောက်ကွာ"

" ဘာလို့လဲဗျ ဒါက အများသူငါပိုင်တဲ့လမ်းပဲလေဗျာ ခင်ဗျားတစ်ယောက် တည်း ပိုင်တာမှမဟုတ်တာ"

" ငါ့အစ်ကိုနေမကောင်းဘူးကွ မင်းဝတ်ထားတာကလဲ အဝတ်အစားအသစ်တွေနဲ့မသိရင် ငါ့အစ်ကိုကို မြန်မြန်သေပါစေဆိုပြီး လာဆုတောင်းနေသလိုပဲ ကဲ...ကဲ ပြန်တော့ကွာ..."

စောလူ မြင့်မောင်အားပြန်ပြောမည်ပြုစဥ်မှာပဲ သူတို့နှစ်ယောက်အနားမှဖြတ်ကာ ခြံထဲသို့ ကားတစ်စီးဝင်သွားလေသည်။

ပြီးနောက် ထင်သာရဲ့အမေဖြစ်သူ ဒေါ်စံ ပယ် ကားပေါ်ကဆင်းလာသည်။

ပြီးတော့ လူနှစ်ယောက် ကားခေါင်းခန်းမှတပြိုင်နက်ထဲ ဆင်းလာတာကို တွေ့လိုက်ရသည်။

တစ်ယောက်က စောလူ နေ့တိုင်းမျှော်လင့်စောင့်ဆိုင်းနေရပြီး အရမ်းပဲ လွမ်းနေခဲ့ရတဲ့သူဖြစ်ပြီး ကျန်တစ်ယောက်ကတော့ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မိန်းကလေးတစ်ဦး.....။

..............................................

သူမက ထင်သာအနားမှာပဲ ကပ်နေပြီးအနားက တစ်ဖဝါးမှမခွာ ဦးထင်အောင် အခြေအနေကလဲ သိပ်ဆိုးလှတာလဲ မ ဟုတ် ဒါကို ရေကြီးခွင်ကျယ်လုပ်ပြီးစိတ်ပူပြနေကြတယ်။

စောလူကတော့ ခပ်လှမ်းလှမ်းမှာသာ ထိုင်ပြီး ထင်သာရဲ့မျက်နာအားငေးကြည့်နေမိသည်။

သူတို့စကားဝိုင်းထဲမှာ ကြားလိုက်ရတာက အတူပါလာတဲ့မိန်းကလေးက ထင်သာရဲ့ချစ်သူတဲ့။ ပြီးတော့ သူတို့နှစ်ယောက်က လက်ထပ်ဖို့အတွက် စီစဥ်နေပြီတဲ့လေ။

ဒိတ်ခနဲ ဆောင့်တက်သွားတဲ့ နှလုံးခုန်သံကြောင့် ရင်ဘက်ထဲမှာ အနေရခက်လှသည်။

စောလူ ထိုင်နေရာမှ ထရပ်လိုက်ကာ အိမ်အပြင်သို့ ထွက်ခဲ့လိုက်သည်။

ဖိနပ်ကောက်စီးပြီး ခြံအပြင်သို့ထွက်လာစဥ်မှာပဲ

" ကိုစောလူ"

အနောက်မှ ခေါ်သံကြောင့် ခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။

" ပြန်တော့မလို့လား"

" အင်း ပြန်တော့မယ် မင်းမှ ငါ့ကိုစကားမပြောတာ"

ရင်ဘက်ထဲမှာ နာကျင်နေပေမယ့် စောလူရဲ့နှုတ်ခမ်းတွေကတော့ ထင်သာအားပြုံးပြလျက်ရှိသည်။

" မင်း ဘယ်တော့ပြန်မှာလဲ"

" ကိုစောလူ ကျွန်တော်နဲ့ စကားပြောချင်လား"

စောလူ ပါးစပ်ကမဖြေပဲ ခေါင်းသာညိတ်ပြလိုက်သည်။

" ဒီည ကျွန်တော်အိပ်တဲ့အခန်းထဲ လာခဲ့ဘယ်သူမှတော့မသိစေနဲ့"

ထင်သာ ပြောပြီးပြီးချင်းပဲ လှည့်ထွက်ကာ အိမ်ထဲပြန်ဝင်သွားသည်။ စောလူရဲ့နှုတ်ခမ်းက အပြုံးတွေလဲ ပိုပြီးတော့အသက်ဝင်လာသည်။

••••••••••••••••••••••••••••••••••••••••

ညရောက်တော့ ဦးထင်အောင်ကနေ ပြန်ကောင်းစာပြုနေပြီ။ သူသရဲခြောက်ခံရတဲ့ပုံစံကို သူ့မိသားစုအား ပြန်ပြောပြနေ၏။
ပြောပြနေရင်းနဲ့ ကြက်သီးမွှေးညှင်းများထလာတာကို သူတစ်ယောက်တည်းပဲသိလိမ့်မယ်။ နွယ်နှင်းက

"​ ဦးပြောပြတာနဲ့တင် တော်တော်ကြောက်ဖို့ကောင်းနေပြီ သမီးသာဆို အဲ့နေရာမှာတစ်ခါတည်းမေ့လဲသွားမယ်ထင်တယ်"

" အဲ့ဒီအိမ်က ရာဇဝင်နဲ့လေသမီးရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တစ်မိသားစုလုံးအဲ့ဒီအိမ်ကြီးထဲမှာပဲ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတာ"

" သူတို့က အခုချိန်ထိ မကျွတ်သေးဘူးလားအန်တီ"

" မကျွတ်သေးဘူးသမီးရဲ့ အဲ့ဒီလိုမကျွတ်မလွတ်လို့လဲ အခုချိန်ထိ အဲ့ဒီအိမ်ကြီးမှာတစ်ယောက်မှ မနေရဲကြတာပေါ့"

" အန်တီ​တို့ ပြောတာတွေ နားထောင်ပြီးတော့ သမီးအိပ်တောင်မအိပ်ရဲတော့ဘူး"

" ဘာမအိပ်ရဲစရာရှိလဲ အဲ့ဒီအိမ်က ဒီနေရာနဲ့အဝေးကြီးပဲ ပြီးတော့ အန်တီတစ်ယောက်လုံး သမီးနဲ့အတူတူအိပ်ပေးမှာဒါနဲ့...သားရော သူ့ကိုမတွေ့မိပါလား"

" သူ ထမင်းစားပြီးကတည်းက သူ့အခန်းထဲဝင်သွားတာပဲ"

" ဒီသားတစ်ယောက်ကတော့လေ သမီးနဲ့အဖော်လုပ်ပြီး စကားပြောပေးမယ်မရှိဘူး"

" ရပါတယ်အန်တီ သမီးလဲခဏနေ အိပ်တော့မှာပဲ"

" အေး အေး သမီးလဲ ခရီးပန်းလာတာဆိုတော့ နားလိုက်ဦးပေါ့"

" ဟုတ်ကဲ့ အန်တီ"

သူမစိတ်ထဲမှာတော့ ထင်သာကိုနည်းနည်းလေးမှမကျေနပ်ပါ သူမဒီရွာကိုလိုက်ခဲ့မယ်ပြောလိုက်တည်းက သူ့မျက်နာကသိ သိသာသာကြီးကို ပျက်သွားတာ။

ဒီရွာကိုရောက်ပြန်တော့လဲ သူမကိုနည်းနည်းလေးမှဂရုမစိုက် သူမကသာ အရူးတစ်ယောက်လို လိုက်ကပ်နေရတာ။

ညနေကပဲ ကြည့်လေ သူမကိုထားခဲ့ပြီး လူတစ်ယောက်နောက် လိုက်သွားပြီး စ ကားသွားပြောနေတယ်။

အိမ်ထဲမှာရှိနေတုန်းကတော့ နှစ်ယောက်သား မသိသလိုနေ နေကြပြီးတော့။ ထင် သာရဲ့ပုံစံတွေက ကြာလေပြောင်းလဲလာလေပဲ။

••••••••••••••••••••••••••••••••••••••••••••

ထင်သာ အချိန်အတော်ကြာတဲ့ထိ မအိပ်ပဲနဲ့ ပြတင်းပေါက်နား ရပ်စောင့်နေမိသည်။
အိမ်က လူတွေလဲအားလုံးအိပ်ကုန်ကြပြီ။
ဖုန်းက နာရီကို ကြည့်လိုက်တော့လဲ ဆယ့်နှစ်နာရီတောင်ထိုးနေပြီ။

တကယ်ဆိုဒီအချိန်က သူ လာသင့်နေပြီ။
ထင်ထားသလို မဖြစ်တော့ စိတ်တိုလာပြီး ပြတင်းပေါက်ကို ပိတ်လိုက်ကာ ခြင် ထောင် ထဲဝင်ခဲ့လိုက်သည်။

အိပ်ယာပေါ်လှဲချလိုက်ပြီး သူ့စိတ်တွေငြိမ်အောင်ကြိုးစားလိုက်သည်။

ပြီးတော့ သူမလာနိုင်တာ အခက်အခဲတစ်ချို့ရှိတာကြောင့်ဖြစ်မည် ဟုတွေးလိုက်သည်။

ထိုအချိန်မှာပဲ ပြတင်းပေါက်အား ဆောင့်တွန်းလိုက်သံကိုကြားလိုက်ရပြီး လူတစ်ယောက် အခန်းထဲ ခုန်ဆင်းလိုက်သံကိုကြားလိုက်ရသည်။

မီးပျက်နေပြီး အခန်းတစ်ခုလုံးက မှောင်မဲနေတာကြောင့် အသံသာကြားရပြီး ဘယ် သူဘယ်ဝါဆိုတာမမြင်ရ။ သူဆိုတာတန်းသိလိုက်ပေမယ့်လဲ ထင်သာ ဖုန်းမီးကိုဖွင့်ကာထကြည့်လိုက်သည်။

" ဟိတ်..."

သူက လေသံတိုးတိုးလေးနဲ့ ခေါ်ကာ ခြင် ထောင်ထဲတောင်ဝင်လာနေပြီ။ ပြီးတော့ထင်သာရဲ့ခေါင်းအုံးပေါ် ခေါင်းချလိုက်ပြီး သင်းကအိပ်နေလိုက်သည်။

" ဟိတ်...ဘာလုပ်တာလဲ"

" အိပ်တာလေ လာလေ...မင်းလဲကိုယ့်လက်မောင်း ပေါ်လာအိပ်လို့ရတယ်"

" အိပ်စရာလား"

တစ်ယောက်အသံ တစ်ယောက်ကြားရရုံလောက်သာ ပြောနေတာဆိုတော့ အပြင်ကလူတွေ သူတို့နှစ်ယောက် အသံကိုမကြားရလောက်ပါဘူး။

စောလူ ထထိုင်လိုက်ပြီးထင်သာရဲ့မျက် နှာအား အနီးကပ်ကြည့်လိုက်သည်။

လက်ထဲမှာ ကိုင်ထားတဲ့ဖုန်းမီးက သူတို့နှစ်ယောက်ရဲ့မျက်နာမှာ ထင်ဟပ်နေ သည်။

" ဒါဆို ငါ့ကို ဘာလုပ်ဖို့ ခေါ်တာလဲ"

ထင်သာမှာ ပြန်ပြောစရာစကားမရှိ သူ ဘာကြောင့်ခေါ်လိုက်မိတာလဲ။

စောလူ သူနဲ့ စကားပြောချင်တယ်ထင်လို့လေ။ တကယ်ပဲ အဲ့ဒါတစ်ခုတည်းကြောင့်လား။

အဲ့ဒါက အကြောင်းပြချက်တစ်ခု သက် သက်ပဲ ထင်သာကိုယ်တိုင်ကလဲ စောလူနဲ့စကားပြောချင်နေတာ။ ဒါပေမယ့်လဲ အခုလို တွေ့လိုက်ရတော့ ပြောစရာစကားတွေကရှာမတွေ့တော့ဘူး။

" ဒီကိုလာဖို့အတွက် ငါဘယ်လောက်တောင်စွန့်စားရလဲသိလား အဲ့ဒီအတွက်မင်းငါ့ကို တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တယ်"

" အဲ့ဒီလိုလား အဲ့ဒါဆိုလဲ ပြန်တော့"

စောလူ အိပ်ယာပေါ်ပြန်လှဲချလိုက်ပြီးမျက်လုံးတွေကို မှိတ်ထားလိုက်သည်။

" ဘာလုပ်တာလဲ ကျွန်တော်က ဘယ်မှာအိပ်ရမှာလဲ"

" ဘာလဲ မင်းက ငါ့ကိုခေါ်ထားပြီးတော့အခု အိပ်တော့မလို့လား"

" တိုးတိုးပြော အမေတို့ ကြားသွားမယ်"

စောလူ သတိလွတ်ကာ အသံအနည်းငယ်ကျယ်သွားရသည်။

စောလူ သူ့ဦးခေါင်းကိုတစ်ဖက်သို့အနည်း ငယ်တိုးပေးလိုက်ပြီး နေရာလွတ်နေတဲ့ခေါင်းအုံးတစ်ခြမ်းကို လက်ဖြင့်အသာပုတ်ကာ

" လာ ဒီမှာလာအိပ်"

သူ့လက်မောင်းပေါ်မှာ အိပ်ရမှာထက် စာရင် ခေါင်းအုံးတစ်လုံးကို အတူတူအိပ်တာက ပိုပြီးသင့်လျော်မယ်ထင်တယ်။

ထင်သာ ခေါင်းအုံးတစ်ဖက်ပေါ်သို့ ခေါင်းချလိုက်ပြီး ပူးကပ်သွားတဲ့ ခန္ဓာကိုယ်ကိုခပ်ခွာခွာဖြစ်ရန် ကြိုးစားလိုက်ပေမယ့်စော လူက သူ့ဖက်လှည့်လာကာ ခါးကိုဖက် ထားလိုက်သည်။

" ဘာလုပ်တာလဲ..."

ဖက်ထားတဲ့လက်ကို အတင်းဖယ်ချပေမယ့်လဲ အားချင်းမမျှတော့ သူ့လက်တွေကထင်သာရဲ့ခန္ဓာကိုယ်ပေါ်ကမရွေ့သူ့ လက် တွေက အရမ်းသန်မာတာပဲလို့ စိတ်ထဲတွေးမိလိုက်သေးတယ်။

ဖယ်လို့မရတဲ့ အဆုံး ထင်သာ ဘက်ကပဲအားလျှော့လိုက်ရသည်။

ဘေးတစောင်း အနေအထားဖြစ်နေတာကြောင့် သူ့နှာခေါင်းက ထွက်လာတဲ့လေပူတွေက ထင်သာရဲ့ပါးပြင်ကို လာ၍ရိုက်ခက်နေသည်။

နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြ စိတ်တွေ လှုပ်ရှားနေတာကြောင့် ရာ သီဥတုကလဲ ပုံမှန်ထက် ပိုပူလာသလို ခံ စားရသည်။

ပြီးတော့ စောလူရဲ့မျက်နာက တဖြေးဖြေးနဲ့ပိုပြီး နီးကပ်လာပြီး သူ့ရဲ့နှာသီးဖျားနဲ့ထင်သာရဲ့ပါးပြင်အားပွတ်သပ်နေလေ ၏။

ထင်သာဘက်ကလဲ ဘာမှပြန်​မပြောပဲမျက်လုံးတွေကို မှိတ်ကာ သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားမိသည်။

နှားခေါင်းနဲ့ပွတ်သပ်ရာကနေ တဖြေဖြေးနမ်းရှိုက်တဲ့ အဆင့်ထိရောက်လာခဲ့သည်။
ထင်သာ သူ့ရဲ့အထိအတွေ့တွေမှာသာယာမိသွားတယ်ထင်တယ်။ သူ အဲ့လို လုပ်နေတာကို သဘောကျနေမိတယ်။

တဖြေးဖြေးနဲ့ သူ့နှုတ်ခမ်းတွေကလဲ ထင်သာရဲ့ နှုတ်ခမ်းတွေနဲ့ ထိကပ်လာသည်။
ထင်သာ သူ့ရဲ့မျက်လုံးတွေကို မှိတ်ထားဆဲပဲ။ ပြီးတော့...သူ့ဘက်ကလဲ စောလူရဲ့နှုတ်ခမ်းတွေကို အလိုက်သင့်ပြန်နမ်းနေမိတယ်။

တ​ဖြေးဖြေးနဲ့အနမ်းတွေက သွက်လာပြီးအသက်ရှုသံတွေလဲပြင်းလာသည်။ ထင် သာ သူ့ခန္ဓာကိုယ်အနှံ့ပွတ်သပ်နေတဲ့ စောလူရဲ့လက်တွေအား ရပ်တန့်စေကာ စောလူရဲ့ရင်ခွင်ထဲ သူခေါင်းလေးတိုးဝင်လိုက်သည်။

ပြီးတော့ တင်းတင်းကြပ်ကြပ်ဖက်ထားမိတယ်။

စောလူလဲ စိတ်တွေကိုထိန်းချုပ်လိုက်ပြီးထင်သာအား သူ့ရင်ခွင်ထဲ၌ နွေးထွေးစွာအိပ်စက်စေလိုက်သည်။

•••••••••••••••••••••••••••••••••••••••••

မနက်မိုးလင်းလို့ ထင်သာနိုးလာတော့ စောလူက အနားမှာမရှိတော့ဘူး။ သူဘယ်အချိန်ပြန်သွားလဲမသိ။

ဒီနေ့ရော သူနဲ့ဘယ်လိုနည်းနဲ့ တွေ့ရမလဲ။

ထင်သာ အိပ်ယာမှ ထလာခဲ့ပြီး အိမ်အောက် ထပ်သို့ဆင်းလာလိုက်သည်။

ထိုသို့ဆင်းလာတဲ့အချိန်မှာတောင် သူ့နဲ့ထပ်တွေ့ရဖို့ နည်းလမ်းကို ရှာဖွေနေမိတယ်။

ဒီအတိုင်း အိမ်က ထွက်သွားရင်လဲ နွယ်နှင်းကလိုက်ခဲ့ဦးမယ်။

နွယ်နှင်းဆိုလို့ ထင်သာ ညကဖြစ်ခဲ့တာတွေကို ပြန်တွေးမိသွားတယ်။ ညက သူတို့နှစ်ယောက် စိတ်ရိုင်းတွေဝင်ပြီး တစ်ယောက်နဲ့ တစ်ယောက်အနမ်းချင်းဖလှယ်မိခဲ့ကြတယ်။

ထင်သာ သူမအပေါ် ဖောက်ပြန်မိသွားပြီလား။ ဒါပေမယ့်လဲ...သူဒါကိုအပြစ်တစ်ခုလိုမခံစားမိဘူး။

ဘာပဲဖြစ်ဖြစ် သူအခြားတစ်ယောက်နဲ့နမ်းခဲ့မိတယ်။ ဒါပေမယ့်လဲ...သူဒါကို နောင် တရမနေဘူး။

ဒါ့အပြင် အဲ့ဒီအနမ်းတွေကို သူပြန်တောင့်တ နေမိတယ်။

" သား နိုးပြီလား"

" ဟုတ်ကဲ့"

" အဲ့ဒါဆိုလဲ မျက်နာသစ်ပြီး မနက်စာလာစား၊ပြီးရင် နွယ်နှင်းကို ရွာထဲလျှောက်ပြလိုက်ဦး"

" အမေကလဲ ရွာထဲမှာ ဘာမှမရှိတာကိုကျွန်တော်က ဘာကိုသွားပြရမှာလဲ ပြီးတော့...ဒီရွာနဲ့လဲသားက ရင်းနှီးတာ မ ဟုတ်ဘူးလေအမေရ"

" ပြောလိုက်ရင် အဲ့ဒီအတိုင်းပဲ ဟိုဟာဖြစ်ရတာနဲ့ ဒီဟာဖြစ်ရတာနဲ့ သားအဖနှစ်ယောက်တ​စ်ကြောတည်းပဲ ကိုယ့်ချစ်သူတစ်ယောက်လုံးကို ရွာကိုခေါ်လာပြီး သားမှ ဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မှာလဲ"

" အမေဂရုစိုက်လိုက်ပေါ့ တစ်ချိန်ကျရင်အမေ့ချွေးမ ဖြစ်မှာပဲ"

" ဒီကောင်လေးကတော့ သွား...မျက်နာသွားသစ်ပြီးရင် နွယ်နှင်းကိုရွာထဲလျှောက် ပို့လိုက် သားအဒေါ်တွေ အိမ်ကိုလဲ ဝင်လည်လိုက်ဦး"

ထင်သာ ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်ကာ အိမ်အပြင်သို့ထွက်ခဲ့လိုက်သည်။

နွယ်နှင်းတစ်ယောက်ကတော့ လှေကားထိပ်မှမြင်လိုက်ရတဲ့ ထင်သာရဲ့ပုံစံကိုကြည့်ပြီး စိတ်ထဲမှာဘဝင်မကျရှိနေလေ၏။

သူပြောင်းလဲသွားတယ်။ ပြောင်းလဲတာမှသိသိသာသာကြီးကို ပြောင်းလဲသွားတာ။
                     
..............................................

သူမက ထင်သာရဲ့လက်မောင်းအားကိုင်ကာ ရွာလမ်းအတိုင်းလျှောက်လာခဲ့သည်
။ ထင်သာ သူမရဲ့လက်တွေကို မဖြုတ်ရဲ။တော်ကြာ...သူမကပြဿနာရှာနေဦးမယ်။
ဆွေမျိုးတွေအိမ် တစ်အိမ်ဝင် တစ်အိမ်ထွက်ကာ သူမကိုလိုက်ပြီး မိတ်ဆက်ပေးနေရတာအမော ဒါကို သူမကအပျော်ကြီးပျော်နေလေရဲ့။

သူကိုင်တိုင်ကရော ဘာလို့မပျော်ရွှင်နိုင်ရတာလဲ။ တကယ်ဆို နွယ်နှင်းကသူ့ရဲ့ချစ် သူပဲလေ။ သူမကို တကယ်ချစ်လို့ သူအ ချစ်ကိုရဖို့ ကြိုးစားခဲ့ရတာ မဟုတ်လား။
လူတစ်ယောက်ရဲ့ နှလုံးသားက အချိန်မရွေးပြောင်းလဲနိုင်တာလား။

ဒါမှမဟုတ် ထင်သာ သူမကိုငြီးငွေ့သွားတာလား။ ဒီလိုမဟုတ်ပဲ အစကတည်းကသူမကို တကယ်မချစ်ခဲ့တာလား။

သူမက တစ်နေရာအရောက်တွင်ခြေလှမ်းတွေကိုရပ်လိုက်ပြီး

" ဟယ် နှင်းဆီပန်းလေးက လှလိုက်တာကို...နှင်းကိုသွားခူးပေးပါလား"

" နှင်းကလဲ သူများခြံထဲမှာလေ ဘယ်လိုသွားခူးလို့ရမှာလဲ"

" သူများခြံထဲလဲ ဘာဖြစ်လဲတောင်းခူးကြည့်ပေါ့"

" မတောင်းချင်ပါဘူးကွာ"

" ကိုကလဲ နှင်းအတွက် ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား"

" မင်းကလဲ မင်းခိုင်းတာလုပ်ပေးရအောင်၊ငါကမင်းရဲ့အခိုင်းအစေမှမဟုတ်တာ မင်းလိုချင်ရင် မင်းဖာသာ မင်းသွားတောင်းလေကွာ"

ထင်သာ သူမရဲ့လက်ကို ဆွဲဖြုတ်ကာ ရှေ့သို့ တစ်ယောက်တည်း လျှောက်လာလိုက်သည်။

အနောက်ကိုလဲ လှည့်မကြည့် ဘာပဲဖြစ် ဖြစ် သူမ သူ့အနောက်ကတော့လိုက်လာမှာပဲလေ။

အချိန်အတော်ကြာတဲ့အထိ သူအနောက်သို့လှည့်မကြည့်ပဲလျှောက်လာခဲ့မိတယ်။
အသိစိတ်ဝင်လာလို့ အနောက်ကိုလှည့်ကြည့်လိုက်တော့ သူမကိုမတွေ့ရတော့။

သူမအနောက်က မလိုက်လာဘူးလား။ ဒါမှမဟုတ် ပန်းဝင်ခူးနေတာလား ပန်းခူးနေတာဆိုရင်ရော ဒီလောက်ကြာပါ့မလား။

အခုကအရိပ်အယောင်တောင် မတွေ့ရ။

ထင်သာ အနောက်သို့ ပြန်လှည့်လာလိုက်သည်။ ပြန်လာတဲ့လမ်းတစ်လျှောက်လုံးသူမကို တွေ့လိုတွေ့ငြား လိုက်ကြည့်ပေ
မယ့် သူမရဲ့အရိပ်အယောင်တောင် မတွေ့ရ။

သူ ခပ်မြန်မြန်သာ လျှောက်လာလိုက်သည် တစ်နေရာအရောက်တွင်တစုံတယောက်က သူ့လက်အား လှမ်းဆွဲလိုက်တာကို ခံလိုက်ရသည်။

" ကိုစောလူ"

" ဒေါင်းဝေ"

ထင်သာ ပြုံးလိုက်ပြီး

" ဘာကို ဒေါင်းဝေလဲ"

" ကိုယ်က အဲ့ဒီလိုပဲ ခေါ်ချင်တာလေ"

" မရဘူး ကျွန်တော့်နာမည်က ထင်သာဒေါင်းဝေမဟုတ်ဘူး"

" မင်းက အရာအားလုံးကို မေ့လိုက်ပြီပေါ့အင်းပါ ငါကမင်းပျော်နေတာ မြင်ရင် အ လို လိုကျေနပ်နေမိတဲ့ကောင်ပါ မင်းအ ဆင် ပြေသလိုလုပ်ပါ ငါ့နှလုံးသားကိုနင်း​ခြေပြီး မင်းပျော်ရာသွားမယ်ဆိုလဲ သွားပါ ငါမတားပါဘူး"

" ဟား....."

ထင်သာရယ်လိုက်မိသည်။

စောလူ ထိုအပြုံးတွေကို ငေးကြည့်နေမိတယ်။ အခုလို သူ့အပြုံးတွေကို မြင်ရဖို့သူ အရွှန်းဖောက်ပြီးပြောလိုက်ခြင်းပါ။ ဒါကို ထင်သာလဲသိတယ်။

" ကဲ ကျွန်တော့်လက်ကိုလွှတ်တစ်ယောက် ယောက် မြင်သွားရင်မကောင်းဘူး ပြီးတော့ ကျွန်တော် အိမ်ကို အမြန်ပြန်ရမယ်"

" ချစ်တယ်လို့ ပြောမှ လွှတ်မယ်"

" စမနေနဲ့တော့"

ထင်သာ သူ့ရဲ့လက်တွေကိုဆွဲဖယ်လိုက်ပြီး နေရာမှ ထွက်ခွာရန် ပြင်လိုက်တော့
စောလူက သူ့လက်ကို တစ်ဖန်ပြန်ဆွဲလိုက်ပြီး

" ဒေါင်းဝေ ကိုယ်မင်းနဲ့ ထပ်တွေ့ချင်သေးတယ် ဒီညရောကိုယ်ထပ်လာခဲ့ရဦးမလား"

" မလာနဲ့တော့ အန္တရာယ်များတယ်"

" မင်းအတွက်ဆို ဘာအန္တရာယ်ပဲ ဖြစ်ဖြစ်ကိုယ်ရင်ဆိုင်နိုင်ပါတယ်"

ဒီတစ်ခါတော့ သူ့ပုံစံက စနောက်နေတာနဲ့မတူ

" ဖုန်းနံပါတ်ပေးထားလေ ကျွန်တော်ဖုန်းဆက်လိုက်မယ်"

" ကိုယ့်မှာ ဖုန်းမရှိဘူး"

" ရူးနေလား ဒီခေတ်ကြီးမှာ ဖုန်းမကိုင်တဲ့သူရှိလို့လား"

" ရှိတယ်လေ အခုမင်းရှေ့မှာရပ်နေတာပဲ"

" ပြီးရော ဒါဆိုလဲ... နောက်မှတွေ့တာပေါ့လောလောဆယ်တော့ အိမ်မလာခဲ့နဲ့ဦး"

ပြောပြီး ထင်သာတစ်ယောက် နေရာမှထွက်လာလိုက်၏။

သူဦးမြင့်မောင်အိမ်သို့ မြန်မြန်ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ လူတစ်စုကအိမ်ရှေ့မှာ စုရုန်းပြီးရှိနေကြသည်။

ထင်သာရဲ့မိဘနှစ်ပါးနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့နွယ်နှင်း ပြီးတော့...သူမရဲ့လက်ထဲမှာလဲခရီးဆောင်အိတ်ကို ကိုင်ထားတယ်။

" ကိုယ်တော်ချော ဒီကိုခဏလာပါဦး"

" ဘာဖြစ်နေကြတာလဲ အမေ"

" ဘာဖြစ်ရမှာလဲ ဒီမှာ သမီးက ပြန်ဖို့လုပ်နေတယ် သမီးနှင်းကို နင်ဘာတွေလုပ်လိုက်ပြန်ပြီလဲ"

" ကျွန်တော်ဘာမှမလုပ်ပါဘူးနေပါဦးနှင်းရဲ့ နှင်းက အခု ပန်းမခူးပေးလို့ စိတ်ဆိုးသွားတာလား"

" အန်တီ သမီးပြန်တော့မယ်"

" နေပါဦး...နှင်းရဲ့နှင်းကအခုဘာဖြစ်သွားလဲ"

" ဘာဖြစ်သွားတာလဲဟုတ်လား နှင်းကဖြစ်တာမဟုတ်ဘူး ကိုကဖြစ်နေတာ ကိုဘယ်လောက်တောင်ပြောင်းလဲသွားဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော သိရဲ့လား ကိုယ့်ကို မချစ်တော့တဲ့ ယောကျ်ားတစ်ယောက်ကို ခခယယလုပ်နေမယ့် အမျိုးအစားထဲမှာနှင်းမပါဘူး ကို နှင်းကို မချစ်တော့ဘူးဆိုရင်လဲ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော် နှင်းဘက်က လမ်းခွဲပေးဖို့အဆင်သင့်ပဲ"

သူမပြောပြီး ကားဆီသို့ထွက်သွားသည် ကားခေါင်းထဲမှာတော့ သူမကို လိုက်ပို့ဖို့အတွက် ဦးမြင့်မောင်က ရောက်နှင့်နေပြီဖြစ်သည်။

ဦးထင်အောင်ကတော့ အိမ်ထဲပြန်ဝင်သွား၏။

ထင်သာကတော့ ခြံထဲမှ ထွက်သွားတဲ့ကားကို ခါးထောက်ကာ ရပ်ကြည့်နေမိ သည်။

" သား မင်းပါ သမီးနောက်ကို လိုက်သွားဟိုရောက်ရင် သမီး စိတ်ဆိုးပြေတဲ့အထိချော့"

" အခုလောလောဆယ်တော့ မလိုက်သွားနိုင်ဘူးအမေ စိတ်ဆိုးစရာ မဟုတ်တာကိုစိတ်ဆိုးသွားတာ"

ထင်သာ ပြောပြီး အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။ အခန်းထဲဝင်လိုက်ပြီး အိပ်ယာထက်လှဲလျောင်းကာ သူမအကြောင်းစဥ်းစားနေမိသည်။

သိပါတယ်။ သူပြောင်းလဲသွားတာ သူသိတာပေါ့။ ဟိုလူနဲ့တွေ့ပြီးမှ သူ့စိတ်တွေပြောင်းလဲသွားတာ။ သူ့လုပ်ရပ်တွေကသူမ အပေါ်ရက်စက်ရာကျမှန်းသိပေမယ့် သူကိုင်တိုင်တောင်မှ သူ့စိတ်တွေကို မခန့်မှန်းနိုင်တာ ဘယ်လိုထိန်းချုပ်လို့ရမှာလဲ။

ညနေစောင်းတော့ ဦးမြင့်မောင် အိမ်သို့ပြန်ရောက်လာပြီး နွယ်နှင်းကို အဝေးပြေးကားပေါ်သေချာတင်ပေးလိုက်ကြောင်းမရီးဖြစ်သူ ဒေါ်စံပယ်အားပြောပြနေ သည်။

•••••••••••••••••••••••••••••••••••••••••••••

နေလုံးကြီးက ရွာအနောက်ဘက်ကတောထဲသို့ဝင်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။

ထင်သာ အိမ်ကဘယ်သူ့ကိုမှအသိမပေးပဲရွာထဲသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ လမ်းလျှောက်နေရင်းသူ့ကိုတွေ့လိုတွေ့ငြား နေရာအနှံလျှောက်ကြည့်မိတယ်။ ဒါပေမယ့်မတွေ့ ။

အိမ်တိုင်းက မိသားစုကိုယ်စီနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေကြပြီး တစ်ချို့အိမ်ရှေ့မှာတော့ ကလေးတွေက အခုချိန်ထိကစားနေကြတုန်းပဲ။

ထင်သာ အိမ်တိုင်းကို လိုက်ကြည့်နေမိတယ်။ ဟိုလူအိမ်က ဘယ်မှာရှိတယ်ဆိုတာလဲ သူမသိဘူး။ သူ့ကိုမတွေ့တဲ့အဆုံးလမ်းမှာလာနေတဲ့ကလေးတစ်ယောက်ကိုခေါ်မေးလိုက်တယ်။

" ညီလေး ဟိုလေ...ကိုစောလူနေတဲ့အိမ်ကဘယ်နားမှာလဲ တစ်ချက်ပြောပြလို့ရမလား"

" ဒီလမ်းတည့်တည့်သာသွား ပြီးရင်ဘယ်ချိုးလိုက် ပြီးရင်အဲ့ဒီအတိုင်းပဲ တည့်တည့်ပြန်သွား သရဲခြောက်တဲ့အိမ်ကြီးကိုတွေ့လိမ့်မယ် အဲ့ဒီအိမ်ကြီးကနေ ဆက်သွားပြီး၊ ငါးအိမ်မြောက်က သူ့အိမ်ပဲ"

" ဒါပေမယ့် အစ်ကိုက သရဲခြောက်တဲ့အိမ်ကိုမှမသိတာ"

" သွားရင်သိလိမ့်မယ်ဗျာ အဲ့ဒီအိမ်ကလူတစ်ယောက်မှမနေဘူး"

ပြောပြီး ကောင်လေးက နေရာမှထွက်သွားသည်။ ထင်သာလဲ ထိုကောင်လေးပြောတဲ့လမ်းအတိုင်းလျှောက်လာခဲ့သည်။

လျှောက်လာနေရင်း သူ့ကိုယ်သူပြန်မေးနေမိတယ်။ သူဘာကြောင့် စောလူကိုတွေ့ချင်နေရတာလဲ။

သူနဲ့ကိုယ် သိတာက ဘယ်လောက်မှတောင် မကြာသေးဘူး။ ပြီးတော့...သူ့ကိုဒီလောက်ထိခင်တွယ်နေရအောင် သူနဲ့ကိုယ့်ကြားမှာ ဘာအမှတ်တရတွေမှ ရှိခဲ့ကြတာမဟုတ်ဘူး။

ဒါပေမယ့် ဒီရက်ပိုင်းတွေမှာ သူ့အိပ်မက်ထဲက လူရဲ့မျက်နာကို သူသဲသဲကွဲကွဲကိုမြင်လာရတယ်။

အဲ့ဒီလူက 100% စောလူပါပဲ။ အရင်ဘဝက သူတို့နှစ်ယောက်ပတ်သတ်ခဲ့ဖူးတယ်။ဆိုတာကို သူယုံကြည်စပြုလာတယ်။

ထင်သာ ခြေလှမ်းတွေကို ရပ်လိုက်သည်။

" ဟိုကလေးပြောတဲ့ သရဲဲခြောက်တဲ့ အိမ်ဆိုတာ ဒီအိမ်ကြီးပဲဖြစ်လိမ့်မယ်"

အိမ်ကြီးက ရှေ့ဟောင်းအိမ်ပုံစံကြီး ဒီ အိမ်ကြီးမှာ လူမနေတာ တော်တော်နှမျှောစရာကောင်းတာပဲ။

ထင်သာ လက်ထဲမှာ ကိုင်လာတဲ့ဖုန်းနဲ့ ထိုအိမ်ကြီးကို ဓာတ်ပုံရိုက်လိုက်၏။

ပြီးတော့ ဖုန်းအား ပြန်ကြည့်လိုက်တယ်။

" ဟင်..."

ပုံထဲမှာ တွေ့လိုက်ရတဲ့အရာကြောင့် သူထိတ်လန့်သွားရသည်။ ပုံထဲကအိမ်ရဲ့ပြတင်းပေါက်တစ်ခုမှာ လူတစ်ယောက်ရပ်နေတယ်။ ထင်သာ ထိုနေရာကိုပြန်ကြည့်လိုက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရ။

" ဒေါင်းဝေ"

ခပ်လှမ်းလှမ်းမှ သူ့အားခေါ်နေတဲ့အသံကြောင့် သူ့အကြည့်တွေကိုအိမ်ကြီးထံမှဖယ်ခွာလိုက်ပြီး အသံကြားရာဆီသို့လှည့်ကြည့်လိုက်သည်။

စောလူတစ်ယောက် ခပ်လှမ်းလှမ်းမှာ ခါးထောက်ရပ်ကာ သူ့အားပြုံးပြနေ၏။

ထင်သာ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ စောလူရှိရာ လျှောက်လာလိုက်သည်။ အနားသို့ရောက်ရင်ပဲ

" ကိုယ့် ဆီ လာတာလား"

" မဟုတ်ဘူး ကျွန်တော်ဒီအတိုင်းပဲ လမ်း လျှောက်လာတာ"

" ဒါဆိုလဲ ကိုယ့်အိမ်ကိုလမ်းကြုံဝင်လည်ပါဦး"

ထင်သာခေါင်းညိတ်လိုက်ပြီး စောလူအနောက်က လိုက်ခဲ့လိုက်သည်။

လမ်းလျှောက်နေရင်း စောလူရဲ့နောက် ကျောကို သူငေးကြည့်နေမိတယ်။

တောသားဖြစ်ပေမယ့် သူ့ကိုဂျင်းဘောင်း ဘီပွပွတွေနဲ့သာ အမြဲတွေ့ရတယ်။ ရှေ့သို့ နည်းနည်းလျှောက်ပြီးတော့ ခြံတစ်ခြံထဲဝင်လိုက်ရင်း

" ကိုယ်က ဆင်းရဲတယ်နော် မင်းအမြင်ပဲ"

ခြံထဲဝင်လာကြပြီး အိမ်အောက်ဘက်ကဝါးဖြင့်ယပ်လုပ်ထားတဲ့ ကွပ်ပျစ်ပေါ်တွင်နှစ်ယောက်သား ထိုင်လိုက်ကြသည်။

" ကိုစောလူရဲ့ မိဘတွေရော မရှိကြဘူးလား"

" အဖေက အပြင်ကို ထွက်သွားတယ်"

" အမေ ကရော"

စောလူ ခဏငြိမ်သက်သွားပြီး

" ကိုယ့်အမေက ကိုယ်တစ်နှစ်သားလောက် ကတည်းက ဆုံးသွားတာ"

ထင်သာ မေးပြီးမှ အားနာသွားရသည်။

" sorryနော် ကျွန်တော် မသိလို့ မေးလိုက်မိတာ"

စောလူက ပြုံးလိုက်ပြီး

" မသိရင်မေးရမှာပေါ့ ဆောရီးစရာမလိုပါဘူး ဒါနဲ့...စားခဲ့ပြီးပြီလား ဒီမှာကိုယ်နဲ့အ တူတူစားသွားမလား"

" ဘာ ဟင်းချက်လို့လဲ"

" ငါးပိရည်"

ထင်သာ ရယ်လိုက်ပြီး

" ကျွန်တော် ငါးပိမစားဘူး"

" ရတယ်လေ ဒါဆိုလဲ ကိုယ်ကြက်တစ်ကောင်လောက်ပစ်လိုက်မယ်"

ပြောပြောဆိုဆိုနဲ့ စောလူက ဘေးနားမှာရှိတဲ့ လွယ်အိတ် အစုတ်ထဲမှ လေးဂွအား ထုတ်ယူလိုက်သည်။

" နေပါစေ ကျွန်တော်စားခဲ့ပြီးပြီ"

" တကယ် စားခဲ့ပြီးပြီမို့လို့လား"

" တကယ်ပြောတာ စားခဲ့ပြီးပြီ မသတ်နဲ့တော့"

" ပြီးရော"

လက်ထဲမှ လေးဂွကို ဘေးသို့ချလိုက်သည်။

" ဒါဆို ကိုယ့်ကိုရော ထပ်စားဦးမလားအချိုပွဲအနေနဲ့လေ"

သူ့အပြောကြောင့် ထင်သာ ရယ်လိုက်မိသည်။

ပြီးနောက် နှစ်ယောက်သား ပြောစရာစကားမရှိပဲ တိတ်ဆိတ်သွားကြသည်။

စောလူကတော့ တစ်ဖက်လှည့်ထားတဲ့ထင်သာရဲ့မျက်နာအား တစိမ့်စိမ့်နဲ့မျက် တောင်မခတ်ပဲ ကြည့်နေမိတယ်။

တဖြည်းဖြည်းနဲ့ ညကလဲ မှောင်လာခဲ့ပြီ။ထင်သာရဲ့လက်ကို ဆွဲထားပြီး ဒီမှာပဲအ ပြီး အပိုင် ခေါ်ထားလိုက်ချင်တယ်။
.............................................

" ဒေါင်းဝေ...ဒီညဒီမှာအိပ်သွားပါလား"

" ကျွန်တော် အိပ်လို့ရမယ် မထင်ဘူး"

စောလူက ခေါင်းတညိတ်ညိတ်နဲ့

" အင်း...ကိုယ်ပြန်လိုက်ပို့ပေးမယ်နော် မိုးလဲ ချုပ်နေပြီဆိုတော့"

" ရပါတယ် ကျွန်တော်ပြန်တက်ပါတယ်"

" တစ်ယောက်တည်း စိတ်မချဘူးလာ ထ"

သူတို့နှစ်ယောက် ခြံအပြင်သို့ထွက်လာခဲ့ကြပြီး မီးရောင်မှိန်ဖျဖျအောက်မှာလျှောက် လာခဲ့ကြသည်။

နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်ပဲလျှောက်လာခဲ့ကြ၏။ ပြောစရာစကားတွေက အခုထိရှာမတွေ့သေး။

စောလူရဲ့ရင်ထဲမှာတော့ ပြောစရာစကားတွေက တပုံတပင်ကြီးနဲ့ပါ။ အခုလိုတိတ် ဆိတ်နေတာကလဲ ထိုစကားတွေကိုပြောဖို့အချိန်ယူနေခြင်းသာ။

သို့ပေမယ့် ထိုစကားတွေ အကုန်လုံးက ပိုင်ရှင်ရှိပြီးသား ကောင်လေးကို မပြောသင့်တဲ့ စကားတွေဖြစ်နေတယ်။ သူဂရုမစိုက်ဘူး။ ပိုင်ရှင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အဲ့ဒီအရာကိုလိုချင်ရင်တော့ ကိုယ့်လက်ထဲ ရောက်အောင်ကြိုးစားရမှာပဲလေ။

တကယ်လို့ အဲ့ဒီအရာက ကိုယ့်လက်ထဲရောက်လာခဲ့ရင်တော့ ဘယ်သူမှပြန်ပြီးလုယူမရအောင် သေချာသိမ်းထားမှာ။

ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့လက် ကို အပြင်ထုတ်ကာ ထင်သာရဲ့လက်အား၊ အသာအယာလေးကိုင်လိုက်မိတယ်။ ထင်သာဘက်ကလဲ ဘာမှမပြောပဲငြိမ်နေသည်။ ဒီတော့ သူ့စိတ်တွေ ပိုအတင့်ရဲလာရသည်။

မဖြစ်သင့်ဘူးဆိုတဲ့အတွေး ဆိုတာမျိုးလဲရှိမနေဘူး။ တစ်ဆင့်တက်၍ လက်တွေကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

" ဒေါင်းဝေ..."

" ဟင်..."

" အစ်ကို မင်းကိုချစ်တယ်"

ထင်သာ ခြေလှမ်းတွေကိုရပ်လိုက်ပြီး မှိန်ဖျဖျမီးရောင်အောက်မှစောလူရဲ့မျက်ဝန်းတွေကိုကြည့်လိုက်သည်။

" ကိုစောလူက ဒေါင်းဝေကို ချစ်တာလားထင်သာကို ချစ်တာလား"

စောလူ ထင်သာရဲ့လက်နှစ်ဖက်လုံးကိုကိုင်လိုက်ပြီး

" ကိုယ်က နာမည်တွေကိုချစ်တာမှမဟုတ်တာ ပြီးတော့ အဲ့ဒါကနာမ်စားသက်သက်ပဲ အစ်ကို မင်းကိုချစ်တယ် ကိုယ့်ရဲ့ရင်ထဲကကို နှစ်နှစ်ကာကာချစ်တာ"

ထင်သာ ပါးစပ်ဟရန်ပြင်လိုက်စဥ်မှာပဲ သူ့လက်မနဲ့ ထင်သာရဲ့နှုတ်ခမ်းအား အ သာအယာ ဖိထားလိုက်ပြီး

" အခုချက်ချင်း အဖြေပေးဖို့မလိုပါဘူး"

ထင်သာ စောလူရဲ့လက်တွေကိုဖယ်ခွာလိုက်ပြီး

" ဘယ်သူက အခုချက်ချင်းအဖြေပေးမယ်ပြောလို့လဲ ခင်ဗျားကျွန်တော့်ကိုတ ကယ်ချစ်မချစ်ဆိုတာလဲ ကျွန်တော်မသိဘူး"

" ကိုယ်မင်းကို တကယ်ချစ်တာပေါ့"

" ဒါဆို ကျွန်တော့်အတွက် ဘာမဆိုလုပ်ပေးနိုင်လား"

" ကိုယ်လုပ်ပေးနိုင်အောင် ကြိုးစားမှာပါ"

" ကောင်းပြီလေအခုတော့ကျွန်တော့်လက်ကိုလွှတ်ဦး"

စောလူ ထင်သာရဲ့လက်နှစ်ဖက်ကို ဖြေး ဖြေးချင်းလွှတ်လိုက်သည်။

" ဒီအထိပဲလိုက်ပို့တော့ ကျွန်တော့်ဖာသာပဲပြန်လိုက်တော့မယ်"

" မင်းကိုယ့်ကို မုန်းသွားတာတော့ မဟုတ်ပါဘူးနော်"

" ကျွန်တော် ကိုစောလူကိုမမုန်းပါဘူး ဒါပဲကျွန်တော်ပြန်တော့မယ်"

ထင်သာ စောလူအားနှုတ်ဆက်ကာကျော ခိုင်းလိုက်စဥ်မှာပဲ သူ့အားကြည့်နေတဲ့မျက် လုံးတစ်စုံကြောင့်၊လှမ်းလက်စ ခြေ လှမ်းတွေက တုန့်ခနဲပြန်ရပ်သွားရသည်။

" အဖေ"

ဦးထင် အောင်ဘာမှမပြောပဲ လာရာလမ်းအတိုင်းပြန်လည့်သွားသည်။

" ဒေါင်းဝေ အဆင်ပြေရဲ့လား ကိုယ်လိုက်ခဲ့ရမလား"

" မလိုက်ခဲ့နဲ့ လိုက်ခဲ့ရင် အခြေအနေကပိုဆိုးသွားမှာပေါ့၊"

ပြောနေတဲ့ကြားထဲ စောလူက ထင်သာအ နောက်ကနေ လိုက်ခဲ့ဖို့ပြင်နေတယ်။

" မလိုက်ခဲ့နဲ့လို့ပြောနေတယ်လေဗျာ ပြန်တော့"

ဒီတော့မှ စောလူလဲဆက်မလိုက်ခဲ့တော့ပဲနေရာမှာတင် ရပ်လျက် ထွက်သွားတဲ့ထင်သာရဲ့နောက်ကျောကို ကြည့်နေမိသည်။

ထင်သာတစ်ယောက် ဦးထင်အောင်နောက် မှဖြေးဖြေးချင်းပဲ လိုက်လာခဲ့သည်။ စိတ်ထဲမှာလဲ ကြောက်ရွံ့မှုကအ နည်းငယ်ရှိနေသည်။

ဘယ်လိုလုပ်မလဲ အဖေဖြစ်သူက သူတို့နှစ်ယောက် လက်ကိုင်ထားတာကို ကြည့်ပြီးတစ်မျိုးမြင်သွားပြီ။

မဟုတ်ပါဘူး သူထင်သွားတာကလဲ အမှန်တရားပဲလေ။ အိမ်ပြန်ရောက်တော့ဦးထင်အောင်က အိမ်ရှေ့ခုံတန်းလျားမှာ ထိုင်နေတာကို ထင်သာတွေ့လိုက်ရသည်။

ပြီးတော့ ဦးထင်အောင် သူ့လက်သီးတွေကိုဆုပ်ထားသည်။ အိမ်ရှေ့တံစက်မြိတ်မှာချိတ်ထားတဲ့ အားသွင်းမီးသီးကြောင့်ဦးထင်အောင်ရဲ့ ဒေါသထွက်နေတဲ့မျက်နာကိုလဲ သဲသဲကွဲကွဲမြင်နေရသည်။

ထင်သာ တဖြေးဖြေးနဲ့ အိမ်အပေါက်ဝနားသို့ရောက်လာခဲ့၏။

ထင်သာ အဖေဖြစ်သူကိုရှင်းပြဖို့ကြိုးစားချင်ပေမယ့်သူပြောဖို့မရဲဘူးဖြစ်နေတယ်။
ဦးထင်အောင် မြင်လိုက်ရတာက အမှန်တ ရားတွေပဲလေ။

ဒါကို သူဘယ်လိုအကြောင်းပြချက်ပေးရမှာလဲ

" ဒီမှာ ခဏလာထိုင်ဦး"

ဦးထင်အောင်ရဲ့ အသံက တည်ငြိမ်နေ သည်။ အစောကဒေါသအရိပ်အယောင်တွေလဲမတွေ့ရတော့ဘူး။ ထင်သာ အဖေဖြစ်သူ အနားတွင်ဝင်ထိုင်လိုက်သည်။

" အဖေ"

" ဘယ်အချိန်ကတည်းကလဲ"

" ဗျာ"

" မင်းတို့ ဘယ်အချိန်ကတည်းက ဖြစ်နေကြတာလဲ"

သေချာနားထောင်ကြည့်လိုက်မှ အဖေ့ရဲ့အသံတွေက တည်ငြိမ်အောင် မနည်းကြိုးစားနေပုံရတယ်။

" အဖေ ကျွန်တော်တို့က ဘာမှမဖြစ်ကြသေးပါဘူး"

" ဒါဆို မင်းတို့အခြေအနေက ဘယ်လိုမျိုးလဲ"

ထင်သာ ထိုမေးခွန်းအတွက် ပေးစရာအ ဖြေမရှိ ထိုမေးခွန်းကိုပဲ သူ့ကိုယ်သူပြန်မေးမိတယ်။

သူတို့နှစ်ယောက်က အခုဘယ်လိုအခြေ အနေမျိုးမှာရှိနေတာလဲ။

စောလူကို ချစ်တယ်ဆိုတာ မသေချာပေမယ့် သူ့နှလုံးသားရဲ့တစ်နေရာရာမှာ စောလူရှိနေတယ်ဆိုတာတော့သေချာတယ်။

" အဖေလဲ ပညာတက်တစ်ယောက်ပါ မင်းရဲ့နှလုံးသားရေးရာကိစ္စနဲ့ ပတ်သတ်ပြီးပိတ်ပင်တားဆီးတာမျိုးလုပ်မယ့်သူ မဟုတ်ဘူး ဒါပေမယ့် အဖေ တစ်ခုပြောချင်တယ် ကိုယ်ဘာလဲဆိုတာ အရင်သိအောင်လုပ် ပြီးမှသေချာဆုံးဖြတ် အဖေမင်းကို ပြောချင်တာက မင်းရဲ့နှလုံးသားကို မင်းမညာနဲ့ မဟုတ်ရင် မင်းတစ်သက်လုံးပျော်ရွင်ရမှာမဟုတ်ဘူး မင်းဘေးနားကလူအပါအဝင်ပဲ"

" .................."

" ပြီးတော့ သမီးနွယ်နှင်းဘက်ကိုလဲ တွေးပေးစေချင်တယ်ကွာမင်းသူ့ကိုမချစ်တော့ဘူးဆိုရင်လဲ သူနားလည်အောင်ပြောပြပြီး ပြတ်ပြတ်သားသားလုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ် ဒီအတိုင်းဆက်သွားနေရင် ဘယ်သူ့အတွက်မှ မကောင်းဘူး မင်းတစ်ခုခုကိုတော့ သေချာအောင်လုပ်မှရမယ် ထင်သာ"

ပြောပြီး ဦးထင်အောင်အိမ်ထဲသို့ ဝင်သွားသည်။

အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကိုထိုသို့ မဖြစ်အောင်တားဆီးသင့်တယ်ဆိုပေမယ့် ထိုအရာက ပြုပြင်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာ သူသိတယ်။

သားဖြစ်သူကို သူ့လိုအမှားမျိုးထပ်မလုပ်စေချင်ဘူး ကိုယ့်ရဲ့နှလုံးသားကို သိက္ခာနဲ့ဖုံးအုပ်ထားလို့ရပေမယ့် အဲ့ဒီသိက္ခာတွေအောက်မှာ ဘယ်လောက်တောင်မွန်းကြပ်ပြီးနေရတယ်ဆိုတာ သူ့လက်တွေ့ပဲ။

ပြန်ပြင်လို့မရတော့တဲ့ အမှားမျိုး သားဖြစ်သူကိုလဲ မလုပ်စေချင်ဘူး။

ဦးထင်အောင် ဒေါ်စံပယ်၏ညာဘက်တွင်လှဲလျောင်းလိုက်သည်။

ပြီးတော့ အနားမှဇနီးဖြစ်သူကို စောင့်ငဲ့ကြည့်မိတယ်။ သူ့အခြေအနေကိုသူမလဲရိပ်မိမယ်ထင်ပါတယ်။ မိသားစု မပြိုကွဲဖို့ အ တွက် သူမနှုတ်က ဖွင့်မပြောတာပဲ ရှိမှာ။
ကလေးဘဝတည်းက ဒီရွာမှာပဲ အတူတူကြီးပြင်းခဲ့ကြတာ လူမော်နဲ့ သူ့ရဲ့ကြားကသံယောဇဥ်ကို သူမသိတယ်။

ထင်အောင်နဲ့ လူမော် သူတို့နှစ်ယောက်ကအမြဲတမ်း တပူးပူးတတွဲတွဲရှိနေကြတာ၊ပြီးတော့...သူတို့နှစ်ယောက်ကြားမှာရှိတဲ့အချစ်က သူငယ်ချင်းထက် မကခဲ့ဘူး။
ပါးစပ်က ထုတ်မပြောခဲ့ပေမယ့် ရင်ထဲမှာတော့ တစ်ယောက်အချစ်ကို တစ်ယောက်ခံစားမိကြတယ်။

သူတို့နှစ်ယောက် ဘယ်တော့မှအိမ်ထောင်မပြုပဲ ဒီအတိုင်းနေသွားကြမယ်လို့ ကတိတွေတောင်ပေးခဲ့ကြဖူးတယ်။

ဒါပေမယ့် အဲ့ဒီကတိတွေကို သူ့ဘက်ကအရင်ဖျက်ခဲ့မိတာ။ မိဘတွေပေးစားတဲ့။စံပယ်ဆိုတဲ့ မိန်းကလေးကို သူ,မငြင်းဝံ့ပဲသားလိမ္မာတစ်ယောက်အနေနဲ့ လူကြီးတွေ စီစဥ်တာကို လက်ခံခဲ့တယ်။

အဲ့ဒီအချိန်တုန်းက လူမော်နဲ့သူ့ကြားမှာပြဿနာကြီး တစ်ခုဖြစ်သွားသေးတယ်။

" ငါက မင်းကို ဘယ်သူနဲ့မှမတူတဲ့ လူတစ်ယောက်လို့ထင်ခဲ့တာ...ပြီးတော့...မင်းငါ့အနားမှာအမြဲတမ်းရှိနေပေးမယ်လို့ထင်ခဲ့တာကွ ဟား...နောက်ဆုံးတော့လဲ...မင်းလဲတခြားသူတွေနဲ့အတူတူပါပဲလားကွာ"

" လူမော် ငါတို့နှစ်ယောက်လုံး ဒီအတိုင်းတစ်သက်လုံးနေသွားလို့မှမရတာ အ သက်ကြီးလာရင် မိသားစုဆိုတာ..."

" ငါ့ကိုမိသားစုအကြောင်းတွေ လာမပြောနဲ့ထင်အောင် ငါ့အတွက်မိသားစုဆိုတာမလိုအပ်ဘူး ငါ့ဘဝမှာ မင်း တစ်ယောက် တည်း ပဲလိုတာကွ မင်းရှိနေရင် အားလုံးပြည့်စုံနေပြီ"

" တော်တော့လူမော် ဘဝဆိုတာ မင်းဖက်နေကြစာအုပ်တွေထဲကလို မဟုတ်ဘူးကွကိုယ့်ဘဝကို စာရွက်တစ်ရွက်မှာ ချရေးသလိုမျိုးရေးလို့မရဘူး ငါကတော့ငါ့ဘဝကိုပြည့်ပြည့်စုံစုံဖြစ်အောင်ကြိုးစားရမှာပဲ သူများလက်ညိုးထိုးမယ့်အလုပ်မျိုးလဲ ငါလုပ်မှာမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ငါသူ့ကိုလက်ထပ်မယ်"

" မင်းတကယ်ပဲ ဆုံးဖြတ်ပြီးပြီပေါ့"

" ဟုတ်တယ် ငါဆုံးဖြတ်ပြီးပြီ"

မှတ်မိသေးတယ် အဲ့ဒီနေ့က လူမော်နဲ့အိမ်ပြန်လမ်းခွဲတဲ့အချိန်မှာ လူမော်ပြောလိုက်တဲ့စကားတစ်ခွန်း

" မင်းနောင်တမရနဲ့နော် ထင်အောင်"

သူတို့နှစ်ယောက် လက်ထပ်တဲ့နေ့မှာပဲ လူမော်မိန်းမခိုးပြေးသွားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။

လူမော်ရဲ့ခံစားချက်ကို သူအဲ့ဒီအချိန်ကျမှ ကိုယ်ချင်းစာမိသွားတာ။

ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်အ စားတခြားတစ်ယောက်ကို ရွေးချယ်လိုက်တယ်ဆိုတဲ့အသိက ရင်ထဲမှာ တကယ်နာ ကျင်ရပါတယ်။

နောက်ဆုံးတော့လဲ တကယ်နစ်နာတဲ့သူက သူတို့နှစ်ယောက်မဟုတ်ပဲ သူတို့ဘေးက လူတွေသာ တကယ်နစ်နာခဲ့ရတာပါ။

ကိုယ်မချစ်တဲ့သူနဲ့ အတူရှိနေရတာထက်ကိုယ့်ကို မချစ်တဲ့သူနဲ့အတူရှိနေရတာက ပိုပြီးနာကျင်ရတယ်မဟုတ်လား။

•••••••••••••••••••••••••••••••••••••••••••••

ဦးထင်အောင် ခရီးဆောင်အိတ်တွေကိုကားနောက်ခန်းတွင် ထည့်လိုက်ပြီး အိမ် တံခါးဝမှာရပ်နေတဲ့ သားဖြစ်သူအား
ကြည့်နေမိတယ်။

ထင်သာရဲ့မျက်နာက မရွှင်မလန်းနဲ့ ညကအိပ်ထားပုံမပေါ်ဘူး။

ညကကိစ္စနဲ့ပတ်သတ်ပြီး ဦးထင်အောင်ဘာမှထပ်မပြောလိုတော့ဘူး။ အားလုံးကသားဖြစ်သူရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ။

သူ့နှလုံးသားကို သူကိုယ်တိုင်အသိဆုံးပဲမဟုတ်လား။

ထင်သာ ကားအနားသို့ လျှောက်လာပြီး ခ ရီးဆောင်အိတ်ကို ကားနောက်ခန်းထဲ
ထည့်လိုက်သည်။ ပြီးတော့ သူပါ ဝင်ထိုင်လိုက်တယ်။

ဦးထင်အောင်နဲ့ ဒေါ်စံပယ်လဲ ကားပေါ်တက်ကာ ခြံထဲမှမောင်းထွက်လာလိုက်သည်။

ရွာထဲကထွက်လာတဲ့ တစ်လျှောက်လုံးထင်သာမျက်နာကကြည့်လင်လန်းဆန်းမှုမရှိ။ ငူငူငိုင်ငိုင်နဲ့သာ ကားပြတင်းမှန်ကိုကြည့်နေသည်။

တဖြေးဖြေးနဲ့ရွာအပြင်ရောက်လာပြီး ရွာနဲ့ခပ်လှမ်းလှမ်းတစ်နေရာ အရောက်မှာတော့ ဦးထင်အောင် ကားကို ရပ်လိုက်သည်။

အကြောင်းက သူတို့လမ်းတည့်တည့်မှာမြင်းတစ်ကောင်က လမ်းပိတ်ရပ်နေခြင်းဖြစ်သည်။

ပြီးတော့ထိုမြင်းပေါ်မှာကလူတစ်ယောက်

ထိုလူက မြင်းပေါ်မှဆင်းလာပြီး ကားဆီသို့လျှောက်လာ၏။

ဒါကို ကားနောက်ခန်းမှာထိုင်နေတဲ့ ထင်သာလဲ တွေ့လိုက်တာကြောင့် ထင်သာတစ်ယောက် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။

..............................................

" ကိုစောလူ ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"

" မကြောက်ပါနဲ့ ကိုယ်မင်းကိုလာနှောက်ယှက်တာမဟုတ်ပါဘူး ကိုယ်မင်းကိုနောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်ရုံသက် သက်ပါ ဒေါင်းဝေ...မင်းမပြန်ခင် ကိုယ့်ကိုစကားတစ်ခွန်းလောက်ပြောသွားသင့်တယ် မထင်ဘူးလား အခုကဘာလဲ ကိုယ့်ကိုတောင် နှုတ်မဆက်ပဲ ထွက်သွားတော့မယ်ပေါ့"

" ကျွန်တော်ကဘာပြောရမှာလဲ ခင်ဗျားပဲချက်ချင်း အဖြေပေးဖို့မလိုဘူး ပြောခဲ့တာမဟုတ်လား"

သူတို့ပြောနေတဲ့စကားတွေကို ကားထဲကမိဘနှစ်ပါး ကြားလားမကြားလား သူဂရုမစိုက်နိုင်တော့။

" ဒီ ကိုဘယ်တော့ ပြန်လာမှာလဲ"

" ကျွန်တော် ပြန်မလာ ဖြစ်လောက်တော့ဘူး"

" ဒါဆိုမင်းအိမ်လိပ်စာပြော ကိုယ်လိုက်လာခဲ့မယ်"

" ကိုစောလူ ကျွန်တော်တို့ ခဏလောက်ခွဲနေရအောင်ဗျာ... ဒါမှကျွန်တော်တို့ စိတ်ကို ကျွန်တော်တို့ သေချာသိမှာလေ အဲ့ဒီအချိန်တွင်းမှာ ခင်ဗျားကျွန်တော့်ကို မေ့ချင်လဲ မေ့သွားနိုင်တာပဲ ကျွန်တော်လဲကျွန်တော်လဲ ခင်ဗျားကိုမေ့ရင်မေ့သွားမှာ"

စောလူ ထင်သာရဲ့လက်မောင်းနှစ်ဖက်အားကိုင်လိုက်ပြီး မျက်နာကလဲ အရမ်းကိုခက်ထန်နေသည်။

" ကိုစောလူ ခင်ဗျားဘာဖြစ်နေတာလဲ ကျွန်တော့်ကိုလွှတ်"

" ငါမင်းကိုဘယ်တော့မှ မေ့မှာမဟုတ်ဘူးမင်းလဲ ငါ့ကို မမေ့သွားရဘူး"

တင်းတင်းကြပ်ကြပ်ပင်ချုပ်ကိုင်ထားတာကြောင့် ထင်သာရဲ့လက်မောင်းတွေအ နည်းငယ် နာကျင်လာသည်။

" ကိုစောလူ ကျွန်တော့်ကိုလွှတ်ဗျာ"

" ဒေါင်းဝေ...ဒီဘဝမှာတော့ မင်းနဲ့ထပ်ပြီးမဝေးပါရစေနဲ့ကွာ..."

" ခင်ဗျား ဘာအရူးထနေတာလဲကျွန်တော့်ကို လွှတ်လို့ပြောနေတယ်လေ နာတယ်..."

ထင်သာ အသည်းအသန်တောင်းဆိုနေပေမယ့် စောလူကထင်သာရဲ့ လက်မောင်းကိုဖြစ်ညှစ်ထားဆဲ။

ထိုအချိန်မှာပဲ ဦးထင်အောင်ကားထဲကထွက်လာပြီး စောလူရဲ့လက်တွေကိုဆွဲဖြုတ်ကာ တွန်းထုတ်လိုက်သည်။

" မင်းဘာဖြစ်နေတာလဲ စကားကိုကောင်း ကောင်းပြောလို့မရဘူးလား သား...ထင်သာ ကားထဲဝင်တော့"

ထင်သာ ကားထဲကို ဝင်ထိုင်လိုက်သည်။ဦးထင်အောင်လဲကားထဲပြန်ဝင်ကာ နေရာမှ မောင်းထွက်သွားလိုက်သည်။

ကားမောင်းထွက်လိုက်သည်နှင့် ကားရှေ့မှာရပ်နေတဲ့မြင်းလဲ နေရာရွှေ့သွား၏။

သူစိတ်ရိုင်းတွေ ဝင်သွားခဲ့တာ။ ထင်သာပြန်တော့မယ်ဆိုတဲ့ စကားကိုကြားလိုက်ရကတည်းက သူ့စိတ်တွေဆောက်တည်ရာ မရဖြစ်သွားခဲ့တာ။

ဒီတစ်ခါသူနဲ့ထပ်ဝေးရရင် နောက်တစ်ခါပြန်ဆုံဖို့မဖြစ်နိုင်တော့ဘူးဆိုတာ စောလူရဲ့စိတ်ထဲကအလိုလိုသိနေတယ်။

သူ့စိတ်တွေဘယ်လိုဖြစ်သွားလဲဆိုတာ သူကိုယ်တိုင်တောင်မသိဘူး။ တွေးရင်းကိုယ့်ကို ကိုယ်လဲ ဒေါသထွက်မိတယ်။

ထိုစဥ် သူ့ခန္ဓာကိုယ်အား လာပွတ်သပ်နေတဲ့ မြင်းရဲ့ခေါင်းကိုကိုင်ကာ နှဖူးချင်းတေ့လိုက်ပြီး

" ငါတော့ သူစိတ်ပျက်အောင်လုပ်လိုက်မိပြီကွာ..."

•••••••••••••••••••••••••••••••••••••••••••

" ဟယ်...မီးမီးလေး"

နွယ်နှင်းတစ်ယောက် အစ်ကိုဖြစ်သူ ကိုမင်းညိုဆီသို့ အလည်လာရင်း ရပ်ကွက်ထဲကလမ်းမှာ တူမဖြစ်သူကို ကလးထိန်းအဒေါ်ကြီးနဲ့အတူတူ တွေ့လိုက်ရတာကြောင့် ကားပေါ်မှ ဆင်းလိုက်ပြီး

" မီးမီးက ဘယ်သွားမလို့လဲ"

" ရေခဲမုန့်သွားစားမလို့ တီလေးရောလိုက်ခဲ့ပါလား"

" တီလေးက လိုက်လို့မရဘူးမီးမီးရဲ့ တီလေး မီးမီးဖေဖေနဲ့ စကားပြောစရာရှိတယ် နောက်နေ့မှ တီလေးနဲ့ အတူတူတခုခု သွားစားမယ်နော်"

" ဟုတ်ကဲ့ တီလေး"

တူမဖြစ်သူ ထွက်သွားသည်နှင့် နွယ်နှင်းလဲ ကားပေါ်သို့တက်ကာ အစ်ကိုဖြစ်သူအိမ်သို့မောင်းလာခဲ့သည်။

အစ်ကိုဖြစ်သူ အိမ်ရောက်တော့ ခြံတံခါးပိတ်ထားတာကြောင့် သူမဆင်းဖွင့်ရသေးတယ်။ အိမ်ထဲ ကားမောင်းဝင်လိုက်ပြီးကားပေါ်က ဆင်းသည်အထိ အစ်ကိုဖြစ်သူက အိမ်ရှေ့သို့ ထွက်မလာခဲ့။

သူမ အိမ်ထဲဝင်သွားလိုက်တော့လဲ အိမ်ထဲမှာဘယ်သူမှရှိမနေဘူး။

ကိုမင်းညိုကတော့ သေချာပေါက်အိမ်မှာရှိပါတယ်။ သူ အိမ်ပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။ ကိုမင်းညို သူ့အိပ်ခန်းထဲမှာပဲ ရှိနေလိမ့်မည်။

သူမအစ်ကိုဖြစ်သူရဲ့အိပ်ခန်းတံခါးအားဖွင့်လိုက်တော့ သူမမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် အခန်းတံခါးအမြန်ပြန်ပိတ်လိုက်သည်။ သူမခေါင်းတစ်ခုလုံး ထူပူသွားပြီးအစ်ကိုဖြစ်သူအား ရွံ့မုန်းတဲ့စိတ်က အလိုလိုဝင်ရောက်လာ၏။ အခန်းတံ ခါးပြန်ပွင့်တော့ သူမ အိမ်အောက်ထပ်ကို ဆင်းပြေးသွားလိုက်သည်။

" နွယ်နှင်း ခဏနေဦး အစ်ကို ရှင်းပြဦးမယ်"

သူမနောက်သို့လှည့်မကြည့်ပဲ အောက်ထပ်သို့သာ အမြန်ဆင်းသွားလိုက်တယ်။
အောက်ထပ်ရောက်တော့ အစ်ကိုဖြစ်သူက သူမလက်ကို လှမ်းဆွဲလိုက်သည်။
ထို လက်တွေကို ရွံ့လွန်းလို့ သူမပုတ်ချလိုက်ရင်း

" မထိနဲ့..."

" နွယ်နှင်း ညီမ...အစ်ကိုရှင်းပြပါရစေဦးကွာ"

" ဘာရှင်းပြမှာလဲ အစ်ကိုက ဘာရှင်းပြချင်သေးတာလဲ ဒီလောက်မျက်ဝါးထင် ထင်တွေ့လိုက်ရတာကို အစ်ကိုက ဘာညာချင်သေးလို့လဲ"

ဟုတ်ပါတယ်။ အခုတောင်မှ မင်းညိုရဲ့ခန္ဓာကိုယ်မှာ တဘက်တစ်ထည်သာရှိတယ်။

" အစ်ကို့အတွက် မိန်းမ အဲ့လောက်ရှားလား ဘာဖြစ်လို့ယောကျ်ားချင်းဖြစ်နေရတာလဲ မယွန်းဘာကြောင့် နောက် အိမ် ထောင်ပြုသွားလဲဆိုတာ နှင်းအခုမှ နား လည်တော့တယ် အစ်ကိုက အခြောက်ဖြစ်နေတာကို အခြောက်တစ်ယောက်ကို ဘယ် မိန်းမက ပေါင်းနိုင်မှာလဲ"

သူမ ပခုံးအားလာကိုင်တဲ့ မင်းညိုရဲ့လက်တွေကိုပုတ်ချလိုက်ကာ

" ညီမ အသားကို လာမထိနဲ့ အစ်ကို့ကိုရွံ့တယ်"

သူမအိမ်ထဲမှ ပြေးထွက်သွားသည်။ မင်းညို ဒီတစ်ခါတော့ အနောက်ကနေမလိုက်သွားတော့ပဲ။ လှေကား​ထစ် ပေါ်မှာသာထိုင်ချပစ်လိုက်ကာ မျက်နာကိုလက်နှစ်ဖက်နဲ့အုပ်ထားသည်။

လှေကာပေါ်မှ ဆင်းလာတဲ့တစ်စုံတစ် ယောက် က သူ့ဘေးနားတွင်ထိုင်လိုက်တာကို တွေ့ရတော့ အုပ်ထားတဲ့ လက်တွေကိုဖယ်ခွာလိုက်သည်။

" ကိုယ် တံခါးကို လော့ချထားခဲ့သင့်တာ"

" ကျွန်တော် ထွက်သွားပေးရမလား"

မင်းညို ဟန်ထူးရဲ့လက်တွေကို ကိုင်လိုက်ပြီး

" ဘာကြောင့်ဒီစကားပြောရတာလဲ ညီထွက်သွားရင်တောင် ဒီကိစ္စတွေက ပြီးသွားမှာမှ မဟုတ်တာ ကိုယ်ဘာလဲဆိုတာသူသိသွားပြီ ဒါကပြန်ပြင်လို့ မရတော့ဘူး"

" သူ အစ်ကို့ မိဘတွေကို ပြန်ပြောမှာလား"

" အဲ့ဒါ‌တော့ ကိုယ်လဲမသိဘူး ဘာပဲဖြစ် ဖြစ်ကိုယ်တို့ ကြိုတင်ပြင်ဆင်ထားရမှာပဲပြီးတော့...ညီသိထားရမှာက ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ကိုယ်မင်းကိုစွန့်လွှတ်မှာမဟုတ်ဘူး"

သူတို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

•••••••••••••••••••••••••••••••••••••••••

သူမ ဒီကိစ္စကို ဒီအတိုင်းတော့မထားလိုက်နိုင်ဘူး။ ဒီအတိုင်းဘာမှမပြောပဲ နေလိုက်ရင် သူတို့ရောင့်တက်ကုန်မှာပေါ့။

ဒီတော့ သူမတစ်ခုခုလုပ်ဖို့စဥ်းစားလိုက်တယ်။ ပြီးတော့ တွေဝေမနေတော့ပဲ လူမှုကွန်ရက်ပေါ်မှာ မင်းညိုရဲ့အကြောင်းတွေကို စာရေးပြီးဖွင့်ချလိုက်တယ်။

သက်သေမရှိဘူးဆိုပေမယ့် တစ်နည်းနည်းတော့ သူတို့အကြောင်းကို သိသွားကြမှာပဲ။ ဒီတော့မှ သူတို့နှစ်ယောက်ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရတာပေါ့။

သူမအိမ်ပြန်ရောက်လာခဲ့ပြီး အိမ်ထဲဝင်လိုက်စဥ်မှာပဲ ဧည့်ခန်းထဲတွင်ထိုင်နေတဲ့လူတစ်ယောက်ကြောင့် သူမဒေါသတွေက အဆမတန်ကြီးထွားလာရသည်။

" ရှင် ဘာလာလုပ်တာလဲ"

ထင်သာ ထိုင်နေရာမှထလိုက်သည်။

" သမီး စကားကို ကောင်းကောင်းပြောမှပေါ့"

" သူနဲ့ သမီးကြားမှာ ဘာမှပြောစရာစကား မရှိတော့ဘူးမေမေ ဒီမှာ...ရှင်ပြန်ပါတော့ကျွန်မ ရှင့်မျက်နာကို မမြင်ချင်ဘူး"

" နှင်း ကိုတို့ စကားပြောရအောင်"

" ကျွန်မ ရှင်နဲ့ ပြောစရာစကားမရှိဘူးလို့ပြောနေတယ်လေ ကျွန်မနဲ့ ရှင့်ဇာတ်လမ်းကပြီးသွားပြီ ဘယ်လိုနည်းနဲ့မှ ဆက်ပြီးပတ်သတ်စရာမရှိတော့ဘူး ထွက်သွား ရှင် အခုချက်ချင်းထွက်သွား"

ထင်သာ သူမအနားလျှောက်သွားလိုက်ပြီး

" နှင်း သေချာသွားပြီလား"

" ကျွန်မ ရှင့်ကို မုန်းတယ်"

ထင်သာ သူမ အနားမှ ထွက်လာလိုက်သည်။ သူမဘက်က သေချာပြီဆိုတော့ သူ့ဘက်ကလဲ ဘာမှ ပြောစရာစကားမရှိတော့ပါဘူး။

နွယ်နှင်း သူမအိမ်ပေါ်ထပ်သို့ ပြေးတက်သွားကာ အခန်းထဲက အိပ်ယာပေါ်လှဲချကာ ရှိုက်ကြီးတငင်ငိုချလိုက်သည်။

လောကကြီးကဘာဖြစ်သွားတာလဲ ဘာလို့သူမအပေါ် ဒီလောက်ရက်စက်ရတာလဲ။

ဒီကြားထဲ အစ်ကိုဖြစ်သူကပါ gay တစ်ယောက်မှန်း သိလိုက်ရတော့ သူမရင်တွေအရမ်းကိုပူလောင်နေတယ်။

သူမ ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုယူလိုက်ပြီးမင်းညိုရဲ့ဇနီးဟောင်းဖြစ်သူ မယွန်းနဒီဆီသို့ဖုန်းဆက်လိုက်သည်။ တခြားဘက်မှဖုန်းကိုင်လိုက်သည်နှင့်

" မယွန်း...မယွန်းလဲ သိနေတယ်မလားအစ်ကိုအဲ့ဒီလိုဖြစ်တာ မယွန်းလဲသိနေတယ်မဟုတ်လား..."

" နှင်း...စိတ်ကိုအေးအေးထားပါ"

" မယွန်း ဘာလို့ နှင်းတို့ကို မပြောပြတာလဲ...တကယ်ဆိုမယွန်း နှင်းကိုပြောပြသင့်တယ်"

" နှင်းတို့ကို ပြော​ပြတော့ကော ဘာတွေကပြောင်းလဲသွားမှာမို့လို့လဲ နှင်းလဲ ခေတ် ပ ညာတက်တစ်ယောက်ပဲ နှင်းရယ်...ဒါတွေက ပြန်ပြင်လို့ရတဲ့ အရာတွေ မဟုတ်ဘူးဆိုတာ နှင်းလဲသိမှာပါ"

" ဒါဆို မယွန်းက အစ်ကို့ကို နားလည်ပေးတယ်ပေါ့"

" အစ်မတို့က နှစ်ဦးသဘောတူလမ်းခွဲလိုက်ကြတာပါ ဘာအမုန်းအာဃာတမှမရှိဘူး နှင်း လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်ကြရတာ အဲ့တော့ ကိုယ့်ဘဝကိုယ်တည်ဆောက်ပိုင်ခွင့်ရှိတယ်လေ နှင်း ပူ လောင်ပါတယ်နှင်းရယ်...လက်မခံပေးနိုင်ရင်တောင်မှ ဥပေက္ခာပြုပေးလိုက်ပါနော်"

" ဒါဆို မီးမီးလေးကိုရော ဘယ်လိုလုပ်မှာလဲ"

" အစ်မက အခု နောက်အိမ်ထောင်ပြုထားတာဆိုတော့ သမီးကို သူခေါ်ထားခွင့်ရှိတယ်လေ ကိုမင်းညိုသာ ခွင့်ပြုတယ်ဆိုရင် သမီးလေးကို အစ်မ ခေါ်ထားချင်ပါတယ်"

နွယ်နှင်းဖုန်းချလိုက်ပြီး စိတ်ထဲအနည်း ငယ်ပေါ့သွားသလိုခံစားလိုက်ရသည်။

မယွန်းပြောသလိုပဲ လူတိုင်းကသူ့ဘဝနဲ့သူရှင်သန်ကြရတာ။

သူတို့လုပ်လိုက်တဲ့အရာတွေရဲ့နောက် ဆက် တွဲဆိုးကျိုးကောင်းကျိုးတွေကို သူတို့ပဲခံစားကြရမှာ။ သူတို့ဘဝကို ကိုယ့်စိတ်ကြိုက်ပုံသွင်းပေးလို့မရဘူး။ ကိုယ့် ဘက်ကလျစ်လျူရှုပေးလိုက်ဖို့ပဲလိုတာဘာဖြစ်လို့ သူများစိတ်နဲ့ အသက်ရှင်ပြီးအပူလောင်ခံနေမှာလဲ။ သူတို့တောင်ပျော်ပျော်ရွှင်ရွှင် ရှိနေကြသေးတာကိုယ်ကဘာလို့စိတ်ညစ်ခံနေရမှာလဲ။

••••••••••••••••••••••••••••••••••••••••••

သူမဘက်က ပြတ်သားနေပြီပဲ သူ့ဘက်က ဘာမှထပ်ပြောဖို့မလိုတော့ဘူးလို့ထင်တယ်။

သူမ နားလည်အောင် သေချာပြောပြချင်ခဲ့တာ ဒါပေမယ့် သူမက ဒေါသစိတ်ကြောင့် ဘာကိုမှမမြင်နိုင်ဖြစ်နေတာ။

သူ့စိတ်တွေကို သေချာနားမလည်သေးပေမယ့် သူမထပ်ပြီး မထိခိုက်စေရန် သူမနဲ့ပတ်သတ်မှုကို အပြီးတိုင်ဆုံးသတ်လိုက်ချင်တာ။ အခုတော့လဲ အဆုံးသတ်သွားပါပြီ။ ဒါပေမယ့်အမုန်းတွေနဲ့ အဆုံးသတ်သွားခဲ့တာ။

 သူမျှော်လင့်ထားသလို သူတို့နှစ်ယောက်ချစ်သူ မဟုတ်တော့ပေမယ့် သူငယ်ချင်းလိုဆက်နေနိုင်ခွင့်မရခဲ့ဘူး။


သူမမှန်ပါတယ် ဒီဇာတ်လမ်းမှာ အစကနေအဆုံးထိ သူတစ်ယောက်တည်းမှားခဲ့တာ။

မရေရာမသေချာတဲ့စိတ်တွေကြောင့် သူမနာကျင်ခဲ့ရတယ်။ နောက်ထပ် သူ့ကြောင့်နဲ့ဘယ်သူတွေနာကျင်ရဦးမလဲ။

ကိုယ်ကိုယ်တိုင်ကရော ကိုယ့်နှလုံးသားရဲ့အလိုကို ဘယ်အချိန်မှ သေချာသိမှာလဲ။

                     ..............................................


အသံအဆက်မပျက်မြည်နေတဲ့ ဧည့်ခန်းစားပွဲပေါ်မှ ဖုန်းကို မင်းညိုတစ်ယောက်ထိုင်ကြည့်နေမိသည်။

သူ့ဘက်က ဖုန်းကိုင်လိုက်ရင်ဘယ်လိုမေးခွန်းတွေမေးမည်ဆိုတာ သူကြိုသိထားပြီးသားပါ။

ညီမဖြစ်သူရဲ့လုပ်ရပ်ကြောင့် သူက gay တစ်ယောက်ဆိုတာ သူ့အသိုင်းအဝိုင်းကဆွေမျိုးတွေ အားလုံးသိကြကုန်ပြီ။

ညီမဖြစ်သူကိုလဲ အပြစ်မပြောလိုဘူး။ အ ခုလိုဖြစ်လာရတာတွေ အားလုံးရဲ့တရားခံက သူကိုယ်တိုင်ပဲ။ ကိုယ်ဘာလဲဆိုတာသိ သိလျက်နဲ့ပဲ မိန်းမတစ်ယောက်ကို လက် ထပ်ပေါင်းသင်းခဲ့တယ်။

ဒါတွေရဲ့နောက်ဆက်တွဲအကျိုးတွေကတစ်ခုမှကောင်းတာ မဖြစ်ခဲ့ဘူး မိသားစုဘဝနဲ့ သူပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ထင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒီလိုမဖြစ်ခဲ့ဘူး။

သူ့ နှလုံးသားက မိန်းမတစ်ယောက် ကိုလက် မခံဘူးဖြစ်နေတယ်။

တစ်နေ့...အရာအားလုံးနောက်ကျသွားချိန်မှာ သူ့နှလုံးသားက လက်ခံတဲ့ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်။

အရာအားလုံးနောက်ကျသွားပြီဆိုတာသိပေမယ့် သူ့စိတ်တွေကို မထိန်းနိုင်ခဲ့ဘူး။ သူ့ နှလုံးသားက ခိုင်းစေရာအတိုင်း လိုက် နာခဲ့မိတယ်။

ဇနီးဖြစ်သူက နားလည်ပေးခဲ့ပေမယ့် သ မီးလေးကြောင့် စိတ်မအေးရပြန်ဘူး။ အ ခုတော့ တစ်လောကလုံး သိရှိသွားပါပြီ။သမီးဖြစ်သူလဲ ဒါတွေကို တစ်နေ့နေ့တစ်ချိန်ချိန်ကျသိလာမှာပဲ အဲ့ဒီအချိန်ကျရင်တော့ သမီးလေးလက်ခံနိုင်ဖို့ မျှော်လင့်ပါတယ်။

ခြံထဲ ကားတစ်စီးဝင်လာတာကို မင်းညိုကြားလိုက်ရသည်။ ပြီးတော့...မိန်းမနှစ်ယောက် ဧည့်ခန်းထဲဝင်လာကြသည်။

" အမေ"

မိခင်ဖြစ်သူက ဆိုဖာပေါ်ထိုင်လိုက်ရင်း

" ငါတော့၊ဘာပြောရမှန်းကို မသိတော့ဘူးမင်းညိုရယ်...စိတ်ကိုအဲ့လောက်ထိ အလို လိုက်ရလား အခုနင့်မှာက သားသမီးနဲ့ နင့်သမီးအတွက် နင်တစ်ချက်ကလေးမှ မစဥ်းစားဘူးလားမင်းညို"

မင်းညိုနှုတ်ဆိတ်နေမိတယ်။ သူဘာပြန် ပြောရမှာလဲ။ သူ့မှာ ပြောစရာ စကားမရှိဘူး။

" အခု ငါ့မြေးကို နင့်လိုအဖေမျိုးနဲ့ထားမယ့်အစား သူ့အမေနဲ့ အတူတူသွားထားလိုက်တာက ပိုကောင်းမယ်"

" အမေ ကျွန်တော့်သမီးကိုတော့ ပထွေးနဲ့အတူတူမထားနိုင်ဘူး"

" ဒါဆိုလဲ နင်အစကတည်းက ဆင်ခြင်ခဲ့သင့်တယ်လေ မင်းညို"

" ကျွန်တော်က အခုဘာဖြစ်နေလို့လဲ သူ များ သားမယားကို ခိုးယူပေါင်းသင်းနေတာမဟုတ်ဘူးအမေ ကျွန်တော် အိမ် ထောင်ရှိလျက်နဲ့ ဖောက်ပြန်နေတာလဲမဟုတ်ဘူး ယွန်းနဲ့ ကျွန်တော်တရားဝင်ကွာရှင်းပြီးမှ ကျွန်တော်သူနဲ့တွဲခဲ့တာ ပြီးတော...ကျွန်တော်က လူတစ်ယောက်ကိုချစ်ခဲ့ရုံပါအမေရာ..."

" နင်ချစ်တာက ယောင်္ကိားချင်းလေ ဘယ် လောက်တောင်ရှက်ဖို့ကောင်းလဲ"

" အဲ့ဒါက အမေတို့နဲ့ပဲ ဆိုင်တာပါ ဘယ်သူဘာပြောပြောကျွန်တော် ဂရုမစိုက်ဘူး အ ဓိကက ကိုယ့်မိသားစုကိုယ့်ကိုလက်ခံပေး ဖို့ပဲ အမေတို့သာ ကျွန်တော့်ကိုလက်ခံပေး လိုက်ရင်အားလုံးပြီးနေပြီ"

" ငါက လက်ခံပေးရမယ်ဟုတ်လား နင်လဲအဖေတစ်ယောက်ပဲမင်းညို ကိုယ့်သားသ မီးကို ဒီလိုပုံစံနဲ့ ဘယ်မိဘကမြင်ချင်မှာလဲ"

" မှန်ပါတယ်... ဘယ်မိဘကမှ ကိုယ့်သား သမီးကို ဒီလိုပုံစံနဲ့မမြင်ချင်ကြဘူး ဒါပေမယ့်...ကိုယ့်ကိုယ်ကိုယ်ထက် သားသမီးကို ပိုချစ်တဲ့မိဘတွေကတော့ ကိုယ့်သား သမီးပျော်ရွှင်ဖို့ကို ဦးစားပေးတက်ကြတယ် သူတို့ရဲ့ဖြစ်တည်မှုကို နားလည်လက် ခံနိုင်ဖို့ကြိုးစားကြတယ်ဗျ"

" ဘာပဲပြောပြော ငါကတော့နင်ဒီလိုဖြစ်နေတာကို လက်မခံပေးနိုင်ဘူးအခုငါ့မြေးကိုငါခေါ်သွားမယ်ငါ့မြေးအခုဘယ်မှာလဲ"

" အမေတို့ ကျွန်တော့်သမီးကို ဘယ်မှခေါ်သွားလို့မရဘူး အမေတို့ ကျွန်တော့်ကိုလက် မခံပေးနိုင်ဘူးလား ရတယ်..အမေတို့ လက်ခံပေးဖို့ ကျွန်တော် မမျှော်လင့်တော့ဘူး ပြီးတော့ အမေတို့ရှက်လို့ ကျွန်တော့်ကိုသားအဖြစ်ကစွန့်လွှတ်မယ်ဆိုရင်လဲအမေတို့သဘောပဲ အမေတို့ ကျွန်တော့်ကိုဘယ်တုန်းကမှရွေးချယ်ခွင့်မပေးခဲ့ဘူး ဒီတစ်ခါတော့ မရတော့ဘူးအမေ ကျွန် တော်လဲ အမေတို့ကို ရွေးချယ်ခွင့်မပေးတော့ဘူး"

ပြောပြီး မင်းညိုအိမ်ထဲမှ ထွက်လာလိုက်သည်။

သူ့နှလုံးသားကို နောက်တစ်ခါ မညာချင်တော့ဘူး အခုသူ့နှလုံးသားရဲ့စေခိုင်းရာအတိုင်းပဲသူလုပ်တော့မယ်။

မင်းညို ခြံထဲမှကားမောင်းထွက်လာလိုက်သည်။ သမီးလေးကိုတော့ အပြန်မှပဲ က လေး ထိန်းဒေါ်ညိုရဲ့အိမ်မှာဝင်ခေါ်လိုက်မယ်။

မင်းညို အမျိုးသားအဆောင်တစ်ခုရှေ့မှာရပ်လိုက်တယ်။ သူရပ်လိုက်ရင်ပဲခြံတံခါးကိုဖွင့်ကာ အပြင်ထွက်လာတဲ့ ဟန်ထူးကိုတွေ့လိုက်ရသည်။

ဟန်ထူးလဲ မင်းညိုရဲ့ကားမှန်းသိတော့ သူကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်တယ်။

" အစ်ကိုအဆင်ပြေရဲ့လား ညီအခုပဲ အစ်ကို့ဆီလာမလို့ ညီလဲသူငယ်ချင်းတစ်ယောက်ပြမှတွေ့တာ"

" ကိုယ်အဆင်ပြေပါတယ်"

မင်းညို ကားမောင်းထွက်လိုက်ပြီး လူရှင်းတဲ့ တစ်နေရာတွင်ကားကိုရပ်လိုက်သည်။

" ညီ... ကိုယ်တို့ဒီကနေထွက်သွားကြရ အောင်"

" ဘယ်ကိုလဲ"

" ကိုယ်ဒီနိုင်ငံမှာ မနေချင်တော့ဘူးကွာ ကိုယ့် အသိုင်းအဝိုင်းမှာဒါကိုလက်ခံပေးမယ့်သူမရှိဘူး အဲ့တော့ ကိုယ်နိုင်ငံခြားမှာပဲ အ ခြေချတော့မယ် ညီ့ကိုလဲ ကိုယ်နဲ့အတူလိုက်ခဲ့စေချင်တယ်"

" အစ်ကို တကယ်ပြောနေတာလား"

" ဒါက နောက်စရာကိစ္စမှမဟုတ်တာ ညီနော်...ညီကိုယ်နဲ့လိုက်ခဲ့မယ်မဟုတ်လားဟိုမှာဆို ကိုယ်တို့ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုတော့ဘူး ကိုယ့်သမီးလေးကိုလဲဟိုမှာပဲ ကျောင်းထားမယ် သူပတ်ဝန်း ကျင်ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သူကိုယ့်ကိုနားလည် လက်ခံလာလိမ့်မယ်"


ဟန်ထူး ဘာမှပြန်မပြော။ မင်းညိုခေါ်ရာနောက်ကို လိုက်သွားဖို့ဆိုတာ သူ့ဘဝနဲ့လောင်းကြေးထပ်ရမှာမဟုတ်လား။

အို...မင်းညိုက သူ့ကိုတကယ်ချစ်တာ။ သူလဲ မင်းညိုကိုတကယ်ချစ်တယ် ဘာလိုသေးလို့လဲ။ ရွာမှာကျန်ခဲ့တဲ့ မိဘတွေကိုလဲ ဟိုရောက်မှ အလုပ် လုပ်ပြီးထောက်ပံ့လို့ရတာပဲလေ။

" ကိုယ့်ကိုယုံပါညီ ညီမပါပဲနဲ့ ကိုယ်မသွားချင်ဘူး"

" အင်း...ညီလိုက်ခဲ့မယ်"

" တကယ်ပြောတာနော် ညီ"

" တကယ်ပါ...ညီလိုက်ခဲ့မယ်"

" ဒါဆို ကိုယ်အားလုံး စီစဥ်လိုက်တော့မယ်နော်"

ဟန်ထူး ခေါင်းညိတ်လိုက်သည်။ အဲ့ဒီညကတည်းက ဟန်ထူးအဆောင်မှာ မနေတော့ပဲ မင်းညိုရဲ့အိမ်ကို ပြောင်းလာခဲ့တယ်။

နိုင်ငံခြားကိုသွားဖို့ကတော့ ရက်အနည်း ငယ်တော့ကြာဦးမယ်။ မင်းညိုအနေနဲ့သမီးဖြစ်သူကိုတော့ ဟိုရောက်မှပဲ သမီးလေးနားလည်လက်ခံလာအောင် ဖြေး ဖြေးချင်းပဲ ပြောပြပေးသွားမယ်။

သမီးလေးက ဟန်ထူးကိုလဲ သံယောဇဥ်ရှိတယ်။ အခုမဟုတ်ရင်တောင်မှတစ်နေ့နေ့ကျရင်တော့ သူတို့နှစ်ယောက်လဲ အဆင် ပြေသွားမှာပါ။

••••••••••••••••••••••••••••••••••••••••
ဒီနေ့ဆို ရွာကပြန်လာတာ တစ်ပတ်ပြည့်ပြီ။ နွယ်နှင်းနဲ့ မတွေ့ဖြစ်တာလဲ ရက်အ တော်ကြာရောပေါ့။

သူမနဲ့ကိစ္စကပြီးသွားပေမယ့် စောလူကိုတော့ သူအခုထိမမေ့နိုင်သေးဘူး။

ပြီးတော့...အခုရက်ပိုင်းမှာ အရင်လိုအိမ် မက်တွေလဲမမက်တော့ဘူး။ စောလူ စိတ်ထဲမှာသူမရှိတော့လို့လား။ မတွေ့ရတာကြာတော့သူလဲကိုယ့်ကိုမေ့သွားလောက်ပြီပေါ့။

ဒါပေမယ့် သူကတော့ ယခုချိန်ထိမမေ့နိုင်သေးပါဘူး။ အခုဆိုသူ့စိတ်နဲ့ အလုပ်ထဲတောင်စိတ်မရောက်ဘူး။

ဒါကို သူ့မိဘတွေလဲသိတယ်။ မိဘတွေက တော့သူ့ကိုဒီအတိုင်းပဲလွှတ်ထားတယ်။ သူ့ဘဝကို သူကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးထားတာ။

ထင်သာ ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချဖို့လိုတယ်။

သူ့ကိုမမေ့နိုင်ရင်လဲ သူနောက်ကို လိုက်သွားပြီးသူ့အချစ်ကိုလက်ခံတဲ့အကြောင်း ပြောရမယ်။ ဒီလိုမှ မဟုတ်ရင်လဲ သူ့ကိုဦးနှောက်ထဲကရော နှလုံးသားထဲကပါအပြီး တိုင်ထုတ်လိုက်တော့

" ဒေါက်...ဒေါက်..."

အခန်းတံခါး ခေါက်သံကြောင့် သူအတွေးတွေကို ရပ်တန့်လိုက်ပြီး တံခါးကို သွားဖွင့်လိုက်သည်။

" ဘာလဲ အမေ"

" အိမ်အောက်မှာ ကိုလူမော်နဲ့ သူသားရောက်နေတယ်"

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

" အမေ ကျွန်တော့်ကို လာနောက်နေတာလား"

" အမေကနောက်စရာလား သားမယုံရင်ဘာလို့ ကိုယ်တိုင် သွားမကြည့်တာလဲ"

ထင်သာ အိမ်အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။

အောက်ကိုရောက်တော့ အိမ်တံခါးဝမှာထိုင်နေတဲ့ စောလူကိုတွေ့လိုက်ရသည်။
ဦးလူမော်ကတော့ ဧည့်ခန်းထဲမှာ အဖေဖြစ်သူနဲ့စကားပြေနေလေရဲ့။

" ကိုစောလူ"

ထင်သာရဲ့အသံကြောင့် စောလူထိုင်နေရာမှထလိုက်ပြီး ထင်သာရှိရာဘက်သို့ လှည့်ကြည့်လာသည်။

" ထင်သာ..."

" ကိုစောလူ ဒီမှာ ဘာထိုင်လုပ်နေတာလဲ"

" မင်းသာ ကိုယ့်ကိုမကြိုဆိုခဲ့ရင် ကိုယ်တခါတည်းပြန်ရအောင်လို့ပါ"

" ဟုတ်လား...ဒါဆိုလဲကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးမယ်"

ထင်သာ အိမ်အပြင်သို့ထွက်လိုက်ပြီး

" လာလေ...ကားပေါ်တက်"

" တကယ်ပဲ ကိုယ့်ကို မကြိုဆိုဘူးလား"

" ကားပေါ်တက်ပါ...ကျွန်တော်တို့တစ်နေရာရာမှာ စကားသွားပြောရအောင်"

ဒီတော့မှ စောလူကကားပေါ်သို့တက်လိုက်သည်။ ထင်သာလဲ ကားပေါ်တက်ကာ ခြံထဲမှ မောင်းထွက်လာလိုက်သည်။

" ထင်သာ...ကိုယ့်ကိုမုန်းနေလား"

" ကျွန်တော်က ဘာကြောင့် ကိုစောလူကိုမုန်းရမှာလဲ"

" ကိုယ်တို့နောက်ဆုံးတွေ့တုန်းက ကိုယ့်အ ပြုအမူတွေ အရမ်းကိုရိုင်းသွားခဲ့တယ် အဲ့ဒီအတွက် ထင်သာ ကိုယ့်ကိုမုန်းနေမယ်ထင်လို့ပါ"

" ကျွန်တော် ကိုစောလူကို မမုန်းပါဘူး ဒါ နဲ့...ကိုစောလူကျွန်တော့်ကို ဒေါင်းဝေလို့မခေါ်တော့ပါလား ဘာဖြစ်လို့လဲ"

"ထင်သာက ဒေါင်းဝေ မဖြစ်ချင်ဘူးထင်လို့ပါ"

ထင်သာ ဘာမှမပြောပဲ ကားကိုသာ မြို့ပြင်သို့ ဦးတည်ကာမောင်းလာခဲ့သည်။
တောင်ကြားလမ်းနားအရောက်မှာ ကားကို ရပ်လိုက်ပြီး ထင်သာကားပေါ်က ဆင်းလိုက်သည်။

အချိန်က ညနေငါးနာရီရှိပြီမို့ နေရောင်ကသူတို့အပေါ်မကျရောက်တော့။

အနောက်ဆင်းလိုက်လာတဲ့ စောလူကလဲသူ့အနားရောက်လာသည်။

" ကျွန်တော့်ကို ဒေါင်းဝေအကြောင်းပြောပြပါလား"

" မင်းက သူ့အကြောင်းသိချင်လို့လား"

" ကျွန်တော့်အကြောင်း ကျွန်တော်သိချင်တာပါ ကိုစောလူ ဒေါင်းဝေအကြောင်းဘယ်လောက်သိလဲ"

" ကိုယ်လဲအရင်က အကြောင်းတွေကိုသေ ချာမသိပါဘူး တစ်ချို့တလေသာ ကိုယ့်ခေါင်းထဲ ပေါ်လာတာပဲရှိတာ ကိုယ့်အဘိုးရဲ့ပြောပြချက်အရ ဒေါင်းဝေဆိုတာ လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်လောက်က ဆုံးသွားခဲ့တဲ့ ရွာကဘုန်းကြီးကျောင်းသားတစ်ယောက်တဲ့ အဲ့ဒီအချိန်တုန်းက ကိုယ့်အဘိုးက ငယ်ငယ်ပဲရှိဦးမှာပေါ့ ဒေါင်းဝေကဘုန်းကြီးကျောင်းသားဆိုပေမယ့် ယဥ်ကျေးလိမ္မာတဲ့ ဘုန်းကြီးကျောင်းသားတော့မဟုတ်လေဘူး သူငယ်ချင်းတွေနဲ့ထန်းတောထဲသွားပြီး ထရည်လေးတမြမြနဲ့ အမြဲပျော်နေတက်တဲ့ လူဆိုးလေးတဲ့ မူးလာပြီဆိုရင်တော့ ဘုန်းကြီးကျောင်းကိုမပြန်တော့ပဲ သူပိုင်တဲ့လယ်တဲလေးမှာသာအိပ်တက်တာ ဆရာတော်တောင် မဆုံးမနိုင်လို့ လက်လျှော့ထားရတဲ့အထိပဲ တစ် နေ့...သူ့ဘဝထဲကိုလူတစ်ယောက်ဝင်လာခဲ့တယ် အဲ့ဒီလူကြောင့်သူ့ဘဝကြီးပြောင်း လဲသွားခဲ့တယ် ကောင်းသော ပြောင်းလဲခြင်းတော့မဟုတ်ဘူးပေါ့ အဲ့ဒီလူကြောင့်တစ်ရွာလုံးက သူ့ကို မုန်းခဲ့တယ်"


" ဘာကြောင့်လဲ"

" ဘာကြောင့်လဲဆိုတော့ သူ့ဘဝထဲကို ဝင်လာတဲ့သူက လူတွေကိုဒုက္ခပေးနေတဲ့ လူ ဆိုးတစ်ယောက်ဖြစ်နေလို့ပေါ့ ပြီးတော့ဒေါင်းဝေအတွက်လဲ အဲ့ဒီလူက လူဆိုးတစ်ယောက်ဖြစ်ခဲ့တယ် ဒေါင်းဝေရဲ့အေး ချမ်းနေတဲ့ဘဝကို သူဖျက်ဆီးခဲ့တာ သူ့ကြောင့်ပဲ ဒေါင်းဝေသေခဲ့ရတာ"
                     ..............................................

" ကိုစောလူ ခဏနေဦး"

စောလူကားပေါ်တက်မည်ပြုစဥ် ထင်သာရဲ့စကားကြောင့် ကားဘေးနားမှာ တင်ရပ် နေလိုက်သည်။

" ဒေါင်းဝေ နောင်တရခဲ့လား အဲ့ဒီလူနဲ့ပတ်သတ်ခဲ့မိတဲ့အတွက်"

" ဟင်အင်း...သူနောင်တရမယ်လို့မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြလို့လေ သူတို့ရဲ့နောက်ဆုံးအချိန်ထိတောင် တစ်ယောက် အတွက်တစ်ယောက် ရှိနေပေးခဲ့ကြတာ"

" အဲ့ဒီလူက ဒေါင်းဝေကို တကယ်ချစ်တယ် ဆိုတာသေချာရဲ့လား"

စောလူ ထင်သာအနားလျှောက်လာရင်း

"သူ ဒေါင်းဝေကိုဘယ်လောက်ထိ ချစ်လဲတော့ ကိုယ်မသိဘူး ကိုယ်ကတော့ ထင်သာကို တကယ်ချစ်တယ် ဒေါင်းဝေ သူ့ကိုဘယ်လောက်ချစ်လဲဆိုလဲဆိုတာလဲ ကိုယ်မသိချင်ဘူး အခုချိန်မှာ ထင်သာ့ ဆီက အချစ်ကိုပဲ ကိုယ်မျှော်လင့်တယ်"

စောလူ ထင်သာအနားသို့ ရောက်လာခဲ့သည်။

" ဒါပေမယ့်... ကိုယ်မျှော်လင့်နေတဲ့ အရာက ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး"

" ဘာဖြစ်လို့လဲ"

" မင်းကဒေါင်းဝေမဟုတ်လို့လေ ဓားပြဗိုလ် စောလူက ဒေါင်းဝေရဲ့အချစ်ကိုရခဲ့ပေမယ့် ကိုယ်ကတော့...ထင်သာရဲ့ အချစ်ကို ရဖို့မဖြစ်နိုင်ဘူး"

" ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီတဲ့အချက်တွေရှိပါတယ် လူတစ်ယောက်ကြောင့် သူတို့ဘဝတွေ ပြောင်းလဲသွားခဲ့တယ် ပြီးတော့...သူတို့နှလုံးသားရဲ့စစ်မှန်တဲ့ လိုအင်ဆန္ဒကိုလဲ သူတို့ရှာတွေ့သွားခဲ့တယ် ပြီးတော့...ကိုစောလူ ထင်တာမှားတယ် ကျွန်တော်က ဒေါင်းဝေမဟုတ်ပေမယ့် နှလုံးသားချင်းတော့ အတူတူပါပဲ"

" ဒါဆို ထင်သာကလဲ စောလူကို ချစ်တယ်ပေါ့"

" ဟင်အင်း သူက ဓားပြဗိုလ်စောလူကိုတော့မချစ်ဘူး ဒီဘဝက ကိုစောလူကိုပဲချစ်တာ"

စောလူ ထင်သာအားဖက်ထားလိုက်သည်။ ပြီးတော့ ဆံစတွေအား နမ်းရှိုက်လိုက်ရင်း

" စိတ်ချပါ အရင်ဘဝက စောလူက ဒေါင်းဝေကို ဒုက္ခတွေပေးခဲ့ပေမယ့် ကိုယ်က တော့ မင်းကို ဘယ်လိုဒုက္ခမျိုးနဲ့မှ မကြုံစေရဘူး မင်းသာခွင့်ပြုမယ်ဆိုရင် ကိုယ့်တစ်ဘဝလုံး မင်းကိုစောင့်ရှောက်သွားမယ်"

" မျှော်လင့်ရတာပါပဲ"

" ကိုယ်အလုပ်နဲ့ သက်သေပြမှာပါ"

သူတို့နှစ်ယောက် တော်တော်မှောင်မှပဲအိမ်သို့ပြန်ခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ ထင်သာရဲ့မိဘနှစ်ပါးနဲ့ ဦးထင်အောင်က ညစာစားနေကြပြီ။
သူတို့နှစ်ယောက်လဲ တစ်ခါတည်း ဝင်စားလိုက်ကြသည်။

နှစ်ယောက်သား ဘယ်သွားလဲဘာလုပ်လဲဆိုပြီးတော့ မေးခွန်းတော့မထုတ်ကြဘူး။

အခု စောလူနဲ့ထင်သာက ချစ်သူတွေဖြစ်သွားကြပြီ။ ဒါကိုတော့ မိဘတွေကို ဖွင့်ပြောဖို့ အဆင်မပြေသေးဘူးလေ။

တစ်သက်လုံးအတွက် ရည်ရွယ်ထားတာကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်တော့ ပြောဖြစ်မှာပါ။ အဲ့ဒီအချိန် ရောက်ခဲ့လို့ မိဘတွေဘက်က လက်မခံခဲ့ရင်တောင်မှ သူတို့ နှစ်ယောက်အတွက် ပြဿနာမရှိပါဘူး။

ဒီညတော့ ထင်သာရဲ့အခန်းထဲမှာပဲ သူတို့နှစ်ယောက် အိပ်လိုက်ကြတယ်။

ဦးလူမော် ဒီမှာဘယ်နှစ်ရက်ကြာမည်မသိပါ။ အကယ်၍ ဦးလူမော်ရွာပြန်သွားရင်လည်း စောလူကတော့ ဘားအံမှာပဲ နေခဲ့မယ်။ အဲ့လိုမှမဟုတ်ရင်လဲ ထင်သာကို ရွာ ပြန်ခေါ်သွားမယ်။

••••••••••••••••••••••••••••••••••••••••••
နောက်တစ်နေ့ မနက်စောစော

စောလူနဲ့ထင်သာနှစ်ယောက်သား ဇွဲကပင် တောင်ပေါ်သို့တက်ခဲ့ကြသည်။ တောင်ပေါ် ရောက်တော့

" အစ်ကို ဟိုနားမှာ သွားရပ်လိုက် ကျွန် တော် ဓာတ်ပုံရိုက်ပေးမယ်"

" ဟာ...အစ်ကို ဓာတ်ပုံမရိုက်ချင်ပါဘူး"

" မရိုက်ချင်လို့မရဘူး အစ်ကို့ပုံကို wallpaper ထားမလို့ သွား...ဟိုနားမှာသွားရပ်"

စောလူ နေရာမှထွက်သွားပြီး မှန်လှေကားပေါ်မှာ တောင့်တောင့်ကြီး ရပ်နေလိုက်သည်။

" ဟား.....ဘယ်လိုကြီးရပ်နေတာလဲ လိုင် စင်ပုံ ရိုက်မှာမဟုတ်ဘူး"

" ဒါဆိုဘယ်လိုနေရမှာလဲ ကိုယ်မှမနေ တက်တာ"

" ဒါဆိုလဲ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး ဘေးတစောင်းရပ်လိုက်"

ထင်သာ ပြောတဲ့အတိုင်း ဘောင်းဘီအိတ် ကပ်ထဲလက်ထည့်ကာဟိုဘက်လှည့်လိုက်သည်။

" ဒီတောသားတစ်ယောက်နဲ့တော့ ခက်တာပဲ အဲ့လောက်ကြီးမလှည့်သွားနဲ့လေ မျက်နာကလဲ ဒီဘက်ကိုကြည့်လေ"

စောလူ ခေါင်းကိုတဗြင်းဗြင်းနဲ့ကုတ်လိုက်ပြီး ထင်သာပြောတဲ့အတိုင်းနေလိုက်တော့ သည်။

" အိုကေ"

ထင်သာ သုံးပုံလောက် ဆင့်ရိုက်လိုက်သည်။

" ပြန်လာလို့ရပြီလား"

" ရပြီ"

စောလူ ထင်သာ အနားသို့ ပြန်လျှောက်လာပြီး

" ဘယ်မှာလဲ ကိုယ့်ကိုပြကြည့်"

ထင်သာဖုန်းကိုသူ့လက်ထဲထည့်ပေးလိုက်သည်။

" ငါ တော်တော် ချောတာပဲ"

" အပြင်မှာက ပိုချောတယ်"

" ဟုတ်လား"

" ဟုတ်တယ်"

စောလူ ဖုန်းကို ထင်သာလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

" ဒီက ပြန်ရင် ကျွန်တော် အစ်ကို့ကို ဖုန်းတစ်လုံးဝယ်ပေးမယ်"

" ဟာ...ကိုယ့်အတွက် ဖုန်းမလိုပါဘူးကွာ"

" လိုတယ်...အစ်ကို ရွာပြန်သွားရင် ကျွန် တော်နဲ့ ဆက်သွယ်ရအောင်လို့"

" ကိုယ်ရွာပြန်ရင် မင်းကိုပါ တစ်ခါတည်းခေါ်သွားမှာ"

" ကျွန်တော်လဲ လိုက်ခဲ့မှာပါ ဒါပေမယ့်အ လည်အဖြစ်နဲ့ပဲ ရွာဘက်မှာအခြေချဖို့ဆိုတာမဖြစ်နိုင်ဘူး"

" ဒါဆိုလဲ ကိုယ်က မင်းနဲ့အတူတူလာနေမှာပေါ့"

" အစ်ကို ကျွန်တော်နဲ့ တစ်သက်လုံးနေနိုင်လို့လား"

" နေနိုင်တာပေါ့ကွာ...မင်းမရှိတဲ့နေရာမှာပဲကိုယ်မနေနိုင်တာ"

" ဟုတ်ပါပြီဗျ အခုကျွန်တော်တို့ ပြန်ဆင်းကြရအောင်"

" အင်း..."

" ကိုထင်သာ"

အနောက်ဘက်မှ ခေါ်သံကြောင့် ထင်သာလှည့်ကြည့်လိုက်တော့


" ဟန်ထူး.."

ဟုတ်ပါတယ်။ ဟန်ထူးပါ။ ပြီးတော့ သူ့ရဲ့ဘေးနားမှာ ကိုမင်းညိုတို့သားအဖလဲရှိနေတယ်။

" ကိုထင်သာ ဘုရားလာတာလား"

" ဟုတ်တယ် မင်းတို့ရော ပြန်အဆင်ပြေသွားပြီပေါ့"

" အင်း...ကျွန်တော်တို့ ဒီအပတ်ထဲမှာပဲနိုင်ငံခြားကို အပြီးသွားတော့မှာ"

" ဟုတ်လား..."

သူတို့နှစ်ယောက်ရဲ့အကြောင်းကို ကိုမင်းညိုရဲ့မိဘတွေ သိသွားတာဖြစ်မယ်။

နွယ်နှင်း သူတို့နှစ်ယောက်ရဲ့အကြောင်းတွေကို ဖွလိုက်တာ ထင်သာတွေ့ပါတယ်။
ဟုတ်ပါတယ်။ နိုင်ငံခြားကို အပြီးတိုင်သွားလိုက်တာက ကိုမင်းညိုအတွက် အ ဆင်ပြေဆုံး ဖြစ်လိမ့်မယ်။

" သူငယ်ချင်းလား"

ဟန်ထူးရဲ့မေးခွန်းကြောင့် ထင်သာအဖြေရခက်နေသည်။ သူငယ်ချင်းဆိုပြီး ပြောလိုက်လို့ ဘေးက ချစ်သူစိတ်ကောက်သွားမှာလဲစိုးရတယ်။

မင်းညိုကိုကြည့်လိုက်တော့ သူကလဲထင်သာကိုပြုံးပြနေသည်။

မင်းညို နားလည်လောက်မယ် ထင်ပါတယ်။ သူကိုယ်တိုင်ကလဲ ယောင်္ကျားတစ်ယောက်ကို ချစ်မိခဲ့တာ မဟုတ်လား။

" ဒါက အစ်ကို့ချစ်သူပါ သူ့နာမည်က စောလူတဲ့"

" သူ ဘယ်သူလဲ ကျွန်တော်သိတာပေါ့ ဒီအစ်ကိုက ရွာဘက်မှာ နာမည်ကြီးပဲလေ"

ထင်သာပြုံးပြီး စောလူအား ကြည့်လိုက်သည်။ စောလူကတော့ ရယ်ခြင်းပြုံးခြင်းမရှိ။ ပုံမှန်အတိုင်းပဲ။

ဒါကလဲသူ့ရဲ့ပင်ကိုယ်စရိုက်ပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့အပြုံးတွေက ထင်သာတစ် ယောက်တည်းအတွက်ပဲ။

လူမှုဆက်ဆံရေးခေါင်းပါးတာ မှန်ပေမယ့် ဒါကို ထင်သာသဘောကျတယ်။

မင်းညိုကတော့ ထင်သာကို ဘာမှမပြောညီမဖြစ်သူနဲ့ ထင်သာရဲ့အကြာင်းကိုလဲသူအားလုံးသိပြီးပါပြီ။

ညီမ ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဘာတတ်နိုင်မှာလဲ။

အချစ်အကြောင်းကို သူကိုယ်တိုင်လဲကောင်းကောင်းကြီးနားလည်နေပြီလေ။

သူတို့ နှုတ်ဆက်လမ်းခွဲခဲ့ကြပြီး ထင်သာနဲ့ စောလူကတော့ တောင်အောက်သို့ပြန်ဆင်းလာခဲ့ကြသည်။

တောင်အောက်ဆင်းတဲ့လမ်းမှာပဲ ဟန်ထူးနဲ့မင်းညိုအကြောင်းကို စောလူအားပြောပြဖြစ်တယ်။

တောမှာနေပြီးဖုန်းမသုံးတဲ့ကိုစောလူအား LGBT အကြောင်းကို အကျယ်တဝင့်ရှင်းပြလိုက်တယ်။

••••••••••••••••••••••••••••••••••••••••••

" မနက်ဖြန် အဖေရွာပြန်တော့မယ်"

ထမင်းစားဝိုင်းမှာ ဦးလူမော်ပြောလိုက်တဲ့စကားကြောင့် စောလူတစ်ယောက် သိသိသာသာကို မျက်နာပျက်သွားရသည်။

အဖေ ဖြစ်သူ ဒီလိုပြောလာမှာကို သူကြောက် နေခဲ့တာ။

" အဲ့လောက်ထိလဲ မျက်နာမပျက်သွာပါနဲ့ကွာ...ငါမင်းကို ပြန်မခေါ်သွားပါဘူး"

" ဒါဆို အဖေတစ်ယောက်တည်း ပြန်မှာလား"

" တစ်ယောက်တည်း ပြန်ရမှာပေါ့ကွာ မင်းကမှ မင်းကောင်နဲ့ မခွဲနိုင်တာ မင်းတို့နှစ်ယောက်လက်ထပ်မယ့်အချိန်ကျရင်တော့ငါပြန်လာခဲ့မယ်"

ဦးလူမော်ရဲ့စကားကြောင့် စောလူ ထင်သာရဲ့မျက်နာအားကြည့်လိုက်သည်။ ထင်သာကတော့ မကြားသလိုပဲ။

ထမင်းကိုသာ ဆက်စားနေ၏။ ထင်သာရဲ့မိဘတွေကို့ကြည့်လိုက်တော့၊သူတို့ကပြုံးနေကြသည်။

" အဖေ ဘာတွေပြောနေတာလဲ"

" ငါဘာပြောလဲ မင်းသိပါတယ်"

ဦးထင်အောင်က

" ထင်သာပြောပြလို့ ဦးတို့အားလုံးသိပြီးပြီ"

" ဗျာ..."

ထင်သာက စောလူရဲ့ ပေါင်ပေါ်တင်ထားတဲ့ လက်တွေကိုဘယ်သူမှမမြင်နိုင်အောင်ဆုပ်ကိုင်လိုက်ပြီး

" ညနေက ကျွန်တော်အားလုံးကို ပြောပြလိုက်တာ"

ထင်သာ ဖုံးကွယ်မထားချင်တော့ဘူး စောလူကို သူ့ဘဝတစ်ခုလုံးအတွက် ရည်ရွယ်ထားတာကြောင့် သူမိဘတွေကိုလဲ ဖွင့်ပြောလိုက်ဖို့ ဝန်မလေးဘူး။

ကံကောင်းတာက သူ့ရဲ့မိဘနှစ်ပါး တင်မ က ဦးလူမော်ကပါ သူတို့နှစ်ယောက်ကိုနားလည်လက်ခံပေးတယ်။

" အစ်ကို့ကို အရင်မတိုင်ပင်မိတာ ကျွန် တော် တောင်းပန်ပါတယ်"

" တောင်းပန်ဖို့မလိုပါဘူး ကိုယ်က တောင်မင်းကို ကျေးဇူးတင်ရဦးမှာ ပြီးတော့ကျွန် တော့်ကို လက်ခံပေးတဲ့အတွက်ဦးနဲ့အဒေါ်ကိုလဲကျေးဇူးတင်ပါတယ်"

" ငါ့ကိုရော ကျေးဇူးမတင်ဘူးလား"

" ကျွန်တော် အဖေ့ကိုလဲ ကျေးဇူးတင်ပါတယ်"

ထမင်းစားပြီးတော့ ဧည့်ခန်းထဲမှာပဲ ငါးယောက်သား အချိန်အတော်ကြာ စကားတွေပြောဖြစ်ခဲ့ကြတယ်။

ထင်သာရဲ့ဘဝမှာ ဘယ်တုန်းကမှဒီလောက် မပျော်ရွှင်ခဲ့ဖူးဘူး။

" မင်းကိုတစ်ခုလောက်မေးပါရစေ ဦးထင်အောင် ဟိုနတ်ဆရာမပြောတဲ့ စကားတွေကို မင်းအခုထိ ယုံနေတုန်းပဲလား"

" ဒါက မင်းမမေးသင့်တဲ့မေးခွန်းပဲ ငါသာအဲ့ဒီစကားတွေကိုယုံနေသေးရင် မင်းသားကို ငါအခုလိုလက်ခံပါ့မလားကွ ပြီးတော့အခုနောက်ပိုင်း ငါသိလိုက်ရတာက လူဆိုတာ အကြောင်းအမျိုးမျိုးနဲ့ တစ်နေ့သေကြရတာပဲလေ ဒါပေမယ့် မသေခင်အချိန်တွင်းမှာ ကိုယ်ချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်သွားဖို့က ပိုအရေးကြီးတယ်မဟုတ်လား"


" ဒါပေါ့...အချစ်ရှိတဲ့ လူတစ်ယောက်ကကမ္ဘာပေါ်မှာ အပျော်အရွှင်ဆုံးပဲလေ"

" ဒါပေမယ့် အဲ့ဒီအချစ်ကြောင့်ပဲ တစ်ချို့က နာကျင်ကြရတယ်"

" ဒါပေမယ့် အဲ့ဒီအတွက်သူတို့ နောင်တရကြမယ်မထင်ဘူး"

" ဒါပေါ့...အဲ့ဒီအချစ်အတွက် ဘယ်တော့မှနောင်တရမှာ မဟုတ်ဘူး "

ပြီးပါပြီ

Note: ထုံးစံအတိုင်း ကျွန်တော့် စာတွေ မတင်ဖြစ်သေးခင် စာဖတ်သူသူငယ်ချင်းတွေ မပျင်းရအောင် အခြားသော စာရေးသူတွေရေးတဲ့စာကို ကူးတင်ပေးတာပါ။ 

Saturday, June 15, 2024

ဒေါင်းဝေ (Season - 2)


အပိုင်း - ၁

ရေးသားသူ - Shine (ရှိုင်း)
..............................................

မနေ့ညက ကျွန်တော် လူတစ်ယောက်ကိုအိပ်မက်မက်တယ်။ သူ့မျက်နာကိုတော့သဲသဲကွဲကွဲမမြင်ရပါ။

ညစဥ်ညတိုင်း အဲ့ဒီလူကို အိပ်မက်ထဲမှာအမြဲလိုလိုတွေ့ရတယ်။ အိပ်မက်တိုင်းကထပ်တူမကျပေမယ့် ကျွန်တော့် အိပ်မက်တွေထဲကို ဝင်လာတဲ့သူကတော့ တစ် ယောက်တည်းဆိုတာသေချာတယ်။

မျက်နာမမြင်ရပေမယ့်လဲ သူပဲဆိုတာသိတယ်။ တစ်ခါတစ်လေမှာ ဒါကိုအိပ်မက်တစ်ခုလိုပဲ သဘောထားလိုက်လို့ရပေမယ့် တစ်ခါတစ်လေကျတော့လဲ ထိုလူအကြောင်းကို နက်နက်နဲနဲတွေးမိပြန်တယ်။

ဘာကြောင့်ကျွန်တော့်အိပ်မက်တွေထဲကိုအမြဲလိုလိုဝင်လာရတာလဲ သူဟာ အပြင်မှာရောတကယ်ရှိရဲ့လား ကျွန်တော့်ကပဲအိပ်မက်တစ်ခုကိုစိတ်စွဲပြီး အဲ့ဒီအိပ်မက်ထဲကလူကို ထပ်တလဲလဲပြန်မြင်နေမိတာလား။

•••••••••••••••••••••••••••••••••••••••

ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့ မွေ့ရာပေါ်မှာတင်ထားတဲ့ဖုန်း screen လင်းနေတာကိုတွေ့လိုက်ရသည်။
မက်ဆေ့ဂျ် ပို့လာတာပဲ။

" ကို ၉နာရီကျ  ကြောင့်ကမ်လာဘ် သွားမလို့ ကို လိုက်ခဲ့ပေးနော်" တဲ့

ကျွန်တော် "လိုက်မယ်" လို့ပြန်ရေးပို့လိုက်တယ်။

​သြော်...ပြောရဦးမယ်။

ကျွန်တော်က ဘားအံသားတစ်ယောက်ပါ။ ဒါပေမယ့် ဘားအံသားစစ်စစ်တော့မဟုတ်ဘူးပေါ့လေ။ ကျွန်တော့် ဇာတိက တောင်ငူအရှေ့ဘက်ရွာတစ်ရွာက။

ကျွန်တော်ဆယ်နှစ်သားလောက်က ဖြစ်မယ်ထင်တယ် ကျွန်တော်တို့ တစ်မိသားစုလုံး ဘားအံဘက်ကိုပြောင်းလာတာ ဘယ် လိုအကြောင်းကြောင့်ရယ်တော့မသိပါ။

ဖုန်းက နာရီကိုကြည့်လိုက်တော့ ၈ နာရီ ၁၄ မိနစ်ရှိပြီ။

ကျွန်တော် ဘုရားသွားလို့ အဆင်ပြေမယ့်အဝတ်အစားအားရွေးဝတ်လိုက်သည်။
ပုဆိုးက ဝတ်လေ့ဝတ်ထမရှိတော့ဘောင်း ဘီပဲဝတ်သွားလိုက်တယ်။

ကာကီရောင်ဘောင်းဘီရှည်နှင့် ကော်လံရှပ်အဖြူရောင်နဲ့ ကျွန်တော့်ပုံစံက သူမမျက်စိထဲမှာ ကြည့်ကောင်းမယ်လို့တော့ထင်တယ်။

ကျွန်တော် သူမအိမ်ရှေ့မှာ ကားကိုရပ်လိုက်သည်နှင့် ခြံတံခါးဖွင့်ကာထွက်လာတဲ့သူမ၊ သူမကတော့ မြန်မာဆန်ဆန်လေးပဲဝတ်ထားတာပါ။

သူမ ကားထဲဝင်ထိုင်လိုက်ပြီး

" ကို အိမ်ထဲ မဝင်တော့ဘူး မဟုတ်လား"

" ဟင်အင်း မဝင်တော့ဘူးလေ တော်ကြာနှင်း ဘုရားသွားတာ နောက်ကျနေမယ်"

သူမကပြုံးနေသည်။
ကျွန်တော်ကားကိုမောင်းထွက်ခဲ့လိုက်သည်။

သူမနဲ့ ကျွန်တော်ချစ်သူဖြစ်တာ သုံးနှစ်ကျော်ပြီ။ တက္ကသိုလ်နောက်ဆုံးနှစ်မှာချစ် သူတွေဖြစ်ခဲ့ကြတာ။

အခုဆိုကျောင်းပြီးလို့ အလုပ်ကိုယ်စီနဲ့ဖြစ်နေကြပြီ။ လူကြီးတွေကလဲကျွန်တော်တို့အကြောင်းကိုသိထားပြီးသားပါ။

မိဘချင်းကလဲရင်းနှီးနေတော့ ကျွန်တော်တို့နှစ်ယောက်ကို သဘောတူကြတယ် ပြီးတော့...သူတို့ကကျွန်တော်တို့ နှစ်ယောက်ကိုလက်ထပ်စေချင်တယ်။

သူမကလဲကျွန်တော်နဲ့အမြန်ဆုံးလက်ထပ်ချင်ပြီတဲ့လေ။

ကျွန်တော်ကတော့.....

" ရတယ် ရတယ်နှင်း ကိုယ်ပေးလိုက်မယ်"

သူမက ပိုက်ဆံအိတ်ကို ဖွင့်မည်ပြုစဥ်ကျွန်တော်တားလိုက်ပြီး ကျွန်တော့်အိတ်ထဲကပဲ တစ်ထောင်တန်တစ်ရွက်အား ထုတ်ကာ ကောင်လေးတစ်ယောက်အားကားရပ်နားရာအတွက် အခွန်ဆောင်ငွေပေးလိုက်သည်။

နှစ်ယောက်သား ကားပေါ်ကဆင်းပြီးကြောင့်ကမ်လာဘ်စေတီရှိရာဘက်သို့ဦးတည်လျှောက်လာခဲ့ကြသည်။

လမ်းလျှောက်နေရင်းနှင့်ပင်

" ကို..."

" ဟင်"

" နှင်းတို့ ဘယ်တော့လက်ထပ်ကြမှာလဲ"

ရုတ်တရက်ကြီးမေးလာတဲ့ သူမမေးခွန်းကြောင့် ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားရသည်။

" ဘာဖြစ်လို့လဲနှင်းရဲ့ကိုတို့အခုလိုနေနေတာ အဆင်ပြေနေတာပဲ မဟုတ်လား"

" ဘာလို့လဲ ကိုက နှင်းနဲ့ လက်မထပ်ချင်တာလား လက်ထပ်ဖို့ကိစ္စပြောလိုက်တိုင်းကို့ဘက်က အဲ့လိုချည်းပဲ ကိုနှင်းနဲ့လက်မထပ်ချင်ဘူးဆိုလဲ ရှင်းရှင်းပြောနော်"

" အဲ့လိုမဟုတ်ပါဘူးကွာ၊ကိုက..."

" တော်ပြီ တော်ပြီ အဲ့ကိစ္စမပြောတော့ဘူး"

ပြောပြီး သူမရှေ့ကနေ ခပ်မြန်မြန်လေးလျှောက်သွားသည်။ စိတ်ဆိုးသွားပြန်ပြီ။

ဘုရားက ပြန်လာတဲ့အထိ သူမကျွန်တော့်ကိုစကားမပြောဘူး။ သူမမျက်နာက စူပုတ်နေတာပဲ။

ကျွန်တော် ကမ်းနားလမ်းတစ်နေရာတွင်ကားကိုရပ်လိုက်သည်။

" ကဲ... နှင်း ကို့ကိုဘယ်တော့မှစကားပြောမှာလဲ"

သူမဘာမှပြန်မပြောပဲ ကားမှန်ဘက်ကိုသာမျက်နာလှည့်ထားသည်။

" ကို... ဒီလကုန်ရင် လက်ထပ်ဖို့စီစဥ်လိုက်မယ် ဟုတ်ပြီလား"

သူမ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာသည် မျက်နာကလဲ အနည်းငယ်ရွှင်ပျနေ ၏။

" မနောက်နဲ့နော်"

" ဟောဗျာ... ကိုဘယ်တုန်းက အဲ့လိုမျိုးစနောက်ဖူးလို့တုန်း ပြီးတော့...ဒီကိစ္စကနောက်စရာကိစ္စမှမဟုတ်တာ ကိုတကယ်ပြောနေတာ ဒါပေမယ့်...ဒီတစ်လတော့စောင့်ပေးဦး ကို့မှာမပြတ်သေးတဲ့အလုပ် ကိစ္စတွေရှိသေးတယ် ဒီတစ်လပြီးရင်တော့ ကို့ရဲ့အချိန်တွေအားလုံးက နှင်းအတွက်ပဲ"

•••••••••••••••••••••••••••••••••••••••••

ဟူး..........

ကျွန်တော်အိပ်ယာပေါ် ပစ်လှဲချလိုက်ပြီးလေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။နောက်လ အနည်းငယ်ဆိုရင် ကျွန်တော်အိမ်ထောင်သည်ဘဝကို ရောက်တော့မှာပေါ့။

ဒါကပျော်ရွှင်စရာကိစ္စပဲမဟုတ်လား။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရမှာပဲလေ။ ဒါကို ကျွန်တော်က ဘာလို့ မပျော်ရွှင်နိုင်ဖြစ်နေရတာလဲ အမှန်တိုင်းပြောရရင်

ကျွန်တော် လက်မထပ်ချင်သေးဘူး။

ဟုတ်တယ်ကျွန်တော်လွတ်လွတ်လပ်လပ် ပဲနေချင်သေးတယ်။ အောင်မြင်တဲ့ အခြေ အနေတစ်ခုထိ ရောက်အောင်ကြိုးစားချင်သေးတယ်။

ဟူး....စိတ်မောတယ်ဗျာ....

ကျွန်တော်မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး စိတ်ထဲမှာဘာမှမတွေးတော့ပဲ ခဏနေလိုက်တယ်။

ထိုခဏမှာပဲ ဘယ်လိုကြောင့် အိပ်ပျော်သွားမှန်းမသိ။ လောကကြီးတစ်ခုလုံးကိုမေ့မျောသွားပြီး ကမ္ဘာသစ်တစ်ခုဆီသို့ရောက်ရှိသွားသည်။

ရေကန်လို့ထင်ရတဲ့ နေရာတစ်ခု ထိုဘေးပတ်ပတ်လည်မှာ အရောင်အသွေးစုံတဲ့ပန်းပင်တွေရှိနေတယ်။

ကျွန်တော်ထိုရေကန်ရဲ့ဘေးမှာရပ်နေမိတယ်။ ထိုစဥ် ကျွန်တော့်ဆီသို့ လူတစ်ယောက်လျှောက်လာနေတာကို သတိထားမိလိုက်တယ်။

ကျွန်တော်လှည့်ကြည့်လိုက်တော့ တခြားသူမဟုတ် ကျွန်တော့်အိပ်မက်တွေထဲကိုအမြဲလိုလို ဝင်လာတက်တဲ့လူပဲပေါ့။

သူ့မျက်နာကိုတော့ ခါတိုင်းလိုပဲသဲသဲကွဲ ကွဲမမြင်ရဘူး။

" မင်းငါ့ဆီကိုဘယ်တော့ ပြန်လာမှာလဲ"

" ဗျာ..."

" မင်းဘယ်တော့မှ ဒီနေရာကို ပြန်လာမှာလဲ ငါမင်းကိုစောင့်နေတယ်ဆိုတာ မင်းမသိဘူးလား"

ထိုလူရဲ့အသံကမာလာပြီး ကြောက်စရာကောင်းလာသည်။ သူကျွန်တော့် လက် မောင်းနှစ်ဖက်ကိုကိုင်လိုက်ပြီး

" ငါမင်းကိုစောင့်နေတာဘယ်လောက်ကြာနေပြီလဲသိလား ဟမ်...ငါမင်းကိုစောင့်နေတာဘယ်လောက်ကြာပြီလဲ ငါမင်းကိုစောင့်နေတယ်! ငါမင်းကို စောင့်နေတယ်!"

" အား.........ဟာ.....ဟာ....."

ကျွန်တော့် တစ်ကိုယ်လုံးချွေးတွေ စိုရွှဲနေပြီး လူလဲမောဟိုက်နေသည်။

နေ့ခင်းကြောင်တောင်ကြီးဘာလို့ အိပ် မက် မက်နေရတာလဲ။ ညရောက်တဲ့အထိတောင်မစောင့်နိုင်တော့ဘူးလား။

သူ့ပုံစံကခါတိုင်းနဲ့မတူပဲ ဒေါသထွက်နေပုံရတယ်။ ပြီးတော့...သူဘာတွေပြောသွားတာလဲ။

ကျွန်တော် ချွေးတွေစိုနေတဲ့ အင်္ကျီအားချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ ကျွန်တော်ရေချိုးနေချိန်အတွင်းမှာလဲ အိပ်မက်ထဲက လူရဲ့အ ကြောင်းကိုပဲတွေးနေမိတယ်။

ဒီလူ့စိတ်နဲ့ ကျွန်တော်ရူးတော့မယ်။

••••••••••••••••••••••••••••••••••••••••••

ဖုန်းချလိုက်သည်နှင့် အဖေ့ပုံစံကယောက် ယက်ခတ်နေတာ။ မျက်နာကလဲသိသိသာ သာကိုပျက်နေသည်။

" ဘာဖြစ်တာလဲကိုအောင်"

" အဖေဆုံးသွားပြီတဲ့ အဲ့ဒါအခုညတွင်း ချင်းပဲရွာကိုပြန်မယ် ကဲ...အဝတ်အစားတွေ ထည့်စရာရှိတာထည့်တော့ သား...
မင်းလဲလိုက်ခဲ့ရမယ် သွား...အထုတ်အပိုးတွေသွားပြင်ချေ"

" ဟုတ်ကဲ့ အဖေ"

" ကိုအောင် သားကိုရွာပြန်ခေါ်သွားလို့ဖြစ်ပါ့မလား"

" ဘာမှမဖြစ်ပါဘူးကွာ အချိန်တွေလဲ ကြာပြီပဲ"

ကျွန်တော်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ထူးတော့ထူးဆန်းတယ် ကျွန်တော်ဆယ်နှစ်သားအရွယ်က ဘားအံကိုပြောင်းလာတာ။ အခုချိန်ထိ ကျွန်တော့်ဇာတိမြေကို တစ်ခါမှမပြန်ရဘူး။ အဖေနဲ့အမေရွာပြန်ရင်တောင်မှ ကျွန်တော်ကတော့ ဘားအံမှာပဲနေခဲ့ရတာ။

ကျွန်တော်ကလဲ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးအမေ့ကို တစ်ခါမှ မေးခွန်းမထုတ်ခဲ့ဘူး။

ကျွန်တော် သင့်တော်မယ့် အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပြီး အိမ်အောက်သို့ ဆင်းခဲ့လိုက်သည်။

အမေတို့က အဆင်သင့်ဖြစ်နေပြီ။

" သမီး နွယ်နှင်းကိုရော ပြောပြီးပြီလားသား"

"​ ပြောပြီးပြီအမေ အစောက ဖုန်းဆက်ပြီးပြောလိုက်တယ်"

ကျွန်တော်ရွာဘက်သွားမယ်ဆိုတော့ နှင်းကလိုက်ချင်နေတာ။ ဒီမှာလဲအလျင်လိုနေတာကြောင့် သူ့ကိုနောက်မှလိုက်ခဲ့ဖို့​၊မနည်း​ဖျောင်းဖျရတယ်။

••••••••••••••••••••••••••••••••••••••••••••

ကားကိုတော့ အဖေပဲမောင်းတယ်။ ကျွန် တော်တို့ရွာပြန်ရောက်တော့ မနက်၆နာရီတော့ရှိပြီဖြစ်သည်။

" ဒါ အမေတို့ရွာပဲလေ သား"

အမေ့စကားကြောင့် ကျွန်တော်ရွာရဲ့မုဒ်ဝကိုတစ်ချက်ကြည့်လိုက်မိသည်။

"သစ်သုံးခွရွာ" ဟု ကျွန်တော်အသံထွက်ရွတ်လိုက်မိသည်။ ရွာနာမည်ကိုတော့ကျွန်တော်သိပြီးသားပါလေ။

ရွာထဲဝင်လာတော့ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာတွေနဲ့ရင်းနီးသလိုခံစားလိုက်ရတယ်
။ ဒါကလဲ ကျွန်တော်ငယ်ငယ်က ဒီရွာမှာနေခဲ့ဖူးတာကြောင့်ပဲဖြစ်မှာပါ။

တစ်နေရာ အရောက်မှာ အဖေက ခြံတစ်ခြံထဲသို့ ကားကို ချိုးကွေ့ဝင်လိုက်သည်။
ထိုခြံထဲမှာလဲ လူတွေက ရုတ်ရုတ်သဲသဲနဲ့ကိုဖြစ်နေကြသည်။

" ကိုထင်အောင်တို့ ရောက်လာကြပြီပဲ"


အိမ်ထဲမှ လူတစ်ယောက်အပြင်သို့ ထွက်လာသည်။

ထိုလူက အဖေ့ရဲ့ညီ ကျွန်တော့်ရဲ့ဦးလေးဦးမြင့်မောင်သာဖြစ်သည်။ ဦးလေးမြင့်မောင်ကိုတော့ကျွန်တော်သိပါတယ်။ သူဘားအံကို နှစ်ခါလာလည်ဖူးတယ်။

သူကလူပျိုကြီး အဘိုးကိုသူပဲ စောင့်ရှောက်နေရတာ။ အခုတော့...

" ငါ့တူကြီးလဲပါတာပဲ လာကွာ...အိမ်ထဲဝင်"

ကျွန်တော့်တို့ မိသားစုသုံးယောက်ဦးလေးမြင့်မောင် ခေါ်ရာနောက်သို့ လိုက်သွားကြသည်။

အိမ်ထဲတစ်နေရာအရောက်မှာတော့ လူအနည်းငယ်ဝိုင်းအုံနေတဲ့ အဘိုးရဲ့အလောင်းကိုတွေ့လိုက်ရသည်။

ထိုစဉ်

" ဟယ်...မစံပယ် ဒါ...မစံပယ်သား 'ဒေါင်းဝေ' လား"

" ရှင်ဘာတွေပြောနေတာလဲ ကျွန်မသားနာမည်က 'ထင်သာ' ပါ"

ထို မိန်းမခမျာ ကြောင်အမ်းအမ်းဖြစ်သွားပြီး

" ဟို...ဟို...ကျွန်မက ယောင်သွားလို့ပါ"

ပြီးတော့ အမေ့ကို မျက်စောင်း မသိမသာထိုးသွားပြီး တခြားဖက်သို့ မျက်နာလှည့်သွားသည်။

ဒေါင်းဝေ...၊

သူကဘယ်သူလဲ......။

..............................................

အဘိုးဖြစ်သူရဲ့အလောင်းကသုံးရက်ထားပြီးမှ သင်္ဂြိုဟ်မှာဖြစ်သည်။ ဒီနေ့ဆိုနှစ်ရက် ရှိပြီပေါ့။ ထင်သာတစ်ယောက် ကိစ္စတစ်ချို့ကို ဝိုင်းကူလုပ်ပေးရ၏။

" ကျွန်တော် ဘာကူလုပ်ပေးရဦးမလဲဗျ"

ထမင်း၊ဟင်းချက်နေတဲ့ အနားသွားကာလူကြီးတစ်ယောက်အား မေးလိုက်ခြင်းပါ။

" ဟိုနားကထင်းတွေသွားခွဲချည် ဒီမှာထင်းကုန်တော့မယ်"

ထိုလူကြီးလက်ညိုးထိုးပြရာ ကြည့်လိုက်တော့ လွှနဲ့ဖြတ်ထားတဲ့ ထင်းပုံတစ်ပုံထင် သာတစ်ယောက်ခေါင်းကိုကုတ်နေမိ သည်။

" အကိုကြီးကလဲဗျာ သူကဘယ်လိုလုပ်ပြီး ပေါက်ဆိန်ကိုင်တတ်မှာလဲဗျ"

ဘေးကလူ တစ်ယောက်ပြောလိုက်တော့မှထိုလူကြီးကထင်သာကိုကြည့်ကာ

" မင်းက ထင်အောင်ရဲ့သားလား"

" ဟုတ်ပါတယ်ဗျ ကျွန်တော့်နာမည်ထင်သာပါ"

" သြော်...ဒါဆို မင်းငါ့သားကြီးကို ရောမှတ်မိသေးရဲ့လား"

" ဗျာ..."

" ထင်သာ ဒီကိုခဏလာပါဦးကွာ "

အိမ်ရှေ့ဘက်မှ ဦးလေးမြင့်မောင်ခေါ်နေတာကြောင့် ထင်သာ အနားမှထွက်လာခဲ့လိုက်သည်။

ထိုလူကြီးကတော့ ထင်သာကိုသာမျက်စိ တစ်ဆုံးလိုက်ကြည့်နေ၏။

သူ့ရဲ့သားက ဘယ်သူလဲဆိုတာ ထင်သာမသိပါဘူး။ အခုဆိုထင်သာရဲ့အသက်ကနှစ်ဆယ့်ငါးနှစ်ရှိပြီ ဆိုတော့ သူရွာကထွက် လာတာ ဆယ့်ငါးနှစ်တောင်ရှိပြီ။
ဒါပေမယ့်လဲ အသက်ဆယ်နှစ်တုန်းကအ ကြောင်းတွေကို မှတ်မိတန်ကောင်းပါရဲ့။

" ဦးလေး ကျွန်တော့်ကို ခေါ်တာဘာခိုင်းစရာရှိလို့လဲ"

" ဦးခေါ်တာမဟုတ်ဘူး သားအမေခေါ်ခိုင်းတာ"

အမေဖြစ်သူဒေါ်စံပယ် အိမ်ထဲက ထွက်လာသည်။

" အမေရွာထဲ သွားမလို့ အဲ့ဒါ သားဦးလေး ဆိုင်ကယ်နဲ့ အမေ့ကို တစ်ချက်လိုက်ပို့ပေးဦး"

" ဟုတ်ကဲ့"

ဦးမြင့်မောင် လှမ်းပေးတဲ့ ဆိုင်ကယ်သော့အားယူလိုက်ပြီး သူညွှန်ပြတဲ့ဆိုင်ကယ်ရှိရာသွားလိုက်သည်။

" အမေက ဘယ်သွားမလို့လဲ"

" အမေ့အမျိုးတွေအိမ်လေ သားမျက်နာကိုလဲ ပြရင်းနဲ့ပေါ့"

ဒေါ်စံပယ် ဆိုင်ကယ်ပေါ်တက်ပြီးသည် နှင့် ထင်သာ ခြံအပြင်သို့ ဆိုင်ကယ်မောင်းထွက်လာလိုက်သည်။

" ညာဘက်ကို သား"

ထင်သာ ညာဘက်ကို ချိုးကွေ့လိုက်ပြီးလမ်းအတိုင်းမောင်းလာလိုက်သည်။ ရွာ က မဖွံ့ဖြိုးသေးတာကြောင့် ရွာလမ်းကမြေကြီးလမ်းသာဖြစ်သည်။ တစ်ချို့နေ ရာတွေဆို ဖုန်လူးနေတာကြောင့်ဆိုင်ကယ်မောင်းရတာအဆင်မပြေ။ နွေရာသီလဲဖြစ်တာကြောင့် ပိုဆိုးသည်။

တစ်နေရာအရောက်မှာ အမေဖြစ်သူရဲ့စကားကြောင့် ခြံတစ်ခြံထဲ ချိုးကွေ့ဝင်လိုက်သည်။

" ဟယ်...အစ်မစံပယ် လာ လာ အိမ်ပေါ်တက်ဦး"

​ခြေတံရှည် အိမ်မျိုးဖြစ်တာကြောင့်သား အမိနှစ်ယောက်စလုံး အိမ်ပေါ်သို့တက်သွားလိုက်သည်။

" ဒါက ဘယ်သူလဲ အစ်မ"

" ဟဲ့ ဒါ ငါ့သားလေ"

" ဟယ် ထင်သာလား ကြည့်ပါဦးဟယ်ထွားလာလိုက်တာဆိုတာ"

" သူရွာက ထွက်သွားတုန်းက ဆယ်နှစ်ပဲရှိသေးတာလေ"

" ဟုတ်တယ်နော်အစ်မ ဟိုကောင်လေးကြောင့်သာမဟုတ်ရင် ညီမတို့တူရီးတွေလဲ အခုလိုခွဲနေရမှာမဟုတ်ဘူး"

ဒေါ်စံပယ် သူမအား လက်သဲနဲ့တစ်ချက်ဆိတ်လိုက်သည်။ သူမလဲ ဒီတော့မှ အသံတိတ်သွားရ၏။ ဘယ်ကကောင်လေးလဲထင်သာ ရွာကထွက်သွားရတာ အဲ့ဒီကောင်လေးကြောင့်လား....

" ဘယ်သူ..."

ထင်သာမေးမည်ပြုလိုက်စဥ်မှာပဲ ခြံရှေ့မှလူတစ်စု ရုတ်ရုတ်သဲသဲဖြတ်သွားတာကြောင့် အသံတိတ်နေလိုက်ရသည်။

" ဟဲ့ ဘာဖြစ်ကြတာတုန်း"

" အရှေ့ပိုင်းက မိအေးလေ သရဲဝင်ပူးလို့တဲ့ ဆရာလဲရောက်နေတယ်ဆိုပဲ အဲ့ဒါကျုပ်တို့သွားကြည့်မလို့"

" ဟုတ်လား ငါလဲလိုက်... အယ်...အစ်မတို့ရှိနေတာပဲ မလိုက်တော့ဘူး မလိုက်တော့ဘူး"

​စပ်စုရတာသူမရဲ့ဝါသနာဖြစ်မယ်ထင်တယ်။

" သရဲဝင်ပူးတာ..."

" ဟုတ်တယ်လေငါ့တူရဲ့ ဒီရွာဘက်တွေမှာ အဲ့ဒီလိုမကြာခဏတွေ့နေရတာပဲ"

" ကျွန်တော်ကတော့ အဲ့လိုမျိုးတစ်ခါမှမတွေ့ဖူးဘူး"

" ငါ့တူသွားကြည့်မလား အဒေါ်လိုက်ပို့ပေးရမလား"

" တော်ပြီ ငါတို့အခုပဲပြန်တော့မှာ ထသား,သွားရအောင်"

" အစ်မကလဲ အခုပဲလာတယ် အခုပဲပြန်တော့မလို့လား"

" တခြားအိမ်တွေသွားစရာရှိသေးတယ်လေ နောက်မှပဲ အေးဆေးလာတော့မယ်"

" ဟုတ် ဟုတ်အစ်မ"

ထင်သာတို့ သားအမိထွက်လာတော့ သူမက ခြံအဝထိလိုက်ပို့ပေးသည်။ပြီးနောက်အမေ​ ညွှန်ပြရာလမ်းအတိုင်းမောင်းလာခဲ့လိုက်သည်။

••••••••••••••••••••••••••••••••••••

နေက ဦးခေါင်းပေါ်ရောက်နေပြီး မျက်နာမှာလဲ ချွေးသီးများစို့နေပြီ။

အမေ့အမျိုးတွေ အိမ်လဲစုံနေပြီ။ခြံတစ်ခြံထဲ မောင်းဝင်သွားလိုက်သည်။

ဒါနောက်ဆုံးဝင်ရမယ့် အိမ်လို့တော့ ပြောတာပဲ။ နောက်ဆုံးမဟုတ်လို့လဲမရတော့ဘူး။ အခုကရွာအပြင်တောင်ရောက်နေပြီ။ လူလဲ တကယ်ကို ငြီးငွေ့လာပြီ။

ဒေါ်စံပယ် သားဖြစ်သူနှင့် အမျိုးတွေကိုမိတ်ဆက်ပေးပြီး သူတို့ လူကြီးချင်း စ ကားပြောနေကြသည်။

" အမေ ကျွန်တော် ရွာပြင်ခဏလျှောက်ကြည့်လိုက်ဦးမယ်"

" အေး အေး သား အဝေးကြီးလျှောက်မသွားနဲ့နော်"

ထင်သာ ခေါင်းညိမ့်ပြပြီး ခြံအပြင်သို့ထွက် လာခဲ့လိုက်သည်။

သိပ်မလျှောက်လိုက်ရပါ အိမ်ခြေမဲ့ပြီးလယ်ကွင်းတွေသာရှိတဲ့ ရွာအပြင်သို့ရောက်လာခဲ့သည်။

ထိုရွာအပြင်တစ်နေရာတွင်တော့ တစ်ပင်တည်း ထီးထီးကြီးပေါက်ရောက်နေတဲ့၊ကုက္ကိုပင်ကြီးတစ်ပင်ကိုတွေ့ရသည်။

ထင်သာထိုအပင်အောက်၌သွားထိုင်လိုက်ပြီး လယ်ကွင်းဘက်မှ တိုက်ခက်လာတဲ့လေညှင်းတွေအား မျက်လုံးမှိတ်ကာခံစားနေလိုက်သည်။

" ဟား...အမောကိုပြေသွားတာပဲ"

ထိုစဥ် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကအသံ မြည်လာသည်။ ထင်သာ ဖုန်းအား ယူကြည့်လိုက်တော့ တခြားသူမဟုတ်။ဘားအံမှာ ကျန်ခဲ့တဲ့ သူ၏ချစ်သူပင်ဖြစ် သည်။

"​ ဟယ်လို နှင်း"

" ............."

" ဟင်၊နှင်းလိုက်လာမလို့လား"

" ..............."

"ကိုတို့က၊အဘိုးအသုဘပြီးတာနဲ့ပြန်လာတော့မှာ၊နှင်းမလိုက်ခဲ့နဲ့တော့နော်"

" ..............."

" မဟုတ်ပါဘူး ကိုက နှင်းပင်ပန်းမှာစိုးလို့ပြောနေတာပါ"

သူမ ဖုန်းချသွားသည်။ ထင်သာ ဖုန်းပြန်ခေါ်ပေမယ့်လဲ သူမမကိုင်တော့ပါ။

ဒါကြောင့် စာပို့ပြီးတော့သာ ထင်သာ သူမအား နားဝင်အောင်ရှင်းပြရသည်။ ဒါပေမယ့်လဲ သူမဘက်ကစာမပြန်ပါ။

ထင်သာ ဖုန်းကိုဘောင်းဘီ အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ကုက္ကိုပင်တွင် ကျောမှီလိုက်သည်။

" ဟင်!"

ထင်သာတစ်ယောက် ရုတ်တရက်ဆိုတော့ လန့်သွားရပြီး မတ်တတ်ထရပ်လိုက်မိ သည်။ ကုက္ကိုပင်ရဲ့တစ်ဖက်ခြမ်းတွင်အိပ် ပျော်နေတဲ့လူတစ်ယောက်။

ဂျင်းဘောင်းဘီအပြာရောင် ခပ်နွမ်းနွမ်းတစ်ထည်ကို ဝတ်ထားပြီး အပေါ်ပိုင်းကလဲ အရောင်နွမ်းနေတဲ့ လိမ္မော်ရောင်ရှပ် အင်္ကျီအကွက် လက်ရှည်ကို ဝတ်ထား သည်။

မျက်နာကိုတော့ ကောင်းဘွိုင် ဦးထုပ်နဲ့အုပ် ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်းမသိရ။ မျက်နာမြင်ရရင်တောင်မှ သူဘယ်သူမှန်း ထင်သာသိမှာမဟုတ်ပါဘူး။

ထင်သာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ တခြားလူတစ်ယောက်ရှိနေတယ်ဆိုတော့ သူဆက်နေဖို့မသင့်တော့ဘူး။ အမေဖြစ်သူလဲ သူ့ကိုစောင့်နေလောက်ရောပေါ့။

•••••••••••••••••••••••••••••••••••

ညနေစောင်းနေပြီမို့ ဖဲရိုက်တဲ့သူတွေက ပိုများလာသည်။ ရွာဘက်တွေမှာ အခုချိန်ထိ ဒီလိုအလ့အထတွေရှိနေတုန်းပဲ ထိုလူတွေထဲမှာ မိန်းမတွေတောင်ပါတယ်။ တစ်ချို့ကောင်လေးတွေဆို ထင်သာထက်တောင်ငယ်ဦးမယ်ထင်တယ်။ ဆယ်ကိုးနှစ်ဆယ်အရွယ်တွေ။ ထင်သာ သူတို့ကိုကြည့်ပြီး စိတ်ပျက်မိတယ်။

အသုဘစရိတ်အတွက် ကာမိတယ်ဆိုပေမယ့် အခုလို လောင်းကစားလုပ်တာကိုတော့ ထင်သာ သဘောမကျ။

ထိုစဥ် လူတစ်ယောက် ခြံထဲဝင်လာတာကို ထင်သာသတိထားမိလိုက်ပြီး ထိုလူအားမျက်ခြေမပျက်လိုက်ကြည့်နေမိသည်။

ကြည့်မိဆို ခြံထဲဝင်လာတဲ့သူက အခြားသူမဟုတ်ပဲလေ။ ထင်သာ ကုက္ကိုပင်အောက်မှာတွေ့ခဲ့တဲ့သူပင်။

သူ့အဝတ်အစားတွေကိုကြည့်ရင် ထိုလူဆိုတာသေချာတယ်။

အခုသူ့မျက်နာကိုတွေ့လိုက်ရတော့ စိတ်ထဲမှာ ရင်းနီးသလို ခံစားလိုက်ရသည်။

ထိုလူ ဖဲဝိုင်းတစ်ခုတွင် ထိုင်လိုက်တာကိုထင်သာတွေ့လိုက်ရ၏။ သူလဲ ဒီပုတ်ထဲကဒီပဲ ပါပဲ။

တဖြေးဖြေးနဲ့ နေအလင်းရောင်အစား လျှပ်စစ်မီးရောင်တွေကို အားကိုးရမယ့်အချိန်ရောက်လာချေပြီ။

" ဟာ ကွာ"

လူတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့လက်ထဲက ဖဲချပ်တွေအား ဖျာပေါ်သို့ အ သံမြည်အောင် အားနဲ့ပစ်ချလိုက်သည်။

" ဒီညတော့ လှခိုင်ကံဆိုးတာပဲကွာ တစ်ပွဲမှကို မနိုင်သေးဘူး"

" ကံဆိုးမှာပေါ့ကွ မင်းနာမည်က မိန်းမနာမည်ကြီး ဖြစ်နေတာကိုး"

လူတစ်ယောက် ပြောလိုက်တဲ့စကားကြောင့် ဖဲရိုက်နေတဲ့ လူတော်တော်များများ ထရယ်ကုန်ကြသည်။

" ဟိတ်ကောင် စောလူ ငါ့ကိုလာမပြောင်နဲ့ဒီမှာကရှုံးနေရတဲ့ကြားထဲ မင်းသတ္တိရှိရင်လူချင်းယှဥ်ထိုးမလား"

" ဟာ...ဟိတ်...ဟိတ်... ဒါကနာရေးအိမ်နော် မင်းတို့ရန်ဖြစ်ချင်ရင်အပြင်မှာသွားဖြစ်ကြ"

ဦးမြင့်မောင်က ကြားကဝင်ပြောလိုက်တော့

" လူပျိုကြီးကလဲဗျာ ဘာလို့အပြင်မှာသွားဖြစ်ခိုင်းနေတာလဲ သူများရန်ဖြစ်နေရင်၊ကြားထဲကခွဲပေးရမှာလေဗျာ"

ထိုအချိန်မှာပဲ စောလူဆိုသည့်လူက မတ်တပ်ထရပ်လိုက်ပြီး

" ဘယ်သူ့မှခွဲပေးစရာမလိုဘူးဒါကရန်ဖြစ်စရာကိစ္စလဲမဟုတ်ဘူး ကျွန်တော်လဲ အခုပြန်တော့မှာ"

ထိုလူက သူနိုင်ထားတဲ့ ပိုက်ဆံတစ်ချို့ကိုယူကာ နေရာမှထွက်သွားသည်။

ထိုလူလမ်းလျှောက်နေတဲ့ပုံစံက ယိုင်တိယိုင်တိုင်ဖြစ်နေသည်။

ဖဲဝိုင်းမှာက အရက်လဲ အဆင့်သင့်ရှိနေတာကြောင့်သူလဲသောက်ထားပုံရတယ်။

" ကိုစောလူကြီး ထမင်းမစားသွားတော့ဘူးလား"

စောလူ လမ်းလျှောင်ရင်းနဲ့ပင်

" နင်တို့ပဲစား ငါက ကိုယ့်အိမ်မှာကိုယ်ချက် စားနိုင်တယ်"

" ဟယ်...."

ထမင်းစားခေါ်တဲ့ကောင်မလေး ပါးစပ်အ ဟောင်းသားနဲ့သာကျန်ခဲ့၏။ စောလူတစ်ယောက် ရွာလမ်းအတိုင်းလျှောက်လာခဲ့လိုက်သည်။

ရွာကလျပ်စစ်မီးရနေပြီဆိုပေမယ့် လမ်းမီးတွေကတော့ မှိန်ဖျော့ဖျော့သာလရောင်တောင် သူ့ထက်လင်းဦးမယ်။

 စောလူ အိမ်ပြန်ရောက်သည်နှင့် အိမ်ရှေ့မှာနှီးထိုင်ဖြာနေတဲ့ အဖေဖြစ်သူအားတွေ့လိုက်ရသည်။


" အဖေကလဲဗျာ.မိုးချုပ်ခါမှဘာတွေလုပ် နေပြန်ပြီလဲ"

" အားတဲ့အချိန်လုပ်ထားရတာလေကွာနောက်ဆို အချိန်လုလုပ်နေရမယ်"

" ဒါတွေထားလိုက်စမ်းပါ နောက်မှကျွန် တော်လုပ်ပါ့မယ် အခုကျွန်တော်ဗိုက်ဆာလာပြီ အဖေလဲမစားရသေးဘူးမဟုတ်လား သြော်...ခဏ"

စောလူ သူ့အင်္ကျီအိတ်ကပ်ထဲအား လက်နှိုက်လိုက်ပြီး

" ဒီမှာ ကျွန်တော်ဖဲနိုင်လာတာ"

" မယူပါဘူးကွာ...ဖဲနိုင်ပြီးရလာတဲ့ပိုက်ဆံတွေကို"

ပြောပြီး ဦးလူမော် အိမ်ပေါ်သို့တက်သွားသည်။ စောလူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုက်ဆံကို အိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။

" ဒါဆို...မင်း အသုဘအိမ်ကိုရောက်ခဲ့သေးတယ်ပေါ့"

" ဟုတ်တယ်လေအဖေ ရောက်ခဲ့လို့ဖဲနိုင်လာတာပေါ့ဗျ"

" ဒါဆို...မင်းကောင် ကိုရော တွေ့ခဲ့သေးလား"

စောလူ နားမလည်

" ဘယ်ကောင်လဲ အဖေရ တစ်ခါတည်းရှင်းအောင်ပြောလိုက်ပါလားဗျာ..."

စကားပလ္လင်ခံတာတွေကို စောလူသဘောမကျပါ။

" ထင်အောင်ရဲ့သားလေကွာ ထင်သာဆိုတဲ့ ကောင်လေးကို​ပြောတာ မင်းတို့ငယ်ငယ်တုန်းက တောထဲကို အတူတူသွားတဲ့ကောင်လေး"
                     ..............................................

ဒီနေ့က အဘိုးကို သင်္ဂြိုဟ်တဲ့နေ့ ဒီဘက်အရပ်မှာက မီးသင်္ဂြိုဟ်တာမျိုး မဟုတ်ပဲမြေမြုပ်ပြီးတော့သာ သင်္ဂြိုဟ်ခြင်းဖြစ် ၏။ အဘိုးကိုမြေချပြီး မြေကြီးများပြန်ဖို့ပြီးနောက်

" လိပ်ပြာ ဘယ်သူခေါ်သွားမှာလဲ"

" ကျုပ်ခေါ်သွားမယ်"

လူလတ်ပိုင်း အရွယ် ယောကျ်ားတစ်ယောက်က လူအုပ်ရှေ့သို့ထွက်လာသည်။
မြေပုံပေါ်မှ ခဲလုံးတစ်လုံးအား ထိုလူလက်ထဲသို့ ထည့်ပေးလိုက်ပြီး

" မင်း သူနဲ့လိုက်သွားခုနှစ်ရက်ပြည့်ပြီးရင်ပြန်လာခဲ့"

ထိုလူက ခဲလုံးအားယူကာ ဘာစကားမှမပြောပဲ သင်္ချိုင်းထဲမှ ထွက်သွားသည်။ကိစ္စအားလုံးပြီးလို့ အိမ်ပြန်လာတော့ ထင် သာ အမေဖြစ်သူကို မေးခွန်းထုတ်ရတော့ သည်။

" ဒီဘက်မှာက ဘာလို့ မီးသင်္ဂြိုဟ်တာမျိုးမလုပ်တာလဲ"

" ဒါက ဒီဘက်က ထုံးစံပဲလေသေတဲ့လူကိုအဲ့လိုပဲမြေမြုပ်ပြီးတော့ပဲ သင်္ဂြိုဟ်လေ့ရှိတာ"

" ဒါဆိုဘာလို့ အုတ်ဂူမလုပ်ပေးတာလဲ"

" သင်္ချိုင်းမြေနေရာက အရမ်းမကျယ်ဘူးလေသားရဲ့ လူသေတိုင်း အုတ်ဂူလုပ်မယ်ဆို ရင် တစ်ချိန်ကျရင် မြေနေရာ အခက် အခဲဖြစ်လာမှာ ဒါကြောင့် အုတ်ဂူမလုပ်ပဲမြေမြုပ်ပြီးတော့ပဲသင်္ဂြိုဟ်ကြတာ"

" ဒါဆို...မြုပ်ထားတဲ့မြေပုံတွေက တစ်ချိန်ကျပြန်ဖယ်ပေးရတာပေါ့"

ဒေါ်စံပယ် ခေါင်းညိမ့်ပြလိုက်သည်။

ထင်သာ တစ်ယောက် ခေါင်းကိုကုတ်လိုက်ပြီး

" အမေတို့ရွာကလဲ ဘယ်လိုကြီးလဲမသိဘူး"

သူပြောလိုက်တော့ ဒေါ်စံပယ်ကရယ်နေ ၏။

•••••••••••••••••••••••••••••••••••••••••

ဒီညတော့ ထင်သာစောစောပင် အိပ်ယာဝင်ခဲ့သည်။ ဦးထင်အောင်နဲ့ ဒေါ်စံပယ်က တော့ ဧည့်သည်တချို့နဲ့ စကားပြောနေဆဲပင်။

ဒီညကျမှ လေကတဖြူးဖြူးနဲ့ တိုက်နေ ၏။ အရင်ညတွေကဆို တိတ်ဆိတ်ငြိမ်သက်နေတာ။ ထင်သာ အိပ်ယာမဝင်မှီ ပြတင်းပေါက်တွေအား လိုက်ပိတ်လိုက်သည်။

ပြတင်းပေါက်နှစ်ခုရှိရာ နောက်ဆုံပြတင်း ပေါက်ကို ပိတ်မည်ပြုစဥ်မှာတော့ သူတစ် စုံတစ်ခုကို တွေ့လိုက်ရသည်။

အဲဒါကတော့ လမ်းပေါ်မှ လူတစ်ယောက်အုန်းပင်တစ်ပင်တွင်မှီကာ သူ့အားကြည့်နေခြင်းပင်။ ဓာတ်တိုင်က မီးရောင်ကမှိန်ဖျော့ဖျော့ဖြစ်နေတာကြောင့် ထိုလူရဲ့မျက်နာကိုတော့ သဲသဲကွဲကွဲ မမြင်ရပါ။

ထင်သာပြတင်းပေါက်ကိုအမြန်ပိတ်လိုက် ပြီး အိပ်ယာထဲဝင်ခဲ့လိုက်သည်။

ခေါင်းအုံးပေါ်ခေါင်းချကာ ခေါက်လျက်သားစောင်တစ်ထည်ကို ပေါင်ကြားညှပ်ကာ ဘေးတစောင်း အိပ်လိုက်သည်။

ခေါင်းထဲမှာအတွေးတချို့က ပေါ်လာ၏။ဒီနေ့အဘိုးကို သင်္ဂြိုဟ်တော့ လူကြီးတော် တော်များများက သူ့အားကြည့်နေကြတာကိုသတိထားမိတယ်။ ဒီရွာကလူတွေ သူ့အပေါ်ဆက်ဆံတာက တစ်မျိုးပဲလို့ ထင်သာ စိတ်ထဲတွေးမိတယ်။ ဘာကြောင့်များလဲ။ သူငယ်ငယ်က ဘာအမှားတွေလုပ်ခဲ့လို့လဲ။ ဆယ်နှစ်သားအရွယ်ကလေး လေးက ဘယ်လိုအမှားတွေလုပ်နိုင်မှာမို့လို့လဲ။

ထင်သာ သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး အိပ်ပျော်အောင်အိပ်ဖို့ ကြိုးစားလိုက်သည်။ စိတ်ထဲ ဘာမှမတွေးတော့ဘူး။

ထိုစဥ်မှာပဲ ခေါင်းထဲ အတွေးတချို့ကဝင်ရောက်လာပြန်သည်။ အစောက သူ့ကိုကြည့်နေတဲ့ သူကဘယ်သူလဲ မျက်နာကိုသေ ချာမမြင်ရပေမယ့် သူရှိရာကို ကြည့်နေတယ်ဆိုတာတော့ သေချာတယ်။

ထင်သာအိပ်ယာမှထကာ ခြင်ထောင်အ ပြင်သို့ထွက်လိုက်ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ စောစောကလူ မရှိတော့ဘူး။
ဒီတော့ ထင်သာ ပြတင်းပေါက်ကိုပိတ်ပြီးအိပ်ယာ ပြန်ဝင်ခဲ့လိုက်သည်။

•••••••••••••••••••••••••••••••••

မနက်မိုးလင်းလို့ မျက်နာသစ်ပြီးတော့ ဦးထင်အောင် တစ်ယောက် ရွာထဲကို ကားနဲ့ထွက်လာလိုက်သည်။

ဇနီးဖြစ်သူကတော့ ညီဖြစ်သူ မြင့်မောင်အိမ်မှာပဲ ကိစ္စတချို့ကို လုပ်ကူရင်းကျန်ခဲ့သည်။ အခုလိုထွက်လာရတာက ကိစ္စတစ်ခုကြောင့်ပါ။ သူလူတစ်ယောက်ကို နှုတ် ဆက်ရဦးမယ်။

ဒီရွာကိုစရောက်ကတည်းက သူနဲ့စကား ပြောဖြစ်ဖို့နေနေသာသာ မျက်နာချင်းဆိုင်တောင်မတွေ့ရသေးဘူး။

ပြီးတော့ သတိပေးစရာကိစ္စတချို့လဲရှိနေသေးသည်။

ဦးထင်အောင် ခြံတစ်ခြံရှေ့တွင် ကားကိုရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီး ခြံထဲကို ခဏမျှ၊ခါးထောက်ရပ်ကြည့်နေမိ၏။

အားလုံးကအရင်အတိုင်းပဲဘာမှမပြောင်း လဲ။  အင်ဖက်မိုးပြီး ထရံကာထားတဲ့ ခြေတံရှည်အိမ်လေးတစ်လုံး

" ဘယ်သူများလဲလို့ကွာ ငါ့သူငယ်ချင်းကြီးပါလား"

ထိုအိမ်ပေါ်မှ လူတစ်ယောက်ဆင်းလာကာ ခြံအရှေ့မှာရပ်နေတဲ့ ဦးထင်အောင်အား စကားဆိုသည်။

ဦးထင်အောင် ခြံထဲသို့ဝင်သွားလိုက်၏။
အိမ်ရှင်လူကြီးက စကားဆက်ဆိုသည်။

" ငါကိုကညံ့တာပါ ကားအသံကြားထဲကဘယ်သူလဲတန်းသိလိုက်ရမှာ ဒီရွာမှာ ဒီလိုကားမျိုးပိုင်တာဆိုလို့ ဒီကသူဌေးကြီးတစ်ယောက်တည်းရှိတာ မဟုတ်လား"

" မင်းက အရင်အကျင့်အတိုင်းပဲနော် ဘာမှ မပြောင်းလဲသေးဘူး"

" ငါက ဘာကိုပြောင်းလဲရမှာလဲ ငါကလူတိုင်းကို စိတ်ရင်းအမှန်နဲ့ပဲ ဆက်ဆံတက်တာ ငါဟန်မဆောင်တတ်ဘူး ကဲပါ...မင်းငါ့ဆီကို လာတာ ဘာကိစ္စလဲ ငါ့ကိုသတိရလို့လာတာတော့ မဟုတ်လောက်ဘူး"

" အစကတော့မင်းနဲ့စကားကောင်းကောင်းပြောရအောင် လာခဲ့တာပဲ အခုတော့ လို ရင်း ကိစ္စကိုပဲပြောလိုက်တော့မယ် မင်း သားကို ငါ့သားနဲ့ လာမပတ်သတ်ဖို့ သေ ချာပြောထား ဒီတစ်ခါဆိုရင်တော့ ငါသူ့ကို ညှာနေမှာမဟုတ်ဘူး မင်းသားက အရင်လို ကလေးလဲ မဟုတ်တော့ဘူး"

" နေပါဦး ငါ့သားက အခုဘာလုပ်နေလို့လဲ ဘာလဲ...အခုမင်းရဲ့သားက သေပြီလား"


" ဟိတ်ကောင်"

ဦးထင်အောင် ဦးလူမော်ရဲ့ အင်္ကျီကော်လံစနှစ်ခုအား အားနဲ့ဆုတ်ကိုင်လိုက်သည်။
ဦးထင်အောင်တော်တော်ဒေါသထွက်သွား ပုံရတယ်။

ဦးလူမော်ကပြန်ပြီး ဦးထင်အောင်ရဲ့လက်နှစ်ဖက်ကိုဆုတ်ကိုင်လိုက်ပြီး သူ့အင်္ကျီစမှ၊ဖယ်ခွာစေလိုက်ပြီး

" ဒါဆိုငါ့ကိုပြောလေကွာ ငါ့သားကအခုမင်းသားကို ဘာလုပ်နေလို့လဲ"

" ထားလိုက်တော့... မင်းရဲ့သားပြန်လာရင်သာ သေချာဆုံးမထား"

ဦးထင်အောင် ခြံထဲမှ ချာခနဲလှည့်ထွက်ခဲ့လိုက်သည်။ ကားပေါ်ရောက်သည်အထိစိတ်တွေက မတည်ငြိမ်သေး လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က နတ်ဆရာမတစ်ယောက်ပြောခဲ့တဲ့စကားကိုသာ နားထဲပြန်ကြားယောင်နေမိသည်။

" နင့်တို့ရဲ့သားက အဲ့ဒီကောင်လေးကြောင့်ပဲသေလိမ့်မယ်"

ဦးထင်အောင် ထိုစကားတွေကို မယုံချင်ပါဘူး။ ဒါပေမယ့်...ယုံကြည်ရလောက်မယ့် အဖြစ်အပျက်တွေက ဖြစ်ခဲ့ပြီးပြီ။

ထင်သာ အဲ့ဒီကောင်လေးကြောင့်ပဲ တစ်ကြိမ်သေမလိုဖြစ်ခဲ့ပြီးပြီ။ ဒါကြောင့် သားဖြစ်သူကို စိုးရိမ်၍ ဦးထင်အောင်ရွာကထွက် သွားရတာ။ နောက်တစ်ခါ ဒီလိုအ ဖြစ်အပျက်တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။

တစ်ချို့လူတွေရဲ့ကံကြမ္မာက သူတို့မွေးလာကတည်းက သတ်မှတ်ထားတာမျိုးလဲဖြစ်နေနိုင်တာပဲ။

•••••••••••••••••••••••••••••••••••••••••

" ကျွန်တော် ဘာမှသွားမလုပ်ရပါဘူးဗျာ... သူ့မျက်နာလေးမြင်ဖူးတယ်ရှိအောင် သွားကြည့်ရုံပါပဲ"

" အဲ့တော့ မင်းသူ့ကိုတွေ့ခဲ့လား"

" အင်း တွေ့ခဲ့တယ်"

" တွေ့ပြီးပြီဆိုရင်လဲ ဒီမှာတင်ရပ်လိုက်တော့ ဟိတ်ကောင် သူ့တို့ကို သွားမနှောင့်ယှက်နဲ့တော့"

" ဟာ...အဖေကလဲ နှောင့်ယှက်တယ် ပြောရအောင် ကျွန်တော်က အခုဘာလုပ်နေလို့လဲဗျာ..."

" ဘာပဲဖြစ်ဖြစ်..."

" တော်ပြီဗျာ...တော်ပြီ တော်ပြီ ကျွန်တော့်ကောင်ကြီးကို အစာသွား​ကျွေးလိုက်ဦးမယ်"

ပြောပြီး စောလူတစ်ယောက်မြင်းစာကျွေးရန် အိမ်ပေါ်မှဆင်းသွား၏။

ဦးလူမော်ကတော့သက်ပြင်းရှည်ကြီးတစ်ချက်ချကာ နေရာမှာတင်ကျန်ခဲ့တော့ သည်။

စောလူရဲ့အသက်က နှစ်ဆယ့်ကိုးနှစ်ရှိပြီ။ဆုံးမလို့ရမယ့်အရွယ်လဲမဟုတ်တော့ဘူး။
အိမ်ထောင်သာကျခဲ့ရင် အဖေရာထူးတောင် တက်နေရလောက်ပြီ။

အဖေဖြစ်သူက အိမ်ထောင်ပြုဖို့ မကြာ ခဏဆိုသလို တိုက်တွန်းပေမယ့်လဲ စောလူကတော့ အိမ်ထောင်ရေးကို နည်းနည်းလေးမှစိတ်မဝင်စား။

ရွာထဲကမိန်းကလေး တော်တော်များများက စောလူကိုသဘောကျပေမယ့် စောလူက ဓားပြဗိုလ်ဝင်စားတယ်ဆိုပြီး ဘယ်သ မီးရှင်ကမှသဘောမတူကြ။

တခါတရံသားဖြစ်သူရဲ့နောင်ရေးကိုတွေးပြီး၊ဦးလူမော်စိတ်ပူမိတယ်။ စောလူဆိုတဲ့နာမည်ကလဲ ရွာသားတွေပေးခဲ့တဲ့နာမည်သူ့နာမည်အရင်းတောင် မေ့နေပြီ။

သူကိုယ် တိုင်ကလဲ " သားနာမည်က စောလူ" ဆိုပြီးပြောခဲ့တာ။

••••••••••••••••••••••••••••••••••••••••••

စောလူ မြင်းပေါ်သို့တက်ခွကာ ရွာအပြင်သို့ ဦးတည်မောင်းလာခဲ့သည်။ သူ့ကိုထူး ဆန်းတဲ့လူတစ်ယောက်လို့ထင်မှာပဲ။

အခုခေတ်ကြီးမှာ ဘယ်သူကမြင်းစီးကြလို့လဲ။ ဒီက ရွာသူရွာသားတွေအဖို့တော့။ဒါက ထူးဆန်းတဲ့မြင်ကွင်းမျိုး မဟုတ်
သူ့ ကိုအားလုံးကဗိုလ်စောလူဝင်စားတယ်ဆို ပြီးသိထားကြတာ။

သူကိုယ်တိုင်ကလဲ ငယ်ငယ်လေး က တည်းက မြင်းတွေ မြင်ရင်သဘောကျခဲ့တာ။

ရွာလမ်း အတိုင်းလာခဲ့ပြီး တစ်နေရာအရောက်မှာတော့ လူတစ်ယောက်ကို တွေ့လိုက်တာကြောင့် မြင်းကို ထိုလူရဲ့နံဘေးတွင်ရပ်လိုက်သည်။

" ဟိတ် ဘယ်သွားမလို့လဲ"

ထိုလူ သူ့အားကြောင်တောင်တောင်ကြီးနဲ့ကြည့်နေသည်

" မြင်းပေါ်တက်လေ"

" ရပါတယ်"​

ပြောပြီး ထွက်သွားတဲ့ ထိုလူအနောက်သို့​ဖြေးဖြေးချင်းကပ်လိုက်သွားပြီး

" ဘာဖြစ်လို့လဲ မြင်းမစီးရဲလို့လား"

" ကျွန်တော် မြင်းစီးဖူးပါတယ်"

" ဒါဆို ငါ့ကို ကြောက်လို့လား"

ထိုလူ ခြေလှမ်းတွေကို တုန့်ခနဲရပ်လိုက်ပြီး စောလူအားမော့ကြည့်လျက်

" ကျွန်တော်က ဘာလို့ခင်ဗျားကိုကြောက်ရမှာလဲ"

စောလူ သွားများပေါ်အောင် ပြုံးလိုက်ပြီး

" မင်းမကြောက်တက်ဘူး ဆိုတာငါသိပါတယ်"

ထိုလူ ဘာမှပြန်မပြောပဲ ရှေ့ကိုဆက်သွားလိုက်သည်။

" အိပ်မက်တွေ မက်သေးလား"

ထိုလူ ဆက်မသွားတော့ပဲ ခြေလှမ်းတွေကို ရပ်လိုက်ပြန်သည်။

" ဘယ်လိုသိလဲ"

" သိချင်လား သိချင်ရင် မြင်းပေါ်တက်လေ"

ထိုလူ ခဏမျှငြိမ်သက်နေပြီး မြင်းပေါ်တက်ရန်ပြင်လိုက်သည်။

" ခင်ဗျားကလဲ နည်းနည်းပါးပါး ကူဦးလေဗျာ"

စောလူပြုံးလိုက်ပြီး ထိုလူရဲ့လက်အားလှမ်းဆွဲထားလိုက်သည်။

မြင်းပေါ် နေရာတကျဖြစ်သွားရင်ပဲ မြင်း ကိုသွားစေဖို့ အမိန့်ပေးလိုက်၏။

" ဟာ ဟာ ခင်ဗျားကလဲ နေဦးလေဗျာ ဒီမှက အဆင်သင့်မ​ဖြစ်သေးဘူး ဘယ်ကိုကိုင် ရမလဲမသိဘူး "

" မင်းကလဲ ငါတစ်ယောက်လုံးရှိနေတဲ့ဟာကို ငါ့ခါးကို ဖက်ထားပေါ့ကွ"

" ဖက်စရာလားဗျ"

" ဒါဆိုလဲ ငါ့အင်္ကျီစကို မြဲအောင်ကိုင်ထား"

ထင်သာ စောလူရဲ့အင်္ကျီစအား မြဲမြဲဆုတ်ကိုင်လိုက်သည်။ စောလူကတော့ မြင်းကိုဖြေးဖြေးပဲသွားစေတာပါ ဒါပေမယ့် ောမြင်းရဲ့ကျောရိုးကြောင့်၊ထိုင်ရသည်မှာကအဆင်မပြေလှ။

စောလူ ရွာအပြင် တောထဲဘက်သို့ မြင်းကိုစီးလာခဲ့သည်။ ထင်သာကတော့ မြင်းပေါ်က ပြုတ်မကျအောင်သာ ဂရုစိုက်နေရတာကြောင့် လမ်းကိုအာရုံမစိုက်မိ။

စောလူ တောစပ်နားတွင် ုမြင်းကိုရပ်လိုက်သည်။ ဒီတော့မှပဲ ထင်သာ တစ်ယောက်မြင်းပေါ်က ဆင်းလိုက်ပြီး နေသာထိုင်သာရှိသွားတော့သည်။

" ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ"


စောလူက မြင်းကို သစ်ပင်တွင်ချည်လိုက်ရင်း

" မြင်းကို ဒီနေနေရာမှာထားခဲ့မယ် မင်းနဲ့ငါက ဪ တောထဲဝင်မယ်"

" ခင်ဗျားကျွန်တော့်ကို ဘာလုပ်မလို့လဲ"

" ငါကမင်းကို ဘာလုပ်ရမှာလဲ မင်းပဲအိပ် မက်တွေ အကြောင်းသိချင်တယ်ဆို"

" အဲ့ဒါနဲ့တောထဲခေါ်တာနဲ့ ဘာဆိုင်လို့လဲ"

စောလူ ထင်သာ အနားတိုးကပ်လိုက်ပြီး

" မင်းအခု ငါ့ကိုကြောက်နေတာလား"

ထင်သာ မျက်နာကို အခြားတစ်ဖက်သို့လှည့်လိုက်ပြီး

" ခင်ဗျားရှေ့ကသွား ကျွန်တော် အနောက်ကလိုက်ခဲ့မယ်"
                     ..............................................

တောနက်ထဲသို့ တဖြည်းဖြည်းရောက်လာသည်။ ခုခေတ်မှာ ဒီလိုသစ်တောမျိုးက ရှိသေးတာလား ဒီတောနက်ထဲက သစ်ပင်တွေကိုလဲ တစ်ယောက်မှ လာခုတ်ပုံမပေါ်ဘူး။ အားလုံးက သဘာဝအတိုင်း ပေါက် ရောက်နေပြီး ပြန်လည်ပြုပြင်ထားခြင်းမရှိ။ ဒီတောထဲမှာ တောကောင်တွေ ရောရှိနေမလား ထင်သာ တွေးလိုက်မိသည်။

" ခင်ဗျား ဘယ်အထိ ဆက်သွားဦးမှာလဲ"

" မင်းကို အစဖျောက်လို့ရမယ့် နေရာ အ ထိ"

ထင်သာ ခြေလှမ်းတွေကိုရပ်လိုက်သည်။
စောလူလဲ နောက်သို့ ပြန်လှည့်ကြည့်ကာ

" မင်းကလဲ ငါ့ပုံစံက လူသက်သမား ပုံစံပေါက်နေလို့လား လာပါကွ...ရှေ့နားဆိုရောက်တော့မှာ"

ဝါးတော တစ်ခုကိုဖြတ်ပြီး တစ်နေရာအရောက်မှာ စောလူ ခြေလှမ်းတွေကို ရပ်လိုက်သည်။

" ဒါက ဘာနေရာ လဲ"

" ကြည့်လေ မင်းဒီနေရာကို မမှတ်မိဘူးလား"

ရေကန်လိုလို ချောက်တစ်ခုရှိနေပြီး ထိုချောက်ထဲအား ငုံ့ကြည့်လိုက်တော့
အောက် ဘက်တွင် ရေအနည်းငယ်စီးဆင်းနေတာကိုတွေ့ရသည်။

ချောက်ရဲ့ဘေးပတ်ပတ်လည်မှလဲ တောပန်းမျိုးစုံက ဖူးပွင့်နေပြီး ဝန်းကျင်တစ်ခုလုံးက စိမ်းစိုလန်းဆန်းနေ၏။

ဒါက... ဒီနေရာက...ထင်သာ သူ့အိပ်မက်တွေထဲမှာ တွေ့နေရတဲ့နေရာ တစ်ခုပဲ မ ဟုတ်လား။

" ဒီနေရာက..."

စောလူ ချောက်ကမ်းပါးတွင် သွားရပ်လိုက်ပြီး

" ဒီနေရာက ငါတို့နှစ်ယောက်ပိုင်တဲ့နေရာပဲ ဒီနေရာမှာ ငါတို့အမှတ်တရတွေ အများကြီးရှိခဲ့တယ်"

" ဘယ်လိုမျိုးလဲ ပြီးတော့...ကျွန်တော်ဘာကြောင့်ဒီနေရာကို အိပ်မက်ခဏခဏမက်နေရတာလဲ"

" အိပ်မက်တွေက အရေးမပါဘူးအရေး ကြီးတာက ငါတို့နှစ်ယောက် ဘယ်လိုဆက် ပြီးနေထိုင်သွားမလဲဆိုတာပဲ အရင်ဘဝမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါစိတ်မဝင်စားဘူး ဒီဘဝမှာတော့ ငါမင်းကို ပိုင် ဆိုင်ချင်တယ်"

စောလူပြောနေတာကို ထင်သာတစ်ခုမှနားမလည်

" အရင်ဘဝ...ဘာတွေပြောနေတာလဲ"

" မင်းနဲ့ငါက အရင်ဘဝတည်းက သိခဲ့ကြတာ အရင်ဘဝမှာ ငါတို့နှစ်ယောက်တခုခုပတ်သက်ခဲ့ကြတယ်"

" လာနောက်နေတာလား ဒါဆိုခင်ဗျားကဒါတွေကို ဘယ်လိုလုပ်ပြီးသိလဲ"

" အိပ်မက်တွေက တစ်ဆင့်ပေါ့ ငါလဲအား လုံးကိုသေချာမသိပါဘူး ငါပြောခဲ့သလိုပဲ အရင်ဘဝက ဖြစ်ခဲ့တာတွေက အရေးမကြီးဘူး ဒီဘဝမှာ ဘာဆက်ဖြစ်မလဲဆိုတာပဲ အရေးကြီးတာ"

ထင်သာ မဲ့ပြုံး,ပြုံးလိုက်သည်။

သူဘာတွေပြောနေတာလဲ။ သူပြောနေတာတွေက တစ်ခုမှအဓိပ္ပါယ်မရှိဘူး။ သူ နဲ့ ကိုယ်က အရင်ဘဝကတည်းက သိခဲ့ကြတာတဲ့လား။

ပြီးတော့... ဒီနေရာမှာဘယ်လိုအမှတ်တရတွေရှိခဲ့လို့လဲ။ သူနဲ့ကိုယ်က အခုမှစသိကြတာမဟုတ်လား။

" မင်းမှတ်မိသေးလား ငါတို့ငယ်ငယ်တုန်းက ဒီနေရာကို အတူတူလာခဲ့ကြတာ တခါတလေဆိုရင် မင်းလမ်းမလျှောက်နိုင်လို့၊မင်းကို ငါကကျောပိုးရသေးတယ် အဲ့ဒီတုန်း ကဆို မင်းကငါ့အပေါ်သိပ်ဆိုးတာပဲ ငါကလဲမင်းဘယ်လောက်ဆိုးဆိုး မင်းပျော် နေတာလေးမြင်ရရင်ကို ကျေနပ်နေမိတာ"

•••••••••••••••••••••••••••••••••••••••••

အဲ့ဒီအချိန်တုန်းက စောလူအဖေ ဦးလူမော်နဲ့ ထင်သာရဲ့အဖေ ဦးထင်အောင်တို့က အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပဲထင်သာရဲ့ အသက်က ငါးနှစ်လောက်ပဲရှိဦးမယ် သူ့ထက်လေးနှစ်ကြီးတဲ့ စောလူကို အရမ်းခင်တွယ်နေတာ စောလူခမျာလဲ ညီဖြစ်သူ ထင်သာလေးကို အရမ်းဂရုစိုက်တယ်။ဧ

ဒါကိုလဲ၊မိဘတွေက သဘောတကျရှိကြ ၏။

" ကိုကိုနဲ့ညီညီက အရင်ဘဝတည်းက သိခဲ့ကြတာ ညီညီ့နာမည်က ဒေါင်းဝေ ကိုကို့နာမည်ကစောလူ"

ဆိုပြီး သူအမြဲပြောလေ့ရှိသည်။ ဒါကိုလဲတရွာလုံးသိကြသည်။ ထင်သာက ဒေါင်းဝေဝင်စားတာ ဟုတ်မဟုတ်မသိပေမယ့်စောလူကတော့ အရင်ခေတ်အခါကသောင်း ကျန်းခဲ့တဲ့ဓားပြဗိုလ်ဝင်စားတယ်ဆိုတာတော့ ရွာထဲက အသက်ကြီးတဲ့သူတွေပြောလို့ အားလုံးသိကြသည်။

သူကိုယ်တိုင်ကလဲ သူ့ကိုယ်သူဗိုလ်စောလူအဖြစ်ခံယူထားသည်။

" ဟိတ်ကောင် လူမော် ငါ့သားဒီမှာလား"

" စောလူ ရွာထဲကို ကစားဖို့ဆိုပြီးခေါ်သွားတာပဲ ငါကမင်း အိမ်မှာရောက်နေတယ်ပဲထင်နေတာ"

" ဘယ်ကသာကွာ မနက်ကတည်းက စောလူလာခေါ်ပြီးကတည်းက အိမ်ကိုတစ်ခေါက်မှပြန်မလာသေးဘူး အခုနေတောင်ဝင်တော့မယ် နေဦး...ငါရွာထဲမှာလိုက်ရှာကြည့်လိုက်ဦးမယ်"

" အေး အေး မင်းရွာအနောက်ပိုင်းကို သွားရှာကြည့်လိုက် ငါအရှေ့ပိုင်းမှာသွားရှာကြည့်လိုက်မယ်"

ထင်အောင်က ရွာအနောက်ပိုင်းကို ထွက်ခဲ့ပြီး လူမော်ကတော့ ရွာအရှေ့ပိုင်းကိုထွက် လာခဲ့သည်။ သို့သော် တစ်ရွာလုံးသာနှံ့သွားတယ်။ ကလေးနှစ်ယောက်ကို၊ဘယ်နေရာမှာမှမတွေ့။ အခုဆို ညတောင်မှောင်နေပြီ။

" ဒီကလေးတွေကွာ ဘယ်ကိုလျှောက်သွားနေလဲမသိဘူး လူမော် မင်းသားက ငါ့သားကို ဘယ်ကိုခေါ်သွားတာလဲကွ အခုချိန်ထိပြန်မလာသေးဘူး ငါ့သား တစ်ခုခုဖြစ်လို့ကတော့ကွာ..."

" ထင်အောင်ရာ...အဆော့လွန်နေလို့ဖြစ်မှာပါ သူတို့ပြန်လာမှာပေါ့"

" ဒါပေမယ့် အခုချိန်ထိ..."

" ဖေဖေ"

အသံကြားရာကြည့်လိုက်တော့ သားဖြစ်သူက သူ့ဆီပြေးလာတာကို တွေ့လိုက်ရသည်။ ထင်အောင် သားဖြစ်သူအနားရောက်သည်နှင့် ပုခုံးနှစ်ဖက်အားကိုင်ကာ

" သား ဘယ်တွေ သွားနေတာလဲ စောလူမင်း ငါ့သားကို ဘယ်ခေါ်သွားတာလဲ "

" ကျွန်တော် ညီညီ့ကို တောထဲ ခေါ်သွားတာ"

" ဘာကွ!"

ထင်အောင် မတ်တပ် ထရပ်လိုက်သည်။

" မင်းငါ့သားကို ဘာလို့တောထဲခေါ်သွားရတာလဲ ငါ့သားတစ်ခုခုဖြစ်သွားရင် ဘယ် လိုလုပ်မလဲ မင်းတော့ကွာ..."


ထင်အောင် မလှမ်းမကမ်းမှာရှိတဲ့ ထင်း ချောင်း အား သွားကောက်ယူလိုက်ပြီးစောလူအား ရိုက်မည်ပြုစဥ် လူမော်ကထင်အောင်လက်ထဲမှထင်းချောင်းအားဆွဲယူလိုက်ကာ

" ထင်အောင် ငါ့သားကို ငါဆုံးမပါ့မယ်ကွမင်းရိုက်စရာ မလိုပါဘူး စောလူ...ညီလေးကိုဘာလို့တောထဲခေါ်သွားရတာလဲ ညီလေးက အခုငယ်ငယ်လေးပဲရှိသေးတာတောထဲမှာ အကောင်ပလောင်တွေနဲ့တွေ့ရင်မင်းဘယ်လိုလုပ်မလဲ"

" ညီညီ ဘာမှမဖြစ်စေရဘူး သား သူ့ကိုကာကွယ်ပေးမှာ"

ထင်အောင်က

" လူက လက်တောက်လောက်နဲ့ကွာ မင်းကငါ့သားကို ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ ငါ့သားသာတစ်ခုခုဖြစ်လို့က တော့မင်းမလွယ်ဘူး"

" စောလူ နောက်တစ်ခါညီလေးကို အဲ့ဒီလိုလျှောက်ခေါ်မသွားရဘူး ကြားလား"

စောလူ ဘာမှပြန်မပြောပဲ မျက်နာထားခပ်တင်းတင်းနဲ့သာရှိနေ၏။

" သား နောက်တစ်ခါ အဲ့ဒီလိုထပ်လုပ်ဦးမှာလား"

စောလူထံမှ ဘာမှမတုံ့ပြန်

" အဖေ မေးနေတယ်လေကွာ"

စောလူ နေမြဲတိုင်းသာနေ နေသည်
လူမော်လဲထပ်မေးမနေတော့ပဲ

" ဟိုဘက် လှည့်"

စောလူလဲ အဖေဖြစ်သူဘက်သို့ ကျောပေးကာရပ်ပေးလိုက်သည်။

စောလူပေကပ်ကပ်နိုင်တာ အခုမှမဟုတ်။သူ့အမေမဆုံးခင် တစ်နှစ်သားအချိန်ကပဲ
မိခင်ဖြစ်သူဆုံးသွားတော့ ဖခင်တစ်ယောက် တည်းသာရှိတော့တဲ့သားအပေါ်အလိုလိုက်ခဲ့တာကြောင့်လဲပါမယ်ထင်တယ်။

ဒီကြားထဲ ရပ်ရွာက သန္ဓေဆိုးလို့ဝိုင်းပြောလို့ ဘာအပြစ်မှမရှိတဲ့သားလေးအပေါ်ဂရုဏာပိုခဲ့ရပြန်သည်။

လူမော် သူ့သားကို မရိုက်ချင်ပေမယ့်လဲတစ်ပါးသူလက်နဲ့ ရိုက်တာကိုကြည့်နေမယ့်အစား၊သူကိုယ်တိုင်ပဲသားဖြစ်သူကိုဆုံးမမည်။ လက်ထဲမှ ထင်းချောင်းနဲ့ စောလူရဲ့ခြေသလုံးကို အားထည့်ကာရိုက်လိုက်သည်။

" ကိုကို့ကိုမရိုက်ပါနဲ့ ကိုကို့ကိုမရိုက်နဲ့"

ငိုနေတဲ့သားဖြစ်သူကို ထင်အောင်ပွေ့ချီကာ

" လာ သား၊ပြန်ရအောင်"

" ကိုကို့ ကို မရိုက်နဲ့လို့၊ကိုကို့ကိုမရိုက်နဲ့"

ထင်သာလေးက ငိုနေပေမယ့် စောလူက တော့ အဖေဖြစ်သူရဲ့လက်ပေါ် နောက်ပြန်ပါသွားတဲ့ ကလေး,လေးကို ပြုံးပြလိုက်သေးသည်။

နောက်နေ့မနက် ခြေသလုံးမှာ အနီရောင်အကြောင်းတွေထင်နေပေမယ့် စောလူက တော့ ပုံမှန် အတိုင်းပင်။

လူမော်ကတော့၊​သားဖြစ်သူကိုကြည့်ပြီးစိတ်မကောင်း။

••••••••••••••••••••••••••••••••••••••

" ဘယ်လိုလဲ မှတ်မိပြီလား"

ထင်သာ ချောက်ထဲကိုသာ တွေတွေကြီးကြည့်နေမိသည်။

" ဟိတ် မင်းငါပြောနေတာကြားရဲ့လား"

" ကြားပါတယ် ကျွန်တော်စဥ်းစားနေတာ ဒါပေမယ့် ကျွန်တော်ဘယ်လိုမှစဥ်းစားလို့မရဘူးဖြစ်နေတယ်"

စောလူ ထင်သာ အနားတိုးကပ်သွားလိုက်ပြီး သူ့လက်တစ်ဖက်အား ဆုပ်ကိုင်လိုက် ကာ

" ဟိတ် မင်းမမှတ်မိလဲ ဘာမှမဖြစ်ဘူးနော် ကိုယ်ပြောပြီးပြီ အရင်ကဖြစ်ခဲ့တာတွေကိုကိုယ်စိတ်မဝင်စားဘူး၊ဒါပေမယ့်...အခုရှေ့ဆက်ရမယ့်ဘဝမှာတော့၊မင်းနဲ့သိကျွမ်းခွင့်ပြန်ရချင်တယ်"

" ................."

" ကဲပါ... ဘာမှမစဥ်းစားနဲ့တော့ ကိုယ်အခုမင်းကို အိမ်ပြန်ပို့ပေးမယ် မဟုတ်ရင် မင်းအဖေ ကိုယ့်ကို ရိုက်နေဦးမယ် လာ..."

စောလူ နေရာမှလှည့်ထွက်လိုက်တော့ထင် သာ လဲ အနောက်ကနေ လိုက်လာခဲ့၏။
ဒီ အချိန်မှာပဲ ထင်သာ စောလူရဲ့နောက် ကျော ကိုကြည့်ရင်း ခြေလှမ်းတွေကိုရပ် လိုက်သည်။

" ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"

" အင်း မေးလေ"

" ခင်ဗျားက...ကျွန်တော့် အိပ်မက်ထဲကလူလား"

စောလူ ပြုံးလိုက်ပြီး

" ကိုယ်လဲ မင်းကို ညတိုင်းအိပ်မက် မက်တာပဲ"

•••••••••••••••••••••••••••••••••••••••••••••

ထင်သာ ရွာထိပ်မှာပဲဆင်းကာ လမ်း လျှောက် လာခဲ့သည်။ ရွာထဲက လူတွေရှေ့မှာ မြင်းကြီးစီးပြီး လျှောက်မသွားချင်ပါ။ ထင်သာ ဦးမြင့်မောင် အိမ်ပြန်ရောက်တော့ သူ့ရဲ့အဝတ်အစားအိတ်က အိမ်ရှေ့တစ်နေရာတွင်ရှိနေသည်ကို တွေ့လိုက်ရသည်။

" သား အမေတို့ပြန်တော့မယ် သားအိတ်ကို ကားပေါ်တင်လိုက်တော့"

" ချက်ချင်းကြီး ဘယ်လိုဖြစ်တာလဲ အဖိုးရဲ့ရက်လည်တောင် မပြီးသေးဘူးလေ"

" သားအဖေနေခဲ့လိမ့်မယ် သားနဲ့အမေနှစ်ယောက်တည်းပဲပြန်မှာ နောက်မှာလဲ အ လုပ်တွေက ဒီအတိုင်းပစ်ထားခဲ့ရတာဆိုတော့"

" အမေကလဲ အလုပ်တွေက နားထားလို့ရပါတယ် ကိစ္စတောင်မပြီးသေးပဲ အခုလိုပြန်လိုက်တော့ ဘယ်ကောင်းမလဲအမေရ"

" ဘာလဲ မင်းဟိုအကောင်နဲ့မခွဲနိုင်လို့လား"

အိမ်ထဲမှပြောပြီးထွက်လာတဲ့ ဦးထင်အောင်ရဲ့စကား​အဓိပ္ပါယ်အား ထင်သာနားမလည်။

" အဖေ ဘာတွေပြောနေတာလဲ ကျွန်တော်က ဘယ်အကောင်နဲ့ မခွဲနိုင်ဖြစ်ရမှာလဲ"

" မင်း ဒီမနက် ဘယ်ကိုသွားခဲ့တာလဲ"

" ကျွန်တော်က ဘယ်သွားရမှာလဲ ဘယ်မှမသွားဘူး ကျွန်တော်ရွာထဲမှာပဲ"

" မင်းငါ့ကို လိမ်မနေနဲ့ မင်းဟိုအကောင်နဲ့မြင်းစီးပြီးထွက်သွားတာ တွေ့တဲ့လူကတွေ့တယ်ကွ"

ထင်သာမှာ ပြောစရာစကားမရှိတော့။


" ဘာပဲဖြစ်ဖြစ် မင်းအခုပဲ ဘားအံကိုပြန်ရမယ် နောက်ထပ်လဲ ဒီကိုဘယ်တော့မှပြန် လာစရာမလိုဘူး"

" အဖေ ဘာဖြစ်လို့ဒီလောက်ထိ ပေါက်ကွဲနေရတာလဲ ဒီကိစ္စကဒီလောက်ထိဖြစ်စရာလဲမလိုပါဘူး သူ့မှာလဲ ဘာအပြစ်မှရှိတာလဲမဟုတ်ပဲနဲ့ အဖေက သူ့ကိုအသားလွတ်ကြီးမုန်းနေတာ"

" ငါက အသားလွတ်ကြီးမုန်းနေတာဟုတ် လား သူ့မှာဘာအပြစ်မှမရှိဘူးဟုတ်လားမင်းကို ချောက်ထဲ တွန်းချခဲ့တာတောင် သူ့မှာ ဘာအပြစ်မှ မရှိဘူးဟုတ်လား"

ထင်သာရဲ့ခန္ဓာကိုယ် အနည်းငယ်ယိုင်သ လိုဖြစ်သွားပြီး ခေါင်းတစ်ခုလုံးထူပူသွားသည်။

ပြီးနောက် လောကကြီးတစ်ခုလုံးအမှောင်ဖုံးသွားပြီး ထင်သာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

                     ..............................................

ရွာမှာတာဝန်ကျနေတဲ့ ဆရာဝန်မလေးပြောသွားတာတော့ ထင်သာက အားနည်းနေတာတဲ့။ ဒါ့အပြင် နေပူထဲ သွားထားတာ​ကြောင့်‌ရော လူကရှော့ဖြစ်သွားတာတဲ့
ဦးထင်အောင်ကတော့ ထင်သာ အခုလိုဖြစ်တာ အခြားတစ်ခုကြောင့်လို့ထင်နေ သည်။

ထင်သာ ကလေးဘဝတည်းက စောလူနဲ့တောထဲကို သွားပြီးပြန်လာတိုင်း အခုလိုအားနည်းပြီး နေမကောင်းဖြစ်တော့တာပဲ။

စောလူအား ထိုတောထဲကို မသွားဖို့အ
ကြိမ်ကြိမ် သတိပေးသော်လဲ အဲ့ဒီဂြိုဟ်ကောင်လေးက ဘယ်တော့မှ ပြောစကားနားမထောင်။ လူမော်ကလဲ ဘာမှမပြောပဲအလိုလိုက်ထားတော့ အဲ့ဒီကောင်လေးကပိုဆိုးနေတာ။

အခုလဲ၊သားဖြစ်သူကို ထိုတောထဲကိုခေါ်သွားတာဖြစ်မယ်။ ဒါကြောင့်ပဲ အခုလိုရုတ်တရက်ကြီးမေ့လဲသွားတာ။

ခဏကြာတော့ သားဖြစ်သူ သတိရလာသည်။ ဒေါ်စံပယ်က ပြာပြာသလဲနှင့်

" သား သတိရလာပြီလား"

" ဟုတ်"

ဦးထင်အောင်က ဘာမှမပြောပဲ မျက်နာကို တစ်ဖက်သို့ လှည့်ထားသည်။

" သား အိပ်ယာမှာပဲ ခဏလှဲနေလိုက်ဦးနော် သားစားဖို့ အမေတစ်ခုခု သွားလုပ်လိုက်ဦးမယ်"

ဒေါ်စံပယ် အိမ်အောက်ထပ်ကို ဆင်းသွားတော့သားအဖနှစ်ယောက်သာ အပေါ်ထပ်မှာ ကျန်ခဲ့တော့သည်။

" ဒီနေ့ မင်း ဘယ်သွားခဲ့တာလဲ"

" ................"

" အဲ့ကောင် မင်းကို ဟိုချောက်ဆီကိုပဲ ခေါ်သွားတာမဟုတ်လား"

" အဖေ သိနေတာပဲ..."

" မင်းဘာလို့အဲ့ဒီကောင်နဲ့ထပ်ပြီးပတ်သတ် နေရတာလဲ ဟမ်... မင်း အဲ့ဒီကောင်နဲ့ ဝေးဝေးနေလို့မရဘူးလား"

" ဒါဆို ကျွန်တော့်ကိုပြောပြ သူပြောသလိုပဲ ကျွန်တော်က လူဝင်စားလား ကျွန်တော်ငယ်ငယ်က ဘာတွေဖြစ်ခဲ့တာလဲ"

" မင်း လူဝင်စားလား မဝင်စားလားငါလဲမသိဘူး ပြီးတော့ အဲ့ဒါတွေကလဲ အရေးမှမပါတာ သေချာတာတစ်ခုက အဲ့ကောင်ကမင်းကို ကောင်းကျိုးပေးမယ့်ကောင် မ ဟုတ်ဘူး မင်းကို ဒုက္ခရောက်အောင်လုပ်မယ့်ကောင် မင်းအဲ့ဒီချောက်နားသွားလို့မရဘူးဆိုတာ သိသိကြီးနဲ့ သူမင်းကိုခေါ်ဖြစ်အောင် ခေါ်သွားသေးတယ် သူသာမင်းကိုဒုက္ခပေးချင်စိတ်မရှိရင် ဒဒဧဧဦအဲ့ဒီနေရာကိုမင်းကိုခေါ်သွားစရာအကြောင်းမရှိဘူး ပြီးတော့.မင်းငယ်ငယ်ကဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါပြောပြရမလားမင်းငယ် ငယ်ကတည်းက သူကမင်းကိုဒုက္ခပေးခဲ့တာ မင်းကိုအဲ့ဒီနေရာကိုမကြာခဏခေါ်ခေါ်သွားတယ် နေသွားပြီးလို့မင်းအိမ်ပြန်လာပြီဆိုရင်နေမကောင်းဖြစ်ပြီ၊အဲ့ဒီနေရာကမင်းကိုအားနည်းစေတယ်၊မင်းကိုနေမကောင်းဖြစ်စေတယ်၊ဒါကိုသူသိသိကြီးနဲ့၊မင်းကိုထပ်ပြီးခေါ်သွားတယ်၊ငါကိုယ်တိုင်တောင်၊မင်းတို့ကိုဘယ်လိုမှတားလို့မရခဲ့ဘူး၊တစ်နေ့...မင်းဆယ်နှစ်သားလောက်မှာ၊သူမင်းကိုအဲ့ဒီချောက်ထဲကိုတွန်းချဖို့ကြံစည်ခဲ့တယ်၊တော်သေးတာပေါ့၊ငါအရောက်မြန်လို့၊မဟုတ်ရင်မင်းအသက်ရှင်လျက်တောင်ရှိမှာမဟုတ်တော့ဘူး"

ဦးထင်အောင် ပြောရင်ဒေါပွလာသည်။

" အခုလဲ မင်းငါ့စကားနားမထောင်လို့အဲ့ဒီကောင်နဲ့ဆက်ပြီးပတ်သတ်ချင်တယ်ဆိုလဲရတယ် ဒီတစ်ခါငါမတားတော့ဘူး ငါ့စ ကားက မင်းအတွက်အရေးမပါဘူး ကိုယ့်အဖေထက် ကိုယ့်ကိုဒုက္ခပေးတဲ့ကောင်ကိုမှ ဆက်ပြီးပတ်သတ်ချင်တယ်ဆိုရင်လဲသဘောပဲ"

ဦးထင်အောင် ပြောပြီးနေရာမှ ထထွက်သွားသည်။

ထင်သာ မျက်လုံးအိမ်မှာ မျည်ရည်တွေဝိုင်းနေပြီ။ သူဘာကြောင့်ဝမ်းနည်းနေရတာလဲ။ အဲ့ဒီလူကတကယ် ပဲသူ့ကိုချောက်ထဲတွန်းချဖို့ကြံခဲ့တာလား။

မျက်လုံးတွေကို မှိတ်ကာ သူ့အကြောင်းမတွေးပဲနေကြည့်မိတယ် မရပါ။ ဦဘသူအ ကြောင်း ကအတွေးထဲအလိုလိုရောက်လာတယ်၊ပြီးတော့...သူကကိုယ့်အိပ်မက်ထဲကလူဆိုတာသေချာသလောက်ရှိတယ်ကိစ္စ တွေကသူထင်သလောက်မရိုးရှင်းဘူး တကယ်ပဲသူနဲ့အရင်ဘဝတည်းကသိခဲ့ကြတာလား။

••••••••••••••••••••••••••••••••••••••••

ထင်သာ ညစာစားပြီး အိမ်ပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ ဤ မိဘနှစ်ပါးနဲ့ ဦးလေး မြင့်မောင်ကတော့အိမ်အောက်ထပ်မှာသာအိပ်ကြတာဖြစ်သည်။

သူအိမ်ယာထဲဝင်ကာ အိပ်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် အိပ်မ၇ အချိန်အတော်ကြာတဲ့ထိ I'mအတွေးတို့နယ်ချဲ့နေမိသည်။

" ညီညီ..."

ပြတင်းပေါက်ဘက်မှ၊း အသံဖျော့ဖျော့ကိုကြားလိုက်ရတာကြောင့် ထင်သာ ခြင် ထောင်အပြင်ဘက်သို့ထွက်ကြည့်လိုက်သည်

" ဟင်... ခင်ဗျား"

ထိုလူက ပြတင်းပေါက်မှ ကျော်ခွကာ အိမ်ထဲသို့ ဝင်ရောက်လာသည်။ ထင်သာပြတင်းပေါက် မပိတ်မိလိုက်တာက သူအခုလိုရောက်လာဖို့အတွက် အခွင့်အရေးဖြစ်သွားတာလား။

" ခင်ဗျား ဘာလာလုပ်တာလဲ အဖေတို့သိရင်..."

"သူတို့မသိပါဘူး စိတ်ချ"

နှစ်ယောက်သားရဲ့အသံတွေက ကြားရရုံလောက်သာ။

" အပေါ်ကို ဘယ်လိုတက်လာတာလဲ"

" ဒီလိုပဲပေါ့ မင်းနေမကောင်းဘူးဆိုလို့လာကြည့်တာ"

" အဲ့တာ ဒီလိုပုံစံနဲ့လာရလား"

" ပေါ်တင်လာရင်ရော မင်းအဖေက ခွင့်ပြုမှာမို့လို့လား"

" ပြန်တော့"

" ဟင်"

" ပြန်တော့...ကျွန်တော့်အဖေသိသွားရင်မလွယ်ဘူး"

" မသိပါဘူးကွ...စိတ်ချပါ"

" သား..."

အိပ်ခန်းအပြင်ဘက်မှ အမေဖြစ်သူရဲ့အ သံကို ရုတ်တရက်ကြားလိုက်ရတာကြောင့် ထင်သာတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားရသည်။

" သွားတော့၊မြန်မြန်"

"မနက်ဖြန်မနက် သင်္ချိုင်းထဲမှာစောင့်နေမယ်"

ပြောပြီး၊ပြတင်းပေါက်မှခုန်ဆင်းသွား၏

" ဟာ..."

" သား..."

ထင်သာ အခန်းတံခါးဆီသွားကာ အမြန်ဖွင့်လိုက်သည်။

" အမေ"

" ဒီမှာသားရဲ့ဖုန်း ထမင်းစားဝိုင်းမှာကျန်နေခဲ့တာ အမေလဲ အစောကတည်းက လာပေးမလို့ပဲ တစ်ခြားကိစ္စလေးတွေလုပ်နေတာနဲ့ လာပေးဖို့မေ့သွားတာ"


" ဟုတ်ကဲ့ အမေ"။

ထင်သာ အမေဖြစ်သူလက်ထဲမှ ဖုန်းအား ယူလိုက်ပြီး တံခါးအားပြန်ပိတ်လိုက်သည်။

ဟူး...တော်သေးတာပေါ့။

ထင်သာခြင်ထောင်ထဲ ပြန်ဝင်လာလိုက်ပြီး ဖုန်းအားဖွင့်ကြည့်လိုက်တော့ နွယ် နှင်းထံမှ miss call ဆယ်၃ကြိမ်ကို တွေ့လိုက်ရသည်။

သူဖုန်းမကိုင်လို့ သူမဘယ်လောက်တောင်ဒေါပွနေလိုက်မလဲ။ ထင်သာ နွယ်နီထံသို့ဖုန်းခေါ်လိုက်ပေမယ့် ဖုန်းက စက်ပိတ်ထားသည်တဲ့။

သူလဲထပ်ခေါ်မနေတော့ပဲ ဖုန်းကိုဘေးသို့ချထားလိုက်သည်။

နေပါဦး။ သူအခုမှ စောလူပြောသွားတာကိုသတိရလိုက်တယ်။

" မနက်ဖြန် မနက်သင်္ချိုင်းထဲမှာစောင့်နေမယ်"

ဒီလူချိန်းစရာရှားလို့ သင်္ချိုင်းထဲမှာမှ ချိန်းရလား။ ပြီးတော့သူကရောအဲ့ဒီလူခေါ်တိုင်း သွားစရာလား။

အဲ့ဒီလူ၊သူ့ဖာသာတစ်ယောက်တည်းစောင့်နေပါစေ၊သူကတော့သွားမှာမဟုတ်ဘူး။

••••••••••••••••••••••••••••••••••••••••••••

ထင်သာ သင်္ချိုင်းမြေပေါ်သို့ ခြေချလိုက်ပြီ။ မလာဘူးလို့တွေးထားပေမယ့်သူဘာပြောမလဲသိချင်တာကြောင့် လာခဲ့လိုက်သည်။ ပြီးတော့ ထင်သာဘက်ကလဲ သူ့ကိုမေးစရာတွေရှိနေတယ်။

သူအခုသင်္ချိုင်းထဲ တောင်ရောက်နေပြီ။ ခဏစောင့်နေမယ်ဆိုတဲ့ သူကိုဒအခုထိမတွေ့သေး။

ဘေးပတ်ပတ်လည် ကြည့်လိုက်တော့လဲ လူသေမြုပ်ထားတဲ့မြေပုံတွေကို သာတွေ့ရသည်။

ပြီးတော့ ထူပိန်းနေတဲ့ ချုံနွယ်တွေကြားထဲမှ မြွေထွက်လာမှာကိုလဲကြောက်ရသေးတယ်။

ထင်သာ မြေပုံတွေအလယ်မှာ ထီးထီး ကြီးရပ်နေမိ၏။ သူဘာဆက်လုပ်ရမလဲမသိတော့ပါ။ အခုအခြေအနေနဲ့ အိမ်ကထွက်လာရဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး။ ရောက်လာခဲ့ပြီဆိုတော့ သူနဲ့တွေ့ပြီးမှပဲပြန်ချင်တယ်။

" အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ လာခဲ့"

ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ထိုလူက ထင်သာရဲ့လက်ကိုဆွဲကာသင်္ချိုင်းကုန်းထဲမှာပဲရှိနေတဲ့ ညောင်ပင်ကြီးရဲ့အနောက်သို့ ခေါ်ဆောင်သွားသည်။
နေရာ ရောက်တော့ ထိုလူကဘာမှမပြောပဲ ထင်သာကိုသာ ပြုံးပြီးကြည့်နေသည်။

ပြီးတော့မှ

" မင်း တကယ်လာတာပဲ"

" ဘာလဲ ခင်ဗျားက ကျွန်တော်လာမယ်လို့မထင်ထားဘူးလား"

" ဟုတ်တယ် မင်းလာလိမ့်မယ်လို့မထင်ထားဘူးအခုလို မင်းရောက်လာတာကိုတွေ့ရတော့ ငါတကယ်ဝမ်းသာတယ်"

" ကဲပါ... ခင်ဗျားကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ"

" နေဦး... ငါ့ကိုခင်ဗျား,ခင်ဗျားနဲ့မခေါ်နဲ့အစ်ကိုလို့ မခေါ်ရင်တောင်မှ နာမည်ကိုတော့ခေါ်သင့်တယ် ငါ့နာမည်စောလူ အဲ့တော့..."

" စကားတွေရှည်မနေနဲ့ဗျာ...ဘယ်လိုခေါ်ခေါ်ပေါ့ အခုကျွန်တော်အချိန်သိပ်မရဘူးခင်ဗျားမှာ ပြောစရာရှိလား မရှိရင်လဲကျွန်တော့်မှာ မေးစရာတွေရှိတယ်"

စောလူ ညောင်ပင်အရင်းတွင်ထိုင်ချကာ ညောင်ပင်အား ကျောမှီထားလိုက်ပြီး သူ့ရဲ့ကောင်းဘွိုင်ပုံစံဦးထုပ်ကို ဒူးတစ်ဖက်ထောင်ထားတဲ့အပေါ်တင်လိုက်သည်။

" ဘာလဲ မင်းအဖေက ငါ့တို့ငယ်ငယ်ကအကြောင်းတွေကို ပြောပြလိုက်ပြီလား"

" ခင်ဗျားဘာဖြစ်လို့"

" ငါမင်းကိုချောက်ထဲတွန်းချခဲ့တာမဟုတ်ဘူး မင်းဖာသာခြေချော်ပြီးကျသွားတာ ငါ့အချိန်မှီလှမ်းဆွဲလိုက်နိုင်လို့ မင်းဘာမှမဖြစ်သွားပေမယ့် မင်းအဖေကတော့ ငါ့ကို အထင်လွဲသွားခဲ့တယ်"

" ဒါဆို ခင်ဗျားက သူ့ကိုမရှင်းပြဘူးလား"

" မရှင်းပြပဲနေမလား မင်းအဖေကငါ့ကိုအ စကတည်းကမုန်းနေတော့ ငါပြောတာကိုသူဘယ်လိုမှလက်မခံဘူး ငါ့ကိုရဲတိုင်ဖို့အ ထိတောင်ဖြစ်သွားခဲ့တယ် ငါ့အဖေကကြားထဲက တောင်းပန်လို့သာပေါ့"

ထင်သာ စောလူနံဘေးတွင် ထိုင်ချလိုက်ပြီး

" ကျွန်တော် ဘာလို့အဲ့ဒါတွေ မမှတ်မိတော့တာလဲ"

" မင်းချောက်ထဲပြုတ်ကျတုန်းက မင်းရဲ့ခေါင်းက ကျောက်တုံးနဲ့ရိုက်မိသွားတယ်၊မင်းအသက်မသေပေမယ့် ခေါင်းမှာတော့ဒဏ်ရာအကြီးအကျယ်ရသွားတယ် အဲ့ဒါကြောင့်လဲ မင်းအဖေ ငါ့ကိုပိုမုန်းသွားတာဖြစ်မယ်"

" ဒါပေမယ့် ခင်ဗျားက ကျွန်တော့်အသက်ကိုကယ်ခဲ့တာလေ"

" မဟုတ်ဘူး ဒီလိုဖြစ်လာရတာတွေအား လုံးကငါ့ကြောင့်ပဲ ငါက မင်းကိုအဲ့ဒီနေရာကိုခေါ်သွားခဲ့မိတာ မင်းအဲဒီနေရာကိုသွားလို့မရမှန်းသိသိကြီးနဲ့ကို ထပ်ခါထပ်ခါခေါ်သွားခဲ့မိတာ မင်းအတွက်မကြည့်ပဲ ငါစိတ်ပျော်ဖို့ တစ်ခုတည်းအတွက်နဲ့ မင်းကိုအန္တရယ်ထဲတွန်းပို့ခဲ့မိတာ ငါကမင်းအ တွက်ဒုက္ခတွေပဲပေးခဲ့တဲ့ကောင်ပါ ဘယ် တုန်းကမှလဲ မင်းအပေါ်ကောင်းကျိုးမပေးခဲ့ဘူး"

" အရင်ဘဝမှာ ရောပဲလား "

စောလူ ဘာမှပြန်မပြောပဲ ထင်သာရဲ့မျက် လုံးတွေကိုသာစိုက်ကြည့်နေသည်။

" သြော်...ကျွန်တော်မေ့နေတာ ခင်ဗျားပြောခဲ့တာပဲ အရင်ကဖြစ်ခဲ့တာတွေကအ ရေးမကြီးတော့ဘူး ဒီဘဝမှာဘာဆက်ဖြစ်မလဲဆိုတာပဲ အရေးကြီးတာဟုတ် လား"

" ဟုတ်တယ်"


" ဟုတ်ပြီ ဒါဆိုအရင်က ဖြစ်ခဲ့တာတွေအားလုံးကို မေ့လိုက်တော့ ကျွန်တော်တို့ရှေ့ဆက်ပြီး ဘာဆက်လုပ်မလဲဆိုတာပဲတွေးကြရအောင် ဟုတ်ပြီလား"

" အင်း... ဘာဆက်လုပ်ရမလဲဆိုတာက တော့ ငါတွေးထားပြီးသားပါ"

" ဘာလဲ"

" အခုပြောဖို့အချိန်မတန်သေးဘူး ဒါပေမယ့်...ငါ့ရဲ့အတွေးတွေအားလုံးက မင်းနဲ့ငါနှစ်ယောက်တည်းအတွက်ပဲ"
                     ..............................................

ထင်သာ ဘားအံသို့ ပြန်ရောက်လာခဲ့ပြီဖြစ်၏။

ပြန်ရောက်ရောက်ချင်း နွယ်နီထံသွားတွေ့သည်။ နွယ်နှင်းက သူ့ကိုတွေ့လိုက်ရတော့ ပျော်သလိုရှိသွားပေမယ့် စိတ်ဆိုးတဲ့ အမူအရာအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။

" ကို့ကိုစိတ်ဆိုးနေတာလား ကိုတောင်းပန်ပါတယ်ကွာ ကိုလဲဟိုမှာ အလုပ်တွေရှုပ်နေတာနဲ့ နှင်းကို ဂရုမစိုက်သလိုဖြစ်သွားတယ်"

" အလုပ်တွေရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား ဖုန်းဆက်တိုင်းဖုန်းမကိုင်ဘူး ကိုင်ပြန်တော့လဲ စကားကို ကောင်း ကောင်းမပြောရဘူး ဘာလဲ...ကိုကအနေဝေးလို့ သွေးအေးသွားတာလား"

ထင်သာ သူမရဲ့လက်အစုံအားကိုင်လိုက်ပြီး

" မဟုတ်ပါဘူးနှင်းရာ... ကိုတကယ်တောင်းပန်ပါတယ်ကွာ နော်"

သူမ ဘာမှပြန်မပြော

" နှင်း ကိုတကယ်တောင်းပန်ပါတယ်ကွာ..."

" ပြီးရော ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်"

သူမဆီက ခွင့်လွှတ်မှုကို ရပြီးသည်နှင့် သူတို့နှစ်ယောက် မြို့ထဲမှ ကော်ဖီဆိုင်တစ်ခုသို့ထွက်လာခဲ့ကြသည်။

သူမနဲ့ပြန်အဆင်ပြေသွားပေမယ့် သူ့စိတ်တွေက လန်းဆန်းမနေပါ။တစ်စုံတစ်ခုကသူ့အတွေးထဲဝင်ပြီး နှောက်ယှက်နေတယ်။ ရွာက ပြန်ထွက်လာတဲ့ အချိန်က တည်းက သူ့အနားမှာတစ်ခုခုက ကပ်ပါလာတယ်လို့ခံစားမိတယ်။

" ကို"

သူမ သူ့ရဲ့လက်အားကိုင်ပြီးခေါ်လိုက်တော့မှပဲ ထင်သာ အသိပြန်ဝင်လာသည်။

" ဟင် ဘာလဲနှင်း"

" နှင်းခေါ်နေတာ အကြိမ်မနည်းတော့ဘူးကို ဘာတွေတွေးနေတာလဲ စိတ်နဲ့ လူနဲ့မကပ်သလိုပဲ"

" မဟုတ်ပါဘူးကွာ ဒီအတိုင်းအလုပ်ကိစ္စစဥ်းစားနေတာ"

" ကို ဘာသောက်မှာလဲ"

" နှင်း အဆင်ပြေတာပဲ မှာလိုက်ပါ"

" Espresso တစ်ခွက်နဲ့ affogato တစ်ခွက်ပေးနော်"

waiter ကောင်လေးထွက်သွားသည်နှင့်သူက ထင်သာရဲ့လက်အားအသာအယာကိုင်လိုက်ပြီး

" နှင်းတို့လက်ထပ်ဖို့ကိစ္စရော ကိုဘယ်လိုစဥ်းစားထားလဲ"

" အခုလောလောဆယ်တော့ ကိုဘာမှမစဥ်းစားရသေးဘူး နှင်းစိတ်ချပါ ကိုအ ကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်"

နွယ်နှင်း ဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်တွေကို ဖယ်ခွာလိုက်ပြီး

" နှင်းဘက်က အတင်းမတိုက်တွန်းပါဘူးကို့ဘက်က လက်မထပ်ချင်သေးဘူးဆိုရင်လဲ သဘောပါ"

" အဲ့လိုမဟုတ်ပါဘူးကွာ ကိုနှင်းနဲ့ လက် ထပ်ချင်တာပေါ့ အခုချိန်ကအဆင်မပြေသေးလို့ပါ ကိုတို့လက်ထပ်ပြီးလို့ ကိုကမိသားစု တာဝန်တွေကို မထမ်းဆောင်နိုင်ရင် ကိုတို့နှစ်ယောက်စလုံးစိတ်ညစ်ရမှာ"

" အင်း..."

သူမခေါင်းသာညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပဲ waiterကောင်လေး လာချပေးမယ့် ကော်ဖီကိုသာ စောင့်နေလိုက်သည်။

••••••••••••••••••••••••••••••••••••••••••

ဒီနေ့ဆို ဘားအံပြန်ရောက်တာ သုံးရက်ရှိပြီ။ စောလူနဲ့လဲ ဘာအဆက်သွယ်မှမရ သူ့ဖုန်းနံပါတ်တောင် မယူထားမိဘူး အဲ့ကောင်က ဖုန်းရောသုံးရဲ့လားတောင်မသိပါဘူး။

ထင်သာ အိမ်မှာ လိုအပ်တဲ့ပစ္စည်းတစ်ချို့ဝယ်ရန် city martတစ်ခုရှေ့တွင် ကားကိုရပ်လိုက်သည်။

ဆိုင်ထဲဝင်ပြီး အသုံးအဆောင်ပစ္စည်းတစ်ချို့ရှာနေစဥ်မှာပဲ ဆိုင်ထဲမှာတွေ့လိုက်ရတဲ့လူတစ်ယောက်ကြောင့် သူ့ကိစ္စကိုခဏထားလိုက်ပြီး ထိုလူထံသို့ လျှောက်သွားလိုက်သည်။

" ဟန်ထူး"

" ကိုထင်ပါလား ဈေးလာဝယ်တာလား"

" ဟုတ်တယ် မင်းရောအခုဘာတွေလုပ်နေလဲ"

" ကျွန်တော်အခု ဖုန်းဆိုင်တစ်ခုမှာအလုပ်ဝင်နေတယ်"

​" သြော်...အဆင်ပြေတယ်မလား"

"​ ဒီလိုပဲပေါ့ အကိုရာ..."

သူ့နာမည်က ဟန်ထူး သူကသစ်သုံးခွရွာအနီး မန်ကျည်းတောရွာကပါ။ထင်သာ နဲ့ဘားတစ်ခုမှာတွေ့ပြီးသိခဲ့ကြတာ။

ကောင်လေးက စိတ်ရင်းကောင်းတယ်။ထင်သာ ဘားတစ်ခုမှာ လူတစ်စုနဲ့ပြဿ နာ ဖြစ်တော့ ထိုကောင်လေးက ထင်သာဘက်က ဝင်ပြီးကူညီပေးဖူးတယ်။

" ဟန်ထူး...အခုအချိန်ရလား ကိုယ်တို့တစ်ခုခုသောက်ရင်းနဲ့ စကားပြောရ အောင်"

" ရပါတယ် အကို"

" အိုကေ"

ထင်သာ ဝယ်စရာရှိတာဝယ်ပြီး ဟန်ထူးနဲ့အတူတူ စားသောက်ဆိုင်တစ်ခုသို့ကားကိုမောင်းလာခဲ့သည်။ ဘီယာနဲ့ အမြည်းတစ်ချို့မှာပြီးတော့ ထင်သာဘက်ကပဲ စကားစလိုက်သည်။

" ဟန်ထူး ရွာကိုပြန်ဖြစ်သေးလား"

" ပြန်ဖြစ်တယ် ကျွန်တော်ဒီကို ပြန်ရောက်တာ ငါးရက်လောက်ပဲရှိဦးမယ်"

ဟန်ထူး စကားပြောပုံက အသက်မဲ့နေတယ်။ မျက်နာကလဲ မှိုင်တွေနေပြီး သူ့စိတ်က တစ်ခြားနေရာသို့ရောက်နေပုံပဲ။

" ဟုတ်လား ရွာက မိသားစုတွေရော အ ဆင်ပြေရဲ့လား"

" ပြေပါတယ် သူတို့ကအေးဆေးပဲ"

" အင်း... အစ်ကိုတစ်ခုလောက်မေးမယ်နော် ဟန်ထူးမဖြေချင်လဲရပါတယ်"

" ဟုတ်"

" ဟန်ထူးမှာ အခုပြဿနာတစ်ခုခုရှိနေတာလား အစ်ကို့ကို ပြောပြလို့ရရင် ပြောပြလေ အစ်ကိုကူညီနိုင်တာရှိရင်ကူညီပေးမယ်"

ဟန်ထူးပြုံးလိုက်သည်။ သို့ပေမယ့်လဲအပြုံးတွေမှာ အသက်မပါလှ။

" အစ်ကို မကူညီပေးနိုင်ပါဘူး"

" ဘာဖြစ်လိုလဲ ဟာ...ဟန်ထူး မင်း...မင်းလူသက်ခဲ့တာလား"

" ဟား....."

ထင်သာကရွှတ်နောက်နောက်နဲ့ ပြောလိုက်တော့ ဟန်ထူးဇော် သဘောကျကာ ရယ်လိုက်သည်။

" အစ်ကိုကလဲဗျာ...မဟုတ်ပါဘူး"

" ဒါဆိုဘာလဲ မိန်းမကိစ္စလား သြော်...ငါကလဲ တုံးလိုက်တာ မင်းကအသဲကွဲနေတာပဲ"

" ဟုတ်တယ် အသဲကွဲနေတာ ဒါပေမယ့်မိန်းမကိစ္စတော့မဟုတ်ဘူး"

" ဟင် ဘယ်လိုကြီးလဲကွ"

ထိုအချိန်မှာပဲ waiterကောင်လေး ဘီယာနှင့် အကင်တစ်ချို့လာချပေးသည်။

waiter ကောင်လေးထွက်သွားသည်နှင့်

" ကျွန်တော် ယောကျာ်းတစ်ယောက်ကိုချစ်မိနေပြီ"


​ဟန်ထူး ပြောပြီး ဖန်ခွက်ကိုစောင်းကာဘီယာကို ငှဲ့ထည့်လိုက်ရင်း

" ကျွန်တော့်ကို အထင်သေးသွားလား"

" မဆိုင်ပါဘူး ဒါကအထင်သေးစရာကိစ္စမှမဟုတ်တာ"

" မသိဘူးလေ အစ်ကိုက ဘာမှမပြောပဲအသံတိတ်သွားတော့ ကျွန်တော်ထင်တာ..."

" ငါက အဲ့လို လူစားမျိုးမဟုတ်ပါဘူး လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တာကယောကျ်ားမိန်းမခွဲခြားနေဖို့မှမလိုတာ ကိုယ့်နှလုံးသားကရွေးချယ်တဲ့သူကို...ချစ်ရမှာပဲ"

​ဘာဖြစ်လို့ ဒီလူအကြောင်းကို တွေးနေမိပါလိမ့်။ ထင်သာ ထိုစကားပြောနေရင်းစောလူဆိုတဲ့လူက အတွေးထံရောက်လာတယ်။

" ကျွန်တော့်ကို နားလည်ပေးလို့ အစ်ကို့ကိုကျေးဇူးတင်ပါတယ်"

ထင်သာက ဟန်ထူးထည့်ပေးထားတဲ့ ဘီ ယာခွက်အား မော့သောက်လိုက်ပြီး

" မင်းကောင်လေးက ဘားအံကပဲလား"

" အင်း ဟုတ်တယ် ဒါပေမယ့် ကောင်လေးမဟုတ်ဘူး သူက ကလေးအဖေ"

" ဟင်..."

" ဟုတ်တယ် သူ့မှာသမီး တစ်ယောက်ရှိတယ် ဒါပေမယ့်အိမ်ထောင်မရှိဘူး သူကတစ်ခုလပ် မိန်းမနဲ့ ကွာရှင်းထားတာ"

" ဒါဆို...မင်းတို့အခုအဆင်ပြေရဲ့လား"

" ကျွန်တော့်ပုံစံက အဆင်ပြေတဲ့ပုံပေါက်နေလို့လား"

ဟန်ထူး ဘီယာကို တစ်ကျိုက်ထဲမော့သောက်ချလိုက်သည်။

" သူ့ဘက်က မင်းကို ပြန်မချစ်လို့လား"

" သူကတော့ ချစ်တယ် ပြောတာပဲဗျာ ဒါပေမယ့် ကျွန်တော် သူ့အချစ်တွေကို မခံ စားရဘူး ကျွန်တော်နဲ့ သူ့သမီးနဲ့ယှဥ်လိုက်ရင် ကျွန်တော်က ဒုတိယနေရာမှာပဲ"

မိဘနဲ့သားသမီးကြားကကိစ္စနဲ့ ပတ်သက်လာတော့ ထင်သာ ဘာမှဝင်မပြောလိုပါဘူး။ ဒါကို မိဘနေရာကို ရောက်သွားတဲ့သူတွေပဲ နားလည်လိမ့်မယ်။

" ကျွန်တော်နားလည်ပါတယ် အဖေတစ်ယောက်အနေနဲ့ သားသမီးကို ဦးစားပေးရမယ်ဆိုတာ ကျွန်တော်နားလည်တယ် ဒါပေမယ့်ဗျာ...အခုဟာက သူ့သမီးနဲ့ပတ် သက်လာရင် ကျွန်တော်က မရှိတော့သလိုပဲ"

ဟန်ထူး နောက်ထပ်ပုလင်းထဲက ဘီယာကို ထပ်ငှဲ့လိုက်ပြန်သည်။ ပြီးတော့ တစ်ကျိုက်မော့သောက်ရင်း

" ကျွန်တော် သူ့ကိုလမ်းခွဲလိုက်တော့မယ်"

" မင်းသေချာရဲ့လား"

ဟန်ထူး ခဏငြိမ်သက်နေပြီး

" သေချာတာပေါ့ ဘာလို့ မသေချာရမှာလဲ သူနဲ့ ထပ်ပြီးပတ်သက်နေလဲ ကျွန်တော်စိတ် ဆင်းရဲနေရုံပဲရှိမှာအဲ့ဒီတော့ ကျွန် တော် တို့ စောစောလမ်းခွဲလိုက်တာပဲကောင်းပါတယ်"

" မင်းဘက်က သေချာရင်ပြီးတာပါပဲ ဒါက မင်းတို့ကိစ္စဆိုတော့ အစ်ကိုက ဘာမှ မပြောတက်ဘူး"

ဟန်ထူး ဘီယာကို မော့သောက်လိုက်ပြန် သည်။

" ကျွန်တော် အခုပဲ သူ့အိမ်ကိုသွားမှာ အစ် ကိုကျွန်တော့်ကို လိုက်ပို့ပေးလို့ရလား"

" အစ်ကိုက လိုက်ပို့လို့ရပါတယ်မင်းဘက်က သေချာရော ဆုံးဖြတ်ပြီးပြီလား"

" သေချာတာပေါ့ လုံးဝသေချာတယ်"

•••••••••••••••••••••••••••••••••••••••••

ဟန်ထူးပြောတဲ့ လိပ်စာအတိုင်း ထင်သာကားကို မောင်လာခဲ့လိုက်တယ်။

" အဲ့ဒီရှေ့မှာ ရပ်လိုက်အစ်ကို"

ဟန်ထူးပြောတဲ့နေရာ၌ ကားကိုရပ်လိုက်သည်။

" ဒီအိမ်လား ဒါက..."

ဒါက နွယ်နှင်းရဲ့အစ်ကိုအိမ်ပဲ ဟန်ထူး ကားပေါ်ကဆင်းပြီး ခြံတံခါးအားဖွင့်လိုက်သည်။ သို့သော် တံခါးကမပွင့်

" ဒုန်း!...၊ဒုန်!...ဒုန်!..."

တံခါးကိုဖွင်မရတော့ လက်တီးဆုပ်ကာတံခါးကို ခပ်ပြင်းပြင်းနဲ့ထုနေတော့သည်။
မကြာပါ လူတစ်ယောက် တံခါးလာဖွင့်တယ်။ ထိုလူကနွယ်နှင်းရဲ့ အစ်ကိုဖြစ်သူ၊ကို'မင်းညို'သာဖြစ်သည်။

" ညီ...ဘယ်လိုဖြစ်တာလဲဘာဖြစ်လို့တံခါးကိုအဲ့ဒီလောက်ထုနေရတာလဲ"

" ကျွန်တော်တို့ လမ်းခွဲရအောင်"

ဟန်ထူးပြောလိုက်ပေမယ့် မင်းညိုမှာအံ့သြသွားပုံမပေါ်

" လာ အိမ်ထဲဝင်ခဲ့"

" ကျွန်တော်အိမ်ထဲဝင်ဖို့ လာတာမဟုတ်ဘူး ခင်ဗျားနဲ့ ကိစ္စအပြတ်ရှင်းချင်လို့လာတာ"

" ဘာကိစ္စကိုလဲ..."

" ကျွန်တော် ခင်ဗျားနဲ့လမ်းခွဲမယ်ပြောနေတာ မကြားဘူးလား"

" ကြားတယ်လေ အဲ့တော့ကိုက ဘာလုပ်ရမှာလဲ"

" ဘာလုပ်ရမှာလဲခင်ဗျားဘက်ကသဘော တူ ပေးရမယ်လေ"

မင်းညို ဘာမှပြန်မပြောပဲ ကားရှိရာသို့လျှောက်လာသည်။ ကားနားရောက်တော့ထင်သာ ကားတံခါးမှန်ကို ချလိုက်သည်။

" ထင်သာပါလား"

" ကိုမင်းညို"

ထင်သာ ကားပေါ်ကဆင်းရန်ပြင်လိုက်သည်။

" မဆင်းနဲ့ထင်သာ ငါ့ညီပြန်လိုက်တော့"

" ဗျာ..."

ထင်သာ ဟန်ထူးရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။

" သူ့ကို ထားခဲ့လိုက်တော့"

" သြော်... ဟုတ်ကဲ့ ဒါဆို...ကျွန်တော်ပြန်လိုက်ဦးမယ်နော်"

" ခဏနေဦး မင်း...သူနဲ့ငါ့အကြောင်းသိပြီးလောက်ရောပေါ့"

" စိတ်ချပါကိုမင်းညို ကျွန်တော်ဘယ်သူ့ကိုမှမပြောပါဘူး"

" အင်း ငါမင်းကိုယုံပါတယ်"

" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"

ထင်သာ ကားမောင်းထွက်သွားတော့ မင်းညို ဟန်ထူးရဲ့လက်ကိုဆွဲကာ ခြံထဲသို့ဝင်ခဲ့လိုက်သည်။

တော်သေးတယ်။ သမီးဖြစ်သူက အိမ်မှာမရှိလို့ မနက်ကတည်းက သူ့တီတီလေးလာခေါ်သွားတာ

" ကျွန်တော့်လက်ကို လွှတ်"

မင်းညို အတင်းရုန်းနေတဲ့ဟန်ထူးရဲ့လက်အားလွှတ်ပေးလိုက်သည်။

" ညီ ဘာဖြစ်နေတာလဲ"

" ကျွန်တော်ခင်ဗျားနဲ့ လမ်းခွဲချင်တယ်"

" ဘာကြောင့်လဲ ဘာကြောင့်လမ်းခွဲချင်ရတာလဲ"

" အစ်ကိုကမှ ကျွန်တော့်ကို တကယ်မချစ်တာ"

" ဘာဖြစ်လို့ အဲ့ဒီလိုထင်ရတာလဲ"

" ထင်တာမဟုတ်ပါဘူး အစ်ကို ကျွန်တော့်ကို မချစ်တော့တာ သေချာနေတာပဲလေ"

မင်းညို ဟန်ထူးရဲ့လက်အား ဆုတ်ကိုင်လိုက်ပြီး

" ကိုယ် မင်းကိုချစ်တာပေါ့ကွာ ကိုယ်မင်းကိုအရမ်းချစ်တာပေါ့ အခု ညီဘယ်လိုခံ စားနေရလဲဆိုတာ အစ်ကိုနားလည်တယ်ပြီးတော့...အစ်ကို့ခံစားချက်တွေကိုလဲ ညီ့ကို နားလည်စေချင်တယ် ညီနဲ့ သမီးလေးရဲ့ကြားထဲမှာ အစ်ကိုဘယ်လောက်တောင်ဗျာများနေရလဲဆိုတာ သိလား"


" ဘာပဲဖြစ်ဖြစ် ကျွန်တော်က အချိန်တန်ရင် ထွက်သွားပေးရမယ့်သူပဲ"

" အစ်ကိုနှစ်ယောက်စလုံးကို ရွေးချယ်နိုင်ဖို့ကြိုးစားနေပါတယ်ကွာ... တစ်ယောက်ကြောင့် တစ်ယောက်ကို စွန့်လွှတ်လိုက်ရတာမျိုးလဲမဖြစ်စေချင်ဘူး"

" အစ်ကို...ကျွန်တော်အခုပြောနေတာကတစ်ယောက်ယောက်ကို ရွေးချယ်ခိုင်းနေတာမဟုတ်ဘူးနော် အစ်ကို ကျွန်တော့်ကိုလူရှေ့ချပြစရာလဲမလိုဘူး ကျွန်တော်တို့ပတ်သက်မှုကို အစ်ကို့မိသားစုကို ပြောပြဖို့လဲမမျှော်လင့်ဘူး ကျွန်တော်လိုချင်တာအစ်ကို့ဆီကအချစ်တစ်ခုပဲ ကျွန်တော်အ ချစ်ခံရတဲ့လူတစ်ယောက်ပဲ ဖြစ်ချင်တာပါ"

မင်းညို ဟန်ထူးဇော်အား ရင်ခွင်ထဲထွေးပွေ့လိုက်သည်။

" ကိုယ်မင်းကို တကယ်ချစ်ပါတယ်"

" ချစ်တယ်ဆိုတဲ့စကားကတော့ ပါးစပ်ပါတဲ့ သူတိုင်းပြောတက်တာပေါ့ဗျာ"

" စိတ်ချပါ ဒီနေ့ကစပြီးအစ်ကိုညီ့ကိုမချစ်တော့ဘူးဆိုတဲ့ အတွေးမျိုး မတွေးစေရတော့ဘူး"

ဟန်ထူးတစ်ယောက် မင်းညိုရဲ့ရင်ခွင်၌ မျက်နာကို အပ်ထားလိုက်သည်။

ဆက်ရန် 

---------------------------------------------------
Note: ထုံးစံအတိုင်း ကျွန်တော့် စာတွေ မတင်ဖြစ်သေးခင် စာဖတ်သူသူငယ်ချင်းတွေ မပျင်းရအောင် အခြားသော စာရေးသူတွေရေးတဲ့စာကို ကူးတင်ပေးတာပါ။